လက် (၄) မျိုး အကြောင်း သိပြီးပြီလား
စတုရန်းပုံသဏ္ဍာန် လက်ဖဝါးနဲ့ ထောင့်မှန်စတုဂံ ပုံသဏ္ဍာန် လက်ဖဝါး ဆိုပြီး (၂) မျိုး ရှိပါတယ်။ လက်ချောင်းတွေဆိုရင်လည်း တိုတာနဲ့ ရှည်တာဆိုပြီး (၂) မျိုး ရှိပါတယ်။ ဒီ (၂) မျိုးစီကို တွဲဖက်ကြည့်လိုက်ရင် လက်ပုံစံ (၄) မျိုး ထွက်လာပါတယ်။
(၁) စတုရန်းပုံ လက်ဖဝါးရှိပြီး လက်ချောင်းလေးတွေက တိုတိုတုတ်တုတ်နဲ့ဆိုရင် သင့်လက်က ပထဝီဓာတ် စိုးမိုးတဲ့ မြေလက် ဖြစ်ပါတယ်။ တည်တည်ငြိမ်ငြိမ်နဲ့ ဘဝကို ရင်ဆိုင်နေတဲ့သူပါ။ လက်တွေ့ ကျတယ်။ အောက်သက်ကျေပြီး ဘယ်လောက် အောင်မြင်၊ အောင်မြင် ဘဝင် မမြင့်တတ်ကြပါဘူး။ ခံစားချက် ပြင်းထန်သူတွေ ဖြစ်ပေမယ့် တုန်လှုပ်တဲ့ ပုံစ ံ လုံးဝ မပြဘူး။ သံယောဇဉ် ကြီးတယ်။ တွယ်တာ တတ်တယ်။ ဖင်တော်တော်နဲ့ မကြွချင်ကြဘူး။ ပြောင်းလဲမှုတွေကို သိပ်မကြိုက်ဘူး။ နေရာ၊ ဒေသ၊ အသစ်၊ အစီအစဉ် အသစ်တွေ ပြောင်းသွားတာတွေကို မုန်းတတ်ကြတယ်။ စာဖတ်လေ့လာရတာကို နှစ်သက်ပြီး အေးအေးဆေးဆေး နေတတ်သူ တစ်ယောက် ဖြစ်ပါတယ်။ စနစ်တကျ စဉ်းစားလေ့လာသူ ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ဘဝအတွက် ဘာကို ဆက်ပြီး ဆောင်ရွက်ရမယ်ဆိုတာကို သိနေပြီး ရည်မှန်းချက်အတွက် ဦးတည်ပြီး လျှောက်လှမ်းနေသူပါ။
(၂) ထောင့်မှန်စတုဂံပုံ လက်ဖဝါးရှိပြီး လက်ချောင်းလေးတွေက ရှည်ရှည်သွယ်သွယ်နဲ့ဆိုရင် သင့်လက်က အာပေါဓာတ် စိုးမိုးတဲ့ ရေလက် ဖြစ်ပါတယ်။ သဘောကောင်းပြီး ခံစားချက်တွေနဲ့ အသက်ရှင်နေတဲ့ အနုပညာရှင်တွေ ဖြစ်ပါတယ်။ သူငယ်ချင်းက ဒုက္ခရောက်နေချိန်မှာ ကူညီရန် အသင့် ရှိတတ်ပြီး ခံစားသိနိုင်စွမ်းအလွန် မြင့်မားတယ်။ တစ်ယောက်တည်း ခံစားမှုအမျိုးမျိုး ခံစားနေရတတ်တယ်။ အရမ်းအစွဲအလမ်းကြီးတယ်။ မြင်မြင်သမျှ လူတွေကို ချီးကျူးတတ်တယ်။ စိတ်လွင့်နေတတ်တာများတယ်။ တစ်ခါတစ်လေ အယူသီးတတ်တာမို့ သိပ််အပေါင်းအသင်းမရှိဘူး။
(၃) စတုရန်းပုံ လက်ဖဝါးရှိပြီး လက်ချောင်းလေးတွေက ရှည်ရှည်သွယ်သွယ်နဲ့ဆိုရင် သင့်လက်က ဝါယောဓာတ် စိုးမိုးတဲ့ လေလက် ဖြစ်ပါတယ်။ အကြံဉာဏ်တွေ ပတ်ချာလည်ဝိုင်းနေတဲ့ ဉာဏ်ကြီးရှင်လေးပါ။ ယဉ်ကျေးသိမ်မွေ့ပြီး ဉာဏ်ရည် ထက်မြက်တယ်။ လူအများရဲ့ ချစ်ခင်လေးစားခြင်းကို ရရှိသူတစ်ယောက်ပါ။ နှစ်ဦး နှစ်ဖက် အဆင်ပြေအောင် ညှိပေး၊ ပြောပေးတတ််တယ်။ အတွေးခေါင်ပြီး ဟိုဆိုဒီရောက်တတ်တယ်။ အချိန်တိုင်း အိုင်ဒီယာအသစ်တွေနဲ့ ပျော်နေတတ်တယ်။
(၄) ထောင့်မှန်စတုဂံပုံ လက်ဖဝါးရှိပြီး လက်ချောင်းလေးတွေက တိုတိုတုတ်တုတ်နဲ့ဆိုရင် တေဇောဓာတ် စိုးမိုးတဲ့ မီးလက် ပိုင်ရှင် ဖြစ်ပါတယ်။ လက်အဆစ်က ကြီးရင် ကြီးသလောက် ခေါင်းမာတယ်။ စိတ်ဓာတ်ပြင်းထန်သူ တစ််ယောက် ဖြစ်တယ်။ မာန ကြီးတယ်။ ကိုယ့်အလုပ်ကိုယ် အလွန် မြတ်နိုးသူဖြစ်ပြီး အသစ်အဆန်းတွေကို ဖန်တီးနိုင်တယ်။ စိတ်မြန်လက်မြန်ရှိတာမို့ စောင့်ဆိုင်းရမယ်ဆိုရင် တစ်မိနစ်တောင် စိတ်မရှည်ဘဲ ဒေါပွတတ်သူပါ။ သနား ကြင်နာမှု မရှိဘူး။ ဘဝတစ်လျှောက် နွေးထွေးမှုနဲ့ ဘဝရဲ့ အရသာကို သေချာမသိကြဘူး။ အားသာချက်က ဆုံးဖြတ်ချက်ချတဲ့အခါမှာ တွေဝေမှု တစ်စိကလေးမျှ မရှိပါ။ အနုပညာမြောက်သော ပင်ကိုယ်အတွေးတွေ ရှိပြီး အကြံအစည်တွေကို အကောင်အထည်ပေါ်အောင် တီထွင်နိုင်တဲ့သူ ဖြစ်ပါတယ်။
ှSource : jeanjacquesguyot
လက္ (၄) မ်ိဳး အေၾကာင္း သိၿပီးၿပီလား
စတုရန္းပံုသ႑ာန္ လက္ဖဝါးနဲ႔ ေထာင့္မွန္စတုဂံ ပံုသ႑ာန္ လက္ဖဝါး ဆိုၿပီး (၂) မ်ိဳး ရွိပါတယ္။ လက္ေခ်ာင္းေတြဆိုရင္လည္း တိုတာနဲ႔ ရွည္တာဆိုၿပီး (၂) မ်ိဳး ရွိပါတယ္။ ဒီ (၂) မ်ိဳးစီကို တဲြဖက္ၾကည့္လိုက္ရင္ လက္ပံုစံ (၄) မ်ိဳး ထြက္လာပါတယ္။
(၁) စတုရန္းပံု လက္ဖဝါးရွိၿပီး လက္ေခ်ာင္းေလးေတြက တိုတုိတုတ္တုတ္နဲ႔ဆုိရင္ သင့္လက္က ပထဝီဓာတ္ စိုးမိုးတဲ့ ေျမလက္ ျဖစ္ပါတယ္။ တည္တည္ၿငိမ္ၿငိမ္နဲ႔ ဘဝကို ရင္ဆိုင္ေနတဲ့သူပါ။ လက္ေတြ႔ က်တယ္။ ေအာက္သက္ေက်ၿပီး ဘယ္ေလာက္ ေအာင္ျမင္၊ ေအာင္ျမင္ ဘဝင္ မျမင့္တတ္ၾကပါဘူး။ ခံစားခ်က္ ျပင္းထန္သူေတြ ျဖစ္ေပမယ့္ တုန္လႈပ္တဲ့ ပံုစ ံ လံုးဝ မျပဘူး။ သံေယာဇဥ္ ႀကီးတယ္။ တြယ္တာ တတ္တယ္။ ဖင္ေတာ္ေတာ္နဲ႔ မၾကြခ်င္ၾကဘူး။ ေျပာင္းလဲမႈေတြကို သိပ္မႀကိဳက္ဘူး။ ေနရာ၊ ေဒသ၊ အသစ္၊ အစီအစဥ္ အသစ္ေတြ ေျပာင္းသြားတာေတြကို မုန္းတတ္ၾကတယ္။ စာဖတ္ေလ့လာရတာကို ႏွစ္သက္ၿပီး ေအးေအးေဆးေဆး ေနတတ္သူ တစ္ေယာက္ ျဖစ္ပါတယ္။ စနစ္တက် စဥ္းစားေလ့လာသူ ျဖစ္တဲ့အတြက္ ကိုယ့္ရဲ႕ဘဝအတြက္ ဘာကို ဆက္ၿပီး ေဆာင္ရြက္ရမယ္ဆိုတာကို သိေနၿပီး ရည္မွန္းခ်က္အတြက္ ဦးတည္ၿပီး ေလွ်ာက္လွမ္းေနသူပါ။
(၂) ေထာင့္မွန္စတုဂံပံု လက္ဖဝါးရွိၿပီး လက္ေခ်ာင္းေလးေတြက ရွည္ရွည္သြယ္သြယ္နဲ႔ဆုိရင္ သင့္လက္က အာေပါဓာတ္ စုိးမိုးတဲ့ ေရလက္ ျဖစ္ပါတယ္။ သေဘာေကာင္းၿပီး ခံစားခ်က္ေတြနဲ႕ အသက္ရွင္ေနတဲ့ အႏုပညာရွင္ေတြ ျဖစ္ပါတယ္။ သူငယ္ခ်င္းက ဒုကၡေရာက္ေနခ်ိန္မွာ ကူညီရန္ အသင့္ ရွိတတ္ၿပီး ခံစားသိႏိုင္စြမ္းအလြန္ ျမင့္မားတယ္။ တစ္ေယာက္တည္း ခံစားမႈအမ်ိဳးမ်ိဳး ခံစားေနရတတ္တယ္။ အရမ္းအစဲြအလမ္းႀကီးတယ္။ ျမင္ျမင္သမွ် လူေတြကို ခ်ီးက်ဴးတတ္တယ္။ စိတ္လြင့္ေနတတ္တာမ်ားတယ္။ တစ္ခါတစ္ေလ အယူသီးတတ္တာမို႔ သိပ္္အေပါင္းအသင္းမရွိဘူး။
(၃) စတုရန္းပံု လက္ဖဝါးရွိၿပီး လက္ေခ်ာင္းေလးေတြက ရွည္ရွည္သြယ္သြယ္နဲ႔ဆုိရင္ သင့္လက္က ဝါေယာဓာတ္ စိုးမိုးတဲ့ ေလလက္ ျဖစ္ပါတယ္။ အႀကံဉာဏ္ေတြ ပတ္ခ်ာလည္ဝိုင္းေနတဲ့ ဉာဏ္ႀကီးရွင္ေလးပါ။ ယဥ္ေက်းသိမ္ေမြ႕ၿပီး ဥာဏ္ရည္ ထက္ျမက္တယ္။ လူအမ်ားရဲ႕ ခ်စ္ခင္ေလးစားျခင္းကို ရရွိသူတစ္ေယာက္ပါ။ ႏွစ္ဦး ႏွစ္ဖက္ အဆင္ေျပေအာင္ ညွိေပး၊ ေျပာေပးတတ္္တယ္။ အေတြးေခါင္ၿပီး ဟိုဆိုဒီေရာက္တတ္တယ္။ အခ်ိန္တိုင္း အိုင္ဒီယာအသစ္ေတြနဲ႔ ေပ်ာ္ေနတတ္တယ္။
(၄) ေထာင့္မွန္စတုဂံပံု လက္ဖဝါးရွိၿပီး လက္ေခ်ာင္းေလးေတြက တိုတုိတုတ္တုတ္နဲ႔ဆုိရင္ ေတေဇာဓာတ္ စိုးမိုးတဲ့ မီးလက္ ပိုင္ရွင္ ျဖစ္ပါတယ္။ လက္အဆစ္က ႀကီးရင္ ႀကီးသေလာက္ ေခါင္းမာတယ္။ စိတ္ဓာတ္ျပင္းထန္သူ တစ္္ေယာက္ ျဖစ္တယ္။ မာန ႀကီးတယ္။ ကိုယ့္အလုပ္ကိုယ္ အလြန္ ျမတ္ႏိုးသူျဖစ္ၿပီး အသစ္အဆန္းေတြကို ဖန္တီးႏုိင္တယ္။ စိတ္ျမန္လက္ျမန္ရွိတာမို႔ ေစာင့္ဆိုင္းရမယ္ဆိုရင္ တစ္မိနစ္ေတာင္ စိတ္မရွည္ဘဲ ေဒါပြတတ္သူပါ။ သနား ၾကင္နာမႈ မရွိဘူး။ ဘဝတစ္ေလွ်ာက္ ေႏြးေထြးမႈနဲ႔ ဘဝရဲ့ အရသာကို ေသခ်ာမသိၾကဘူး။ အားသာခ်က္က ဆံုးျဖတ္ခ်က္ခ်တဲ့အခါမွာ ေတြေဝမႈ တစ္စိကေလးမွ် မရွိပါ။ အႏုပညာေျမာက္ေသာ ပင္ကိုယ္အေတြးေတြ ရွိၿပီး အၾကံအစည္ေတြကို အေကာင္အထည္ေပၚေအာင္ တီထြင္ႏုိင္တဲ့သူ ၿဖစ္ပါတယ္။