Unicode နှင့် အောက်တွင်ဖတ်ရှု့နိုင်ပါသည်
အချိန်မှန်မှန်၊ အထပ်ထပ် အခါခါ သွေးဖန် များတော့၊ ဓားဟာ ထက်လာရသလိုပဲ၊ ကုသိုလ်ကောင်းမှု ဆိုတာလည်း အချိန်မှန်မှန် အထပ်ထပ် အဖန်ဖန် ပြုဖန်များတော့ထက်မြက်လာတော့တာပဲ
ခရက်ဒစ်
unicode
မကြာမီ ကြီးပွား ချမ်းသာချင်ရင် ဒါတွေကို လုပ်ဖြစ်အောင်လုပ်ပါ ကြီးပွား ချမ်းသာချင်ရင် အာစိဏ္ဏကံကုသိုလ်။ ဘုရားရှိခိုးဖြစ်ရဲ့လား။ သောက်တော်ရေရော နေ့စဉ် ကပ်ဖြစ်ရဲ့လား။ ဘုရားပန်းလည်း အပတ်စဉ်လှူဖြစ်ရဲ့လား။ အဲ့လို့နေ့စဉ်လုပ်ရင်ကုသိုလ်ကိုစွဲသွားတာလို့ ခေါ်တယ်။ မကြာခင် ကြီးပွါးတော့မယ့် လက္ခဏာပဲ
သေချ ာမှတ်ထား၊ လောကမှာ အကုသိုလ်ကို စွဲသွားတဲ့ လူရယ်၊ ကုသိုလ်ကို စွဲသွားတဲ့ လူရယ်လို့ လူနှစ်မျိုး ရှိတယ်။ လူတစ်ယောက်ဟာ အကုသိုလ် ဘက်မှာ စွဲသွားပြီဆိုရင်အဲဒီလူဟာ မကြာခင် မွဲသွားတတ်တော့တာပဲ
တွေ့ဖူးတယ်မလား၊ အရက်သေစာသောက်စားမှုကို စွဲသွားတဲ့ သူတွေ၊ မကောင်းတဲ့နေရာတွေမှာ စွဲလမ်းသွားတဲ့ သူတွေ ကိုလေ။ အဲ့သလို လူမျိုးတွေဟာ မကြာခင် မွဲသွားတတ်တယ်
ငါတို့ဒေသအခေါ်ကျတော့ အဲ့ဒါမျိုးကိုကင်းပွန်းသင့်တယ်လို့ ခေါ်တာပေါ့ကွာ။ ကုသိုလ်ဘက်မှာ စွဲသွားတဲ့ လူတွေကြတော့ မကြာမတင်မှာပဲ ချမ်းသာလာတတ်တယ်။ နေ့စဉ်ပြုနေကျ သောက်တော်ရေကပ်၊ ဘုရားရှိခိုး၊ မေတ္တာပို့၊ အမျှဝေတာလောက်မှ မလုပ်ရရင် တစ်ခုခုလိုနေသလိုတွေ့လာပြီဆိုရင် အဲဒါမျိုးကို ကုသိုလ်ကို စွဲသွားတာလို့ခေါ်တယ်
အဲ့သလို ဖြစ်လာပြီဆိုရင် စိတ်သာချပေတော့၊ မကြာခင် ကြီးပွါးချမ်းသာတော့မယ်။ ဘာကြောင့်လဲဆိုတော့ ကုသိုလ်ကိုစွဲသွားလို့ပဲ
စွဲသွားတဲ့ အခါကျတော့ ကုသိုလ်ကောင်းမှုဆိုတာနေ့စဉ်ပြုဖြစ်လာတော့တာပဲ။ အဲ့ဒါမျိုးကို အာစိဏ္ဏကံ ကုသိုလ်လို့ ခေါ်တယ်။ သေချာမှတ်ထားနော်၊ #အာစိဏ္ဏကံ ကုသိုလ်ဆိုတာ နေ့စဉ်၊ အပတ်စဉ်၊ လစဉ်ဆိုသလို အချိန်မှန်မှန်ပြုတဲ့ ကုသိုလ်မျိုးကို ဆိုလိုတယ်
အချိန်မှန်မှန် ပြုတယ် ဆိုရင် ပဋ္ဌာန်းလို အာသေဝနပစ္စည်းတပ်တော့တာပဲ။ (အာသေဝနဆိုတာ အထပ်ထပ် အခါခါ ပြုတာမျိုးကို ပြောတာပဲ) ဓားသွေး သလိုပေါ့ကွာ
ေသြးဖန် များတော့၊ ဓားဟာ ထက်လာရသလိုပဲ၊ ကုသိုလ်ကောင်းမှု ဆိုတာလည်း အချိန်မှန်မှန် အထပ်ထပ် အဖန်ဖန် ပြုဖန်များတော့ထက်မြက်လာတော့တာပဲ။
အလုပ်ကိုလည်း ကြိုးစားပြီး လုပ်သလို၊ သောက်တော်ရေကပ်၊ ဘုရားရှိခိုး၊ မေတ္တာပို့၊ အမျှဝေတဲ့ အခြေခံ ကုသိုလ်အလုပ်တွေကိုလည်း စွဲသွားသည်အထိ ကြိုးစားပြီးတော့လုပ်။ မကြာခင် ကြီးပွားချမ်းသာလာ ပါလိမ့်မယ်။
ခရက်ဒစ်