ပည္သူလူထုကေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္တတ္ႏိုင္သေလာက္ကူညီေပးၾကရင္း ေႏြဦးေတာ္လွန္ေရးကို ဆက္လက္ဆင္ႏႊဲလ်က္ရွိေနခဲ့တာပဲျဖစ္ပါတယ္။ လူထုလႈပ္ရွားမႈေတြကို ျပဳလုပ္ၾကရင္း ျပည္သူေတြဟာ ထိခိုက္ဒဏ္ရာေတြအျပင္ အသက္ေပးခဲ့ရမႈေတြပါ အမ်ားအျပားရွိေနခဲ့ပါတယ္။ ျမန္မာျပည္သူျပည္သားေတြကေတာ့ အခက္အခဲေတြမ်ားစြာရွိၾကေပမယ့္လည္း အားမေလ်ာ့ၾကဘဲ ခိုင္မာတဲ့စိတ္ဓာတ္ေတြနဲ႔ လူထုလႈပ္ရွားမႈေတြကို ျပဳလုပ္ေနၾက တာျဖစ္ပါတယ္။

အမွန္တရားဘက္ကေန ျပည္သူေတြနဲ႔အတူ မားမားမတ္မတ္ရပ္တည္လ်က္ရွိေနတဲ့ ေနတိုးက လူထုလႈပ္ရွားမႈေတြမွာလည္း ပါဝင္ခဲ့တဲ့ အႏုပညာရွင္တစ္ေယာက္ပဲျဖစ္ပါတယ္။ သူကေတာ့ ျပည္သူေတြစိတ္အားတတ္ေစမယ့္ စာေလးေတြကိုလည္း လူမႈကြန္ယက္ထက္မွာ မွ်ေဝေပးေလ့ရွိပါတယ္။ ယခုမွာေတာ့ ေနတိုး တစ္ေယာက္ဟာ အခုခ်ိန္မွာသည္းမခံႏိုင္ေတာ့ဘူးဆိုတဲ့စိတ္ ျဖစ္လာၾကေပမယ့္လည္း တတ္ႏိုင္သေလာက္သည္းခံၾကဖို႔ ျပည္သူေတြကို တိုက္တြန္းေျပာဆိုလိုက္ပါတယ္။

ေနတိုးကေတာ့ ” သည္းခံပါ သည္းမခံႏိုင္ေတာ့ဘူးကြာ ဆိုတဲ့စိတ္ျဖစ္လာတာကိုသည္းခံႏိုင္တဲ့အထိသည္းခံၾကရပါမယ္ ယုံၾကည္မႈဆီ အတူတူအားတင္းရင္းအားလုံးနဲ႔အတူတူထပ္တူထပ္မွ်ပါပဲ “ဆိုၿပီး လူမႈကြန္ယက္စာမ်က္ႏွာထက္မွာ ေရးသားထားခဲ့တာပဲျဖစ္ပါတယ္။

ျမန္မာႏိုင္ငံတစ္ဝွမ္းမွာရွိတဲ့ ျပည္သူျပည္သားေတြအားလုံးေအးခ်မ္းေပ်ာ္႐ႊင္ၿပီး စိတ္ခ်မ္းသာရတဲ့ ေန႔ရက္ေတြကို ပိုင္ဆိုင္ၾကပါေစေၾကာင္း ဆုေတာင္းေမတၱာပို႔သေ ပးလိုက္ရပါတယ္။
crd
ပည်သူလူထုကတော့ တစ်ယောက်နဲ့ တစ်ယောက်တတ်နိုင်သလောက်ကူညီပေးကြရင်း နွေဦးတော်လှန်ရေးကို ဆက်လက်ဆင်နွှဲလျက်ရှိနေခဲ့တာပဲဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုတွေကို ပြုလုပ်ကြရင်း ပြည်သူတွေဟာ ထိခိုက်ဒဏ်ရာတွေအပြင် အသက်ပေးခဲ့ရမှုတွေပါ အများအပြားရှိနေခဲ့ပါတယ်။ မြန်မာပြည်သူပြည်သားတွေကတော့ အခက်အခဲတွေများစွာရှိကြပေမယ့်လည်း အားမလျော့ကြဘဲ ခိုင်မာတဲ့စိတ်ဓာတ်တွေနဲ့ လူထုလှုပ်ရှားမှုတွေကို ပြုလုပ်နေကြ တာဖြစ်ပါတယ်။

အမှန်တရားဘက်ကနေ ပြည်သူတွေနဲ့အတူ မားမားမတ်မတ်ရပ်တည်လျက်ရှိနေတဲ့ နေတိုးက လူထုလှုပ်ရှားမှုတွေမှာလည်း ပါဝင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ သူကတော့ ပြည်သူတွေစိတ်အားတတ်စေမယ့် စာလေးတွေကိုလည်း လူမှုကွန်ယက်ထက်မှာ မျှဝေပေးလေ့ရှိပါတယ်။ ယခုမှာတော့ နေတိုး တစ်ယောက်ဟာ အခုချိန်မှာသည်းမခံနိုင်တော့ဘူးဆိုတဲ့စိတ် ဖြစ်လာကြပေမယ့်လည်း တတ်နိုင်သလောက်သည်းခံကြဖို့ ပြည်သူတွေကို တိုက်တွန်းပြောဆိုလိုက်ပါတယ်။

နေတိုးကတော့ ” သည်းခံပါ သည်းမခံနိုင်တော့ဘူးကွာ ဆိုတဲ့စိတ်ဖြစ်လာတာကိုသည်းခံနိုင်တဲ့အထိသည်းခံကြရပါမယ် ယုံကြည်မှုဆီ အတူတူအားတင်းရင်းအားလုံးနဲ့အတူတူထပ်တူထပ်မျှပါပဲ “ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ ပြည်သူပြည်သားတွေအားလုံးအေးချမ်းပျော်ရွှင်ပြီး စိတ်ချမ်းသာရတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သေ ပးလိုက်ရပါတယ်။

crd



