ၾကားသိရသမွ်

မႏၲေလးတကၠသိုလ္ မွ ဘူမိေဗဒ(စတုတၳႏွစ္)ေက်ာင္းသား အင္း၀တံတားမွ ခုန္ခ်ရန္ႀကံစည္မွုျဖစ္ပြား

ဆိုင္ကယ္ကိုအင္း၀တံတားလာယူ ငါသြားၿပီလို့သူ႔ သူငယ္ခ်င္းကိုဖုန္းဆက္ မက္ေဆ့ပို႕ျပီး ခုန္ခ်ရန္ၾကံစည္ခဲ့သည့္ မႏၲေလးတကၠသိုလ္ မွ ဘူမိေဗဒ(စတုတၳႏွစ္)ေက်ာင္းသား

စစ္ကိုင္း၊ဇြန္ ၂၉

အင္း၀တံတားေပၚမွခုန္ခ်ရန္ႀကံစည္ခဲ့သည့္ မႏၲေလးတကၠသိုလ္ မွ ဘူမိေဗဒ(စတုတၳႏွစ္)ေက်ာင္းသားအား လွည့္ကင္းရဲတပ္ဖြဲ႕မွကယ္တင္နိုင္ခဲ့ေၾကာင္း ဇြန္ ၂၉တြင္ စစ္ကိုင္းၿမိဳ့မရဲစခန္းမွသိရသည္။

ဇြန္ ၂၈ ည ဆယ္နာရီခြဲခန္႔က စစ္ကိုင္းၿမိဳ့၊အင္း၀တံတား ငါး‌ကုန္းႏွင့္ေျခာက္ကုန္းၾကားေနရာတြင္ တံတားေပၚမွခုန္ခ်ရန္ႀကံစည္ခဲ့ေသာ အသက္၂၁ႏွစ္အရြယ္ အဆိုပါေက်ာင္းသားအား စစ္ကိုင္းၿမိဳ့၊ၿမိဳ့မရဲစခန္းမွ ဒုရဲအုပ္ေအးသက္ေမာင္ဦးစီ‌းေသာလွည့္ကင္းတပ္ဖြဲ႕မွ အခ်ိန္မွီကယ္ဆယ္နိုင္ခဲ့ေၾကာင္းသိရသည္။

“မေန႔ည ဆယ္နာရီေက်ာ္ေလာက္က ကၽြန္ေတာ္တို့ အင္း၀တံတားေပၚလွည့္ကင္းလွည့္ခ်ိန္ ဆယ္နာရီေက်ာ္ေလာက္မွာ မႏၲေလးဘက္ကလာရင္ အင္း၀တံတားငါးကုန္းနဲ႔ေျခာက္ကုန္းၾကားမွာ လူတစ္ေယာက္နဲ႔ဆိုင္ကယ္ရပ္ထားထားတာကိုေတြ႕တယ္။ ဆိုင္ကယ္ေပၚမတ္တပ္ရပ္ၿပီး တံတက္လက္ရန္းကို‌တက္ဖို့လုပ္‌ေနတာျမင္လို့ တံတားထိပ္ကေနဆိုင္ကယ္ကိုအျမန္ေမာင္းၿပီး သူရွိတဲ့ေနရာဆီသြားတယ္။ေရာက္ေတာ့ ေဟ့ဘာလုပ္ေနတာလည္းဆိုင္ကယ္ေပၚကအတင္းဆင္းခိုင္းဆြဲခ်ၿပီးေမးတယ္။ ကၽြန္ေတာ္စိတ္ညစ္စရာမ်ားတယ္ ကၽြန္ေတာ္ကိုသြားခြင့္ျပဳပါလို့ ေျပာတယ္။မင္းက ဘယ္ကလည္း ဘာစိတ္ညစ္စရာရွိလဲလို့ ကၽြန္ေတာ္ေမးေတာ့ မႏၲေလးၿမိဳ့ကလို့သိရတယ္။ဆိုင္ကယ္ကိုအင္း၀တံတားလာယူ ငါသြားၿပီလို့သူ႔ သူငယ္ခ်င္းကိုဖုန္းဆက္ မက္ေဆ့ခ္်ပို့ထားတာ‌ ေတြ႕လို့ သူ႔ကို ကၽြန္ေတာ္တို့ တံတားရဲကင္းဆီ‌ဆြဲေခၚခဲ့တယ္ သူစိတ္ေျပေအာင္အားေပးစကားေတြေျပာခဲ့တယ္။ေနာက္စခန္းကိုေခၚ သူ႔မိဘေတြကိုအေၾကာင္းၾကားခဲ့ၿပီးမိဘေတြဆီလက္ေရာက္အပ္ခဲ့ပါတယ္” ဟု စစ္ကိုင္းၿမိဳ့မရဲစခန္းမွ ဒုရဲအုပ္ေအးသက္ေမာင္ ကေျပာၾကားသည္။

အင္း၀တံတားႏွင့္ရတနာပုံတံတား ေပၚမွခုန္ခ်သက္ေသမွု မ်ားရွိလာေသာေၾကာင့္စစ္ကိုင္းၿမိဳ့နယ္ရဲတပ္ဖြဲ႕မွ အဆိုပါတံတားႏွစ္စင္းတြင္လွည့္ကင္း၊ပတ္ကင္းမ်ားခ်၍ေစာင့္ၾကည့္ေနရေၾကာင္း၊ ၎အေနျဖင့္ တံတားေပၚမွ ခုန္ခ်ရန္ႀကံစည္မွု ငါးႀကိမ္အား အခ်ိန္မွီတားဆီးနိုင္ခဲ့ေၾကာင္း စစ္ကိုင္းၿမိဳ့မရဲစခန္းမွ ဒုရဲအုပ္ ေအးသက္ေမာင္ကဆက္လက္ေျပာၾကားသည္။

ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္အတြင္းကလည္း အင္းဝတံတား (စစ္ကိုင္း)ေပၚမွ ဧရာဝတီျမစ္အတြင္း ခုန္ခ်ေသဆုံးမွု (၅)ႀကိမ္၊ ဧရာဝတီတံတား (ရတနာပုံ)ေပၚ မွ ဧရာဝတီျမစ္အတြင္း ခုန္ခ်ေသဆုံးမွု ႏွစ္ႀကိမ္ ျဖစ္ပြားခဲ့ၿပီး ယခုႏွစ္ ၂၀၂၀ အတြင္း ဧရာဝတီတံတား (ရတနာပုံ)ေပၚ မွ ခုန္ခ်ေသဆုံးမွု တစ္ႀကိမ္၊ အင္း၀တံတားေပၚမွ အမႊာ ညီအမႏွစ္ဦး ခုန္ခ်ေသဆုံးမွု ျဖစ္ပြားခဲ့ေသးေၾကာင္း သိရသည္။

ေစာရန္ပိုင္

ဓာတ္ပုံ- ဒုရဲအုပ္ ေအးသက္ေမာင္

#ေဇယ်ာတိုင္းမ္

#အင္း၀တံတားမွ ခုန္ခ်ရန္ႀကံစည္မွုျဖစ္ပြား

unicode

ဆိုင်ကယ်ကိုအင်းဝတံတားလာယူ ငါသွားပြီလို့သူ့ သူငယ်ချင်းကိုဖုန်းဆက် မက်ဆေ့ပို့ပြီး ခုန်ချရန်ကြံစည်ခဲ့သည့် မန္တလေးတက္ကသိုလ် မှ ဘူမိဗေဒ(စတုတ္ထနှစ်)ကျောင်းသား

စစ်ကိုင်း၊ဇွန် ၂၉

အင်းဝတံတားပေါ်မှခုန်ချရန်ကြံစည်ခဲ့သည့် မန္တလေးတက္ကသိုလ် မှ ဘူမိဗေဒ(စတုတ္ထနှစ်)ကျောင်းသားအား လှည့်ကင်းရဲတပ်ဖွဲ့မှကယ်တင်နိုင်ခဲ့ကြောင်း ဇွန် ၂၉တွင် စစ်ကိုင်းမြို့မရဲစခန်းမှသိရသည်။

ဇွန် ၂၈ ည ဆယ်နာရီခွဲခန့်က စစ်ကိုင်းမြို့၊အင်းဝတံတား ငါး‌ကုန်းနှင့်ခြောက်ကုန်းကြားနေရာတွင် တံတားပေါ်မှခုန်ချရန်ကြံစည်ခဲ့သော အသက်၂၁နှစ်အရွယ် အဆိုပါကျောင်းသားအား စစ်ကိုင်းမြို့၊မြို့မရဲစခန်းမှ ဒုရဲအုပ်အေးသက်မောင်ဦးစီ‌းသောလှည့်ကင်းတပ်ဖွဲ့မှ အချိန်မှီကယ်ဆယ်နိုင်ခဲ့ကြောင်းသိရသည်။

“မနေ့ည ဆယ်နာရီကျော်လောက်က ကျွန်တော်တို့ အင်းဝတံတားပေါ်လှည့်ကင်းလှည့်ချိန် ဆယ်နာရီကျော်လောက်မှာ မန္တလေးဘက်ကလာရင် အင်းဝတံတားငါးကုန်းနဲ့ခြောက်ကုန်းကြားမှာ လူတစ်ယောက်နဲ့ဆိုင်ကယ်ရပ်ထားထားတာကိုတွေ့တယ်။ ဆိုင်ကယ်ပေါ်မတ်တပ်ရပ်ပြီး တံတက်လက်ရန်းကို‌တက်ဖို့လုပ်‌နေတာမြင်လို့ တံတားထိပ်ကနေဆိုင်ကယ်ကိုအမြန်မောင်းပြီး သူရှိတဲ့နေရာဆီသွားတယ်။ရောက်တော့ ဟေ့ဘာလုပ်နေတာလည်းဆိုင်ကယ်ပေါ်ကအတင်းဆင်းခိုင်းဆွဲချပြီးမေးတယ်။ ကျွန်တော်စိတ်ညစ်စရာများတယ် ကျွန်တော်ကိုသွားခွင့်ပြုပါလို့ ပြောတယ်။မင်းက ဘယ်ကလည်း ဘာစိတ်ညစ်စရာရှိလဲလို့ ကျွန်တော်မေးတော့ မန္တလေးမြို့ကလို့သိရတယ်။ဆိုင်ကယ်ကိုအင်းဝတံတားလာယူ ငါသွားပြီလို့သူ့ သူငယ်ချင်းကိုဖုန်းဆက် မက်ဆေ့ခ်ျပို့ထားတာ‌ တွေ့လို့ သူ့ကို ကျွန်တော်တို့ တံတားရဲကင်းဆီ‌ဆွဲခေါ်ခဲ့တယ် သူစိတ်ပြေအောင်အားပေးစကားတွေပြောခဲ့တယ်။နောက်စခန်းကိုခေါ် သူ့မိဘတွေကိုအကြောင်းကြားခဲ့ပြီးမိဘတွေဆီလက်ရောက်အပ်ခဲ့ပါတယ်” ဟု စစ်ကိုင်းမြို့မရဲစခန်းမှ ဒုရဲအုပ်အေးသက်မောင် ကပြောကြားသည်။

အင်းဝတံတားနှင့်ရတနာပုံတံတား ပေါ်မှခုန်ချသက်သေမှု များရှိလာသောကြောင့်စစ်ကိုင်းမြို့နယ်ရဲတပ်ဖွဲ့မှ အဆိုပါတံတားနှစ်စင်းတွင်လှည့်ကင်း၊ပတ်ကင်းများချ၍စောင့်ကြည့်နေရကြောင်း၊ ၎င်းအနေဖြင့် တံတားပေါ်မှ ခုန်ချရန်ကြံစည်မှု ငါးကြိမ်အား အချိန်မှီတားဆီးနိုင်ခဲ့ကြောင်း စစ်ကိုင်းမြို့မရဲစခန်းမှ ဒုရဲအုပ် အေးသက်မောင်ကဆက်လက်ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အတွင်းကလည်း အင်းဝတံတား (စစ်ကိုင်း)ပေါ်မှ ဧရာဝတီမြစ်အတွင်း ခုန်ချသေဆုံးမှု (၅)ကြိမ်၊ ဧရာဝတီတံတား (ရတနာပုံ)ပေါ် မှ ဧရာဝတီမြစ်အတွင်း ခုန်ချသေဆုံးမှု နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ယခုနှစ် ၂၀၂၀ အတွင်း ဧရာဝတီတံတား (ရတနာပုံ)ပေါ် မှ ခုန်ချသေဆုံးမှု တစ်ကြိမ်၊ အင်းဝတံတားပေါ်မှ အမွှာ ညီအမနှစ်ဦး ခုန်ချသေဆုံးမှု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

စောရန်ပိုင်

ဓာတ်ပုံ- ဒုရဲအုပ် အေးသက်မောင်

#ဇေယျာတိုင်းမ်

#အင်းဝတံတားမှ ခုန်ချရန်ကြံစည်မှုဖြစ်ပွား