ဗဟုသုတ

“ဖုန်း/ ကွန်ပျူတာ ဆက်တိုက်သုံးနေသူများ မျက်စိကို ဘယ်လိုကာကွယ် ထိန်းသိမ်းကြမလဲ?”

“ဖုန်း/ ကွန်ပျူတာ ဆက်တိုက်သုံးနေသူများ မျက်စိကို ဘယ်လိုကာကွယ် ထိန်းသိမ်းကြမလဲ?”

ယနေ့ အိုင်တီခေတ်ကြီးမှာ လူကြီးရောလူငယ်ပါ ကွန်ပျူတာဖြင့် နေစဉ်ရက်ဆက် အလုပ်လုပ်ကိုင် နေကျရခြင်းကြောင့် မျက်စိချွတ်ယွင်း၊ အားနည်းခြင်းတို့ဖြစ်ပေါ်လာတာ ထူးဆန်းတဲ့အရာတော့ မဟုတ်ပါဘူး။ ဒီလို မချွတ်ယွင်း၊ အားမနည်းအောင် ဘယ်လိုကာကွယ်ကြမလဲ။

အောက်ပါ နည်းလမ်းလေးတွေကို လိုက်နာပေးလိုက်ပါ။

နေရာ မှန်ပါစေ

သင့်ရဲ့ကွန်ပျူတာ၊ ကီးဘုတ် keyboard၊ မောက်စ် mouse တို့ကို နေရာမှန်ထားတက်ဖို့ အရေးကြီးပါတယ်။ သင့်ရဲ့ ကွန်ပျူတာ မျက်နှာပြင် (screen) ဟာ သင့်မျက်လုံးကနေ သင့်ရဲ့လက်တဆန့်စာ အကွာနဲ့ မျက်လုံးရဲ့ ၂၀ ဒီဂရီအောက် နိမ့်နေရပါမယ်။

အလင်းရောင်

သင့်အခန်းတွင်း အလင်းရောင်ပျံ့နှံ့နေပါစေ။ ဒါမှ ကွန်ပျူတာ မျက်နှာပြင်မှလာသော အလင်းပြန်မှုတွေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ ကွန်ပျူတာမျက်နှာပြင်အား သင့်မျက်စိနှင့် သင့်တော်ရာ အလင်း၊ အမှောင်ချိန်ထားပါ။

မျက်မှန်

အလင်းမဖောက်မှန်ပါသော မျက်မှန်ကို တပ်ပေးခြင်းဖြင့် တောက်ပသောအရာမှလာသော အလင်းတွေကို ကာကွယ်နိုင်ပါတယ်။ သင့်ရဲ.မျက်စိဆရာဝန်က သင့်အား ကွန်ပျူတာနှင့် ထိတွေ့နေသူမှန်းသိရင် ထိုအလင်းမဖောက်မှန် (Anti-reflective Lenses) ထည့်ထားတဲ့ မျက်မှန်ကို ညွန်းပါလိမ့်မယ်။

မိနစ် ၂၀၊ ပေ ၂၀၊ အခါ ၂၀၊ ခြေလှမ်း ၂၀

ကွန်ပျူတာနှင့် အလုပ်လုပ်သူများ မိနစ် ၂၀ လောက်ကြာတိုင်း ခေါင်းကို ခဏဘေးကိုလှည့်ပြီး ပေ၂၀ လောက်ဝေးတဲ့ အရာတစ်ခုခုကို ကြည့်ကြည့်ပေးပါ။ ဒီနည်းလမ်းဟာ သင့်ရဲ့ ပင်ပန်းနေတဲ့ မျက်လုံးအား သက်သာရာရစေပါတယ်။ နောက်ပြီး အခါ ၂၀ လောက် မျက်စိအား ပိတ်လိုက်ဖွင့် လိုက်လုပ်ခြင်းဖြင့် မျက်လုံးစိုစွတ်ခြင်းကို ရယူပါ။ ပြီးရင် ခဏ ထိုင်ခုံမှထပြီး ခြေလှမ်း ၂၀ လောက်လမ်းလျှောက်ခြင်းဖြင့် သွေးလှည့်ပတ်ပါစေ။

မျက်စဉ်း ခတ်ပေးပါ

လူတစ်ယောက်ဟာ ၁ မိနစ်အတွင်း ပုံမှန် ၁၂ ခါ မျက်တောင်ခတ်ကြပါတယ်။ ဒါပေမယ့် ကွန်ပျူတာနဲ့ အလုပ်လုပ်နေရရင် ၅ ခါ လောက်သာ မျက်တောင်ခတ်တာကို သင်သတိထားမိပါသလား။ အကျိုးဆက်အနေဖြင့် မျက်စိအား ခြောက်ကပ်နေစေပါတယ်။ ထိုသို့ ခြောက်ကပ်မနေအောင် မျက်စဉ်းခတ်ပေးနိုင်ပါတယ်။

လက်ဖဝါးအုပ်ခြင်း

ထိုင်ခုံပေါ်တွင် မတ်မတ်ထိုင်ပြီး သင့်ရဲ့လက်ဖဝါးနှစ်ခုအား နွေးလာသည်အထိ ပွတ်ပေးပါ။ ထိုနွေးနေသောလက်ဖဝါးနဲ့ သင့်မျက်စိနှစ်ဖက်ကို ၁ မိနစ်လောက် ဖုံးအုပ်ပေးလိုက်ပါ။ သင့်မျက်စိညောင်းကိုက်၊ ပင်ပန်းလာတိုင်း ၂ကြိမ် ၃ကြိမ် လောက်လုပ်ပေးပါ။ ထို လက်ဖဝါးမှလာသော နွေးထွေးမူသည် သင့်ရဲ့ ပင်ပန်းနေသောမျက်စိအား သက်သာစေပါတယ်။

မျက်နှာသစ်ခြင်း

အားတဲ့အချိန်မှာ မျက်စိမှိတ်ပြီး ရေအေးဖြင့် မျက်နှာသစ်ပေးပါ။ အင်မတန် လန်းဆန်းခြင်းကို ခံစားရပါလိမ့်မယ်။

လက်ဖက်ခြောက် အထုပ်

သောက်ပြီးသား လက်ဖက်ခြောက်အထုပ်ကလေးများကို လွှင့်မပစ်ပဲ ရေခဲသေတ္တာထဲထည့်ထားပြီး အားတဲ့အချိန်ကျရင် ထိုလက်ဖက်ခြောက်အထုပ် ၂ ထုပ်အား သင့်မျက်စိ တစ်ဖတ်စီတွင်တင်ပြီး အနားယူပါ။ မျက်စိအားအေးမြ စေပါသည်။

အစားအသောက်

ဗီတာမင် A, C, E ပါသော အစားအစာများ ပိုစားပါ။ သံပရာရည်၊ အသီးအရွက်၊ ခရမ်းချဉ်သီး၊ ဥ နှင့် နို့ထွက်ပစ္စည်းများလည်း ပိုစားပေးပါ။

ကွန်ပျူတာအတွက်ပဲပြောသွားလို့ ဖုန်းကြည့်နေတဲ့သူတွေ မပါဘူးမထင်ပါနဲ့နော်။ ကွန်ပျူတာသုံးတဲ့သူရော ဖုန်းသုံးတဲ့သူရော ဒီအချက်လေးတွေကို လိုက်နာလုပ်ဆောင်မှ ကိုယ့်မျက်စိလေးကျန်းမာနေမှာပါ။

အားလုံးပဲ……….မျက်စိရောဂါ ကင်းဝေကြပါစေ။

credit to Today Myanmar

Credit to Tun Tauk Pharmacy

“ဖုန္း/ ကြန္ပ်ဴတာ ဆက္တိုက္သုံးေနသူမ်ား မ်က္စိကို ဘယ္လိုကာကြယ္ ထိန္းသိမ္းၾကမလဲ?”

ယေန႔ အိုင္တီေခတ္ႀကီးမွာ လူႀကီးေရာလူငယ္ပါ ကြန္ပ်ဴတာျဖင့္ ေနစဥ္ရက္ဆက္ အလုပ္လုပ္ကိုင္ ေနက်ရျခင္းေၾကာင့္ မ်က္စိခၽြတ္ယြင္း၊ အားနည္းျခင္းတို႔ျဖစ္ေပၚလာတာ ထူးဆန္းတဲ့အရာေတာ့ မဟုတ္ပါဘူး။ ဒီလို မခၽြတ္ယြင္း၊ အားမနည္းေအာင္ ဘယ္လိုကာကြယ္ၾကမလဲ။

ေအာက္ပါ နည္းလမ္းေလးေတြကို လိုက္နာေပးလိုက္ပါ။

ေနရာ မွန္ပါေစ

သင့္ရဲ့ကြန္ပ်ဴတာ၊ ကီးဘုတ္ keyboard၊ ေမာက္စ္ mouse တို႔ကို ေနရာမွန္ထားတက္ဖို႔ အေရးႀကီးပါတယ္။ သင့္ရဲ့ ကြန္ပ်ဴတာ မ်က္ႏွာျပင္ (screen) ဟာ သင့္မ်က္လုံးကေန သင့္ရဲ့လက္တဆန္႔စာ အကြာနဲ႔ မ်က္လုံးရဲ့ ၂၀ ဒီဂရီေအာက္ နိမ့္ေနရပါမယ္။

အလင္းေရာင္

သင့္အခန္းတြင္း အလင္းေရာင္ပ်ံ႕ႏွံ့ေနပါေစ။ ဒါမွ ကြန္ပ်ဴတာ မ်က္ႏွာျပင္မွလာေသာ အလင္းျပန္မႈေတြကို ေလၽွာ့ခ်နိုင္မွာျဖစ္ပါတယ္။ ကြန္ပ်ဴတာမ်က္ႏွာျပင္အား သင့္မ်က္စိႏွင့္ သင့္ေတာ္ရာ အလင္း၊ အေမွာင္ခ်ိန္ထားပါ။

မ်က္မွန္

အလင္းမေဖာက္မွန္ပါေသာ မ်က္မွန္ကို တပ္ေပးျခင္းျဖင့္ ေတာက္ပေသာအရာမွလာေသာ အလင္းေတြကို ကာကြယ္နိုင္ပါတယ္။ သင့္ရဲ.မ်က္စိဆရာဝန္က သင့္အား ကြန္ပ်ဴတာႏွင့္ ထိေတြ႕ေနသူမွန္းသိရင္ ထိုအလင္းမေဖာက္မွန္ (Anti-reflective Lenses) ထည့္ထားတဲ့ မ်က္မွန္ကို ညြန္းပါလိမ့္မယ္။

မိနစ္ ၂၀၊ ေပ ၂၀၊ အခါ ၂၀၊ ေျခလွမ္း ၂၀

ကြန္ပ်ဴတာႏွင့္ အလုပ္လုပ္သူမ်ား မိနစ္ ၂၀ ေလာက္ၾကာတိုင္း ေခါင္းကို ခဏေဘးကိုလွည့္ၿပီး ေပ၂၀ ေလာက္ေဝးတဲ့ အရာတစ္ခုခုကို ၾကည့္ၾကည့္ေပးပါ။ ဒီနည္းလမ္းဟာ သင့္ရဲ့ ပင္ပန္းေနတဲ့ မ်က္လုံးအား သက္သာရာရေစပါတယ္။ ေနာက္ၿပီး အခါ ၂၀ ေလာက္ မ်က္စိအား ပိတ္လိုက္ဖြင့္ လိုက္လုပ္ျခင္းျဖင့္ မ်က္လုံးစိုစြတ္ျခင္းကို ရယူပါ။ ၿပီးရင္ ခဏ ထိုင္ခုံမွထၿပီး ေျခလွမ္း ၂၀ ေလာက္လမ္းေလၽွာက္ျခင္းျဖင့္ ေသြးလွည့္ပတ္ပါေစ။

မ်က္စဥ္း ခတ္ေပးပါ

လူတစ္ေယာက္ဟာ ၁ မိနစ္အတြင္း ပုံမွန္ ၁၂ ခါ မ်က္ေတာင္ခတ္ၾကပါတယ္။ ဒါေပမယ့္ ကြန္ပ်ဴတာနဲ႔ အလုပ္လုပ္ေနရရင္ ၅ ခါ ေလာက္သာ မ်က္ေတာင္ခတ္တာကို သင္သတိထားမိပါသလား။ အက်ိဳးဆက္အေနျဖင့္ မ်က္စိအား ေျခာက္ကပ္ေနေစပါတယ္။ ထိုသို႔ ေျခာက္ကပ္မေနေအာင္ မ်က္စဥ္းခတ္ေပးနိုင္ပါတယ္။

လက္ဖဝါးအုပ္ျခင္း

ထိုင္ခုံေပၚတြင္ မတ္မတ္ထိုင္ၿပီး သင့္ရဲ့လက္ဖဝါးႏွစ္ခုအား ေႏြးလာသည္အထိ ပြတ္ေပးပါ။ ထိုေႏြးေနေသာလက္ဖဝါးနဲ႔ သင့္မ်က္စိႏွစ္ဖက္ကို ၁ မိနစ္ေလာက္ ဖုံးအုပ္ေပးလိုက္ပါ။ သင့္မ်က္စိေညာင္းကိုက္၊ ပင္ပန္းလာတိုင္း ၂ႀကိမ္ ၃ႀကိမ္ ေလာက္လုပ္ေပးပါ။ ထို လက္ဖဝါးမွလာေသာ ေႏြးေထြးမူသည္ သင့္ရဲ့ ပင္ပန္းေနေသာမ်က္စိအား သက္သာေစပါတယ္။

မ်က္ႏွာသစ္ျခင္း

အားတဲ့အခ်ိန္မွာ မ်က္စိမွိတ္ၿပီး ေရေအးျဖင့္ မ်က္ႏွာသစ္ေပးပါ။ အင္မတန္ လန္းဆန္းျခင္းကို ခံစားရပါလိမ့္မယ္။

လက္ဖက္ေျခာက္ အထုပ္

ေသာက္ၿပီးသား လက္ဖက္ေျခာက္အထုပ္ကေလးမ်ားကို လႊင့္မပစ္ပဲ ေရခဲေသတၱာထဲထည့္ထားၿပီး အားတဲ့အခ်ိန္က်ရင္ ထိုလက္ဖက္ေျခာက္အထုပ္ ၂ ထုပ္အား သင့္မ်က္စိ တစ္ဖတ္စီတြင္တင္ၿပီး အနားယူပါ။ မ်က္စိအားေအးၿမ ေစပါသည္။

အစားအေသာက္

ဗီတာမင္ A, C, E ပါေသာ အစားအစာမ်ား ပိုစားပါ။ သံပရာရည္၊ အသီးအရြက္၊ ခရမ္းခ်ဥ္သီး၊ ဥ ႏွင့္ နို႔ထြက္ပစၥည္းမ်ားလည္း ပိုစားေပးပါ။

ကြန္ပ်ဴတာအတြက္ပဲေျပာသြားလို႔ ဖုန္းၾကည့္ေနတဲ့သူေတြ မပါဘူးမထင္ပါနဲ႔ေနာ္။ ကြန္ပ်ဴတာသုံးတဲ့သူေရာ ဖုန္းသုံးတဲ့သူေရာ ဒီအခ်က္ေလးေတြကို လိုက္နာလုပ္ေဆာင္မွ ကိုယ့္မ်က္စိေလးက်န္းမာေနမွာပါ။

အားလုံးပဲ……….မ်က္စိေရာဂါ ကင္းေဝၾကပါေစ။

credit to Today Myanmar

Credit to Tun Tauk Pharmacy