unicode
မော်ဒယ်မလေး စုလှိုင်ဝင်းကတော့ ဖြူဖွေးဝင်းဥတဲ့ အသားအရေလေးနဲ့အတူ ပြစ်မျိုးမှဲ့မထင်တဲ့အလှတရားတွေကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ စုလှိုင်ဝင်းက ခန္ဓာကိုယ်အချိုးအစား သွယ်လျလှပသလို ရုပ်ရည်လေးကလည်း တကယ့်ကိုချောမောပြေပြစ်လွန်းတာ ဖြစ်ပါတယ် ။ ဒါကြောင့်လည်း စုလှိုင်ဝင်းက ပုရိသတွေရဲ့ အသည်းစွဲဖြစ်နေရပြီး အပြတ်အသတ် အားပေးခြင်းခံနေရတာ ဖြစ်ပါတယ် ။
စုလှိုင်ဝင်းအနေနဲ့ Dancer တစ်ဦးဖြစ်တဲ့ အတွက် အကဗီဒီယိုလေးတွေကို မကြာခဏဆိုသလို ရိုက်ကူးလေ့ရှိတာ ဖြစ်ပါတယ် ။ စုလှိုင်ဝင်းက Cover Dance ဗီဒီယိုလေးတွေရိုက်ကူးလေ့ရှိတဲ့အပြင် Tik Tok မှာပါ သီချင်းမြူးမြူးလေးတွေနဲ့ အမိုက်စားကပြလေ့ရှိတာ ဖြစ်ပါတယ် ။ အခုလည်း စုလှိုင်ဝင်းက ဆွဲဆောင် မှုရှိပြီး ညို့အားပြင်း တဲ့ပုံစံလေးနဲ့ ခပ်မိုက်မိုက်လေးကပြပြီး Tik Tok ကစားထားတာ ဖြစ်ပါတယ် ။
စုလှိုင်ဝင်းက အလန်းစားကကွက်လေးတွေ အတိုင်း ခန္ဓာကိုယ်လေးကိုလှုပ်ခါပြီး အားရပါးရ ကပြထားတာ ဖြစ်ပါတယ် ။ လူငယ်ဆန်ဆန် ထိမိလွန်းတဲ့ဖက်ရှင်လေးကိုလည်း ဝတ်ဆင်ထားတဲ့ စုလှိုင်ဝင်းကတော့ ရင်ခုန်ချင်စရာကောင်းလောက်အောင် အရမ်းလှနေတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မော်ဒယ်မလေး စုလှိုင်ဝင်းရဲ့အမိုက်စား အကဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source & Video Credit-DQueen Su Hlaing Win’s FB Page