ဗဟုသုတ

သွေးတိုးလာရင် ၁ မိနစ်အတွင်း အမြန်ဆုံး သက်သာစေမည့် နည်းလမ်း

သွေးတိုးလာရင် ၁ မိနစ်အတွင်း အမြန်ဆုံး သက်သာစေမည့် နည်းလမ်း

သွေးတိုးရောဂါ ရှိတဲ့သူတွေဟာ သွေးတိုးတဲ့ဝေဒနာကို အချိန်နေရာမရွေး ခံစားရတတ်ပါတယ်။ အကြောင်းကြောင်းကြောင့် ရုတ်တရက် သွေးတိုးလာပြီး သောက်နေကျဆေးလည်း အနားမှာမရှိ၊ ကုသမှုခံယူဖို့လည်း မလွယ်ကူတဲ့အခြေအနေမျိုးမှာ သွေးတိုးဝေဒနာကို တစ်မိနစ်အတွင်း သက်သာပျောက်ကင်းစေမယ့် အရေးပေါ် နည်းလမ်းလေးကို ဝေမျှလိုက်ရပါတယ်။

တစ်ကယ်တော့ သွေးတိုးနေလား မတိုးဘူးလားဆိုတာ လွယ်လွယ်နဲ့ သိနိုင်တဲ့ ကိစ္စမဟုတ်ပါဘူး။ အချို့လူတွေဆိုရင် ကိုယ့်မှာ သွေးတိုးရောဂါရှိနေတယ်ဆိုတာတောင် သတိမထားမိတာမျိုးတွေ ရှိပါတယ်။ ဒါကြောင့်မို့ ဆရာဝန်တွေက သွေးတိုးရောဂါကို “တိတ်တဆိတ်လူသတ်သမား” လို့ နာမည်ပေးထားကြတာပါ။ သွေးတို့ရောဂါရဲ့ သက်ရောက်မှုက တစ်ကယ်စိုးရိမ်စရာကောင်းပါတယ်။ ဒီရောဂါဟာ ချက်ခြင်းကြီး ဝုန်းဒိုင်းဆိုပြီး ပေါ်လာတာမျိုးမဟုတ်ပဲ တစ်ဖြည်းဖြည်းချင်း ဖွဲ့စည်းဖြစ်တည်လာတာဖြစ်ပါတယ်။

သွေးတိုးရောဂါရဲ့ လက္ခဏာရပ်တွေကလည်း အမျိုးမျိုးရှိပါတယ်။ သိသာထင်ရှားတာတွေကတော့ ခေါင်းအုံခေါင်းကိုက်တာ၊ အမြင်အာရုံ မကြည်မလင်တာ၊ နားတွေအူ၊ ရင်ဘတ်တွေနာသလို ဖြစ်လာတာတွေ ဖြစ်ပါတယ်။

သွေးတိုးရာကနေ လေဖြတ်၊ နှလုံးဖောက်ပြန်ခြင်းနဲ့ ဦးနှောက်ကိုပါ ထိခိုက်ပြီး အသက်ဆုံးရှုံးတဲ့ထိ ဖြစ်တတ်ပါတယ်။ ဒါကြောင်မို့ သွေးတိုးရှိနေတယ်လို့ သံသယရှိရင် ဆာရာဝန်နဲ့ စစ်ဆေးပြီး သွေးပေါင်ချိန် မကြာခဏတိုင်းပါ။

အောက်ဖော်ပြပါ ဇယားကတော့ လူတစ်ယောက်မှာ ရှိသင့်တဲ့ သွေးပေါင်ချိန်၊ သွေးတိုးတာနဲ့ သွေးကျတာတို့ကို ဖော်ပြပေးထားပါတယ်။ အသက်အရွယ်နဲ့ အမျိုးသား၊ အမျိုးသမီး လိင်ကွဲပြားမှုတို့အပေါ် မူတည်ပြီး တစ်ယောက်နဲ့တစ်ယောက် အနည်းငယ်ကွဲလွဲမှုရှိပါတယ်။

သွေးတိုးနေချိန်မှာ တစ်မိနစ်အတွင်း သက်သာစေမယ့် ဖော်ပြပါနည်းလမ်းက အရေးပေါ် ရှေးဦးသူနာပြု နည်းလမ်းသာဖြစ်ပြီး ကုသနည်းမဟုတ်ပါကြောင်း ကြိုတင်အသိပေးပါရစေ။

နည်းလမ်း(၁)

သွေးတိုးဝေဒနာ ခံစားနေရချိန်မှာ လက်ဖဝါးတစ်ဖက်ဖြန့်ပြီး ပုံတွင်ပြထားသည့်အတိုင်း ‘လက်ခလယ်’ ရဲ့ ထိပ်ပိုင်းနေရာကို ဘောပင်ထိပ်နဲ့ တစ်မိနစ်ခန့် ဖိထောက်ထားပါ။ ပြန်လည် သက်သာလာတာကို ခံစားရပါလိမ့်မယ်။

နည်းလမ်း(၂)

ခြေဖျားကို ဆန့်တန်းလိုက်ပြီး ခြေမနဲ့ ခြေညိုး ကြာထဲကနေရာကို လက်ညိုးနဲ့ထောက်ပြီး အောက်ကို ဖိဆွဲချပါ။ ကြွက်သားဆုံးသွားပြီး အရိုးကို စမ်းမိတဲ့နေရာကို ဘောပင် ထိပ်ဖျားလေးနဲ့ ၃ စက္ကန့်ကြာ ဖိထောက်ထားပါ၊ အဲဒီနောက် ပြန်လွှတ်ပြီး ၅ စက္ကန့်နားပါ၊ ဒီလို ဖိလိုက် နားလိုက် လုပ်ငန်းစဉ် နှစ်ခုကို ၂ မိနစ်ခန့် လုပ်ပေးရင်လည်း သက်သာစေပါတယ်။

ထပ်မံ၍ သတိပေးပါရစေ၊ ဖော်ပြပါနည်းဟာ သက်သာလျော့ပါးစေသော နည်းလမ်းသာဖြစ်ပြီး သွေးတိုးရောဂါ ကုသတဲ့ နည်းလမ်း မဟုတ်ပါ။

Credit : popolay

ေသြးတိုးလာရင္ ၁ မိနစ္အတြင္း အျမန္ဆုံး သက္သာေစမည့္ နည္းလမ္း

ေသြးတိုးေရာဂါ ရွိတဲ့သူေတြဟာ ေသြးတိုးတဲ့ေဝဒနာကို အခ်ိန္ေနရာမေ႐ြး ခံစားရတတ္ပါတယ္။ အေၾကာင္းေၾကာင္းေၾကာင့္ ႐ုတ္တရက္ ေသြးတိုးလာၿပီး ေသာက္ေနက်ေဆးလည္း အနားမွာမရွိ၊ ကုသမႈခံယူဖို႔လည္း မလြယ္ကူတဲ့အေျခအေနမ်ိဳးမွာ ေသြးတိုးေဝဒနာကို တစ္မိနစ္အတြင္း သက္သာေပ်ာက္ကင္းေစမယ့္ အေရးေပၚ နည္းလမ္းေလးကို ေဝမွ်လိုက္ရပါတယ္။

တစ္ကယ္ေတာ့ ေသြးတိုးေနလား မတိုးဘူးလားဆိုတာ လြယ္လြယ္နဲ႔ သိႏိုင္တဲ့ ကိစၥမဟုတ္ပါဘူး။ အခ်ိဳ႕လူေတြဆိုရင္ ကိုယ့္မွာ ေသြးတိုးေရာဂါရွိေနတယ္ဆိုတာေတာင္ သတိမထားမိတာမ်ိဳးေတြ ရွိပါတယ္။ ဒါေၾကာင့္မို႔ ဆရာဝန္ေတြက ေသြးတိုးေရာဂါကို “တိတ္တဆိတ္လူသတ္သမား” လို႔ နာမည္ေပးထားၾကတာပါ။ ေသြးတို႔ေရာဂါရဲ႕ သက္ေရာက္မႈက တစ္ကယ္စိုးရိမ္စရာေကာင္းပါတယ္။ ဒီေရာဂါဟာ ခ်က္ျခင္းႀကီး ဝုန္းဒိုင္းဆိုၿပီး ေပၚလာတာမ်ိဳးမဟုတ္ပဲ တစ္ျဖည္းျဖည္းခ်င္း ဖြဲ႕စည္းျဖစ္တည္လာတာျဖစ္ပါတယ္။

ေသြးတိုးေရာဂါရဲ႕ လကၡဏာရပ္ေတြကလည္း အမ်ိဳးမ်ိဳးရွိပါတယ္။ သိသာထင္ရွားတာေတြကေတာ့ ေခါင္းအုံေခါင္းကိုက္တာ၊ အျမင္အာ႐ုံ မၾကည္မလင္တာ၊ နားေတြအူ၊ ရင္ဘတ္ေတြနာသလို ျဖစ္လာတာေတြ ျဖစ္ပါတယ္။

ေသြးတိုးရာကေန ေလျဖတ္၊ ႏွလုံးေဖာက္ျပန္ျခင္းနဲ႔ ဦးေႏွာက္ကိုပါ ထိခိုက္ၿပီး အသက္ဆုံးရႈံးတဲ့ထိ ျဖစ္တတ္ပါတယ္။ ဒါေၾကာင္မို႔ ေသြးတိုးရွိေနတယ္လို႔ သံသယရွိရင္ ဆာရာဝန္နဲ႔ စစ္ေဆးၿပီး ေသြးေပါင္ခ်ိန္ မၾကာခဏတိုင္းပါ။

ေအာက္ေဖာ္ျပပါ ဇယားကေတာ့ လူတစ္ေယာက္မွာ ရွိသင့္တဲ့ ေသြးေပါင္ခ်ိန္၊ ေသြးတိုးတာနဲ႔ ေသြးက်တာတို႔ကို ေဖာ္ျပေပးထားပါတယ္။ အသက္အ႐ြယ္နဲ႔ အမ်ိဳးသား၊ အမ်ိဳးသမီး လိင္ကြဲျပားမႈတို႔အေပၚ မူတည္ၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ အနည္းငယ္ကြဲလြဲမႈရွိပါတယ္။

ေသြးတိုးေနခ်ိန္မွာ တစ္မိနစ္အတြင္း သက္သာေစမယ့္ ေဖာ္ျပပါနည္းလမ္းက အေရးေပၚ ေရွးဦးသူနာျပဳ နည္းလမ္းသာျဖစ္ၿပီး ကုသနည္းမဟုတ္ပါေၾကာင္း ႀကိဳတင္အသိေပးပါရေစ။

နည္းလမ္း(၁)

ေသြးတိုးေဝဒနာ ခံစားေနရခ်ိန္မွာ လက္ဖဝါးတစ္ဖက္ျဖန႔္ၿပီး ပုံတြင္ျပထားသည့္အတိုင္း ‘လက္ခလယ္’ ရဲ႕ ထိပ္ပိုင္းေနရာကို ေဘာပင္ထိပ္နဲ႔ တစ္မိနစ္ခန႔္ ဖိေထာက္ထားပါ။ ျပန္လည္ သက္သာလာတာကို ခံစားရပါလိမ့္မယ္။

နည္းလမ္း(၂)

ေျခဖ်ားကို ဆန႔္တန္းလိုက္ၿပီး ေျခမနဲ႔ ေျခညိဳး ၾကာထဲကေနရာကို လက္ညိဳးနဲ႔ေထာက္ၿပီး ေအာက္ကို ဖိဆြဲခ်ပါ။ ႂကြက္သားဆုံးသြားၿပီး အ႐ိုးကို စမ္းမိတဲ့ေနရာကို ေဘာပင္ ထိပ္ဖ်ားေလးနဲ႔ ၃ စကၠန႔္ၾကာ ဖိေထာက္ထားပါ၊ အဲဒီေနာက္ ျပန္လႊတ္ၿပီး ၅ စကၠန႔္နားပါ၊ ဒီလို ဖိလိုက္ နားလိုက္ လုပ္ငန္းစဥ္ ႏွစ္ခုကို ၂ မိနစ္ခန႔္ လုပ္ေပးရင္လည္း သက္သာေစပါတယ္။

ထပ္မံ၍ သတိေပးပါရေစ၊ ေဖာ္ျပပါနည္းဟာ သက္သာေလ်ာ့ပါးေစေသာ နည္းလမ္းသာျဖစ္ၿပီး ေသြးတိုးေရာဂါ ကုသတဲ့ နည္းလမ္း မဟုတ္ပါ။

Credit : popolay