ၾကားသိရသမွ်

ဘာမှမသိလိုက်ခင်အချိန်မှာပဲ အသက်ပေးသွားခဲ့ရတော့ မိခင်ရင်ခွင်ကိုလွမ်းနေရှာမှာပေါ့

ကျွန်တော်တစ်ယောက်တည်းမသွားချင်သေးဘူး မားမားနဲ့အတူတူသွားချင်တယ်ဆိုပြီး စကားလာပြောခဲ့တယ်ဆိုတဲ့ ဆေးကျောင်းသားလေးမောင်ခန့်ငြားဟိန်း

ယခုလက်ရှိမှာဆိုရင် နိုင်ငံအတွက်အားထားရမယ့် ပညာတတ်လူငယ်လေးတွေ တစ်ယောက်ပြီးတစ်ယောက်ကြွေလွင့်နေရတာကြောင့် ပြည်သူတွေကလည်း မိသားစုနဲ့ထပ်တူ နာကျင်ခံစားနေရတာပဲဖြစ်ပါတယ်။

မတ်လ(၁၄)ရက်နေ့ကဆိုရင်တော့ ဆေး(၁)မှာ ပထမနှစ်တက်ရောက်နေတဲ့ မောင်ခန့်ငြားဟိန်းက ဦးခေါင်းကျည်ထိပြီး ကျဆုံးသွားခဲ့တာဖြစ်ပါတယ်။မောင်ခန့်ငြားဟိန်းရဲ့မေမေကလည်း ဆရာဝန်ဖြစ်လာမယ့်သားလေးကို ဆုံးရှုံးလိုက်ရလို့ ရင်ကွဲမတက်ခံစားနေရတာဖြစ်ပါတယ်။မောင်ခန့်ငြားဟိန်းက မိသားစုထဲမှာ သားအကြီးဆုံးဖြစ်ပြီး မိဘတွေအားကိုးရတဲ့ သားလိမ္မာလေးဖြစ်ပါတယ်။

မောင်ခန့်ငြားဟိန်းရဲ့ မိခင်ကတော့ ကိုးလလွယ်ပြီးဆယ်လဖွားခဲ့ရတဲ့ ပညာတတ်သားလေးကို အပြီးတိုင်စွန့်လွှတ်လိုက်ရပြီဖြစ်ပါတယ်။မောင်ခန့်ငြားဟိန်းကျဆုံးသွားပြီးနောက်မှာ ပုဂံညောင်ဦးကအစ်မတစ်ယောက်ကို“ကျွန်တော်ခန့်ငြားဟိန်းပါ ကျွန်တော်ကမားမားကိုအရမ်းချစ်တယ် ကျွန်တော်တစ်ယောက်တည်းမသွားချင်သေးဘူး မားမားနဲ့တူတူသွားချင်တယ် မားမားဝိဉာဉ်ကိုပါခေါ်ပေးပါ”ဆိုပြီး စကားလာပြောခဲ့တယ်လို့ သိရပါတယ်။

အသက်ငယ်ငယ်လေးပဲရှိသေးတဲ့ မောင်ခန့်ငြားဟိန်းကတော့ ဘာမှမသိလိုက်ခင်အချိန်မှာပဲ အသက်ပေးသွားခဲ့ရလို့ မိခင်ရဲ့ရင်ခွင်ကိုလွမ်းနေလောက်ပါတယ်။

မောင်ခန့်ငြားဟိန်းရဲ့မေမေကလည်း “သားလေးအတွက် အမှတ်တရနေရာ ခိုင်ခိုင်မာမာလေး ကျောင်းဝန်းထဲမှာလုပ်ပေးစေချင်ပါတယ် အန်တီသတိရတိုင်း အဲ့ဒီနေရာလေးကိုသွားကြည့်ချင်လို့ပါ”ဆိုပြီး တောင်းဆိုလာခဲ့တာဖြစ်ပါတယ်။

 

မောင်ခန့်ငြားဟိန်းရဲ့ မိခင်ကတော့ အစက အလှူငွေလက်မခံဘူးလို့ စဉ်းစားထားပေမယ့် အခုတော့ အလှူငွေအကုန်လက်ခံပြီး လိုအပ်တဲ့နေရာအကုန်လှူမှာဖြစ်ပါတယ်။မောင်လေးခန့်ငြားဟိန်းလည်း နောင်ဘဝဆက်တိုင်းဘယ်တော့မှဒီလိုအဖြစ်ဆိုးမျိုးတွေနဲ့ မကြုံတွေ့ရဘဲ အေးအေးချမ်းချမ်းနေထိုင်ရပါစေလို့ ဆုတောင်းပေးရင်းပြန်လည်မျှဝေပေးလိုက်ပါတယ်။

Credit

Zawgyi

ယခုလက္ရွိမွာဆိုရင္ ႏိုင္ငံအတြက္အားထားရမယ့္ ပညာတတ္လူငယ္ေလးေတြ တစ္ေယာက္ၿပီးတစ္ေယာက္ေႂကြလြင့္ေနရတာေၾကာင့္ ျပည္သူေတြကလည္း မိသားစုနဲ႔ထပ္တူ နာက်င္ခံစားေနရတာပဲျဖစ္ပါတယ္။

 

မတ္လ(၁၄)ရက္ေန႔ကဆိုရင္ေတာ့ ေဆး(၁)မွာ ပထမႏွစ္တက္ေရာက္ေနတဲ့ ေမာင္ခန႔္ျငားဟိန္းက ဦးေခါင္းက်ည္ထိၿပီး က်ဆုံးသြားခဲ့တာျဖစ္ပါတယ္။ေမာင္ခန႔္ျငားဟိန္းရဲ႕ေမေမကလည္း ဆရာဝန္ျဖစ္လာမယ့္သားေလးကို ဆုံးရႈံးလိုက္ရလို႔ ရင္ကြဲမတက္ခံစားေနရတာျဖစ္ပါတယ္။ေမာင္ခန႔္ျငားဟိန္းက မိသားစုထဲမွာ သားအႀကီးဆုံးျဖစ္ၿပီး မိဘေတြအားကိုးရတဲ့ သားလိမၼာေလးျဖစ္ပါတယ္။

 

ေမာင္ခန႔္ျငားဟိန္းရဲ႕ မိခင္ကေတာ့ ကိုးလလြယ္ၿပီးဆယ္လဖြားခဲ့ရတဲ့ ပညာတတ္သားေလးကို အၿပီးတိုင္စြန႔္လႊတ္လိုက္ရၿပီျဖစ္ပါတယ္။ေမာင္ခန႔္ျငားဟိန္းက်ဆုံးသြားၿပီးေနာက္မွာ ပုဂံေညာင္ဦးကအစ္မတစ္ေယာက္ကို“ကြၽန္ေတာ္ခန႔္ျငားဟိန္းပါ ကြၽန္ေတာ္ကမားမားကိုအရမ္းခ်စ္တယ္ ကြၽန္ေတာ္တစ္ေယာက္တည္းမသြားခ်င္ေသးဘူး မားမားနဲ႔တူတူသြားခ်င္တယ္ မားမားဝိဉာဥ္ကိုပါေခၚေပးပါ”ဆိုၿပီး စကားလာေျပာခဲ့တယ္လို႔ သိရပါတယ္။

အသက္ငယ္ငယ္ေလးပဲရွိေသးတဲ့ ေမာင္ခန႔္ျငားဟိန္းကေတာ့ ဘာမွမသိလိုက္ခင္အခ်ိန္မွာပဲ အသက္ေပးသြားခဲ့ရလို႔ မိခင္ရဲ႕ရင္ခြင္ကိုလြမ္းေနေလာက္ပါတယ္။

ေမာင္ခန႔္ျငားဟိန္းရဲ႕ေမေမကလည္း “သားေလးအတြက္ အမွတ္တရေနရာ ခိုင္ခိုင္မာမာေလး ေက်ာင္းဝန္းထဲမွာလုပ္ေပးေစခ်င္ပါတယ္ အန္တီသတိရတိုင္း အဲ့ဒီေနရာေလးကိုသြားၾကည့္ခ်င္လို႔ပါ”ဆိုၿပီး ေတာင္းဆိုလာခဲ့တာျဖစ္ပါတယ္။

ေမာင္ခန႔္ျငားဟိန္းရဲ႕ မိခင္ကေတာ့ အစက အလႉေငြလက္မခံဘူးလို႔ စဥ္းစားထားေပမယ့္ အခုေတာ့ အလႉေငြအကုန္လက္ခံၿပီး လိုအပ္တဲ့ေနရာအကုန္လႉမွာျဖစ္ပါတယ္။ေမာင္ေလးခန႔္ျငားဟိန္းလည္း ေနာင္ဘဝဆက္တိုင္းဘယ္ေတာ့မွဒီလိုအျဖစ္ဆိုးမ်ိဳးေတြနဲ႔ မႀကဳံေတြ႕ရဘဲ ေအးေအးခ်မ္းခ်မ္းေနထိုင္ရပါေစလို႔ ဆုေတာင္းေပးရင္းျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

Credit