“သူ့ကို တံခါးသော့ခတ်ပြီး ပေးမသွားအောင် လုပ်လို့ရတယ်။ ဒါပေမယ့် နောင်တစ်ချိန်မှာ သူ့ကို အဲ့လိုလုပ်ရပ်တွေကြောင့် အဖေလို့ မသတ်မှတ်မှာ စိုးရိမ်လို့” တဲ့ 💔💔💔သူလိုအဖေမျိုး ❤️💔 အဲ့နေ့ကခန့်မှန်းခြေ ၁၂နာရီ ကျော်လောက်ဖြစ်သွားပြီ။သူမသွားေတာ့ဘူးလို့ ကျနော်ထင်နေတာ။
ကျနော် တံခါးတွေလဲပိတ်ထားတယ်။စိတ်မချလို့ ငါ့သားအိမ်ပေါ်မှာ ဘာလုပ်နေလဲလို့ ကျနော်တတ်ကြည့်တယ်။
တက်ကြည့်တဲ့အခါမှာ သူ့နေရာမှာပဲ သူဖုန်းကိုင်နေတယ်။အဲ့တာနဲ့ ဪ စိတ်ချသွားပြီ ငါ့သားမသွားတော့ဘူးဆိုပြီး ကျနော်ပြန်ဆင်းလာပြီးအလုပ်လုပ်နေတယ်။အိမ်နောက်ဘေးမှာ တံခါးဂျက်လေးက မကောင်းလို့ ကျနော်က တံခါးဂျက်လေးကိုပြင်နေတယ်။
အာရုံနည်းနည်းစိုက်နေတဲ့အချိန်မှာ သူကဘယ်အချိန်ဆင်းလာမှန်းမသိဘူး။သူတိုးတိုးလေးဆင်းလာပြီးတော့ တံခါးကိုဖွင့်ပြီးထွက်သွားတာ။ကျနော်အဲ့ချိန်ထိမသိသေးဘူး သူထွက်သွားတာမသိသေးဘူး။ကျနော် သူ အိမ်ပေါ်မှာဘဲ ရှိနေတယ်ထင်တာ။ကျနော်အောက်မှာပဲ အလုပ်တွေဆက်လုပ်နေတယ်။
ပထမဆုံးကလေးတွေကျသွားပြီဆိုတဲ့သတင်းကိုကြားရတယ်။ကလေးတွေေပြးလာတယ်။လမ်းမှာ ရုတ်ရုတ်သဲသဲဖြစ်နေတယ်။အဲ့အချိန်မှာ တစ်ယောက်ကျသွားတယ်ဆိုတဲ့အသံကို ကျနော်ကြားလိုက်ရတယ်။ဒါပေမယ့် ကျနော့်သားလို့ ကျနော် လုံး၀မထင်ခဲ့ဘူး။(အသံဆို့နစ်သွားသည်။)
လမ်းတွေကလည်း အဲ့အချိန်မှာ အကုန်ပိတ်သွားတော့ နောက်ဆုံးကျနော် အိမ်ကိုရောက်အောင်ပြန်လာတယ်။ ထမင်းစားနေတဲ့အချိန်မှာ ကျနော်အိမ်ရှေ့မှာ ရဲကားတစ်စီးရယ် လူနာတင်ကားတစ်စီးရယ်။ အမှန်တကယ်တော့ ကျနော့်သားဟာ အဲ့ကားထဲမှာပါနေတာ။ ကျနော့်အိမ်ရှေ့မှာဘဲဗျာ။ ကျနော်မခံစားနိုင်အောင်…
ကျနော်လက်တောင်မဆေးဘူး…ဘယ်သူလဲပေါ့..။မခံမရပ်နိုင်ဗျာ….။ ဒါမျိုးဖြစ်နေတာ ကျနော်တို့အသည်းတွေနာတယ်ဗျာ။ကျနော်တို့ဗမာပြည်က။ ကျနော်ကတော့ ဗမာပြည်မာမွေးတဲ့ တရုတ်လူမျိုးပါ။ ကျနော်လည်းထွက်ကြည့်တယ်။ တစ်ခုခုလေးများဖြစ်ရင် ကျနော်ကူညီလို့ရအောင်လို့ပေါ့ဗျာ။
ထွက်ကြည့်တဲ့အချိန်မှာ ကျနော်အိမ်ရှေ့မှာ ဝေါခနဲ ရှေ့မှာ လူနာတင်ကား။ နောက်မှာက ရဲကားပါတယ်။အမတစ်ယောက်ကတော့ ငါ့ညီမကို ဘာလို့ဖမ်းသွားတာလဲ ဘာလို့ဖမ်းသွားတာလဲ တကယ်တော့ အဲ့ ငါ့ညီမလေးကိုဘာလို့ဖမ်းသွားတာလဲ ဘာလို့ဖမ်းသွားတာလဲဆိုတဲ့ အဲ့သမီးလေးက သားအပစ်ခံရပြီး အဲ့လိုလဲနေတဲ့အချိန်မှာ သားရှေ့မှာ ဒိုင်းထောင်နေတာတဲ့ဗျာ။သူက မွေးရာပါ နားအရမ်းလေးတယ်။ နားလေးနေတဲ့သမီးလေးပါ။ကျနော်တို့အနောက်ရပ်ကွက်မှာပဲနေတယ်လို့ပြောတယ်။အဲ့ဒီသမီးလေးကိုလည်းဗျာ…။ ကျနော်အဲ့ဒီ videoဖိုင်တွေကိုလည်း ရင်ထဲမှာ မခံနိုင်လို့ ဒီနေ့ချိန်ထိ ကျနော်မကြည့်ခဲ့ပါဘူး။ကျနော့်သားဖြစ်နေတော့ ကျနော်မခံနိုင်ဘူး။ ကျနော်သားဖြစ်နေတဲ့အချိန်မှာ ကျနော် အဲ့ဒီပတ်ချာလည်မှာ ကျနော့်သားကိုလိုက်ရှာနေတဲ့အချိန်ဗျ။
ကျနော့်သားလေးက ဖြစ်သွားတာ အရမ်းငယ်တယ်။အရမ်းလည်းနုငယ်တယ်။သူ့ရင်ထဲမှာဖြစ်နေတဲ့အရောင်အဆိုးခံထားရ တယ်ဆိုတဲ့ သူမကြာခဏပြောတဲ့စကားကို ကျနော်မဆန့်ကျင်နိုင်ခဲ့ဘူး။
သူ့ကိုကျနော်အမှန်တကယ်သော့ခတ်ပြီးတော့ အိမ်ထဲမှာထည့်ထားလို့ ရတယ် ဒါပေမယ့်အခုခေတ်လူငယ်တွေဗျာ ကျနော်လုပ်ရက်မလား မလုပ်ရက်ပါဘူး။
သူတို့အနာဂတ်ကို သူတို့တောင်းဆိုနေတာဗျာ လွတ်လွတ်လပ်လပ်တောင်းဆိုနေတာကို ကျနော်မိဘတစ်ယောက်အနေနဲ့ ကျနော့်သားရဲ့ ခံယူချက်ကိုကျနော်မလုပ်ရက်ဘူးဗျာ။
ကျနော်သူ့ကို ဆန့်ကျင်ဘက်မလုပ်ရက်ခဲ့ဘူးဗျာ။ကျနော်ဆန့်ကျင်ဘက်လုပ်ခဲ့ရင် ကျနော်ဟာ သူ့အဖေမဖြစ်နိုင်တော့ဘူးထင်တယ်။သူကျနော့်ကိုအဖေလို့သတ်မှတ်မှာမဟုတ်ဘူး ကျနော်သိတယ်။သူ ကျနော့်ကိုအရမ်းချစ်ပါတယ် ကျနော်သိတယ်။ ကြေကွဲစွာ ပြောသွားပါတယ်။
ဦးသိန်းဇော် မောင်ခန့်ငြားဟိန်းရဲ့ဖခင် ထပ်တူ ကြေကွဲ ခံးစားရတယ် ဦးလေးရယ် ပြန်မရနိူင်တဲ့ သားရတနာလေး လုံးဝ ဆုံးရှုံးလိုက်ရတဲ့ ဖခင် တယောက်ရဲ့ မျက်ရည် ထပ်တူကျခဲ့ပါတယ် ဦးလေးတို့ မိသားစု အားတင်းပီး လက်ကျန်ဘဝလေးမှာ အေးချမ်းစွာ နေထိုင်နိူင်ပါစေ 😢💪❤
အရမ်းကို ဝမ်းနည်း ကြေကွဲရပါတယ် ဆက်ပြီးတောင် မကြည့်ရက်ပါဘူး မိဘတစ်ယောက်ကဲ့ သောကတွေကို ခံစားမိပါတယ် လူတစ်စုရဲ့ အာဏာမက်မှုတွေကြောင့် အပစ်မဲ့တဲ့ ပြည်သူတွေ ဘယ်လောက်ထပ်ပေးကြဦးမှာလဲ
ဘယ်လိုတောင် ဖြေသိမ့်ရမလဲတောင်မသိတော့ဘူး ဘယ်သူတွေက အသက်ပေး ကျဆုံးတာဖြစ်ဖြစ် ဘယ်သူကအဖမ်းခံနေရပါစေ မတရားစွာခံနေရတာ မြင်ရတာတောင် ကိုယ့်မိသားစု တစ်ယောက်ယောက်ဖြစ်သွားသလိုမျိုး ဖြစ်သွားပါလားဆိုတာ ခံစားချက်က ရင်နဲ့မဆံ့အောင် ခံစားရပါတယ်
အရေးတော်ပုံအောင်ရမည် ဒီတိုက်ပွဲ နိုင်ကိုနိုင်ရမည်
video kyi yan
“သူ႔ကို တံခါးေသာ့ခတ္ၿပီး ေပးမသြားေအာင္ လုပ္လို႔ရတယ္။ ဒါေပမယ့္ ေနာင္တစ္ခ်ိန္မွာ သူ႔ကို အဲ့လိုလုပ္ရပ္ေတြေၾကာင့္ အေဖလို႔ မသတ္မွတ္မွာ စိုးရိမ္လို႔” တဲ့ 💔💔💔သူလိုအေဖမ်ိဳး ❤️💔 အဲ့ေန႔ကခန႔္မွန္းေျခ ၁၂နာရီ ေက်ာ္ေလာက္ျဖစ္သြားၿပီ။သူမသြားေတာ့ဘူးလို႔ က်ေနာ္ထင္ေနတာ။
က်ေနာ္ တံခါးေတြလဲပိတ္ထားတယ္။စိတ္မခ်လို႔ ငါ့သားအိမ္ေပၚမွာ ဘာလုပ္ေနလဲလို႔ က်ေနာ္တတ္ၾကည့္တယ္။
တက္ၾကည့္တဲ့အခါမွာ သူ႔ေနရာမွာပဲ သူဖုန္းကိုင္ေနတယ္။အဲ့တာနဲ႔ ဪ စိတ္ခ်သြားၿပီ ငါ့သားမသြားေတာ့ဘူးဆိုၿပီး က်ေနာ္ျပန္ဆင္းလာၿပီးအလုပ္လုပ္ေနတယ္။အိမ္ေနာက္ေဘးမွာ တံခါးဂ်က္ေလးက မေကာင္းလို႔ က်ေနာ္က တံခါးဂ်က္ေလးကိုျပင္ေနတယ္။
အာ႐ုံနည္းနည္းစိုက္ေနတဲ့အခ်ိန္မွာ သူကဘယ္အခ်ိန္ဆင္းလာမွန္းမသိဘူး။သူတိုးတိုးေလးဆင္းလာၿပီးေတာ့ တံခါးကိုဖြင့္ၿပီးထြက္သြားတာ။က်ေနာ္အဲ့ခ်ိန္ထိမသိေသးဘူး သူထြက္သြားတာမသိေသးဘူး။က်ေနာ္ သူ အိမ္ေပၚမွာဘဲ ရွိေနတယ္ထင္တာ။က်ေနာ္ေအာက္မွာပဲ အလုပ္ေတြဆက္လုပ္ေနတယ္။
ပထမဆုံးကေလးေတြက်သြားၿပီဆိုတဲ့သတင္းကိုၾကားရတယ္။ကေလးေတြေျပးလာတယ္။လမ္းမွာ ႐ုတ္႐ုတ္သဲသဲျဖစ္ေနတယ္။အဲ့အခ်ိန္မွာ တစ္ေယာက္က်သြားတယ္ဆိုတဲ့အသံကို က်ေနာ္ၾကားလိုက္ရတယ္။ဒါေပမယ့္ က်ေနာ့္သားလို႔ က်ေနာ္ လုံး၀မထင္ခဲ့ဘူး။(အသံဆို႔နစ္သြားသည္။)
လမ္းေတြကလည္း အဲ့အခ်ိန္မွာ အကုန္ပိတ္သြားေတာ့ ေနာက္ဆုံးက်ေနာ္ အိမ္ကိုေရာက္ေအာင္ျပန္လာတယ္။ ထမင္းစားေနတဲ့အခ်ိန္မွာ က်ေနာ္အိမ္ေရွ႕မွာ ရဲကားတစ္စီးရယ္ လူနာတင္ကားတစ္စီးရယ္။ အမွန္တကယ္ေတာ့ က်ေနာ့္သားဟာ အဲ့ကားထဲမွာပါေနတာ။ က်ေနာ့္အိမ္ေရွ႕မွာဘဲဗ်ာ။ က်ေနာ္မခံစားႏိုင္ေအာင္…
က်ေနာ္လက္ေတာင္မေဆးဘူး…ဘယ္သူလဲေပါ့..။မခံမရပ္ႏိုင္ဗ်ာ….။ ဒါမ်ိဳးျဖစ္ေနတာ က်ေနာ္တို႔အသည္းေတြနာတယ္ဗ်ာ။က်ေနာ္တို႔ဗမာျပည္က။ က်ေနာ္ကေတာ့ ဗမာျပည္မာေမြးတဲ့ တ႐ုတ္လူမ်ိဳးပါ။ က်ေနာ္လည္းထြက္ၾကည့္တယ္။ တစ္ခုခုေလးမ်ားျဖစ္ရင္ က်ေနာ္ကူညီလို႔ရေအာင္လို႔ေပါ့ဗ်ာ။
ထြက္ၾကည့္တဲ့အခ်ိန္မွာ က်ေနာ္အိမ္ေရွ႕မွာ ေဝါခနဲ ေရွ႕မွာ လူနာတင္ကား။ ေနာက္မွာက ရဲကားပါတယ္။အမတစ္ေယာက္ကေတာ့ ငါ့ညီမကို ဘာလို႔ဖမ္းသြားတာလဲ ဘာလို႔ဖမ္းသြားတာလဲ တကယ္ေတာ့ အဲ့ ငါ့ညီမေလးကိုဘာလို႔ဖမ္းသြားတာလဲ ဘာလို႔ဖမ္းသြားတာလဲဆိုတဲ့ အဲ့သမီးေလးက သားအပစ္ခံရၿပီး အဲ့လိုလဲေနတဲ့အခ်ိန္မွာ သားေရွ႕မွာ ဒိုင္းေထာင္ေနတာတဲ့ဗ်ာ။သူက ေမြးရာပါ နားအရမ္းေလးတယ္။ နားေလးေနတဲ့သမီးေလးပါ။က်ေနာ္တို႔အေနာက္ရပ္ကြက္မွာပဲေနတယ္လို႔ေျပာတယ္။အဲ့ဒီသမီးေလးကိုလည္းဗ်ာ…။ က်ေနာ္အဲ့ဒီ videoဖိုင္ေတြကိုလည္း ရင္ထဲမွာ မခံႏိုင္လို႔ ဒီေန႔ခ်ိန္ထိ က်ေနာ္မၾကည့္ခဲ့ပါဘူး။က်ေနာ့္သားျဖစ္ေနေတာ့ က်ေနာ္မခံႏိုင္ဘူး။ က်ေနာ္သားျဖစ္ေနတဲ့အခ်ိန္မွာ က်ေနာ္ အဲ့ဒီပတ္ခ်ာလည္မွာ က်ေနာ့္သားကိုလိုက္ရွာေနတဲ့အခ်ိန္ဗ်။
က်ေနာ့္သားေလးက ျဖစ္သြားတာ အရမ္းငယ္တယ္။အရမ္းလည္းႏုငယ္တယ္။သူ႔ရင္ထဲမွာျဖစ္ေနတဲ့အေရာင္အဆိုးခံထားရ တယ္ဆိုတဲ့ သူမၾကာခဏေျပာတဲ့စကားကို က်ေနာ္မဆန႔္က်င္ႏိုင္ခဲ့ဘူး။
သူ႔ကိုက်ေနာ္အမွန္တကယ္ေသာ့ခတ္ၿပီးေတာ့ အိမ္ထဲမွာထည့္ထားလို႔ ရတယ္ ဒါေပမယ့္အခုေခတ္လူငယ္ေတြဗ်ာ က်ေနာ္လုပ္ရက္မလား မလုပ္ရက္ပါဘူး။
သူတို႔အနာဂတ္ကို သူတို႔ေတာင္းဆိုေနတာဗ်ာ လြတ္လြတ္လပ္လပ္ေတာင္းဆိုေနတာကို က်ေနာ္မိဘတစ္ေယာက္အေနနဲ႔ က်ေနာ့္သားရဲ႕ ခံယူခ်က္ကိုက်ေနာ္မလုပ္ရက္ဘူးဗ်ာ။
က်ေနာ္သူ႔ကို ဆန႔္က်င္ဘက္မလုပ္ရက္ခဲ့ဘူးဗ်ာ။က်ေနာ္ဆန႔္က်င္ဘက္လုပ္ခဲ့ရင္ က်ေနာ္ဟာ သူ႔အေဖမျဖစ္ႏိုင္ေတာ့ဘူးထင္တယ္။သူက်ေနာ့္ကိုအေဖလို႔သတ္မွတ္မွာမဟုတ္ဘူး က်ေနာ္သိတယ္။သူ က်ေနာ့္ကိုအရမ္းခ်စ္ပါတယ္ က်ေနာ္သိတယ္။ ေၾကကြဲစြာ ေျပာသြားပါတယ္။
ဦးသိန္းေဇာ္ ေမာင္ခန႔္ျငားဟိန္းရဲ႕ဖခင္ ထပ္တူ ေၾကကြဲ ခံးစားရတယ္ ဦးေလးရယ္ ျပန္မရႏိူင္တဲ့ သားရတနာေလး လုံးဝ ဆုံးရႈံးလိုက္ရတဲ့ ဖခင္ တေယာက္ရဲ႕ မ်က္ရည္ ထပ္တူက်ခဲ့ပါတယ္ ဦးေလးတို႔ မိသားစု အားတင္းပီး လက္က်န္ဘဝေလးမွာ ေအးခ်မ္းစြာ ေနထိုင္ႏိူင္ပါေစ 😢💪❤
အရမ္းကို ဝမ္းနည္း ေၾကကြဲရပါတယ္ ဆက္ၿပီးေတာင္ မၾကည့္ရက္ပါဘူး မိဘတစ္ေယာက္ကဲ့ ေသာကေတြကို ခံစားမိပါတယ္ လူတစ္စုရဲ႕ အာဏာမက္မႈေတြေၾကာင့္ အပစ္မဲ့တဲ့ ျပည္သူေတြ ဘယ္ေလာက္ထပ္ေပးၾကဦးမွာလဲ
ဘယ္လိုေတာင္ ေျဖသိမ့္ရမလဲေတာင္မသိေတာ့ဘူး ဘယ္သူေတြက အသက္ေပး က်ဆုံးတာျဖစ္ျဖစ္ ဘယ္သူကအဖမ္းခံေနရပါေစ မတရားစြာခံေနရတာ ျမင္ရတာေတာင္ ကိုယ့္မိသားစု တစ္ေယာက္ေယာက္ျဖစ္သြားသလိုမ်ိဳး ျဖစ္သြားပါလားဆိုတာ ခံစားခ်က္က ရင္နဲ႔မဆံ့ေအာင္ ခံစားရပါတယ္
အေရးေတာ္ပုံေအာင္ရမည္ ဒီတိုက္ပြဲ ႏိုင္ကိုႏိုင္ရမည္
video kyi yan