ဗဟုသုတ

ငွေတစ်ပြားမှ မကုန်ပဲ နိဗ္ဗာန်ထိတောင် ပို့ပေးနိုင်သော အလှူ (၇)မျိုး

ငွေတစ်ပြားမှ မကုန်ပဲ နိဗ္ဗာန်ထိတောင် ပို့ပေးနိုင်သော အလှူ (၇)မျိုး

ငွေကြေးမရှိသော်လည်း နေ့စဉ်လှူဒါန်းနိုင်သောအလှူဒါန(၇)မျိုးအခါတပါး၌လူငယ်တစ်ယောက်သည် မြတ်စွာဘုရားထံသို့ချဉ်းကပ်၍အကျွန်ုပ်သည်မည်သည့်အရာကိုပဲလုပ်လုပ်မအောင်မမြင် ဖြစ်နေပါသည်

အဘယ်ကြောင့်မအောင်မမြင် ဖြစ်နေပါသနည်းဟု မေးလျှောက်သည်။ထိုအခါ မြတ်စွာဘုရားကအသင်သည်အလှူဒါနမပြုတတ်၍ ဖြစ်သည်ဟု ဖြေကြားတော်မူသည်။ “ငွေကြေးတစ်ပြားတစ်ချပ်မျှမရှိသောဆင်းရဲသား ကျွန်ုပ်အဖို့မည်ကဲ့သို့အလှူဒါန ပြုနိုင်ပါမည်နည်းဟုလူငယ်က ပြန်လည်လျှောက်တင်သောအခါအသင် ဤသို့မဟုတ်သည်ကို မှတ်သားလော့။

တစ်ဦးတစ်ယောက်သောသူသည် ငွေကြေးမရှိသော်လည်းသူတစ်ပါးကို ပေးကမ်းနိုင်သော အလှူဒါန ၇ မျိူးရှိသည်။ထို(၇)မျိုးမှာ

(၁)မျက်နှာဟန်အမူအရာဖြင့်အလှူဒါနပြုခြင်း

အပြုံးဖြင့်ဖော်ရွေစွာဆက်ဆံခြင်း

(၂)နှုတ်ဖြင့် အလှူဒါနပြုခြင်း

အားပေးစကား၊ နှစ်သိမ့်စကား၊ ချီးကျူးစကား၊ ညှာတာစကား၊ နွေးထွေးသော စကားများ ပြောဆိုခြင်း

(၃)စိတ်ဖြင့်အလှူဒါနပြုခြင်း

စိတ်တံခါးကိုဖွင့်၍ သူတစ်ပါးကို ပွင့်လင်း ရိုးသားစွာ ဆက်ဆံခြင်း

(၄) အမြင်ဖြင့် အလှူဒါနပြုခြင်း

ကောင်းသောစေတနာအမြင်ဖြင့်သူတစ်ပါးကိုကြည့်မြင်တတ်ခြင်း၅ကာယလုပ်အားဖြင့်အလှူဒါနပြုခြင်းမိမိနိုင်နင်းသောလုပ်ဆောင်မှုဖြင့်သူတစ်ပါးကို ကူညီခြင်း

(၆) နေရာထိုင်ခင်း အလှူဒါနပြုခြင်း

လှေစီးကားစီးသည့်အခါမိမိထိုင်ခုံနေရာကို အိုမင်းမစွမ်းသူကိုယ်ဝန်ရှိသူနှင့်ကလေးငယ်တို့အားမိမိ၏ထိုင်ခုံနေရာကိုထိုင်စေခြင်း

(၇) နေအိမ်အလှူဒါနပြုခြင်း

မိမိ၏အိမ်နေရာကို သူတစ်ပါးတို့ အနားယူရန် ပေးကမ်းခြင်း

မည်သူမဆိုဤအလှူဒါန(၇)မျိုးသောကောင်းမှုကုသိုလ်ကို ပေးကမ်းလေ့ရှိသည့် အကျင့်ကောင်းရှိလျှင်အောင်မြင်ခြင်းသည် ထပ်ချပ်မကွာလိုက်ပါလာမည်သာဖြစ်ပါသည်။

အခုလိုအချိန်ပေးပြီး အဆုံးထိဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်

ေငြတစ္ျပားမွ မကုန္ပဲ နိဗၺာန္ထိေတာင္ ပို႔ေပးနိုင္ေသာ အလႉ (၇)မ်ိဳး

ေငြေၾကးမရွိေသာ္လည္း ေန႔စဥ္လႉဒါန္းနိုင္ေသာအလႉဒါန(၇)မ်ိဳးအခါတပါး၌လူငယ္တစ္ေယာက္သည္ ျမတ္စြာဘုရားထံသို႔ခ်ဥ္းကပ္၍အကၽြန္ုပ္သည္မည္သည့္အရာကိုပဲလုပ္လုပ္မေအာင္မျမင္ ျဖစ္ေနပါသည္

အဘယ္ေၾကာင့္မေအာင္မျမင္ ျဖစ္ေနပါသနည္းဟု ေမးေလၽွာက္သည္။ထိုအခါ ျမတ္စြာဘုရားကအသင္သည္အလႉဒါနမျပဳတတ္၍ ျဖစ္သည္ဟု ေျဖၾကားေတာ္မူသည္။ “ေငြေၾကးတစ္ျပားတစ္ခ်ပ္မၽွမရွိေသာဆင္းရဲသား ကၽြန္ုပ္အဖို႔မည္ကဲ့သို႔အလႉဒါန ျပဳနိုင္ပါမည္နည္းဟုလူငယ္က ျပန္လည္ေလၽွာက္တင္ေသာအခါအသင္ ဤသို႔မဟုတ္သည္ကို မွတ္သားေလာ့။

တစ္ဦးတစ္ေယာက္ေသာသူသည္ ေငြေၾကးမရွိေသာ္လည္းသူတစ္ပါးကို ေပးကမ္းနိုင္ေသာ အလႉဒါန ၇ မ်ိဴးရွိသည္။ထို(၇)မ်ိဳးမွာ

(၁)မ်က္ႏွာဟန္အမူအရာျဖင့္အလႉဒါနျပဳျခင္း

အျပဳံးျဖင့္ေဖာ္ေရြစြာဆက္ဆံျခင္း

(၂)ႏႈတ္ျဖင့္ အလႉဒါနျပဳျခင္း

အားေပးစကား၊ ႏွစ္သိမ့္စကား၊ ခ်ီးက်ဴးစကား၊ ညႇာတာစကား၊ ေႏြးေထြးေသာ စကားမ်ား ေျပာဆိုျခင္း

(၃)စိတ္ျဖင့္အလႉဒါနျပဳျခင္း

စိတ္တံခါးကိုဖြင့္၍ သူတစ္ပါးကို ပြင့္လင္း ရိုးသားစြာ ဆက္ဆံျခင္း

(၄) အျမင္ျဖင့္ အလႉဒါနျပဳျခင္း

ေကာင္းေသာေစတနာအျမင္ျဖင့္သူတစ္ပါးကိုၾကည့္ျမင္တတ္ျခင္း၅ကာယလုပ္အားျဖင့္အလႉဒါနျပဳျခင္းမိမိနိုင္နင္းေသာလုပ္ေဆာင္မႈျဖင့္သူတစ္ပါးကို ကူညီျခင္း

(၆) ေနရာထိုင္ခင္း အလႉဒါနျပဳျခင္း

ေလွစီးကားစီးသည့္အခါမိမိထိုင္ခုံေနရာကို အိုမင္းမစြမ္းသူကိုယ္ဝန္ရွိသူႏွင့္ကေလးငယ္တို႔အားမိမိ၏ထိုင္ခုံေနရာကိုထိုင္ေစျခင္း

(၇) ေနအိမ္အလႉဒါနျပဳျခင္း

မိမိ၏အိမ္ေနရာကို သူတစ္ပါးတို႔ အနားယူရန္ ေပးကမ္းျခင္း

မည္သူမဆိုဤအလႉဒါန(၇)မ်ိဳးေသာေကာင္းမႈကုသိုလ္ကို ေပးကမ္းေလ့ရွိသည့္ အက်င့္ေကာင္းရွိလၽွင္ေအာင္ျမင္ျခင္းသည္ ထပ္ခ်ပ္မကြာလိုက္ပါလာမည္သာျဖစ္ပါသည္။

အခုလိုအခ်ိန္ေပးၿပီး အဆုံးထိဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္ရႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္နိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္