ခေတ်သစ် သမီးပျို တို့ သိသင့်သိထိုက်သည့် အရာများ
“အောင်မြင်မှု ဆိုတာ လိင် ကတစ်ဆင့် ကူးစက်တတ်တဲ့အရာမဟုတ်ပါဘူး။ ဒီတော့ အောင်မြင်တဲ့ယောက်ျားတစ်ယောက်နဲ့ ညအတူအိပ်ဖို့လောက်ပဲ စဉ်းစားတာကို ရပ်တန့်ပြီးကိုယ်တိုင် အောင်မြင်အောင် လုပ်ပါ။”
သူတစ်ပါးကို အားကိုးတတ်တဲ့ သာမန် မိန်းကလေး တစ်ယောက်ရဲ့ အတွေးတွေကို ရပ်တန့်ပြီး ကိုယ်ပိုင်အောင်မြင်မှုကိုရယူနိုင်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်အောင်ကြိုးစားပါ။
“မပေါ်တပေါ်ဝတ်ထားတဲ့ မိန်းကလေး က hot ပါတယ်။ ကောင်းကောင်းမွန်မွန် ဝတ်စားထားတဲ့ မိန်းကလေးကတော့ လှပပါတယ်။ ဒီလိုပါပဲ… ငရဲ ဆိုတာ hot ပါတယ်။ကောင်းကင်ဘုံကတော့လှပပါတယ်”

မိမိမှာရှိတဲ့ အလှတရားတွေကို တစ်ဖက်သားသတိထားမိစေဖို့အတွက် မိမိတန်ဖိုးထားအပ်တဲ့အရာတွေကိုလှစ်ဟပြစရာ မလိုပါဘူး။သင်ကိုယ်တိုင်က တန်ဖိုးမထားတဲ့ အလှတရားကိုတခြားတစ်စုံတစ်ယောက်ကလည်း မျက်စိအရသာခံရုံကလွဲပြီး တန်ဖိုးထားမှာ မဟုတ်ပါဘူး။
“အမေကို ချစ်တဲ့ယောက်ျားနဲ့ မတွဲချင်ဘူးလို့ပြောမယ့်အစား သားရှိ၊မယားရှိတဲ့ ယောက်ျားနဲ့မတွဲချင်ဘူးဆိုတဲ့ စကားကိုသာ ပြောပါ”အများစုသော မိန်းကလေးတွေကိုအမေကို ချစ်တဲ့ယောက်ျားနဲ့ တွဲရမှာရှက်တတ်ကြတယ်၊ သဘောမကျတတ်ဘူး
ဒါပေမယ့် တန်ဖိုးရှိတဲ့မိန်းကလေးတစ်ယောက်အတွက်တကယ်ရှက်ရမှာက အိမ်ထောင်ရှိတဲ့ အမျိုးသားတစ်ယောက်နဲ့ တွဲခုတ်တဲ့ကိစ္စပါပဲ။“ယောက်ျားတစ်ယောက်က ဘယ်အရာကို မောင်းနှင်လာလဲဆိုတာ မကြည့်ပါနဲ့။ ဘယ်အရာက သူ့ကိုမောင်းနှင်နေတာလဲဆိုတာကိုပဲ ကြည့်ပါ”ယောက်ျားတစ်ယောက် ဘယ်ကားကိုမောင်းလဲ၊
ဘယ်လောက်ချမ်းသာလဲဆိုတာ အပြင်ပန်းကိစ္စတွေပါ။တကယ်ကို ဂရုပြုသင့်တာ သူ့ရဲ့ ယောက်ျားဆန်တဲ့ စိတ်ဓါတ်၊ယုံကြည်မှု၊ ခံယူချက်နဲ့ မိန်းမတစ်ယောက်အပေါ်ထားတဲ့ သဘောထားတွေပဲ ဖြစ်ပါတယ်။
“ယောက်ျားတစ်ယောက်ကို ရုပ်ဆိုးတယ်လို့ မပြောခင်၊ သင့်မျက်နှာပေါ်က အလှတရားရဲ့ ၉၅% လောက်ကိုလည်း တစ်သျှူးနဲ့ ဖျက်ပစ်လို့ရတယ်ဆိုတာ မမေ့ပါနဲ့”

ယောက်ျားတစ်ယောက်ရဲ့တန်ဖိုးက အပြင်ပန်းရုပ်ရည်မဟုတ်ပါဘူး။ သူ့ရင်ထဲက ခံစားချက်အနှစ်သာရပါ။
ဒါကို ပြစ်တင်မဝေဖန်ခင် သင့်အလှတရားရဲ့ အစိတ်အပိုင်းတော်တော်များများဟာလည်း ရောင်စုံမိတ်ကပ်တွေနဲ့ လိမ်းကျံထားတယ်ဆိုတာ မမေ့ပါနဲ့။
“သူများရည်းစားကို ဖြတ်လုချင်တယ်ဆိုရင် ကိုယ်ချစ်ရတဲ့သူ တခြားသူနောက်ပါသွားတဲ့အခါလည်း ကြည်ဖြူနိုင်ပါစေ”ကိုယ့်ခံစားချက်ကို အလိုလိုက်ပြီး သူတစ်ပါးအချစ်နဲ့ ခံစားချက်ကို ဖျက်ဆီးမယ်ဆိုရင် ကိုယ့်အလှည့်ကျရင်လည်း ခံနိုင်ရည်ရှိရပါ့မယ်။
တန်ဖိုးရှိတဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ကိုယ်ချင်းစာစိတ်ကို ရှေ့ထားပြီး အမှန်အမှားကို ခွဲခြားသုံးသပ်စေလိုပါတယ် crd
Zawgyi
ေခတ္သစ္ သမီးပ်ိဳ တို႔ သိသင့္သိထိုက္သည့္ အရာမ်ား
“ေအာင္ျမင္မႈ ဆိုတာ လိင္ ကတစ္ဆင့္ ကူးစက္တတ္တဲ့အရာမဟုတ္ပါဘူး။ ဒီေတာ့ ေအာင္ျမင္တဲ့ေယာက္်ားတစ္ေယာက္နဲ႔ ညအတူအိပ္ဖို႔ေလာက္ပဲ စဥ္းစားတာကို ရပ္တန႔္ၿပီးကိုယ္တိုင္ ေအာင္ျမင္ေအာင္ လုပ္ပါ။”
သူတစ္ပါးကို အားကိုးတတ္တဲ့ သာမန္ မိန္းကေလး တစ္ေယာက္ရဲ႕ အေတြးေတြကို ရပ္တန႔္ၿပီး ကိုယ္ပိုင္ေအာင္ျမင္မႈကိုရယူႏိုင္တဲ့ အမ်ိဳးသမီးတစ္ေယာက္ျဖစ္ေအာင္ႀကိဳးစားပါ။
“မေပၚတေပၚဝတ္ထားတဲ့ မိန္းကေလး က hot ပါတယ္။ ေကာင္းေကာင္းမြန္မြန္ ဝတ္စားထားတဲ့ မိန္းကေလးကေတာ့ လွပပါတယ္။ ဒီလိုပါပဲ… ငရဲ ဆိုတာ hot ပါတယ္။ေကာင္းကင္ဘုံကေတာ့လွပပါတယ္”

မိမိမွာရွိတဲ့ အလွတရားေတြကို တစ္ဖက္သားသတိထားမိေစဖို႔အတြက္ မိမိတန္ဖိုးထားအပ္တဲ့အရာေတြကိုလွစ္ဟျပစရာ မလိုပါဘူး။သင္ကိုယ္တိုင္က တန္ဖိုးမထားတဲ့ အလွတရားကိုတျခားတစ္စုံတစ္ေယာက္ကလည္း မ်က္စိအရသာခံ႐ုံကလြဲၿပီး တန္ဖိုးထားမွာ မဟုတ္ပါဘူး။
“အေမကို ခ်စ္တဲ့ေယာက္်ားနဲ႔ မတြဲခ်င္ဘူးလို႔ေျပာမယ့္အစား သားရွိ၊မယားရွိတဲ့ ေယာက္်ားနဲ႔မတြဲခ်င္ဘူးဆိုတဲ့ စကားကိုသာ ေျပာပါ”အမ်ားစုေသာ မိန္းကေလးေတြကိုအေမကို ခ်စ္တဲ့ေယာက္်ားနဲ႔ တြဲရမွာရွက္တတ္ၾကတယ္၊ သေဘာမက်တတ္ဘူး
ဒါေပမယ့္ တန္ဖိုးရွိတဲ့မိန္းကေလးတစ္ေယာက္အတြက္တကယ္ရွက္ရမွာက အိမ္ေထာင္ရွိတဲ့ အမ်ိဳးသားတစ္ေယာက္နဲ႔ တြဲခုတ္တဲ့ကိစၥပါပဲ။“ေယာက္်ားတစ္ေယာက္က ဘယ္အရာကို ေမာင္းႏွင္လာလဲဆိုတာ မၾကည့္ပါနဲ႔။ ဘယ္အရာက သူ႔ကိုေမာင္းႏွင္ေနတာလဲဆိုတာကိုပဲ ၾကည့္ပါ”ေယာက္်ားတစ္ေယာက္ ဘယ္ကားကိုေမာင္းလဲ၊
ဘယ္ေလာက္ခ်မ္းသာလဲဆိုတာ အျပင္ပန္းကိစၥေတြပါ။တကယ္ကို ဂ႐ုျပဳသင့္တာ သူ႔ရဲ႕ ေယာက္်ားဆန္တဲ့ စိတ္ဓါတ္၊ယုံၾကည္မႈ၊ ခံယူခ်က္နဲ႔ မိန္းမတစ္ေယာက္အေပၚထားတဲ့ သေဘာထားေတြပဲ ျဖစ္ပါတယ္။
“ေယာက္်ားတစ္ေယာက္ကို ႐ုပ္ဆိုးတယ္လို႔ မေျပာခင္၊ သင့္မ်က္ႏွာေပၚက အလွတရားရဲ႕ ၉၅% ေလာက္ကိုလည္း တစ္သွ်ဴးနဲ႔ ဖ်က္ပစ္လို႔ရတယ္ဆိုတာ မေမ့ပါနဲ႔”
ေယာက္်ားတစ္ေယာက္ရဲ႕တန္ဖိုးက အျပင္ပန္း႐ုပ္ရည္မဟုတ္ပါဘူး။ သူ႔ရင္ထဲက ခံစားခ်က္အႏွစ္သာရပါ။
ဒါကို ျပစ္တင္မေဝဖန္ခင္ သင့္အလွတရားရဲ႕ အစိတ္အပိုင္းေတာ္ေတာ္မ်ားမ်ားဟာလည္း ေရာင္စုံမိတ္ကပ္ေတြနဲ႔ လိမ္းက်ံထားတယ္ဆိုတာ မေမ့ပါနဲ႔။

“သူမ်ားရည္းစားကို ျဖတ္လုခ်င္တယ္ဆိုရင္ ကိုယ္ခ်စ္ရတဲ့သူ တျခားသူေနာက္ပါသြားတဲ့အခါလည္း ၾကည္ျဖဴႏိုင္ပါေစ”ကိုယ့္ခံစားခ်က္ကို အလိုလိုက္ၿပီး သူတစ္ပါးအခ်စ္နဲ႔ ခံစားခ်က္ကို ဖ်က္ဆီးမယ္ဆိုရင္ ကိုယ့္အလွည့္က်ရင္လည္း ခံႏိုင္ရည္ရွိရပါ့မယ္။
တန္ဖိုးရွိတဲ့ မိန္းကေလးတစ္ေယာက္အေနနဲ႔ကိုယ္ခ်င္းစာစိတ္ကို ေရွ႕ထားၿပီး အမွန္အမွားကို ခြဲျခားသုံးသပ္ေစလိုပါတယ္ crd



