အနုပညာ

ရုပ်ရှင်မင်းသားညွှန့်ဝင်းတို့ရုပ်ရှင်အဖွဲ့ ဧရာဝတီမြစ်ကိုဖြတ်ကူးဖို့ ဇက်ဆိပ်မှာစောင့်နေချိန် ပရိသတ်လူအုပ်ထဲက အဖွားအိုတစ်ယောက်ရဲ့အသံကို ကြားလိုက်လို့…

“ရုပ်ရှင်မင်းသားညွှန့်ဝင်းတို့ရုပ်ရှင်အဖွဲ့ဟာ ဧရာဝတီမြစ်ကိုဖြတ်ကူးဖို့ ဇက်ဆိပ်မှာ စောင့်နေကြတဲ့အချိန် ပရိသတ်လူအုပ်ထဲကနေ အဖွားအိုတစ်ယောက်ရဲ့အသံကို ကြားလိုက်လို့….”

ရုပ်ရှင်မင်းသားညွှန့်ဝင်းတို့ရုပ်ရှင်အဖွဲ့ဟာ ဧရာဝတီမြစ်ကိုဖြတ်ကူးဖို့ ဇက်ဆိပ်မှာ စောင့်နေကြတယ်။ ဇက်ဆိပ်နားကရွာကလူတွေဟာ ရုပ်ရှင်မင်းသားမင်းသမီးတွေရှိနေတယ်ဆိုတော့ လာကြည့်ကြတာပေါ့ မင်းသားညွှန့်ဝင်းကတော့ ကြည့်နေတဲ့လူအုပ်ကို

အရေးသိပ်မထားပဲ ခပ်အေးအေးပဲ ဟန်ပါပါနဲ့ရပ်ပြီးနေတယ်။ အဲ့ဒီအချိန်မှာ လူအုပ်ထဲကနေ အဖွားအိုတစ်ယောက်က “ဟဲ့ ဖယ်ကြစမ်းပါဟဲ့ ငါမမြင်လို့ပါ ကိုတင်မောင့်သားလေးဆို ငါကြည့်ချင်လို့ပါ”လို့အော်ပြောရင်း လူအုပ်ကိုတိုးကာ ရှေ့ကိုတွန်းတိုးလာတယ်။

ဒီအဘွားအိုရဲ့အသံကြောင့် လူအုပ်ကိုဂရုမစိုက်တဲ့ မင်းသားညွှန့်ဝင်းဟာ လူအုပ်ဘက်ကို ဆတ်ကနဲတစ်ချက်လှည့်ကြည့်ရင်း လူအုပ်ဘက်ကိုလျှောက်လာပြီး အဘွားအိုလက်ကို လက်နှစ်ဖက်နဲ့ ကြင်ကြင်နာနာအုပ်ကိုင်ကာ “အမေကြီး အမေကြီးက ဖေဖေ့ကိုသိသလားခင်ဗျ “လို့

မေးလိုက်တယ်။ အဘွားအိုက “သိတာပေါ့ကွယ်၊ ဘုရားဒကာ ကျောင်းဒကာ ဇတ်မင်းသားကြီး၊ မှန်းစမ်း ကိုတင်မောင့်သားလေးကလူချောပဲ” အဲ့ဒီအချိန်မှာလူအုပ်ထဲက လူငယ်တစ်ယောက်က “အဘွားကြီးရမ်းဖြီးနေတယ် မျက်စိလဲမကောင်းပဲနဲ့ ချောသလေး ဘာလေးနဲ့

ရုပ်ရှင်ပေါ်မှ မြို့လဲမတစ်ခါမှမရောက်ဖူးဘူး ညွှန့်ဝင်းလဲမမြင်ဖူးဘူး”ဆိုပြီးပြောတော့ လူအုပ်ကဝိုင်းရီကြတယ်။ အဘွားအိုက “ဟဲ့ ငါကမျက်စိမကောင်းလို့ ရုပ်ရှင်မကြည့်ဖူးလို့ ညွှန့်ဝင်းကိုမသိပေမဲ့ သူ့အဖေရွှေမန်းတင်မောင်ကိုငါသိတယ် မြင်ဖူးတယ်၊ အဆိုကောင်း အကကောင်း

လူချော၊ ငါတို့အရမ်းချစ်တာ၊ အေး သူ့သားညွှန့်ဝင်းလဲချောမှာပဲ ချစ်ဖို့ကောင်းမှာပဲ”လို့ တောသူရိုးရိုးသံကြီးနဲ့ပြောချလိုက်တယ်။ အဲ့ဒီအဖြစ်ပျက်ကိုအနီးနားကကြည့်နေတဲ့သုမောင်က “အော် လူတွေက မိဘတွေကိုချစ်ရင် သူတို့သားသမီးတွေကိုလဲ ချစ်ကြပါလား”လို့

သုံးသပ်လိုက်သတဲ့၊ လူ့လောက လူ့ပတ်ဝန်းကျင်မှာ မိမိရဲ့သမိုင်းကောင်းအောင်နေထိုင်ခြင်း၊ လူ့ပတ်ဝန်းကျင်လောကကချစ်အောင်နေခြင်းဟာ မိမိမျိုးဆက်သားသမီးမြေးမြစ်ထိ သက်ရောက်တယ်ဆိုတာသိစေချင်တယ်။ တိုင်းနိုင်ငံရပ်ကွက်မြို့ရွာက ချဉ်သော ရွံသောလူရဲ့

သားသမီးကို အလိုလိုချဉ်နေမှာပဲ။ တိုင်းပြည်မြို့ရွာက ချစ်သောလူရဲ့သားသမီးမြေးကို ဘယ်သူ့သားသမီးဆိုတာနဲ့ချစ်နေမှာပဲ၊ ပြောချင်တာက လူဟာ မိမိရဲ့ဘဝသမိုင်းကို ကောင်းအောင်ကြိုးစားနေထိုင်ခြင်းသည် မိမိမျိုးဆက်ရင်သွေးများထိ သက်ရောက်မှုရှိတယ်ဆိုတာပါပဲ

ခင်ဗျားတို့သားသမီးတွေကို လူ့လောကကြီးက ချစ်ခင်စေချင်လား ခင်ဗျားလူချစ်အောင်နေပါ။ ခင်ဗျားတို့သားသမီးတွေလူ့လောကမှာ ဂုဏ်မငယ်စေချင်ဘူးလား၊ ခင်ဗျားကိုယ်ကျင့်တရားကောင်းအောင်နေပါ။ မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်

Zawgyi

“႐ုပ္ရွင္မင္းသားၫႊန႔္ဝင္းတို႔႐ုပ္ရွင္အဖြဲ႕ဟာ ဧရာဝတီျမစ္ကိုျဖတ္ကူးဖို႔ ဇက္ဆိပ္မွာ ေစာင့္ေနၾကတဲ့အခ်ိန္ ပရိသတ္လူအုပ္ထဲကေန အဖြားအိုတစ္ေယာက္ရဲ႕အသံကို ၾကားလိုက္လို႔….”

႐ုပ္ရွင္မင္းသားၫႊန႔္ဝင္းတို႔႐ုပ္ရွင္အဖြဲ႕ဟာ ဧရာဝတီျမစ္ကိုျဖတ္ကူးဖို႔ ဇက္ဆိပ္မွာ ေစာင့္ေနၾကတယ္။ ဇက္ဆိပ္နားက႐ြာကလူေတြဟာ ႐ုပ္ရွင္မင္းသားမင္းသမီးေတြရွိေနတယ္ဆိုေတာ့ လာၾကည့္ၾကတာေပါ့ မင္းသားၫႊန႔္ဝင္းကေတာ့ ၾကည့္ေနတဲ့လူအုပ္ကို

အေရးသိပ္မထားပဲ ခပ္ေအးေအးပဲ ဟန္ပါပါနဲ႔ရပ္ၿပီးေနတယ္။ အဲ့ဒီအခ်ိန္မွာ လူအုပ္ထဲကေန အဖြားအိုတစ္ေယာက္က “ဟဲ့ ဖယ္ၾကစမ္းပါဟဲ့ ငါမျမင္လို႔ပါ ကိုတင္ေမာင့္သားေလးဆို ငါၾကည့္ခ်င္လို႔ပါ”လို႔ေအာ္ေျပာရင္း လူအုပ္ကိုတိုးကာ ေရွ႕ကိုတြန္းတိုးလာတယ္။

ဒီအဘြားအိုရဲ႕အသံေၾကာင့္ လူအုပ္ကိုဂ႐ုမစိုက္တဲ့ မင္းသားၫႊန႔္ဝင္းဟာ လူအုပ္ဘက္ကို ဆတ္ကနဲတစ္ခ်က္လွည့္ၾကည့္ရင္း လူအုပ္ဘက္ကိုေလွ်ာက္လာၿပီး အဘြားအိုလက္ကို လက္ႏွစ္ဖက္နဲ႔ ၾကင္ၾကင္နာနာအုပ္ကိုင္ကာ “အေမႀကီး အေမႀကီးက ေဖေဖ့ကိုသိသလားခင္ဗ် “လို႔

ေမးလိုက္တယ္။ အဘြားအိုက “သိတာေပါ့ကြယ္၊ ဘုရားဒကာ ေက်ာင္းဒကာ ဇတ္မင္းသားႀကီး၊ မွန္းစမ္း ကိုတင္ေမာင့္သားေလးကလူေခ်ာပဲ” အဲ့ဒီအခ်ိန္မွာလူအုပ္ထဲက လူငယ္တစ္ေယာက္က “အဘြားႀကီးရမ္းၿဖီးေနတယ္ မ်က္စိလဲမေကာင္းပဲနဲ႔ ေခ်ာသေလး ဘာေလးနဲ႔

႐ုပ္ရွင္ေပၚမွ ၿမိဳ႕လဲမတစ္ခါမွမေရာက္ဖူးဘူး ၫႊန႔္ဝင္းလဲမျမင္ဖူးဘူး”ဆိုၿပီးေျပာေတာ့ လူအုပ္ကဝိုင္းရီၾကတယ္။ အဘြားအိုက “ဟဲ့ ငါကမ်က္စိမေကာင္းလို႔ ႐ုပ္ရွင္မၾကည့္ဖူးလို႔ ၫႊန႔္ဝင္းကိုမသိေပမဲ့ သူ႔အေဖေ႐ႊမန္းတင္ေမာင္ကိုငါသိတယ္ ျမင္ဖူးတယ္၊ အဆိုေကာင္း အကေကာင္း

လူေခ်ာ၊ ငါတို႔အရမ္းခ်စ္တာ၊ ေအး သူ႔သားၫႊန႔္ဝင္းလဲေခ်ာမွာပဲ ခ်စ္ဖို႔ေကာင္းမွာပဲ”လို႔ ေတာသူ႐ိုး႐ိုးသံႀကီးနဲ႔ေျပာခ်လိုက္တယ္။ အဲ့ဒီအျဖစ္ပ်က္ကိုအနီးနားကၾကည့္ေနတဲ့သုေမာင္က “ေအာ္ လူေတြက မိဘေတြကိုခ်စ္ရင္ သူတို႔သားသမီးေတြကိုလဲ ခ်စ္ၾကပါလား”လို႔

သုံးသပ္လိုက္သတဲ့၊ လူ႔ေလာက လူ႔ပတ္ဝန္းက်င္မွာ မိမိရဲ႕သမိုင္းေကာင္းေအာင္ေနထိုင္ျခင္း၊ လူ႔ပတ္ဝန္းက်င္ေလာကကခ်စ္ေအာင္ေနျခင္းဟာ မိမိမ်ိဳးဆက္သားသမီးေျမးျမစ္ထိ သက္ေရာက္တယ္ဆိုတာသိေစခ်င္တယ္။ တိုင္းႏိုင္ငံရပ္ကြက္ၿမိဳ႕႐ြာက ခ်ဥ္ေသာ ႐ြံေသာလူရဲ႕

သားသမီးကို အလိုလိုခ်ဥ္ေနမွာပဲ။ တိုင္းျပည္ၿမိဳ႕႐ြာက ခ်စ္ေသာလူရဲ႕သားသမီးေျမးကို ဘယ္သူ႔သားသမီးဆိုတာနဲ႔ခ်စ္ေနမွာပဲ၊ ေျပာခ်င္တာက လူဟာ မိမိရဲ႕ဘဝသမိုင္းကို ေကာင္းေအာင္ႀကိဳးစားေနထိုင္ျခင္းသည္ မိမိမ်ိဳးဆက္ရင္ေသြးမ်ားထိ သက္ေရာက္မႈရွိတယ္ဆိုတာပါပဲ

ခင္ဗ်ားတို႔သားသမီးေတြကို လူ႔ေလာကႀကီးက ခ်စ္ခင္ေစခ်င္လား ခင္ဗ်ားလူခ်စ္ေအာင္ေနပါ။ ခင္ဗ်ားတို႔သားသမီးေတြလူ႔ေလာကမွာ ဂုဏ္မငယ္ေစခ်င္ဘူးလား၊ ခင္ဗ်ားကိုယ္က်င့္တရားေကာင္းေအာင္ေနပါ။ မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္