ဗဟုသုတ

ငါနဲ့မဆိုင်ပဲနေစိမ့်တဲ့အခါ အသာနေရင် အသေနာသွားရတဲ့ ကြွက်ကလေးပုံပြင်

အသာနေရင်အသေနာလိမ့်မယ်ကြွက်ကလေးတစ်ကောင်ဟာနရံတစ်ခုရဲ့အပေါက်လေးတစ်ပေါက်ကနေငေးကြည့်နေရင်းနဲ့လယ်သမားကြီးနဲ့သူရဲ့ဇနီးတို့အထုပ်ကြီးတစ်ထုပ်ကိုဖွင့်နေတာကိုတွေ့လိုက်ရတယ်

ကြွက်ကလေးဟာအဲ့အထုပ်ထဲမှာအရသာရှိတဲ့အစားအစာတွေရှိနေမလားဆိုပြီးသိချင်စိတ်များနေလေသတဲ့။ဒါပေမယ့်အထုပ်ထဲမှာပါတဲ့အရာကကြွက်ထောင်ချောက်တစ်ခုဆိုတာတွေ့လိုက်ရတဲ့အချိန်မှာတော့ကြွက်ကလေးအရမ်းကို

တုန်လှုပ်သွားခဲ့တယ်။ဒါကိုသိပြီးတဲ့နောက်ကြွက်ကလေးကသူ့မိတ်ဆွေတွေအားလုံးကိုပြေးပြီးအသိပေးတော့တယ်။လယ်သမားကြီးအိမ်ထဲမှာကြွက်ထောင်ချောက်တစ်ခုရောက်နေပြီဟေ့လို့ပြောလိုက်တယ်အဲ့အချိန်မှာအစာစားနေတဲ့

ကြက်မကြီးကနေကြွက်ကလေးကိုကြည့်ပြီးပြောလိုက်တယ်။ကြွက်ကလေးရေဒါကမင်းအတွက်ပြသနာကြီးတစ်ခုဆိုပေမယ့်ငါတို့အတွက်သိပ်အရေးမကြီးသလိုဆိုင်လဲမဆိုင်ဘူးလေလို့ပြောလိုက်တယ်အဲ့ဒီနောက်ကြွက်ကလေးက

သူ့မိတ်ဆွေသိုးလေးဆီဆက်သွားခဲ့တယ်လယ်သမားကြီးအိမ်ထဲမှာကြွက်ထောင်ချောက်တစ်ခုရှိနေတယ်လို့ပြောပြလိုက်တယ်သိုးကလေးကကြွက်ကလေးရေဒီကိစ္စအတွက်ငါလုပ်ပေးနိုင်တာတစ်ခုမှမရှိလောက်ဘူးလို့ပြောလိုက်တယ်

ဒါပေမယ့်စိတ်မပူပါနဲ့မင်းကံကောင်းဖို့အတွက်ငါဆုတောင်းပေးနေမှာပါ။ကြွက်ကလေးကသူ့မိတ်ဆွေနွားမကြီးဆီသွားပြီးကြွက်ထောက်ခြောတစ်ခုရှိနေတဲ့အကြောင်းကိုပြောပြတယ်နွားမကြီးကလဲကောင်းပါပြီကြွက်ကလေးရေငါ့အတွက်

တော့န္တရာယ်ကြီးကြီးမားမားမရှိနိုင်လောက်ပါဘူးလို့ပြောလိုက်ပြန်တယ်နောက်ဆုံးတော့ကြွက်ကလေးလဲ၀မ်းနည်းစိတ်ပျက်စွာနဲ့ကြွက်ထောင်ချောက်ကိုရင်ဆိုင်ဖို့အတွက်သတ္တိရှိရှိနဲ့အိမ်ကိုပြန်လာလိုက်တယ်ဒီလိုနဲ့

ကြွက်ထောင်ချောက်မှာအကောင်တစ်ကောင်မိတဲ့အသံကိုကြားလိုက်ရတယ်လယ်သမားကြီးရဲ့ဇနီးကဘာဖြစ်တာလဲဆိုပြီးအပြေးအလွှားလာကြည့်တဲ့အခါမှာညပိုင်းဆိုတော့အရမ်းမှောင်ပြီးဘာမှမမြင်ရတာကြောင်ကြွက်ထောင်ချောက်မှာ

ဘာအကောင်မိနေလဲဆိုတာကိုသူသေချာမမြင်ရဘူး။ကြွက်ထောင်ချောက်မှာမိနေတာကမြွေအမြီးကြီးဖြစ်နေတယ်။ခေါင်းပိုင်းလွတ်နေတဲ့အတွက်ကြောင့်မြွေကလယ်သမားကြီးရဲ့ဇနီးကိုကိုက်လိုက်တယ်။လယ်သမားကြီးကသူ့ဇနီးကို

မြွေကိုက်တာလဲမြင်ရောချက်ချင်ပွေ့ပြီးဆေးရုံကိုတန်းပြေးတယ်။လယ်သမားကြီးဇနီးဆေးရုံကဆင်းလာတဲ့အချိန်မှာသူမရဲ့ဖျားနာတဲ့ဒဏ်ရာကိုသက်သာအောင်စွပ်ပြုတ်ပူပူလေးတစ်ခွက်တိုက်ဖို့လိုအပ်လာတယ်။လယ်သမာကြီးက

စွပ်ပြုတ်ချက်ဖို့အတွက်ဟင်းအမယ်တခုရအောင်အိမ်မှာရှိတဲ့ကြက်ကလေးကိုဖော်လိုက်ပါတော့တယ်လယ်သမားကြီးရဲ့ဇနီးနေမကောင်းတာကိုကြားလို့သူရဲ့အိမ်နီးချင်းနဲ့ဆွေမျိုးတွေကသတင်းမေးဖို့ရောက်လာတယ်

သတင်မေးတဲ့သူတွေကိုဧည့်ခံဖို့ဟင်းမရှိလို့သိုးကလေးကိုအသားဖော်ပြီးသိုးသားဟင်းချက်လိုက်ရတယ်ကံမကောင်းစွာနဲ့ပဲလယ်သမားကြီးမိန်းမကအဖျားဒဏ်မခံနိုင်ဘဲဆုံးသွားခဲ့တယ်Credit Story