ၾကားသိရသမွ်

သာယာလွပတဲ့ သူတို႕ရဲ႕ၿမိဳ႕ေလးမွာမေမွ်ာ္လင့္ပဲ ေသြးေျမက်ခဲ့ရတဲ့ကေလးေတြအတြက္ စိတ္ထိခိုက္ဝမ္နည္းေနတဲ့ ပိုင္တံခြန္

သ႐ုပ္ေဆာင္ ပိုင္တံခြန္ကေတာ့ ပရိသတ္ေတြ ရဲ့ တစ္ခဲနက္ ဝန္းရံအားေပးမႈကို သိမ္းပိုက္ရရွိထားတဲ့ အႏုပညာရွင္တစ္ဦးပဲ ျဖစ္ပါတယ္။ သူ႔ရဲ့ အႏုပညာလႈပ္ရွားမႈေတြဟာ နိုင္ငံတကာထိပါ ေပါက္ေရာက္ေအာင္ျမင္ေနတာလည္း ျဖစ္ပါတယ္။ လက္ရွိျဖစ္ပ်က္ေနတဲ့ အေျခအေနေတြ နဲ႔ ပတ္သက္ၿပီး ေတာ့လည္း သူ႔ရဲ့ Facebook အေကာင့္မွာ ေရးသားမၽွေဝရင္း နိုင္ငံတ ကာသိေစဖို႔ speak out လုပ္ေနတာပဲ ျဖစ္ပါတယ္။

ျပည္သူေတြနဲ႔အတူ အမွန္တရားဘက္ကေန မားမားမတ္မတ္ ရပ္တည္ေပးေနတာေၾကာင့္လည္း ပရိသတ္ေတြက ေလးစားေနၾကတာပါ။ လက္ရွိအေျခအေ နေတြေၾကာင့္ ေခတၱတိမ္းေရွာင္ေနရေပမယ့္လည္း သူ႔ရဲ့လူမႈကြန္ယက္မ်ားမွတစ္ဆင့္ သတင္းအခ်က္အလက္မ်ားအား ေဝမၽွေပးေနတာလည္း ျဖစ္ပါတယ္။ ဒီကေန႔မွာလည္း ၿမိတ္ၿမိဳ႕နယ္တြင္ လူထုလႈပ္ရွားမႈမွာ ပါဝင္ရင္းနဲ႔ သူရဲေကာင္းတစ္ခ်ိဳ႕ က်ဆုံးခဲ့ၾကရတာပါ။ မၾကာေသးခင္ မိနစ္ပိုင္းေလာက္ကလည္း ပိုင္တံခြန္ရဲ့Facebook Page တြင္ သာယာလွတဲ့ သူ႔ရဲ့ၿမိဳ႕ေလးမွာ က်ဆုံးသြားခဲ့ရတဲ့ ကေလးေတြ အတြက္ ႏွေျမာတသျဖစ္ေၾကာင္းကို ” ေကာ့ေသာင္းၿမိဳ႕တို႔ ၿမိတ္ၿမိဳ႕ တို႔ ဆိုတာ သိပ္ကို သာယာတာ

ကၽြန္ေတာ္ ရန္ကုန္ေရာက္လို႔ မိတ္ေဆြအသစ္ရတိုင္း ကိုယ့္ၿမိဳ႕ေလး အေၾကာင္း ႂကြားလို႔မဝခဲ့ဘူး အခုေတာ့ ကၽြန္ေတာ္ တို႔ၿမိဳ႕မွာ ကေလးေတြ ဘယ္ႏွစ္ေယာက္ ေတာင္အသတ္ခံေနရၿပီဆိုတာကို ရင္နာနာနဲ႔ေတာင္ မေျဖနိုင္ေတာ့ဘူး ဆုံးရႈံးသြားတဲ့ အသက္ေတြ ႏွေျမာတသစြာ ျပန္မရနိုင္ေတာ့ေပမယ့္ ရွိေနေသးတဲ့ အရာရာတိုင္း ကိုလည္း ထြက္ခြာ ခြင့္မျပဳနိုင္ေတာ့ဘူး ျမန္မာတစ္နိုင္ငံလုံးအပါအဝင္ ကၽြန္ေတာ္ႀကီးျပင္းခဲ့တဲ့ငယ္ၿမိဳ႕ေလးေတြ အရင္လို ေပ်ာ္ရႊင္စရာေတြ အျပည့္နဲ႔ ျပန္ျမင္ခ်င္တယ္ဗ်ာ ” ဆိုၿပီး ဝမ္းနည္းစြာ ေရးသားထားတာကို ပရိသတ္ေတြလည္း သိရွိနိုင္ေစ ရန္အတြက္ တစ္ဆင့္ျပန္လည္ ကူးယူ တင္ဆက္ေပးလိုက္ ရပါတယ္ေနာ္။

Photo Crd-Paing Takhon’s Facebook Page

Credit

သရုပ်ဆောင် ပိုင်တံခွန်ကတော့ ပရိသတ်တွေ ရဲ့ တစ်ခဲနက် ဝန်းရံအားပေးမှုကို သိမ်းပိုက်ရရှိထားတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေဟာ နိုင်ငံတကာထိပါ ပေါက်ရောက်အောင်မြင်နေတာလည်း ဖြစ်ပါတယ်။ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေတွေ နဲ့ ပတ်သက်ပြီး တော့လည်း သူ့ရဲ့ Facebook အကောင့်မှာ ရေးသားမျှဝေရင်း နိုင်ငံတ ကာသိစေဖို့ speak out လုပ်နေတာပဲ ဖြစ်ပါတယ်။

ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ မားမားမတ်မတ် ရပ်တည်ပေးနေတာကြောင့်လည်း ပရိသတ်တွေက လေးစားနေကြတာပါ။ လက်ရှိအခြေအေ နတွေကြောင့် ခေတ္တတိမ်းရှောင်နေရပေမယ့်လည်း သူ့ရဲ့လူမှုကွန်ယက်များမှတစ်ဆင့် သတင်းအချက်အလက်များအား ဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း မြိတ်မြို့နယ်တွင် လူထုလှုပ်ရှားမှုမှာ ပါဝင်ရင်းနဲ့ သူရဲကောင်းတစ်ချို့ ကျဆုံးခဲ့ကြရတာပါ။ မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း ပိုင်တံခွန်ရဲ့Facebook Page တွင် သာယာလှတဲ့ သူ့ရဲ့မြို့လေးမှာ ကျဆုံးသွားခဲ့ရတဲ့ ကလေးတွေ အတွက် နှမြောတသဖြစ်ကြောင်းကို ” ကော့သောင်းမြို့တို့ မြိတ်မြို့ တို့ ဆိုတာ သိပ်ကို သာယာတာ

ကျွန်တော် ရန်ကုန်ရောက်လို့ မိတ်ဆွေအသစ်ရတိုင်း ကိုယ့်မြို့လေး အကြောင်း ကြွားလို့မဝခဲ့ဘူး အခုတော့ ကျွန်တော် တို့မြို့မှာ ကလေးတွေ ဘယ်နှစ်ယောက် တောင်အသတ်ခံနေရပြီဆိုတာကို ရင်နာနာနဲ့တောင် မဖြေနိုင်တော့ဘူး ဆုံးရှုံးသွားတဲ့ အသက်တွေ နှမြောတသစွာ ပြန်မရနိုင်တော့ပေမယ့် ရှိနေသေးတဲ့ အရာရာတိုင်း ကိုလည်း ထွက်ခွာ ခွင့်မပြုနိုင်တော့ဘူး မြန်မာတစ်နိုင်ငံလုံးအပါအဝင် ကျွန်တော်ကြီးပြင်းခဲ့တဲ့ငယ်မြို့လေးတွေ အရင်လို ပျော်ရွှင်စရာတွေ အပြည့်နဲ့ ပြန်မြင်ချင်တယ်ဗျာ ” ဆိုပြီး ဝမ်းနည်းစွာ ရေးသားထားတာကို ပရိသတ်တွေလည်း သိရှိနိုင်စေ ရန်အတွက် တစ်ဆင့်ပြန်လည် ကူးယူ တင်ဆက်ပေးလိုက် ရပါတယ်နော်။

Photo Crd-Paing Takhon’s Facebook Page

Credit