က်မၼာေရး ဗဟုသုတ

အထူးသတိထားသင့်တဲ့လေမဖြတ်ခင်ပြသလေ့ရှိတဲ့လက္ခဏာများ

အထူးသတိထားသင့်တဲ့လေမဖြတ်ခင်ပြသလေ့ရှိတဲ့လက္ခဏာများ

ဦးနှောက်အတွင်း သွေးသွားလာမှု ခေတ္တရပ်ဆိုင်းသွားတဲ့အခါ

လေဖြတ်မဲ့ အရိပ်အယောင်လက္ခဏာများ ပေါ်လာတတ်ပါတယ်။

အဲဒီလက္ခဏာများက မိနစ်အနည်းငယ်မျှသာ ကြာမြင့်ပြီး သွေးသွားလာမှု

ပုံမှန်ပြန်ဖြစ်ပါက ချက်ချင်းပျောက်ကွယ်သွားလေ့ရှိပါတယ်။

အဲဒီလိုဖြစ်ခြင်းကို လေဖျန်းခြင်း (သို့မဟုတ်) အသေးစားလေဖြတ်ခြင်းလို့ ခေါ်လေ့ရှိပါတယ်။

လေမဖြတ်ခင် ကြိုတင်သတိပေးတဲ့ လက္ခဏာများကတော့……….

မျက်နှာ၊ လက်၊ ခြေတစ်ဖက် ရုတ်တရက်ထုံခြင်း၊ လေးလံခြင်း

ရုတ်တရက် စကားပြောမရခြင်း၊ ပြောသောစကားကို နားမလည်ခြင်း၊ စကား ဗလုံးဗထွေးဖြစ်ခြင်း

ရုတ်တရက် အမြင်အာရုံဝေဝါးခြင်း၊ နှစ်ထပ်မြင်ခြင်း

ရုတ်တရက် လမ်းမလျှောက်နိုင်တော့ခြင်း၊ ဒယီးဒယိုင် ဖြစ်ခြင်း

ရုတ်တရက် မူးဝေခြင်း

ရုတ်တရက် ပြင်းထန်စွာ ခေါင်းကိုက်ခြင်း

အဲဒီအချိန်အတွင်း စနစ်တကျကုသမှု မခံယူပါက လေဖြတ်ခြင်းအဆင့်သို့ ရောက်ရှိသွားနိုင်ပါတယ်။

Zawgyi











ရုတ်တရက် မူးဝေခြင်း

