ဗဟုသုတ

ကျွန်တော်တို့မှီခဲ့တယ်(တိုက်ဆိုင်လို့ ကူးယူလာတာ)

***ကျနော်တို့မှီခဲ့တယ်.***

{တိုက်ဆိုင်လို့ ကူးယူလာတာ}

ပိုက်ဆံအကြွေ ဆယ်ပြား၊တစ်မတ်နဲ့ အရသာရှိတဲ့မုန့်ကို စိတ်ချလက်ချစားလို့ရတဲ့ခေတ်ကိုမှီခဲ့ဘူးတယ်….လက်ဘက်ရည်တစ်ခွက်၊ခေါက်ဆွဲကြော်တစ်ပွဲဆိုတာ နေမကောင်းတဲ့အခါမှစားရတဲ့အလွန်အရသာရှိတဲ့အစားအစာဖြစ်တဲ့ခေတ်ကိုမှီခဲ့ဘူးတယ်…

အယုတ် အလတ် အမြတ်မရွေး ကျွေးတဲ့ စတုဒိသာကို ဘာရောဂါမှ မကြောက်ရဘဲ အလုအယက် ပျော်ပျော်ရွှင်ရွှင် စားခဲ့ရတဲ့ခေတ်ကိုမှီခဲ့ဘူးတယ်…မိုးရာသီ မိုးရေထဲမှာ ဘယ်ကားအန္တရာယ်မှမရှိဘဲ ရပ်ကွက်ထဲကလမ်းပေါ်မှာလွတ်လွတ်လပ်လပ် ဘောလုံးကန်ခဲ့ရတဲ့ခေတ်ကိုမှီခဲ့ဘူးတယ်….

ဘာအကြောင်းကြောင့်နေမကောင်းဖြစ်ခဲ့ဖြစ်ခဲ့ ကိုးပါးဆေးကို ကွမ်းရွက်ပြုတ်ရည်နဲ့သောက်ရုံနဲ့ပျောက်တဲ့ခေတ်ကိုမှီခဲ့ဘူးတယ်…

ကိုယ်ပိုင်ကားမပြောနဲ့ စက်ဘီးတောင်လူတိုင်းမစီးနိုင်အခြေအနေမှာ သူငယ်ချင်းတွေနဲ့ကျောင်းတက် ကျောင်းဆင်း လမ်းလျှောက်ရင်း ပျော်ရွှင်ခဲ့ရတဲ့ခေတ်ကိုမှီခဲ့ဘူးတယ်…

ကျောင်းထမင်းချိုင့်ထဲမှာ ပဲပြုတ်သုတ် ဒါမှမဟုတ် ဘဲဥပြုတ်တစ်လုံးပါရုံနဲ့မိဘကိုမညိုငြင်တဲ့ခေတ်ကိုမှီခဲဘူးတယ်….နွေရာသီကျောင်းပိတ်ရက်မှာ ညစဉ်ညတိုင်း လမ်းပေါ်ထွက်ပြီး ကစားနည်းမျိုးစုံကိုပျော်ရွှင်စွာကစားခဲ့ရတဲ့ခေတ်ကိုမှီခဲ့ဘူးတယ်….

တစ်ဆွေလုံးတစ်မျိုးလုံးမှာမှ တစ်လုံးထဲရှိတဲ့အမျိုးအိမ်ကTVကို ဆွေမျိုးတစ်သိုက် စုပြီးကြည့်ခဲ့ရတဲ့ခေတ်ကိုမှီခဲ့ဘူးတယ်…ဘုရားပွဲမှာကတဲ့ဇာတ်ကို ကျား/မ မရွေး မိုးအလင်းကြည့်ပြီး(အိပ်ပြီး)မနက်မိုးစင်စင်လင်းမှထပြန်လည်း ဘာအကြောင်းကြီးငယ်မှ မဖြစ်ခဲ့တဲ့ခေတ်ကိုမှီခဲ့ဘူးတယ်…

သွေးသားမတော်စပ်ကြပေမယ့် ဖြူစင်တဲ့ခင်မင်ခြင်းတွေနဲ့ မောင်နှမရင်းပမာ ဆက်ဆံခြင်းတွေရှိတဲ့ခေတ်ကိုမှီခဲ့ဘူးတယ်..ကြီးသူကိုရိုသေ ရွယ်တူကိုလေးစား ငယ်သူကိုသနားရမယ်ဆိုတဲ့ မြတ်နိုးစရာလူ့ကျင့်ဝတ်တွေ ထွန်းကားတဲ့ခေတ်ကိုမှီခဲ့ဘူးတယ်…လိုတာလေးတွေထပ်ဖြည့်ခဲ့ကြပါဦး …

Zawgyi

***က်ေနာ္တို႔မွီခဲ့တယ္.***

{တိုက္ဆိုင္လို႔ ကူးယူလာတာ}

ပိုက္ဆံအေႂကြ ဆယ္ျပား၊တစ္မတ္နဲ႔ အရသာရွိတဲ့မုန္႔ကို စိတ္ခ်လက္ခ်စားလို႔ရတဲ့ေခတ္ကိုမွီခဲ့ဘူးတယ္….လက္ဘက္ရည္တစ္ခြက္၊ေခါက္ဆြဲေၾကာ္တစ္ပြဲဆိုတာ ေနမေကာင္းတဲ့အခါမွစားရတဲ့အလြန္အရသာရွိတဲ့အစားအစာျဖစ္တဲ့ေခတ္ကိုမွီခဲ့ဘူးတယ္…

အယုတ္ အလတ္ အျမတ္မေ႐ြး ေကြၽးတဲ့ စတုဒိသာကို ဘာေရာဂါမွ မေၾကာက္ရဘဲ အလုအယက္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ စားခဲ့ရတဲ့ေခတ္ကိုမွီခဲ့ဘူးတယ္…မိုးရာသီ မိုးေရထဲမွာ ဘယ္ကားအႏၲရာယ္မွမရွိဘဲ ရပ္ကြက္ထဲကလမ္းေပၚမွာလြတ္လြတ္လပ္လပ္ ေဘာလုံးကန္ခဲ့ရတဲ့ေခတ္ကိုမွီခဲ့ဘူးတယ္….

ဘာအေၾကာင္းေၾကာင့္ေနမေကာင္းျဖစ္ခဲ့ျဖစ္ခဲ့ ကိုးပါးေဆးကို ကြမ္း႐ြက္ျပဳတ္ရည္နဲ႔ေသာက္႐ုံနဲ႔ေပ်ာက္တဲ့ေခတ္ကိုမွီခဲ့ဘူးတယ္…

ကိုယ္ပိုင္ကားမေျပာနဲ႔ စက္ဘီးေတာင္လူတိုင္းမစီးႏိုင္အေျခအေနမွာ သူငယ္ခ်င္းေတြနဲ႔ေက်ာင္းတက္ ေက်ာင္းဆင္း လမ္းေလွ်ာက္ရင္း ေပ်ာ္႐ႊင္ခဲ့ရတဲ့ေခတ္ကိုမွီခဲ့ဘူးတယ္…

ေက်ာင္းထမင္းခ်ိဳင့္ထဲမွာ ပဲျပဳတ္သုတ္ ဒါမွမဟုတ္ ဘဲဥျပဳတ္တစ္လုံးပါ႐ုံနဲ႔မိဘကိုမညိဳျငင္တဲ့ေခတ္ကိုမွီခဲဘူးတယ္….ေႏြရာသီေက်ာင္းပိတ္ရက္မွာ ညစဥ္ညတိုင္း လမ္းေပၚထြက္ၿပီး ကစားနည္းမ်ိဳးစုံကိုေပ်ာ္႐ႊင္စြာကစားခဲ့ရတဲ့ေခတ္ကိုမွီခဲ့ဘူးတယ္….

တစ္ေဆြလုံးတစ္မ်ိဳးလုံးမွာမွ တစ္လုံးထဲရွိတဲ့အမ်ိဳးအိမ္ကTVကို ေဆြမ်ိဳးတစ္သိုက္ စုၿပီးၾကည့္ခဲ့ရတဲ့ေခတ္ကိုမွီခဲ့ဘူးတယ္…ဘုရားပြဲမွာကတဲ့ဇာတ္ကို က်ား/မ မေ႐ြး မိုးအလင္းၾကည့္ၿပီး(အိပ္ၿပီး)မနက္မိုးစင္စင္လင္းမွထျပန္လည္း ဘာအေၾကာင္းႀကီးငယ္မွ မျဖစ္ခဲ့တဲ့ေခတ္ကိုမွီခဲ့ဘူးတယ္…

ေသြးသားမေတာ္စပ္ၾကေပမယ့္ ျဖဴစင္တဲ့ခင္မင္ျခင္းေတြနဲ႔ ေမာင္ႏွမရင္းပမာ ဆက္ဆံျခင္းေတြရွိတဲ့ေခတ္ကိုမွီခဲ့ဘူးတယ္..ႀကီးသူကို႐ိုေသ ႐ြယ္တူကိုေလးစား ငယ္သူကိုသနားရမယ္ဆိုတဲ့ ျမတ္ႏိုးစရာလူ႔က်င့္ဝတ္ေတြ ထြန္းကားတဲ့ေခတ္ကိုမွီခဲ့ဘူးတယ္…လိုတာေလးေတြထပ္ျဖည့္ခဲ့ၾကပါဦး …