ထိုင်းနိုင်ငံမှာ မတ်လ ၂၇ ရက်နေ့က ပြုလုပ် ကျင်းပခဲ့တဲ့ “Miss Grand International 2020” ပြိုင်ပွဲကြီး မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် ဟန်လေးဟာ Top 20 အထိသာ ပါဝင်ခဲ့ပါတယ်။
အဲဒီပွဲမှာ အခွင့်အရေး တခုအနေနဲ့ “Stop The War & Violence” ခေါင်းစဉ် နဲ့ မြန်မာပြည်က လက်ရှိ စစ် အာဏာရှင်များရဲ့ အကြမ်း ဖက်မှု အခြေအနေများကို ပြောခွင့်ရခဲ့ပါတယ်။
အဲဒီလို Speak Out လုပ်ခဲ့တဲ့ အလှမယ် ဟန်လေးကို အနုပညာ အသိုင်းအဝိုင်းမှ ဂုဏ်ပြုစကားများ လူမှုကွန်ရက်မှာ ရေးသား ခဲ့ကြပါတယ်။
ကိုယ့်နိုင်ငံရဲ့ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို အကောင်းဆုံး တင်ဆက် ပြောပြသွားနိုင်တဲ့ “Miss Grand Myanmar 2020” ဟန်လေးအတွက် အထူးဂုဏ်ယူ ဝမ်းမြောက်တယ်လို့ ဥက္ကာမင်းမောင်က ရေးသားထားပါတယ်။
“နိုင်ငံတကာ စင်မြင့်ထက်မှာ ကိုယ့်နိုင်ငံရဲ့ အခုဖြစ်ပျက်နေတဲ့ အကြောင်း အရာတွေ အကောင်းဆုံး တင်ဆက် ပြောပြသွားနိုင်တဲ့ Miss Grand Myanmar 2020 ညီမလေး ဟန်လေးအတွက် အထူးဂုဏ်ယူ ဝမ်းမြောက်ကြောင်း ပြောချင်ပါတယ်။
ကိုယ်ရရှိထားတဲ့ Crown နဲ့ နေရာနဲ့ အခွင့်အရေးကို ကောင်းကောင်း အသုံးပြုသွားနိုင်ခဲ့တဲ့ ညီမလေးရေ။ အစစအရာရာ အဆင်ပြေပါစေနော်”လို့ ဥက္ကာမင်းမောင်က ပြောပါတယ်။
ထိုင်းနိုင်ငံ အခြေစိုက် Miss Grand International က ဟန်လေးကို စောင့်ရှောက် ကူညီပေးတာ ကျေးဇူး အများကြီးတင်တယ်လို့ ခင်ဝင့်ဝါ က ရေးသားထားပါတယ်။
“အခုလို ကျမ တို့ရဲ့ Miss Myanmar ကို စောင့်ရှောက် ကူညီပေးတာ ကျေးဇူးအများကြီး တင်ပါတယ်။ Miss Grand International အရာ ရာတိုင်းအတွက် ကျေးဇူးပါ ညီမလေးရေ။
အရေးတော်ပုံ အောင်တော့မှ မြန်မာပြည် ပြန်ခဲ့ဖို့ မှာချင်ပါတယ်။ အစစအရာရာ ဂရုစိုက်ပါနော် ”လို့ ခင်ဝင့်ဝါက ပြောပ ါတယ်။
ဆက်လက်ပြီး ပိုးကြာဖြူခင်က ဆန်ခါ တင် Top 20 ဝင်ခဲ့တဲ့ အတွက်လည်း အရမ်းဂုဏ်ယူတယ်လို့ ရေးသားထားပါတယ်။
“Thank you Miss Grand Myanmar ဟန်လေး၊ ယနေ့ မြန်မာပြည် အကြောင်း ရဲရဲဝံ့ဝံ့ ထုတ်ဖော် ပြောကြားပေးတဲ့အတွက် ကျေးဇူး အ များကြီး တင်ပါတယ်။ ဆန်ခါတင် Top 20 ဝင်ခဲ့တဲ့အတွက်လည်း အစ်မ အရမ်းဂုဏ်ယူပါတယ်”လို့ ပိုးကြာဖြူခင်က ပြောထားပါတယ်။
မြန်မာ စစ်ကောင်စီ၏ ယုတ်မာမှုများနှင့် ပြည်သူများ သတ်ဖြတ်ခံနေရမှု၊ မတရား အသက်ဆုံးရှုံးနေရတဲ့ Video Clip များကို ပြသကာ ပြည် သူများကို ကယ်ရန် အသနားခံခဲ့တဲ့ ဟန်လေးကို ဂုဏ်ယူတယ်လို့ ညီနန္ဒက ဆိုပါတယ်။ “လေးစားစွာကျေးဇူးတင်ပါတယ် ညီမလေး။
ကမ္ဘာ့တတိယ အကြီးအကျယ် အခမ်း နားဆုံးဖြစ်ပြီး၊ စစ်ပွဲနှင့် အကြမ်းဖက်မှုများ ရပ်တန့်စေရန် ရည်ရွယ်တဲ့ Miss Grand Internationl ပြိုင်ပွဲမှာ ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာ ကိုယ်စားပြု အလှမယ် ဟန်လေးဟာ အထူးအခွင့်အရေး တရပ် ရရှိ ခဲ့ပါတယ်”
“မြန်မာ စစ်ကောင်စီ၏ ယုတ်မာမှုများနှင့် ပြည်သူများ သတ်ဖြတ်ခံနေရမှု၊ မတရား အသက်ဆုံးရှုံးနေရတဲ့ Video Clip များကို စင်မြင့်ထက် မှ တကမ္ဘာလုံးက သန်းချီသော ကြည့်ရှုသူများကို ပြသကာ ငိုယိုပြီး မြန်မာပြည်သူ ပြည်သားများအား အမြန်ဆုံး ကယ်တင်ရန် အသနားခံ တော ဆိုခဲ့ပါတယ်။
ကျေးဇူးပါ Miss Grand International Org၊ Miss Myanmar ဟန်လေး Top 20 မင်းရဲ့ သတ္တိရှိမှုအတွက် ဂုဏ်ယူပါ တယ်။
အရေးတော်ပုံ အောင်ရမည်”လို့ ညီနန္ဒက ပြောထားပါတယ်။ “Miss Grand International 2020” ဖိုင်နယ်ပြိုင်ပွဲ မှာ အလှမယ် ဟန်လေးက Top 20 အထိ ဝင်ခဲ့ပြီး သရဖူ ကိုတော့ အမေရိကန်အလှ မယ် Abena Appiah က ရရှိခဲ့ပါတယ်။
Source:irrwady Burmese