အမ်ားႏွင့္မသက္ဆိုင္ေသာသူ ကံၾကမၼာေလယူ အယိမ္းကတမင္👉 သူ👈 စိမ္းလို႔ ဇာတ္သိမ္းေတြလဲမလွခဲ့ၿပီ။

အမ်ားနွင့္မသက္ဆိုင္ေသာသူ

ကံၾကမၼာေလယူ အယိမ္းကတမင္👉 သူ👈 စိမ္းလို႔ ဇာတ္သိမ္းေတြလဲမလွခဲ့ၿပီ။ေျသာ္ ငါတို႔တေတြက ဆာလို႔ေနၾကတဲ့ မိသားစုအတြက္ ႐ွာလို႔ေဖြၾကတာေလ။ကံၾကမၼာရယ္ ရက္စက္ေလျခင္း။ေနညိဳ ၿပီမို႔ အေမအိုလည္း ေမ်ွာ္ေနေရာ့ေပါ့သား ေရႊအိုးထမ္းမလာႏိုင္ေတာ့ဘူးအေမ။ေျမစာပုံေတြက သားခနၶာ ကို ဝါးၿမိဳေနၾကၿပီုမမ ေရ႕ညီမေလးကို ဂ႐ုစိုက္ေနာ္။

ေက်ာင္းကိုလဲ မွန္မွန္သြားခိုင္း။ပညာတတ္ႀကီးျဖစ္ပါေစကိုႀကီး ေရ႕ညီေလးကိုလဲ သြန္သင္ လမ္းျပေနာ္ဖားကန္႔ကို မလာေစနဲ႔။အေမ့ကိုလည္း ဝိုင္းၿပီး ဂ႐ုစိုက္လိုက္ၾကဦးေနာ္ အေမက အသက္ႀကီးၿပီ ။ငါကေတာ့ အားလုံးနဲ႔ မသက္ဆိုင္ေသာသူအျဖစ္ ခရီးဆက္ရပါေတာ့မယ္။

ကံၾကမၼာ ရဲ႕ ေစၫႊန္ရာေပါ့တည္မေပးလိုက္ႏိုင္ခဲ့တဲ့အိမ္သာတစ္လုံးနဲ႔ ငါဝယ္မေပးႏိုင္ခဲ့တဲ့ ဆိုလာ တစ္ခ်ပ္အတြက္လဲ ခြင့္လြတ္ေပးဖို႔ ေျမစာပုံေအာက္ကေနပဲေတာင္းပန္လိုက္ပါရေစဘယ္သူမျပဳ မိမိမႈ မို႔ဘယ္သူကိုမွ အျပစ္မတင္ေတာ့ပါဘူးအစိုးရကိုလဲေက်းဇူးတင္တယ္ထမင္းေကြၽးထားတဲ့ေလာပန္းကိုလဲ ေက်းဇူးတင္တယ္။

ကံၾကမၼာ ကိုပဲ ႐ိုးမယ္ဖဲြ႔ပါတယ္ တိမ္ရင္ တစ္ခ်က္နက္ရင္ တစ္ေဂၚ ဆိုတဲ့ စကားကိုလဲ မၾကားရဲေတာ့ပါဘူး။ငါသြားပါေတာ့မယ္ ဘယ္နားမွာေရာက္ေနခဲ့မွန္းေတာင္မသိတဲ့ ငါရဲ႕ စိန္တူတစ္လက္နဲ႔ဓာတ္မီးတခ်က္ကိုသာ ေတြ႔ခဲ့ရင္ အေမအိုထံ အေရာက္ပို႔ေပးပါဦးလို။

( ဟန္မင္းသူ အစား ေရးဖြဲ႔သည္)

ဦးၿဖိဳးေဝ(စိတ္ပညာ)

Photo Crd#

Unicode

အများနှင့်မသက်ဆိုင်သောသူ ကံကြမ္မာလေယူ အယိမ်းကတမင်👉 သူ👈 စိမ်းလို့ ဇာတ်သိမ်းတွေလဲမလှခဲ့ပြီ။

အများနှင့်မသက်ဆိုင်သောသူ

ကံကြမ္မာလေယူ အယိမ်းကတမင်👉 သူ👈 စိမ်းလို့ ဇာတ်သိမ်းတွေလဲမလှခဲ့ပြီ။သြော် ငါတို့တတွေက ဆာလို့နေကြတဲ့ မိသားစုအတွက် ရှာလို့ဖွေကြတာလေ။ကံကြမ္မာရယ် ရက်စက်လေခြင်း။နေညို ပြီမို့ အမေအိုလည်း မျှော်နေရော့ပေါ့သား ရွှေအိုးထမ်းမလာနိုင်တော့ဘူးအမေ။မြေစာပုံတွေက သားခန္ဓာ ကို ဝါးမြိုနေကြပြီုမမ ရေ့ညီမလေးကို ဂရုစိုက်နော်။

ကျောင်းကိုလဲ မှန်မှန်သွားခိုင်း။ပညာတတ်ကြီးဖြစ်ပါစေကိုကြီး ရေ့ညီလေးကိုလဲ သွန်သင် လမ်းပြနော်ဖားကန့်ကို မလာစေနဲ့။အမေ့ကိုလည်း ဝိုင်းပြီး ဂရုစိုက်လိုက်ကြဦးနော် အမေက အသက်ကြီးပြီ ။ငါကတော့ အားလုံးနဲ့ မသက်ဆိုင်သောသူအဖြစ် ခရီးဆက်ရပါတော့မယ်။

ကံကြမ္မာ ရဲ့ စေညွှန်ရာပေါ့တည်မပေးလိုက်နိုင်ခဲ့တဲ့အိမ်သာတစ်လုံးနဲ့ ငါဝယ်မပေးနိုင်ခဲ့တဲ့ ဆိုလာ တစ်ချပ်အတွက်လဲ ခွင့်လွတ်ပေးဖို့ မြေစာပုံအောက်ကနေပဲတောင်းပန်လိုက်ပါရစေဘယ်သူမပြု မိမိမှု မို့ဘယ်သူကိုမှ အပြစ်မတင်တော့ပါဘူးအစိုးရကိုလဲကျေးဇူးတင်တယ်ထမင်းကျွေးထားတဲ့လောပန်းကိုလဲ ကျေးဇူးတင်တယ်။

ကံကြမ္မာ ကိုပဲ ရိုးမယ်ဖွဲ့ပါတယ် တိမ်ရင် တစ်ချက်နက်ရင် တစ်ဂေါ် ဆိုတဲ့ စကားကိုလဲ မကြားရဲတော့ပါဘူး။ငါသွားပါတော့မယ် ဘယ်နားမှာရောက်နေခဲ့မှန်းတောင်မသိတဲ့ ငါရဲ့ စိန်တူတစ်လက်နဲ့ဓာတ်မီးတချက်ကိုသာ တွေ့ခဲ့ရင် အမေအိုထံ အရောက်ပို့ပေးပါဦးလို။

( ဟန်မင်းသူ အစား ရေးဖွဲ့သည်)

ဦးဖြိုးဝေ(စိတ်ပညာ)

Photo Crd#