အခတ်အခဲများကိုအောင်မြင်စေပြီးဆုတောင်းပြည့်ကံကောင်းစေတဲ့ပုတီးစိတ်နည်း
အစွမ်းထက်မြက်သောပုတီးစိပ်နည်းတစ်ခုကျင့်စဉ်တစ်ခုကိုစာဖတ်ပရိတ်သတ်အတွက်ဖော်ပြအပ်ပါတယ်။
ဤပုတီးစိပ်နည်းကိုလွန်ခဲ့တဲ့နက္ခတ္တစာအုပ်မှကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
*ဘဝမှာလာဘ်တွေတိတ်နေတယ်၊
*မနာလိုမုန်းတီးသူတွေများနေမယ်
*အထက်အရာရှိတွေကကိုယ့်ကိုမကြည်ဖြူတော့ရင်၊
*ကိုယ့်ရဲ့စကားတွေမအောင်မြင်တော့ရင်၊
*အာစက်၊လျှာစက်တွေကျလာခဲ့ရင်၊
*ကိုယ့်အပေါ်မလေးစားမရိုသေတော့ရင်
်ဤပုတီးစိပ်နည်းကိုတစ်နေ့(၉)ပါတ်(၉)ရက်၊ရက်ပေါင်း(၈၁)ရက်ပြည့်အောင်အဓိဌာန်ဝင်ရပါ့မယ်။
တစ်ကြိမ်အောင်မြင်ရင်ထင်ထင်ရှားရှားသိလာလိမ့်မယ်။
(၈၁)ရက်(၃)ကြိမ်ပြည့်အောင်ဝင်နိုင်ခဲ့ရင်လူ၊နတ်အပေါင်းတို့ရဲ့ချစ်ခင်စောက်ရှောက်မူ့ကိုရရှိစေပါတယ်။
နောက်ထပ်(၃)ကြိမ်ပြည့်အောင်ဝင်နိုင်ခဲ့ရင်ဝိဇ္ဇာအပေါင်းတို့ရဲ့စောက်ရှောက်မူ့ကိုရရှိစေပါတယ်။
နောက်ဆုံး(၃)ကြိမ်ပြည့်အောင်ဝင်ခဲ့ရင်အသိပညာ၊အတတ်ပညာတွေကိုလာရောက်သင်ကြား
ပြသပေးမဲ့ဆရာတွေနဲ့ကိုယ်တိုင်ကြုံ ုံတွေ့ရပါ့မယ်။
ကျနော်တော့ရက်ပေါင်း(၈၁)ရက်ပြည့်အောင်တစ်ကြိမ်ပဲဝင်ဖူးသေးတယ်။
အကိူးကျေးဇူးကတော့အထက်ကကျနော်ရေးခဲ့တဲ့အတိုင်းပါ။
ပုတီးစိပ်နည်း။
ဂုဏ်တော်ခေါင်းစဉ် -အ-သု-ဘ-ဂုဏ်တော်
(အ).အရဟံ=ပုတီးတစ်လုံးချ
(သု).သုဂတော=ပုတီးတစ်လုံးချ
(ဘ).ဘဂဝါ=ပုတီးတစ်လုံးချ
တစ်ရာ့ရှစ်လုံးပုတီးဖြင့် ပုတီးတစ်ပတ် ဆက်တိုက်စိပ်ရန်။
ဂုဏ်တော်သုံးပါးပေါင်း ၃၆ ခေါက်ပုတီး တစ်ပတ် ၉ ပတ်စိပ်ပါ
မိမိကောင်းမူ့အကြောင်းပြုဆုမတောင်းပဲပြည့်ကြပါစေ။
Zawgyi
ပြသပေးမဲ့ဆရာတွေနဲ့ကိုယ်တိုင်ကြုံတွေ့ရပါ့မယ်။
အကိုးကျေးဇူးကတော့အထက်ကကျနော်ရေးခဲ့တဲ့အတိုင်းပါ။
ပုတီးစိပ်နည်း။
(အ).အရဟံ=ပုတီးတစ်လုံးချ
(ဘ).ဘဂဝါ=ပုတီးတစ်လုံးချ