အခ်စ္ေရး

ေကာင္ေလးေတြ ႐ုန္းမထြက္နိုင္တဲ့ မိန္းကေလးေတြရဲ့ ဆြဲေဆာင္မႈ (၆) မ်ိဳး

ေကာင္ေလးေတြ ႐ုန္းမထြက္နိုင္တဲ့ မိန္းကေလးေတြရဲ့ ဆြဲေဆာင္မႈ (၆) မ်ိဳး

တစ္ေယာက္နဲ႔ တစ္ေယာက္နဲ႔ ခ်စ္မွ စိတ္ဝင္စားမိတယ္ဆိုေပမယ့္လည္း လူ႔သဘာဝအရ စိတ္ဝင္စားမိတယ္ဆိုတာမ်ိဳး ျဖစ္ေစတဲ့ အခ်က္ေတြလည္း ရွိေနပါေသးတယ္။ အေနနီးရင္ ခ်စ္မိသြားတတ္ၾကတယ္ဆိုတာလည္း ဒီသေဘာပါပဲ။

ေကာင္ေလးေတြက ကိုယ့္ကို ႀကိဳက္ေအာင္ ႀကိဳးစားအားထုတ္ၾကသလို ေကာင္မေလးေတြကလည္း ေကာင္ေလးေတြ ကိုယ့္ကို ႀကိဳက္ေအာင္ လုပ္တာမ်ိဳးေတြ ရွိေနပါတယ္။

စႏွိုက္ေၾကာ္ေတြလည္း ေပါမ်ားလာတဲ့ ေခတ္ႀကီးထဲမွာ မိန္းကေလးေတြရဲ့ ဘယ္လိုဆြဲေဆာင္မႈေလးေတြက ေကာင္ေလးေတြဆီက စိတ္ဝင္စားမႈကို ရသြားေစလဲဆိုတာကို ေဖာ္ျပေပးလိုက္ရပါတယ္ေနာ္။

အၾကည့္ခ်င္းဆုံတာ

အၾကည့္ခ်င္းဆုံရင္ ရင္ခုန္သည္လို႔ေတာင္ ဆိုစကားေတြ ရွိထားပါတယ္။ တကယ္လည္း ခ်စ္မႈေရးရာမွာ အၾကည့္တစ္ခ်က္ကလည္း အေရးပါေနပါတယ္။ ကိုယ့္ကို စိတ္ဝင္စားတယ္ဆိုတဲ့ အဓိပၸာယ္ပါေနတဲ့ မ်က္လုံးမ်ိဳးကို ဘယ္ေယာကၤ်ားေလးမွ မခံနိုင္ၾကပါဘူး။

အျမဲလိုလို သူ႔ကို စိတ္ဝင္စားေနတယ္ဆိုတဲ့ အၾကည့္မ်ိဳးနဲ႔ မ်က္လုံးခ်င္း မၾကာခဏ ဆုံၿပီဆိုရင္ေတာ့ သူတို႔ကိုယ္ သူတို႔ မသိလိုက္ခင္မွာပဲ တစ္ဖက္ ေကာင္မေလးရဲ့ ဆြဲေဆာင္မႈေအာက္ကို က်ရႈံးသြားတတ္ၾကပါတယ္။

အထိအေတြ႕

လူႏွစ္ေယာက္က ပုံမွန္ထက္ပိုတဲ့ အဆင့္တစ္ခုကို ေရာက္ဖို႔ဆိုရင္ ထိေတြ႕မႈေတြကို ခံစားမိဖို႔လည္း လိုပါတယ္။ ေကာင္မေလးေတြအေနနဲ႔ ေကာင္ေလးေတြကို မသိလိုက္တဲ့ ပုံစံမ်ိဳးနဲ႔ ရိုးသားတဲ့ ဟန္မ်ိဳးနဲ႔ လက္ကို ဖမ္းဆြဲလိုက္တာမ်ိဳး၊

ပုခုံးကို ထိမိသြားတာမ်ိဳး၊ အသားခ်င္း ထိမိေနတာမ်ိဳး စတာေတြ ေကာင္ေလးေတြကို ဆြဲေဆာင္နိုင္တဲ့ အခ်က္ေတြပဲ ျဖစ္ပါတယ္။ ဒီလို နီးစပ္မႈ မ်ားသြားရင္ ေကာင္ေလးေတြက အဲ့ဒီေကာင္မေလးကို စိတ္ယိုင္သြားတတ္ၾကပါတယ္။

အျပဳံး

အလွဆုံး ျပဳံးလိုက္တဲ့အခါမ်ိဳးကို လူေတာ္ေတာ္မ်ားမ်ား ေငးမၾကည့္ဘဲ မေနနိုင္တတ္ၾကပါဘူး။ အျပဳံးတစ္ခုရဲ့ စြမ္းအားက အဲ့ေလာက္ ႀကီးပါတယ္ေနာ္။ ဒါေၾကာင့္ ေကာင္မေလးေတြက သူတို႔ စိတ္ဝင္စားတဲ့ ေကာင္ေလးကို ျပဳံးျပတာမ်ိဳး လုပ္တတ္ၾကပါတယ္။

ၾကည္ၾကည္လင္လင္ လွလွပပေလး ကိုယ့္ကို ျပဳံးျပၿပီး ကိုယ့္ကို စိတ္ဝင္စားေနတဲ့ အၾကည့္ေလးပါ ရွိေနရင္ေတာ့ ေကာင္ေလးေတြက လုံးဝ ယိုင္လဲသြားတတ္ၾကပါတယ္။

ဆံပင္ေတြကို ကစားတာ

ေကာင္ေလးအမ်ားစုက ကိုယ့္ေကာင္မေလးကို ဆံပင္အရွည္ထားေစခ်င္တာမ်ိဳး၊ ဆံပင္ပုံစံ လွလွေလး ရွိေနေစခ်င္တာမ်ိဳးကို သိၾကမွာပါ။ ဒါေၾကာင့္ မိန္းကေလးေတြရဲ့ ဆံပင္က ေကာင္ေလးအခ်ိဳ႕ရဲ့ အားနည္းခ်က္ ျဖစ္ေနတတ္ပါတယ္။

ကိုယ့္ကို အနည္းငယ္ စိတ္ဝင္စားမႈ ရွိေနတာမ်ိဳးနဲ႔ ကိုယ္ႀကိဳက္ေနတဲ့ ေကာင္ေလးေရွ႕မွာ ဆံပင္ေတြကို မသိမသာကိုင္ၿပီး ေဆာ့ေနတာမ်ိဳး၊ ဆံပင္ေတြကို ပုံစံ ခ်တဲ့အေနနဲ႔ ျပဳလုပ္တာမ်ိဳးဆိုရင္ ေကာင္ေလးေတြက စိတ္လႈပ္ရွားသြားေစနိုင္ပါတယ္။

လွလွေလးျပဳံးၿပီး ဆံပင္ေတြကို ကစားေနရင္ ပိုလို႔ေတာင္ သူတို႔က သင့္ကို စိတ္ထဲကေန သေဘာက်မိသြားေစနိုင္ပါေသးတယ္။

အနံ့

လူတစ္ေယာက္ကို တစ္ေယာက္ အမွတ္ရဖို႔က အနံ့က ထိပ္ဆုံးမွာ ပါဝင္ေနပါတယ္။ ကိုယ္သင္းရနံ့ဆိုတာ လူတစ္ေယာက္မွာ ရွိကို ရွိေနတဲ့ အရာ ျဖစ္ၿပီး တစ္ခ်ိဳ႕ကေတာ့ ကိုယ္သင္းရနံ့ကို အေမႊးနံ့ တစ္ခုခု ျဖစ္ေနေအာင္ ျပဳလုပ္ထားတတ္ပါတယ္။

ဒါေၾကာင့္ ကိုယ္သုံးေနက် ေရေမႊးကို သူနဲ႔ ေတြ႕တိုင္း စြတ္တာမ်ိဳးကလည္း ကိုယ့္ကို သူ႔စိတ္ထဲ စြဲေနေစမိမယ့္ အခ်က္ပဲ ျဖစ္ပါတယ္။

ၿပီးျပည့္စုံမႈ

ေကာင္ေလးေတြဆိုတာ အလွႀကိဳက္တယ္ဆိုတာကို ေတာ္ေတာ္မ်ားမ်ား သိၿပီးသားပါ။ ဒါေၾကာင့္ ေက်ာ့ရွင္းလွပေနတဲ့ မိန္းကေလးမ်ိဳးဆိုရင္ ေကာင္ေလးေတြက မၾကည့္ဘဲ မေနနိုင္တတ္ၾကပါဘူး။

ဒါေၾကာင့္ သန႔္ရွင္း လန္းဆန္းၿပီး လွပေနတဲ့ အျပင္ အျပဳအမူေတြပါ သိမ္ေမြ႕တယ္ဆိုရင္ ေကာင္ေလးေတြက စိတ္ဝင္စားမႈက အျပည့္ရွိေနတတ္ပါတယ္။

Kham

unicode

 

ကောင်လေးတွေ ရုန်းမထွက်နိုင်တဲ့ မိန်းကလေးတွေရဲ့ ဆွဲဆောင်မှု (၆) မျိုး

တစ်ယောက်နဲ့ တစ်ယောက်နဲ့ ချစ်မှ စိတ်ဝင်စားမိတယ်ဆိုပေမယ့်လည်း လူ့သဘာဝအရ စိတ်ဝင်စားမိတယ်ဆိုတာမျိုး ဖြစ်စေတဲ့ အချက်တွေလည်း ရှိနေပါသေးတယ်။ အနေနီးရင် ချစ်မိသွားတတ်ကြတယ်ဆိုတာလည်း ဒီသဘောပါပဲ။

ကောင်လေးတွေက ကိုယ့်ကို ကြိုက်အောင် ကြိုးစားအားထုတ်ကြသလို ကောင်မလေးတွေကလည်း ကောင်လေးတွေ ကိုယ့်ကို ကြိုက်အောင် လုပ်တာမျိုးတွေ ရှိနေပါတယ်။

စနှိုက်ကြော်တွေလည်း ပေါများလာတဲ့ ခေတ်ကြီးထဲမှာ မိန်းကလေးတွေရဲ့ ဘယ်လိုဆွဲဆောင်မှုလေးတွေက ကောင်လေးတွေဆီက စိတ်ဝင်စားမှုကို ရသွားစေလဲဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်နော်။

အကြည့်ချင်းဆုံတာ

အကြည့်ချင်းဆုံရင် ရင်ခုန်သည်လို့တောင် ဆိုစကားတွေ ရှိထားပါတယ်။ တကယ်လည်း ချစ်မှုရေးရာမှာ အကြည့်တစ်ချက်ကလည်း အရေးပါနေပါတယ်။ ကိုယ့်ကို စိတ်ဝင်စားတယ်ဆိုတဲ့ အဓိပ္ပာယ်ပါနေတဲ့ မျက်လုံးမျိုးကို ဘယ်ယောင်္ကျားလေးမှ မခံနိုင်ကြပါဘူး။

အမြဲလိုလို သူ့ကို စိတ်ဝင်စားနေတယ်ဆိုတဲ့ အကြည့်မျိုးနဲ့ မျက်လုံးချင်း မကြာခဏ ဆုံပြီဆိုရင်တော့ သူတို့ကိုယ် သူတို့ မသိလိုက်ခင်မှာပဲ တစ်ဖက် ကောင်မလေးရဲ့ ဆွဲဆောင်မှုအောက်ကို ကျရှုံးသွားတတ်ကြပါတယ်။

အထိအတွေ့

လူနှစ်ယောက်က ပုံမှန်ထက်ပိုတဲ့ အဆင့်တစ်ခုကို ရောက်ဖို့ဆိုရင် ထိတွေ့မှုတွေကို ခံစားမိဖို့လည်း လိုပါတယ်။ ကောင်မလေးတွေအနေနဲ့ ကောင်လေးတွေကို မသိလိုက်တဲ့ ပုံစံမျိုးနဲ့ ရိုးသားတဲ့ ဟန်မျိုးနဲ့ လက်ကို ဖမ်းဆွဲလိုက်တာမျိုး၊

ပုခုံးကို ထိမိသွားတာမျိုး၊ အသားချင်း ထိမိနေတာမျိုး စတာတွေ ကောင်လေးတွေကို ဆွဲဆောင်နိုင်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ ဒီလို နီးစပ်မှု များသွားရင် ကောင်လေးတွေက အဲ့ဒီကောင်မလေးကို စိတ်ယိုင်သွားတတ်ကြပါတယ်။

အပြုံး

အလှဆုံး ပြုံးလိုက်တဲ့အခါမျိုးကို လူတော်တော်များများ ငေးမကြည့်ဘဲ မနေနိုင်တတ်ကြပါဘူး။ အပြုံးတစ်ခုရဲ့ စွမ်းအားက အဲ့လောက် ကြီးပါတယ်နော်။ ဒါကြောင့် ကောင်မလေးတွေက သူတို့ စိတ်ဝင်စားတဲ့ ကောင်လေးကို ပြုံးပြတာမျိုး လုပ်တတ်ကြပါတယ်။

ကြည်ကြည်လင်လင် လှလှပပလေး ကိုယ့်ကို ပြုံးပြပြီး ကိုယ့်ကို စိတ်ဝင်စားနေတဲ့ အကြည့်လေးပါ ရှိနေရင်တော့ ကောင်လေးတွေက လုံးဝ ယိုင်လဲသွားတတ်ကြပါတယ်။

ဆံပင်တွေကို ကစားတာ

ကောင်လေးအများစုက ကိုယ့်ကောင်မလေးကို ဆံပင်အရှည်ထားစေချင်တာမျိုး၊ ဆံပင်ပုံစံ လှလှလေး ရှိနေစေချင်တာမျိုးကို သိကြမှာပါ။ ဒါကြောင့် မိန်းကလေးတွေရဲ့ ဆံပင်က ကောင်လေးအချို့ရဲ့ အားနည်းချက် ဖြစ်နေတတ်ပါတယ်။

ကိုယ့်ကို အနည်းငယ် စိတ်ဝင်စားမှု ရှိနေတာမျိုးနဲ့ ကိုယ်ကြိုက်နေတဲ့ ကောင်လေးရှေ့မှာ ဆံပင်တွေကို မသိမသာကိုင်ပြီး ဆော့နေတာမျိုး၊ ဆံပင်တွေကို ပုံစံ ချတဲ့အနေနဲ့ ပြုလုပ်တာမျိုးဆိုရင် ကောင်လေးတွေက စိတ်လှုပ်ရှားသွားစေနိုင်ပါတယ်။

လှလှလေးပြုံးပြီး ဆံပင်တွေကို ကစားနေရင် ပိုလို့တောင် သူတို့က သင့်ကို စိတ်ထဲကနေ သဘောကျမိသွားစေနိုင်ပါသေးတယ်။

အနံ့

လူတစ်ယောက်ကို တစ်ယောက် အမှတ်ရဖို့က အနံ့က ထိပ်ဆုံးမှာ ပါဝင်နေပါတယ်။ ကိုယ်သင်းရနံ့ဆိုတာ လူတစ်ယောက်မှာ ရှိကို ရှိနေတဲ့ အရာ ဖြစ်ပြီး တစ်ချို့ကတော့ ကိုယ်သင်းရနံ့ကို အမွှေးနံ့ တစ်ခုခု ဖြစ်နေအောင် ပြုလုပ်ထားတတ်ပါတယ်။

ဒါကြောင့် ကိုယ်သုံးနေကျ ရေမွှေးကို သူနဲ့ တွေ့တိုင်း စွတ်တာမျိုးကလည်း ကိုယ့်ကို သူ့စိတ်ထဲ စွဲနေစေမိမယ့် အချက်ပဲ ဖြစ်ပါတယ်။

ပြီးပြည့်စုံမှု

ကောင်လေးတွေဆိုတာ အလှကြိုက်တယ်ဆိုတာကို တော်တော်များများ သိပြီးသားပါ။ ဒါကြောင့် ကျော့ရှင်းလှပနေတဲ့ မိန်းကလေးမျိုးဆိုရင် ကောင်လေးတွေက မကြည့်ဘဲ မနေနိုင်တတ်ကြပါဘူး။

ဒါကြောင့် သန့်ရှင်း လန်းဆန်းပြီး လှပနေတဲ့ အပြင် အပြုအမူတွေပါ သိမ်မွေ့တယ်ဆိုရင် ကောင်လေးတွေက စိတ်ဝင်စားမှုက အပြည့်ရှိနေတတ်ပါတယ်။

Kham