ၾကားသိရသမွ်

စစ်အာဏာရှင်က ခြေမွလိုက်သော မြို့ပြအင်ဂျင်နီယာ အိပ်မက် အပြည့်အစုံကြည့်ရန်ပုံကိုနှိပ်ပါ

စစ္အာဏာရွင္က ေျခမြလိုက္ေသာ ၿမိဳ႕ျပအင္ဂ်င္နီယာ အိပ္မက္

ဗုံးဒဏ္ေၾကာင့္ ညာလက္ျပတ္သြားခ်ိန္ လမ္းေပၚတြင္ပင္ ျပင္းျပင္းထန္ထန္ ႏွိပ္စက္ခံရသည့္ မေကြးမွ ၂၂ ႏွစ္ အ႐ြယ္ ၿမိဳ႕ျပအင္ဂ်င္နီယာေက်ာင္းသား ကိုလွ်ံၿဖိဳးေအာင္သည္ ဆူပူေအာင္လႈံ႕ေဆာ္မႈျဖင့္လည္း အမႈဖြင့္ခံထားရသည္။မေကြးၿမိဳ႕၏ နံနက္ခင္းတစ္ခုတြင္ စစ္ေကာင္စီအၾကမ္းဖက္တပ္သည္ အသက္ ၂၂ ႏွစ္အ႐ြယ္ ကိုလွ်ံၿဖိဳးေအာင္၏ ၿမိဳ႕ျပအင္ဂ်င္နီယာအိပ္မက္ကို နင္းေခ် ဖ်က္ဆီးလိုက္သည္။

နံနက္ ၆ နာရီေက်ာ္စတြင္ မေကြးၿမိဳ႕ေပၚရွိ ေအာင္ေမတၱာအဝိုင္း၌ စုေဝးေနသည့္ ဆႏၵျပ ျပည္သူမ်ားကို အဘက္ဘက္မွ ဝိုင္းဝန္းပိတ္ဆို႔ကာ အသံဗုံး၊ မ်က္ရည္ယိုဗုံးမ်ားျဖင့္ စတင္ၿဖိဳခြဲသည္။ဆႏၵျပသူမ်ားက ပစ္ခတ္မႈမရွိေသးသည့္ ရပ္ကြက္မ်ားဘက္သို႔ ဝင္ေျပးၾကသည္။ ကိုလွ်ံၿဖိဳးေအာင္လည္း ရပ္ကြက္တစ္ခုအတြင္းသို႔ ေျပးဝင္စဥ္ သူ႔အနားတြင္ ေပါက္ကြဲမႈတစ္ခုျဖစ္ပြားၿပီး သူလည္း လဲက်သြားသည္။

လက္နက္ကိုင္အၾကမ္းဖက္တပ္သားမ်ား သူ႔အနား ခ်က္ခ်င္းေရာက္လာၿပီး တစ္ေယာက္က လက္ေျမႇာက္ခိုင္းသည္။ သူ လက္ေထာင္လိုက္သည့္အခါ ညာလက္မွာ ေသြးခ်င္းခ်င္းရဲကာ စီးက်ေနသည္။ ဗုံးဒဏ္ေၾကာင့္ လက္ဖဝါးမွာ ထက္ျခမ္းကြဲေနသည္။လက္ေျမႇာက္ခိုင္းေသာ တပ္သားက ႏိုင္ငံေတာ္၏အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ကို ရည္ၫႊန္း၍ “မင္းတို႔ အေမကို ေခၚဦးေလ” ဟု ေအာ္ဟစ္ကာ ေသနတ္ျဖင့္ ပစ္လိုက္သည္။

ထက္ျခမ္းကြဲသြားေသာ ကိုလွ်ံၿဖိဳးေအာင္၏ လက္ဖဝါးမွာ ထိုပစ္ခ်က္ေၾကာင့္ ေျမျပင္သို႔ လုံးဝျပတ္က်သြားေတာ့သည္ဟု အခင္းျဖစ္ရပ္ႏွင့္ ကိုက္ ၃၀၀ ခန႔္ အကြာတြင္ ရွိေနသည္ဟုဆိုေသာ ဆႏၵျပလူငယ္တစ္ဦးက Myanmar Now ကို ေျပာျပသည္။“ဒူးေထာက္ခိုင္းတဲ့အခ်ိန္မွာ ခုနက ျဖစ္သြားတဲ့ လက္ကို ေသနတ္နဲ႔ အနီးကပ္ ထပ္ထုတယ္၊ ပစ္တာေပါ့။ အဲဒီမွာတင္ လက္က ျပဳတ္က်တယ္” ဟု အဆိုပါ လူငယ္က ေျပာသည္။

ဝူးဝူးဝါးဝါး ေအာ္ဟစ္ဆဲဆိုေနသာ ေနာက္ထပ္ တပ္သားတစ္ဦးက ဘယ္လက္ကို ရာဘာက်ည္ျဖင့္ သုံးခ်က္ခန႔္ ဆက္ပစ္ခတ္သည္၊ ထို႔ေနာက္ လဲက်သြားသည့္ ကိုလွ်ံၿဖိဳးေအာင္၏ မ်က္ႏွာကို စစ္ဖိနပ္ျဖင့္ ကန္ေက်ာက္ၾကသည္ဟု မ်က္ျမင္ေတြ႕ရွိရသူက ေျပာသည္။ထိုအခ်ိန္တြင္ ထင္မွတ္မထားသည့္ ျဖစ္ရပ္ေပၚေပါက္လာသည္။ ေျပးေနရသည့္ လူအုပ္ထဲမွ ၁၅ ဦးခန႔္က ပစ္မွတ္ထားခံေနရေသာ ကိုလွ်ံၿဖိဳးေအာင္၏ ခႏၶာကိုယ္ေပၚမွ အုပ္မိုးၿပီး ကာကြယ္ေပးၾကသည္။ ထိုသို႔ ကာကြယ္ေပးသျဖင့္ လည္ပင္းႏွင့္ ရင္ဘတ္၊ ဗိုက္တို႔တြင္ ဒဏ္ရာ မရရွိခဲ့ေပ။ ထိုသို႔ အကာအကြယ္ေပးသူတို႔မွာလည္း အဖမ္းခံရသည္ဟု သိရသည္။

“သူ႔ကို မ်က္ႏွာေရာ၊ ေျခေထာက္ေတြေရာ ရစရာမရွိေအာင္ လုပ္ေနတဲ့အခ်ိန္မွာ လူေတြက သူ႔ရဲ႕ ခႏၶာကိုယ္ ရင္ဘတ္ေပၚကို အုပ္လိုက္တဲ့အတြက္ေၾကာင့္ လြတ္သြားတဲ့ ေျခေထာက္ကို ထပ္ပစ္တာ။ မလုပ္ပါနဲ႔ေတာ့ဆိုၿပီး ဗိုက္ကို အုပ္ေပးတဲ့သူက ေခါင္းကြဲသြားတယ္။ ေသနတ္ဒင္နဲ႔ထုလို႔”ဟု ၎က ဆိုသည္။ အသက္ ၂၀ အ႐ြယ္ ကိုေစာမင္းထက္ဆိုသူ ေခါင္းကြဲၿပီး ၈ ခ်က္ ခ်ဳပ္လိုက္ရသည္ဟု ၎က ေျပာသည္။

ကိုလွ်ံၿဖိဳးေအာင္ကို ကာေပးသူမ်ားတြင္ အမ်ိဳးသမီးတစ္ဦးပါဝင္ေၾကာင္း၊ ဆႏၵျပသူတို႔ အနားေရာက္လာစဥ္ ထိုအမ်ိဳးသမီးလည္း လက္သုံးေခ်ာင္းေထာင္ၿပီး ေႂကြးေၾကာ္သံ႐ြတ္သူျဖစ္သည္ဟု သိရေၾကာင္း ၎က ေျပာသည္။ထို႔ေန႔ မတ္ ၂၇၊၊ ဖက္ဆစ္ေတာ္လွန္ေရးေန႔တြင္ မေကြးၿမိဳ႕ေပၚရွိ ဆႏၵျပသူ ၃၇ ဦး အဖမ္းခံရၿပီး ၈ ဦး ထက္မနည္း ဒဏ္ရာရသြားၾကသည္။ ဒဏ္ရာမျပင္းထန္သူမ်ားကို ပုဒ္မ ၅၀၅ (က) ျဖင့္ ခ်က္ခ်င္းအမႈဖြင့္ကာ အခ်ဳပ္ထဲ ထည့္ထားသည္။

စစ္ေဆး႐ုံတြင္ ကုသမႈခံယူေနရေသာ ကိုလွ်ံၿဖိဳးေအာင္သည္ ညာဘက္ လက္ေကာက္ဝတ္အထက္နားမွ ျဖတ္ထုတ္လိုက္ရသည္။ ဘယ္လက္မွာ ရာဘာက်ည္အနီးကပ္ထိသည့္ ဒဏ္ရာမ်ားေၾကာင့္ မလႈပ္ႏိုင္ေတာ့ေပ။ စစ္ဖိနပ္ဝတ္ထားသူတို႔၏ ကန္ခ်က္မ်ားေၾကာင့္ သြားမ်ား ေၾကမြ ပဲ့ေႂကြသြားသလို မ်က္ႏွာဘယ္ဘက္ျခမ္းရွိ အက္ကြဲဒဏ္ရာကို ခ်ဳပ္ထားရသည္။ ရာဘာက်ည္ ၈ ခ်က္ အနီးကပ္ထိမွန္ေသာေၾကာင့္ ဘယ္ဘက္ေပါင္ႏွင့္ ေျခသလုံးမွာလည္း ျဖတ္ရလုမတတ္ျဖစ္ခဲ့ၿပီး ညာဘက္ေပါင္မွာ ရာဘာက်ည္ ႏွစ္ခ်က္ထိမွန္ထားသည္ဟု နီးစပ္သူ သူငယ္ခ်င္းတစ္ဦးက ေျပာသည္။

ယမ္းစထိမွန္ထားသည္ဟုဆိုေသာ ညာဘက္မ်က္လုံးဒဏ္ရာကို စစ္ေဆး႐ုံတြင္ ကုသ၍ မရႏိုင္ေပ။ အရပ္ဘက္ေဆး႐ုံမ်ားသို႔ သြားေရာက္ကုသရန္ ခြင့္ျပဳခ်က္မရရွိေသးသလို ျပင္ပရွိ မ်က္စိအထူးကုဆရာဝန္မ်ားမွာလည္း CDM ျပဳလုပ္ထားသူမ်ား၍ တပ္ေဆး႐ုံသို႔ လာေရာက္ကုသရန္ မျဖစ္ႏိုင္၍ (ဧၿပီ ၄ ရက္ထိ) အခက္အခဲေတြ႕ေနေၾကာင္း အဆိုပါ သူငယ္ခ်င္းက ေျပာသည္။

လက္နက္မဲ့ ဆႏၵျပေက်ာင္းသားတစ္ဦး၏ဘဝကို အၫြန႔္တုန္းေအာင္ ခ်ိဳးႏွိမ္လိုက္ေသာ အာဏာသိမ္းစစ္ေကာင္စီသည္ ထိုမွ်ျဖင့္ မေက်နပ္ေသးဘဲ ကိုလွ်ံၿဖိဳးေအာင္ကို ေထာင္သုံးႏွစ္ထိ ခ်မွတ္ႏိုင္ေသာ ဆူပူေအာင္လႈံ႕ေဆာ္မႈ ပုဒ္မ ၅၀၅ (က) ျဖင့္ အမႈဖြင့္ထားသည္။ ေဆး႐ုံတက္ေနရေသာ ကိုလွ်ံၿဖိဳးေအာင္သည္ လႏွင့္ခ်ီ ေဆးကုသမႈခံရယူရမည္ျဖစ္ၿပီး ခႏၶာကိုယ္အႏွံ႔အျပားရွိ ဒဏ္ရာမ်ားကို ၅ ႀကိမ္ထက္မနည္း ထပ္မံခြဲစိတ္ရဖြယ္ရွိသည္ဟု နီးစပ္သူ သူငယ္ခ်င္းတစ္ဦးထံမွ သိရသည္။

ဆႏၵျပသူတစ္ဦးကို ဤအေျခအေနအထိေရာက္ေအာင္ ျပဳမူမႈႏွင့္ ပတ္သက္ၿပီး စစ္ေကာင္စီေျပာခြင့္ရသူကို ေမးျမန္းရန္ ႀကိဳးစားေသာ္လည္း ဆက္သြယ္၍ မရေသးေပ။ဗိသုကာပညာရွင္ျဖစ္ရန္အထိ ရည္မွန္းခ်က္ထားေသာ ၿမိဳ႕ျပအင္ဂ်င္နီယာ တတိယႏွစ္ေက်ာင္းသား ကိုလွ်ံၿဖိဳးေအာင္မွာ ကြန္ပ်ဳတာ၊ ခဲတံကိုင္၍ ပုံဆြဲရန္ ခက္ခဲသြားၿပီျဖစ္သည္။

ကိုလွ်ံၿဖိဳးေအာင္၏ ဖခင္ျဖစ္သူက ၎၏ ဟိန္းထက္အမည္ရွိ Facebook အေကာင့္တြင္ “ေမေမ ေဖေဖ ႏွင့္ ဓမၼဘက္ေတာ္သားမ်ားက သားငယ္အၿမဲလွေနပါတယ္တဲ့။ သားငယ္ေနေကာင္းဖို႔ေတာ့ အခ်ိန္ေပးရအုံးမယ္။ ၿပီးသြားရင္ အခ်ဳပ္ထဲ ေထာင္ထဲ ဆက္ပို႔ၾကရင္ သားငယ္ အားငယ္ေနေတာ့မယ္” ဟု မတ္ ၂၉ တြင္ ေရးသားထားသည္ကို ေတြ႕ရသည္။

၎က “သားငယ္သတိရေတာ့ ေမးတယ္” ဟု အစခ်ီ၍ “သားမွာ ညာလက္မရွိေတာ့ ဘယ္လို ပုံေတြဆြဲမလဲ၊ စာၾကည့္ေတာ့ ဘယ္ဘက္မ်က္လုံးတစ္လုံးတည္းနဲ႔ ဘယ္လိုၾကည့္လို႔မွ အားမရေတာ့ဘူး။ ေရွ႕သြားေတြမရွိေတာ့ စာေတြ ဘယ္လို အသံေတြ ထြက္ေနမလဲ၊ လက္တစ္ဖက္ကမရွိ လက္တစ္ဖက္က မလႈပ္ႏိုင္နဲ႔ ဖုန္းဘယ္လိုကိုင္ရမလဲ၊ ေမေမက အျမတ္တႏိုးေပးတဲ့ ေမြးေန႔လက္ေဆာင္ အေခါက္လက္စြပ္ကေလးက ေၾကမြသြားတဲ့ လက္နဲ႔အတူရွိေနေတာ့ ျပန္ရမွာပါတဲ့၊ သားငယ္ရဲ႕ ညာဖက္နားက ေသခ်ာမၾကားရေတာ့လို႔ ဘယ္ဖက္နားနဲ႔ နားေထာင္ေနရတယ္တဲ့၊၊ သားမွာ ကိုယ္လက္အဂၤါမျပည့္စုံေတာ့လို႔ သူငယ္ခ်င္းေတြက အရင္လို ခ်စ္ခင္ၾကပါဦးမလားတဲ့” ဟု ၿမိဳ႕ျပအင္ဂ်င္နီယာ တတိယႏွစ္ေက်ာင္းသား ကိုလွ်ံၿဖိဳးေအာင္၏ ဖခင္က ေရးသားထားျခင္း ျဖစ္သည္။

Myanmar Now က ပိုမိုသိရွိႏိုင္ရန္ မိသားစုထံ ဆက္သြယ္ေမးျမန္းေသာ္လည္း သတင္းဌာနမ်ားသို႔ ေျဖၾကားရန္ အေျခအေနမေပးေသးဟု အေၾကာင္းျပန္သည္။ စစ္ေကာင္စီတပ္ဖြဲ႕က အၾကမ္းဖက္ပစ္ခတ္ႏွိပ္စက္မႈမ်ားတြင္ ဧၿပီ ၄ ရက္ေန႔က မႏၲေလးၿမိဳ႕မွ လူငယ္တစ္ဦးလက္တြင္ ထိုးထားေသာ ေဒၚေအာင္ဆန္းစုၾကည္ပုံႏွင့္ ေႏြဦးေတာ္လွန္ေရးစာသား ေဆးမင္ေၾကာင္ကို ကားတာယာကို မီးၿမိဳက္ ဖ်က္ဆီးျခင္းလည္း ပါဝင္သည္။

ကိုလ်ံၿဖိဳးေအာင္ပစ္ခတ္ခံရသည့္ မတ္ ၂၇ ဖက္ဆစ္ေတာ္လွန္ေရးေန႔တြင္ စစ္ေကာင္စီအၾကမ္းဖက္ လက္မ႐ြံ႕တပ္ဖြဲ႕က တစ္ႏိုင္ငံလုံးအႏွံ႔ ျပည္သူ ၁၀၀ ေက်ာ္ကို ပစ္သတ္ခဲ့သည္။ ထိုအထဲတြင္ ကေလး ၁၂ ဦး ပါဝင္သည္။ ပစ္ခတ္မႈေၾကာင့္ တစ္ႏွစ္ေက်ာ္ ကေလးတစ္ဦးလည္း မ်က္စိတစ္လုံး ဆုံးရႈံးခဲ့သည္။ ထိုေန႔တြင္ စစ္ေကာင္စီက ၎တို႔ကို ေတာ္လွန္သူမ်ားကိုသာမက ရပ္ကြက္ေနျပည္သူမ်ားႏွင့္ ကေလးသူငယ္မ်ားကိုပါ ပစ္ခတ္ခဲ့ျခင္း ျဖစ္သည္။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ေဖေဖာ္ဝါရီ ၁ ရက္မွ စ၍ ဧၿပီ ၆ ရက္ထိ ရက္ေပါင္း ၆၄ ရက္အတြင္း ျပည္သူ ၅၇၀ ဦးေက်ာ္ သတ္ျဖတ္ခဲ့သည္။ လူ ၂၇၀၀ ေက်ာ္မွာ ခ်ဳပ္ေႏွာင္ခံထားရဆဲျဖစ္ေၾကာင္း ႏိုင္ငံေရးအက်ဥ္သားမ်ားကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) က ထုတ္ျပန္ထားသည္။Myanmar Now မွကူးယူေဖာ္ျပပါသည္။

ယုတ္မာအၾကမ္းဖက္ရက္စက္ေသာ စစ္အာဏာရွင္ႏွင့္ကြၽန္မ်ား တူေသာအက်ိဳးခံစားရေစဖို႔ အေရးေတာ္ပုံေအာင္ကိုေအာင္ဖို႔လိုပါတယ္။

အေရးေတာ္ပုံေအာင္ရမည္။ MandalayEngineersGroup

စစ်အာဏာရှင်က ခြေမွလိုက်သော မြို့ပြအင်ဂျင်နီယာ အိပ်မက်

ဗုံးဒဏ်ကြောင့် ညာလက်ပြတ်သွားချိန် လမ်းပေါ်တွင်ပင် ပြင်းပြင်းထန်ထန် နှိပ်စက်ခံရသည့် မကွေးမှ ၂၂ နှစ် အရွယ် မြို့ပြအင်ဂျင်နီယာကျောင်းသား ကိုလျှံဖြိုးအောင်သည် ဆူပူအောင်လှုံ့ဆော်မှုဖြင့်လည်း အမှုဖွင့်ခံထားရသည်။မကွေးမြို့၏ နံနက်ခင်းတစ်ခုတွင် စစ်ကောင်စီအကြမ်းဖက်တပ်သည် အသက် ၂၂ နှစ်အရွယ် ကိုလျှံဖြိုးအောင်၏ မြို့ပြအင်ဂျင်နီယာအိပ်မက်ကို နင်းချေ ဖျက်ဆီးလိုက်သည်။

နံနက် ၆ နာရီကျော်စတွင် မကွေးမြို့ပေါ်ရှိ အောင်မေတ္တာအဝိုင်း၌ စုဝေးနေသည့် ဆန္ဒပြ ပြည်သူများကို အဘက်ဘက်မှ ဝိုင်းဝန်းပိတ်ဆို့ကာ အသံဗုံး၊ မျက်ရည်ယိုဗုံးများဖြင့် စတင်ဖြိုခွဲသည်။ဆန္ဒပြသူများက ပစ်ခတ်မှုမရှိသေးသည့် ရပ်ကွက်များဘက်သို့ ဝင်ပြေးကြသည်။ ကိုလျှံဖြိုးအောင်လည်း ရပ်ကွက်တစ်ခုအတွင်းသို့ ပြေးဝင်စဉ် သူ့အနားတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားပြီး သူလည်း လဲကျသွားသည်။

လက်နက်ကိုင်အကြမ်းဖက်တပ်သားများ သူ့အနား ချက်ချင်းရောက်လာပြီး တစ်ယောက်က လက်မြှောက်ခိုင်းသည်။ သူ လက်ထောင်လိုက်သည့်အခါ ညာလက်မှာ သွေးချင်းချင်းရဲကာ စီးကျနေသည်။ ဗုံးဒဏ်ကြောင့် လက်ဖဝါးမှာ ထက်ခြမ်းကွဲနေသည်။လက်မြှောက်ခိုင်းသော တပ်သားက နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်း၍ “မင်းတို့ အမေကို ခေါ်ဦးလေ” ဟု အော်ဟစ်ကာ သေနတ်ဖြင့် ပစ်လိုက်သည်။

ထက်ခြမ်းကွဲသွားသော ကိုလျှံဖြိုးအောင်၏ လက်ဖဝါးမှာ ထိုပစ်ချက်ကြောင့် မြေပြင်သို့ လုံးဝပြတ်ကျသွားတော့သည်ဟု အခင်းဖြစ်ရပ်နှင့် ကိုက် ၃၀၀ ခန့် အကွာတွင် ရှိနေသည်ဟုဆိုသော ဆန္ဒပြလူငယ်တစ်ဦးက Myanmar Now ကို ပြောပြသည်။“ဒူးထောက်ခိုင်းတဲ့အချိန်မှာ ခုနက ဖြစ်သွားတဲ့ လက်ကို သေနတ်နဲ့ အနီးကပ် ထပ်ထုတယ်၊ ပစ်တာပေါ့။ အဲဒီမှာတင် လက်က ပြုတ်ကျတယ်” ဟု အဆိုပါ လူငယ်က ပြောသည်။

ဝူးဝူးဝါးဝါး အော်ဟစ်ဆဲဆိုနေသာ နောက်ထပ် တပ်သားတစ်ဦးက ဘယ်လက်ကို ရာဘာကျည်ဖြင့် သုံးချက်ခန့် ဆက်ပစ်ခတ်သည်၊ ထို့နောက် လဲကျသွားသည့် ကိုလျှံဖြိုးအောင်၏ မျက်နှာကို စစ်ဖိနပ်ဖြင့် ကန်ကျောက်ကြသည်ဟု မျက်မြင်တွေ့ရှိရသူက ပြောသည်။ထိုအချိန်တွင် ထင်မှတ်မထားသည့် ဖြစ်ရပ်ပေါ်ပေါက်လာသည်။ ပြေးနေရသည့် လူအုပ်ထဲမှ ၁၅ ဦးခန့်က ပစ်မှတ်ထားခံနေရသော ကိုလျှံဖြိုးအောင်၏ ခန္ဓာကိုယ်ပေါ်မှ အုပ်မိုးပြီး ကာကွယ်ပေးကြသည်။ ထိုသို့ ကာကွယ်ပေးသဖြင့် လည်ပင်းနှင့် ရင်ဘတ်၊ ဗိုက်တို့တွင် ဒဏ်ရာ မရရှိခဲ့ပေ။ ထိုသို့ အကာအကွယ်ပေးသူတို့မှာလည်း အဖမ်းခံရသည်ဟု သိရသည်။

“သူ့ကို မျက်နှာရော၊ ခြေထောက်တွေရော ရစရာမရှိအောင် လုပ်နေတဲ့အချိန်မှာ လူတွေက သူ့ရဲ့ ခန္ဓာကိုယ် ရင်ဘတ်ပေါ်ကို အုပ်လိုက်တဲ့အတွက်ကြောင့် လွတ်သွားတဲ့ ခြေထောက်ကို ထပ်ပစ်တာ။ မလုပ်ပါနဲ့တော့ဆိုပြီး ဗိုက်ကို အုပ်ပေးတဲ့သူက ခေါင်းကွဲသွားတယ်။ သေနတ်ဒင်နဲ့ထုလို့”ဟု ၎င်းက ဆိုသည်။ အသက် ၂၀ အရွယ် ကိုစောမင်းထက်ဆိုသူ ခေါင်းကွဲပြီး ၈ ချက် ချုပ်လိုက်ရသည်ဟု ၎င်းက ပြောသည်။

ကိုလျှံဖြိုးအောင်ကို ကာပေးသူများတွင် အမျိုးသမီးတစ်ဦးပါဝင်ကြောင်း၊ ဆန္ဒပြသူတို့ အနားရောက်လာစဉ် ထိုအမျိုးသမီးလည်း လက်သုံးချောင်းထောင်ပြီး ကြွေးကြော်သံရွတ်သူဖြစ်သည်ဟု သိရကြောင်း ၎င်းက ပြောသည်။ထို့နေ့ မတ် ၂၇၊၊ ဖက်ဆစ်တော်လှန်ရေးနေ့တွင် မကွေးမြို့ပေါ်ရှိ ဆန္ဒပြသူ ၃၇ ဦး အဖမ်းခံရပြီး ၈ ဦး ထက်မနည်း ဒဏ်ရာရသွားကြသည်။ ဒဏ်ရာမပြင်းထန်သူများကို ပုဒ်မ ၅၀၅ (က) ဖြင့် ချက်ချင်းအမှုဖွင့်ကာ အချုပ်ထဲ ထည့်ထားသည်။

စစ်ဆေးရုံတွင် ကုသမှုခံယူနေရသော ကိုလျှံဖြိုးအောင်သည် ညာဘက် လက်ကောက်ဝတ်အထက်နားမှ ဖြတ်ထုတ်လိုက်ရသည်။ ဘယ်လက်မှာ ရာဘာကျည်အနီးကပ်ထိသည့် ဒဏ်ရာများကြောင့် မလှုပ်နိုင်တော့ပေ။ စစ်ဖိနပ်ဝတ်ထားသူတို့၏ ကန်ချက်များကြောင့် သွားများ ကြေမွ ပဲ့ကြွေသွားသလို မျက်နှာဘယ်ဘက်ခြမ်းရှိ အက်ကွဲဒဏ်ရာကို ချုပ်ထားရသည်။ ရာဘာကျည် ၈ ချက် အနီးကပ်ထိမှန်သောကြောင့် ဘယ်ဘက်ပေါင်နှင့် ခြေသလုံးမှာလည်း ဖြတ်ရလုမတတ်ဖြစ်ခဲ့ပြီး ညာဘက်ပေါင်မှာ ရာဘာကျည် နှစ်ချက်ထိမှန်ထားသည်ဟု နီးစပ်သူ သူငယ်ချင်းတစ်ဦးက ပြောသည်။

ယမ်းစထိမှန်ထားသည်ဟုဆိုသော ညာဘက်မျက်လုံးဒဏ်ရာကို စစ်ဆေးရုံတွင် ကုသ၍ မရနိုင်ပေ။ အရပ်ဘက်ဆေးရုံများသို့ သွားရောက်ကုသရန် ခွင့်ပြုချက်မရရှိသေးသလို ပြင်ပရှိ မျက်စိအထူးကုဆရာဝန်များမှာလည်း CDM ပြုလုပ်ထားသူများ၍ တပ်ဆေးရုံသို့ လာရောက်ကုသရန် မဖြစ်နိုင်၍ (ဧပြီ ၄ ရက်ထိ) အခက်အခဲတွေ့နေကြောင်း အဆိုပါ သူငယ်ချင်းက ပြောသည်။

လက်နက်မဲ့ ဆန္ဒပြကျောင်းသားတစ်ဦး၏ဘဝကို အညွန့်တုန်းအောင် ချိုးနှိမ်လိုက်သော အာဏာသိမ်းစစ်ကောင်စီသည် ထိုမျှဖြင့် မကျေနပ်သေးဘဲ ကိုလျှံဖြိုးအောင်ကို ထောင်သုံးနှစ်ထိ ချမှတ်နိုင်သော ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ထားသည်။ ဆေးရုံတက်နေရသော ကိုလျှံဖြိုးအောင်သည် လနှင့်ချီ ဆေးကုသမှုခံရယူရမည်ဖြစ်ပြီး ခန္ဓာကိုယ်အနှံ့အပြားရှိ ဒဏ်ရာများကို ၅ ကြိမ်ထက်မနည်း ထပ်မံခွဲစိတ်ရဖွယ်ရှိသည်ဟု နီးစပ်သူ သူငယ်ချင်းတစ်ဦးထံမှ သိရသည်။

ဆန္ဒပြသူတစ်ဦးကို ဤအခြေအနေအထိရောက်အောင် ပြုမူမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူကို မေးမြန်းရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရသေးပေ။ဗိသုကာပညာရှင်ဖြစ်ရန်အထိ ရည်မှန်းချက်ထားသော မြို့ပြအင်ဂျင်နီယာ တတိယနှစ်ကျောင်းသား ကိုလျှံဖြိုးအောင်မှာ ကွန်ပျုတာ၊ ခဲတံကိုင်၍ ပုံဆွဲရန် ခက်ခဲသွားပြီဖြစ်သည်။

ကိုလျှံဖြိုးအောင်၏ ဖခင်ဖြစ်သူက ၎င်း၏ ဟိန်းထက်အမည်ရှိ Facebook အကောင့်တွင် “မေမေ ဖေဖေ နှင့် ဓမ္မဘက်တော်သားများက သားငယ်အမြဲလှနေပါတယ်တဲ့။ သားငယ်နေကောင်းဖို့တော့ အချိန်ပေးရအုံးမယ်။ ပြီးသွားရင် အချုပ်ထဲ ထောင်ထဲ ဆက်ပို့ကြရင် သားငယ် အားငယ်နေတော့မယ်” ဟု မတ် ၂၉ တွင် ရေးသားထားသည်ကို တွေ့ရသည်။

၎င်းက “သားငယ်သတိရတော့ မေးတယ်” ဟု အစချီ၍ “သားမှာ ညာလက်မရှိတော့ ဘယ်လို ပုံတွေဆွဲမလဲ၊ စာကြည့်တော့ ဘယ်ဘက်မျက်လုံးတစ်လုံးတည်းနဲ့ ဘယ်လိုကြည့်လို့မှ အားမရတော့ဘူး။ ရှေ့သွားတွေမရှိတော့ စာတွေ ဘယ်လို အသံတွေ ထွက်နေမလဲ၊ လက်တစ်ဖက်ကမရှိ လက်တစ်ဖက်က မလှုပ်နိုင်နဲ့ ဖုန်းဘယ်လိုကိုင်ရမလဲ၊ မေမေက အမြတ်တနိုးပေးတဲ့ မွေးနေ့လက်ဆောင် အခေါက်လက်စွပ်ကလေးက ကြေမွသွားတဲ့ လက်နဲ့အတူရှိနေတော့ ပြန်ရမှာပါတဲ့၊ သားငယ်ရဲ့ ညာဖက်နားက သေချာမကြားရတော့လို့ ဘယ်ဖက်နားနဲ့ နားထောင်နေရတယ်တဲ့၊၊ သားမှာ ကိုယ်လက်အင်္ဂါမပြည့်စုံတော့လို့ သူငယ်ချင်းတွေက အရင်လို ချစ်ခင်ကြပါဦးမလားတဲ့” ဟု မြို့ပြအင်ဂျင်နီယာ တတိယနှစ်ကျောင်းသား ကိုလျှံဖြိုးအောင်၏ ဖခင်က ရေးသားထားခြင်း ဖြစ်သည်။

Myanmar Now က ပိုမိုသိရှိနိုင်ရန် မိသားစုထံ ဆက်သွယ်မေးမြန်းသော်လည်း သတင်းဌာနများသို့ ဖြေကြားရန် အခြေအနေမပေးသေးဟု အကြောင်းပြန်သည်။ စစ်ကောင်စီတပ်ဖွဲ့က အကြမ်းဖက်ပစ်ခတ်နှိပ်စက်မှုများတွင် ဧပြီ ၄ ရက်နေ့က မန္တလေးမြို့မှ လူငယ်တစ်ဦးလက်တွင် ထိုးထားသော ဒေါ်အောင်ဆန်းစုကြည်ပုံနှင့် နွေဦးတော်လှန်ရေးစာသား ဆေးမင်ကြောင်ကို ကားတာယာကို မီးမြိုက် ဖျက်ဆီးခြင်းလည်း ပါဝင်သည်။

ကိုလျံဖြိုးအောင်ပစ်ခတ်ခံရသည့် မတ် ၂၇ ဖက်ဆစ်တော်လှန်ရေးနေ့တွင် စစ်ကောင်စီအကြမ်းဖက် လက်မရွံ့တပ်ဖွဲ့က တစ်နိုင်ငံလုံးအနှံ့ ပြည်သူ ၁၀၀ ကျော်ကို ပစ်သတ်ခဲ့သည်။ ထိုအထဲတွင် ကလေး ၁၂ ဦး ပါဝင်သည်။ ပစ်ခတ်မှုကြောင့် တစ်နှစ်ကျော် ကလေးတစ်ဦးလည်း မျက်စိတစ်လုံး ဆုံးရှုံးခဲ့သည်။ ထိုနေ့တွင် စစ်ကောင်စီက ၎င်းတို့ကို တော်လှန်သူများကိုသာမက ရပ်ကွက်နေပြည်သူများနှင့် ကလေးသူငယ်များကိုပါ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၁ ရက်မှ စ၍ ဧပြီ ၆ ရက်ထိ ရက်ပေါင်း ၆၄ ရက်အတွင်း ပြည်သူ ၅၇၀ ဦးကျော် သတ်ဖြတ်ခဲ့သည်။ လူ ၂၇၀၀ ကျော်မှာ ချုပ်နှောင်ခံထားရဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်သားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။Myanmar Now မှကူးယူဖော်ပြပါသည်။

ယုတ်မာအကြမ်းဖက်ရက်စက်သော စစ်အာဏာရှင်နှင့်ကျွန်များ တူသောအကျိုးခံစားရစေဖို့ အရေးတော်ပုံအောင်ကိုအောင်ဖို့လိုပါတယ်။

အရေးတော်ပုံအောင်ရမည်။ MandalayEngineersGroup