နွေမှာအဖြစ်များတဲ့ ရုတ်တရက် ဦးနှောက်သွေးကြောပြတ် သေဆုံးရခြင်း အကြောင်းရင်းများ
လွန်ခဲ့သည့်နှစ်ပိုင်း ဧပြီလအတွင်းက အသက်(၅၀)ကျော် ပုဂ္ဂိုလ်တစ်ဦး ခရီးသွားရင်းကားပေါ်မှ အဆင်းတွင် ရုတ်တရက်လဲကျပြီး သတိမရတော့၊ ဆေးရုံသို့ရောက်သောအခါ ဦးနှောက်သွေးကြောပြတ်ပြီး သေဆုံးသွားရသည်ဟု သိရသည်။ လူအများရှေ့တွင်ပင် ခရီးသွားရင်း အကောင်းပကတိမှ လဲကျသေဆုံး ခြင်းဖြစ်သဖြင့် အထိတ်တလန့်ဖြစ်ကြရသည်။
ဤသို့ပင် ရုတ်တရက် လဲကျသေဆုံးရမှုမျိုးကို မကြာခန တွေ့ကြုံကြားသိရတတ်ပါသည်။ အထိတ် တလန့်လည်း ဖြစ်တတ်ကြသည်။ သံဝေဂလည်း ယူစရာဖြစ်သည်။
“ဟယ်… မနက်ကပဲ တွေ့လိုက်ရတယ် အကောင်းကြီးကို ချက်ချင်းကြီး ရုတ်တရက်ဘယ်လိုဖြစ်ရ တာလဲ ထင်တောင်မထင်မိဘူး၊ နှမြောလိုက်တာ စိတ်မကောင်းလိုက်တာ” စသည်ဖြင့် ပြောဆိုကြသည်။
“ဘယ်လိုဖြစ်တာလဲ… ရုတ်တရက်ကြီး အလုပ်တွေ အများကြီးလုပ်နေတာ သူ့မှာ လုပ်စရာတွေ လည်း အများကြီးကျန်သေးတယ် သူ့ကို အားကိုးနေတဲ့ သူတွေ နောက်မှာ ကျန်ခဲ့တယ်” စသည်… စသည် နှမြောတသ ပြောမဆုံးဖြစ်ကြလေသည်။
လူတစ်ဦးတစ်ယောက် သေဆုံးသွားလျှင် သူ၏ ကောင်းသော ဂုဏ်ပုဒ်များ ပေါ်ထွက်လာတတ်ပြီး နှမြောတသဖြစ်ကြရသည်။ အချို့မှာဆိုလျှင် တိုင်းပြည်အတွက် နိုင်ငံအတွက် အားထားနေတဲ့သူများ ဖြစ်သောကြောင့် လှေလှော်ကောင်းတုန်း တက်ကျိုးသလို ဖြစ်ရလေသည်။
ဤသို့ ရုတ်တရက်ဖြစ်ရသော အကြောင်းများစွာတွင် အပူအအေး ဝိရောဓိကြောင့်ဖြစ်သော အ ကြောင်းရင်းခံမှာ အဓိကဖြစ်သည်။ အပူထဲမှလာပြီး ရုတ်တရက် အအေးထဲသို့ ဝင်ခြင်း။ အအေးထဲမှလာ ပြီး ရုတ်တရက် အပူထဲသို့ရောက်ရှိခြင်း… ဤအကြောင်းခြင်းရာများသည် သာမန်ဟု ထင်ရသော်လည်း တစ်ခါတစ်ရံ အသက်ပေးလိုက်ရတတ်သည်။ ပေါ့ပေါ့ဆဆနေသူများ သတိထားရမည့် အချက်ဖြစ်သည်။
နေချင်သလိုနေ၊ ထိုင်ချင်သလိုထိုင် ဖြစ်ချင်တဲ့သူမှ ဖြစ်တာပါ။ ငါတို့ ဒီလိုပဲ နေလာတာဟု အယူလွဲ နေသူ များစွာရှိသည်။ တစ်ကယ်တော့ မဖြစ်သေးလျှင် မဖြစ်။ ဖြစ်လာလျှင် ကယ်ချိန်မရလိုက်သည့် အရာ များ ရှိနေတတ်သည်။ အသက်နှင့်လည်းဆိုင်သည်။ နေရာဒေသနှင့်လည်းဆိုင်သည်။ ရာသီဥတုနှင့်လည်း ဆိုင်သည်။ တိုက်ဆိုင်သွားလျှင် အကြောင်းသည် အကျိုးဖြစ်လာတတ်သည်။
အပူအအေးဝိရောဓိကို အနောက်တိုင်ဆေးပညာ အမြင်ဖြင့် Heat Stroke ဟုလည်း ယူဆနိုင် သည်။ Heat Stroke ၏ ဥပမာအချို့ကို ပြောပြလိုပါသည်။စာရေးသူဆရာဖြစ်ကာစ လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ ခန့်က အဖြစ်အပျက်တစ်ခုကို ပုဂံညောင်ဦးသို့ ဘုရားဖူးသွားရင်း ကိုယ်တွေ့ကြုံဖူးပါသည်။ စာရေးသူတို့ ဘုရားဖူးသွားချိန်တွင် သင်္ကြန်ရက်အတွင်းဖြစ် သ ဖြင့် အပူချိန်လွန်ကဲနေသည်။ ဧပြီလ၏အပူချိန်မှာ ၁၀၈ ဒီဂရီအထိရှိနေသည်။ စာရေးသူတို့မှာနောက် ထိုင် ခုံတက်ထားသော ဟိုက်လပ်ကားဖြစ်သဖြင့် နေပူသော်လည်း လေတိုက်သဖြင့် မျှတသောအပူချိန်ရှိသည်။
စာရေးသူတို့ အာနန္ဒာဘုရား၏ ပြတိုက်အရှေ့သို့ ရောက်သောအခါ Tourist Burma တံဆိပ်တပ် ထားသော အဲယားကွန်းအပြည့်ပါသည့် ဇိမ်ခံဘတ်စကားကြီးတစ်စီး ထိုးဆိုက်လာသည်။ ထိုကားပေါ်မှ ဘောင်းဘီအတိုအရှည် အမျိုးမျိုးဝတ်ဆင်ထားပြီး ကင်မရာများကိုယ်စီ လွယ်ထားကြသည့် နိုင်ငံခြားသား များ ဆင်းလာကြသည်။ ထိုနိုင်ငံခြားသားများထဲမှ အသက် ၇၀ ခန့် အဘိုးအိုတစ်ဦးသည် ပြတိုက်ရှေ့ အရောက်တွင် ရုတ်တရက် ဒူးထောက်၍ လဲကျသွားသည်ကို တွေ့လိုက်ရသည်။ သူ့လက်ထဲတွင် သောက် လက်စရေဘူးလဲ လွတ်ကျသွားသည်ကို တွေ့ရသည်။
နောက်မှ သိရသည်မှာ ထိုနိုင်ငံခြားသားTourist အဘိုးအိုမှာ အဲကွန်းကားထဲမှ ဆင်းလာပြီး ရုတ် တရက် အပူရှပ်ပြီးလဲကျကာ သတိလစ်သွားပြီး ဆေးရုံရောက်သောအခါ ဦးနှောက်သွေးကြောပေါက်ပြီး လေဖြတ်သေဆုံးသွားသည်ဟု သိရသည်။
ဤအဖြစ်အပျက်မှာ သက်ကြီးရွယ်အိုတစ်ဦးတွင် ဖြစ်သည်ကို တွေ့ရခြင်းဖြစ်သော်လည်း နောင် ၁၀ နှစ် ခန့်ကြာသောအခါ စာရေးသူ ထပ်မံတွေ့ကြုံရသည့် အဖြစ်အပျက်တစ်ခုမှာ အရွယ်ကောင်းလူငယ် တစ်ဦးတွင် ဖြစ်သည်။
လွန်ခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင်ဖြစ်မည်ဟု ထင်သည်။ မန္တလေးမြို့တွင် တနင်္ဂနွေနေ့ တိုင်း နံနက်စောစောကျုံးကိုပတ်ပြီး လူထုလမ်းလျှောက်ပွဲများ၊ စက်ဘီးစီးပြိုင်ပွဲများ၊ မီနီမာရသွန်အပြေး ပြိုင်ပွဲများ အပတ်စဉ်ကျင်းပလေ့ရှိသည်။ တစ်ရက်တွင် ကျုံးအရှေ့ဘက်ထိပ်နားတွင် ပန်းဝင်ခါနီး ပြေးလာ သူများကို လမ်းဘေးမှ အားပေးသူများက ရေသန့်ဘူးငယ်များကို အဖုံးဖွင့်ပြီးလက်ထဲသို့ ကမ်းပေးနေသည် ကိုတွေ့ရသည်။ ရေခဲစိမ်ထားသော ရေသန့်ဘူးများဖြစ်သဖြင့် အလွန်အေးစက်နေသည်။ အပြေးသမား အချို့သည် ထိုရေသန့်ဘူးများကို လက်ကမ်းယူပြီး ပြေးရင်းသောက်သွားကြသည်။
အချို့လူငယ်များမှာ သောက်ရုံသာမက ခေါင်းပေါ်ကိုယ်ပေါ်သို့ပါ လောင်းချသည်ကို တွေ့ရသည်။ မန္တလေးမြို့၏ ရာသီဥတုမှာ ဆောင်းတွင်းပင်ဖြစ်သော်လည်း ညတွင်အေးပြီး နံနက်နေထွက်သည်နှင့် ပူလာသည့် သဘောရှိသည်။ အပြေးသမားများပန်းဝင်ချိန်တွင် နေထွက်ပြီး ပူလာပြီဖြစ်သည်။ ၅ မိုင်ခန့် မာရသွန်ပြေးခဲ့ရသဖြင့် ချွေးဒီးဒီး ကျလျှက်ရှိသည်။ ပြေးခဲ့သည့်အရှိန်ကြောင့် ကိုယ်အပူချိန်မှာလည်း တက်နေသည်မှာ သေချာပေါက်ဖြစ် သည်။ ရေသန့်ဘူးကို မော့ချရင်း ပြေးသွားသူ အရပ်ရှည်ရှည်လူငယ်တစ်ဦးမှာ ပန်းဝင်ခါနီးရောက်မှ ရုတ်တ ရက် မှောက်လျှက် လဲကျသွားသည်ကို တွေ့ရသည်။
လူငယ်ပင်ဖြစ်သော်လည်း ကိုယ်အပူချိန်အလွန်တက်နေချိန်တွင် အလွန်အေးသော ရေခဲရေကို မော့သောက်ခြင်းဖြင့် အပူအအေးဝိရောဓိဖြစ်ကာ ဦးနှောက်သွေးကြောပေါက် သေဆုံးရခြင်းဖြစ်သည်။ အသက်ကြီးသူများတွင်သာ သွေးကြောများမာဆတ်ပြီး အက်ကွဲလွယ်သည်ဟု ထင်ခဲ့မိသော်လည်း လတ် ဆတ်သော သွေးကြောများ ပိုင်ရှင်အားကစားသမား လူငယ်တစ်ဦးတွင် ဤသို့ သွေးကြောပေါက်လိမ့်မည် ဟု မထင်မှတ်ခဲ့သည်မှာ မှားသောအယူအဆပင်ဖြစ်ကြောင်း အသိပေးခြင်းဖြစ်သည်။
လွန်ခဲ့သောတစ်နှစ်ကျော်ကလည်း တက်သစ်စ သရုပ်ဆောင်နာမည်ကြီး လူငယ်တစ်ဦးမှာ ဘော လုံးကစားရင်း နားသည့်အချိန်တွင် ရေသန့်ဘူးလား အချိုရည်လားမသိ။ အအေးတစ်ခုခုကို မော့သောက် ရာမှ သတိလစ်လဲကျသွားပြီး ဆေးရုံပို့သော်လည်း သေဆုံးသွားရသည်။
အပူအအေး ဝိရောဓိ သတိပြုစရာ အပူနှင့်အအေး (သီတနှင့် ဥဏှ) နှစ်မျိုးသည် တေဇောဓာတ်ကြောင့် ဖြစ်သည်။ ပူမှုအေးမှုတေ ဇောပြုဟု ဆိုသည်။ ရှေးကမ္ဘာဦးကတည်းက နေမင်း၏အလင်းနှင့် ရောင်ခြည်ကို ကမ္ဘာတစ်ခြမ်းစီက နေ့ ဘက်တွင် တစ်လှည့်စီရရှိကြသည်။ ထိုနေရောင်ခြည်မှရသော တေဇောဓာတ်သည် ကျန်ဓာတ်များဖြစ် သည့် ပထဝီ၊ အာပေါ၊ ဝါယောတို့နှင့် ပေါင်းစပ်ပြီးသည့်အခါမှ ကမ္ဘာပေါ်တွင် သက်ရှိသတ္တဝါများနှင့် ရေ မြေတောတောင် သစ်ပင်များစိုပြေစွာ ပေါက်ဖွားလာသည်ဟု အယူရှိသည်။
ရေသည် အအေးသီတဓာတ်(သီတတေဇော)နှင့် မီးသည် အပူဥဏှဓာတ်(ဥဏှတေဇော)ဓာတ်ဖြစ် သည်။ ထိုနှစ်ခုသည် အတူယှဉ်တွဲ၍ မျှမျှတတ နေထိုင်နေလျှင် အကောင်းဖြစ်သည်။ တစ်ခုခုက ရုတ်တ ရက်ပိုလျှံသွားလျှင် လူကို(သို့မဟုတ်) သက်ရှိအပင်စသည်များကို အပြစ်ပြုတော့သည်။ မထိမ်းသိမ်း မကာ ကွယ်နိုင်လျှင် ကြိုတင်သတိမရှိလျှင် ရုတ်တရက် အသက်သေဆုံးသည်အထိ ဖြစ်နို်င်သည်။
မီးကိုမြင်ရမှပူသည်မဟုတ်။ မီးငြိမ်းသွားပြီးဖြစ်သည့် ပြာပူထဲသို့ ရုတ်တရက် ရေအေးတစ်ခွက် လောင်းချပါက အပူများသည် ပြာပူများကို မှုတ်ထုတ်လျှက် အထက်သို့ ကန်တက်သွားသည်ကို ဥပမာယူပြီး ကြည့်ပါ။ အပူအအေး ရုတ်တရက် ဆုံကြသောအခါ ကိုယ်တွင်းမှအပူသည် အောင်းနေရာမှ ရုတ်တရက် အထက်သို့ ကန်တက်ပြီး ဦးနှောက်သွေးကြောပေါက်သည်အထိ ဖြစ်ရသည်ကို စဉ်းစားတွေးတော ကြည့် နိုင်ရန် တင်ပြရခြင်းဖြစ်ပါသည်။
ဦးနှောက်သွေးကြောပြတ် လေဖြတ်ခြင်းမဖြစ်စေရန်
၁။ အေးသောနေရာမှ ပူသောနေရာသို့ ရုတ်တရက် ဆင်းသက်မည် ပြောင်းရွှေ့မည်ဆိုလျှင် ကိုယ်တွင်း အပူချိန်မျှတစေရန် ထူထဲသော အဝတ်အစားများ ချွတ်ပြစ်ခြင်း၊ သင့်တင့်သော လေဝင်လေထွက် ကောင်း သော ချည်ထည်အဝတ်ကို ပြောင်းလဲဝတ်ဆင်ပါ။
၂။ အအေးထဲမှ သို့မဟုတ် အရိပ်ထဲမှ နေပူထဲသို့ထွက်လျှင် နေပူဒဏ်ခံနို်င်သည့် ထီး၊ ခမောက်၊ ဦးထုပ် စ သည်များ မိုးထားပါ။ ဆောင်းထားပါ။
၃။ နေပူထဲသို့ မဖြစ်မနေ သွားရမည်ဆိုလျှင် အပူထဲရောက်မှ ရေအေးမသောက်ပါနှင့်။ မသွားမီက ကိုယ် တွင်း၌ ရေဓာတ်ပြည့်ဝအောင် ရေသန့်ဘူးတစ်ဘူးခန့်(ရေတစ်လီတာခန့်) ကြိုတင်သောက်ထားပါ။ သောက် သည့်အခါတွင်လည်း ရေခဲရေ မဖြစ်ပါစေနှင့်။ ပုံမှန်အေးသော ရေကိုသာ သောက်သုံးပါ။
၄။ ကိစ္စကြီးငယ်ရှိ၍ ပူပြင်းသောရာသီတွင် အပြင်သွားစရာရှိလျှင် ရေမိုးချိုးပြီး ကိုယ်လက်သန့်စင်ပြီးမှသာ သွားပါ။ ခရီးရောက်မဆိုက် ပြန်ရောက်သောအခါ ခြေလက်သန့်စင်ခြင်း၊ ထိုထက်ပို၍ ရေချိုးခြင်းများ မပြု လုပ်သင့်ပါ။
၅။ ပူပြင်းသောရာသီတွင် တက်နိုင်သမျှ ရေခဲရေ၊ အအေးသောက်ခြင်းကို ရှောင်ကျဉ်ပါ။ သဘာဝရေ၊ မြေ အိုးတွင်ထည့်သောရေ၊ ရေနွေးကြမ်း (သို့မဟုတ်) ရေနွေးကို အအေးခံထားသော ရေကျက်အေးကိုသာ သောက်ပါ။
(ရှေးကလူကြီးများသည် ရာသီဥတုပူပြင်းချိန်တွင် အရိပ်အာဝါသကောင်းသော သစ်ပင်ကြီးများ အရိပ်အောက်တွင် ကွတ်ပျစ်တစ်ခုချပြီး ရေနွေးကရားတစ်လုံးတွင် လက်ဖက်ခြောက်ခပ်၍ သောက်သုံးကြ ပြီးအနီးတွင် ပန်းကန်လုံးငယ်တစ်လုံးဖြင့် ဆားလှော်ကလေး ထည့်ထားလေ့ရှိသည်။ နေ့လည်ထမင်းစားပြီး အနားယူချိန်တွင် ထန်းလျက်ခဲကလေးစား ရေနွေးကြမ်းအဖန်ရည်တွင် လေမချုပ်စေရန် ဆားလှော်ကလေး လက်တစ်ဖျစ်ခန့် ထည့်သောက်လေ့ရှိကြပါသည်။
ရှေးကလူကြီးများသည် ရေနွေးကြမ်းအဖန်ရည်ကို အ လေးထား သောက်သုံးကြသည်။ ယခုခေတ်လူငယ်များကဲ့သို့ ရေခဲရေ၊ အချိုရည်၊ အအေးများသောက်သုံး ခြင်းမရှိပေ။ ပူသောရာသီတွင်အပူနှင့် ဆန့်ကျင်ဘက် ဝိရောဓိဖြစ်သော ရေခဲရေသောက်သုံးခြင်းထက် ရေ နွေး(သို့မဟုတ်) ရေကျက်အေးသောက်သုံးခြင်းက ကျန်းမာရေးနှင့် ကိုက်ညီကြောင်း သတိပေးတင်ပြလိုက် ရပါသည်။
ကြည်လွင်မြင့်(မုဒြာ)
လိပ်စာ
မုဒြာဆေးတိုက်
အမှတ်(၁၃၃/၂၆)၊ ၇၄ လမ်း ၂၈×၂၉ လမ်းကြား
မောက်မယ်ဝင်း၊ စိတ္တရမဟီရပ်၊ ချမ်းအေးသာဇံမြို့နယ်
မန္တလေး။ ဖုန်း 024064499 _ 092064499
ေႏြမွာအျဖစ္မ်ားတဲ့ ႐ုတ္တရက္ ဦးေႏွာက္ေသြးေၾကာျပတ္ ေသဆုံးရျခင္း အေၾကာင္းရင္းမ်ား
လြန္ခဲ့သည့္ႏွစ္ပိုင္း ဧၿပီလအတြင္းက အသက္(၅၀)ေက်ာ္ ပုဂိၢဳလ္တစ္ဦး ခရီးသြားရင္းကားေပၚမွ အဆင္းတြင္ ႐ုတ္တရက္လဲက်ၿပီး သတိမရေတာ့၊ ေဆး႐ုံသို႔ေရာက္ေသာအခါ ဦးေႏွာက္ေသြးေၾကာျပတ္ၿပီး ေသဆုံးသြားရသည္ဟု သိရသည္။ လူအမ်ားေရွ႕တြင္ပင္ ခရီးသြားရင္း အေကာင္းပကတိမွ လဲက်ေသဆုံး ျခင္းျဖစ္သျဖင့္ အထိတ္တလန႔္ျဖစ္ၾကရသည္။
ဤသို႔ပင္ ႐ုတ္တရက္ လဲက်ေသဆုံးရမႈမ်ိဳးကို မၾကာခန ေတြ႕ၾကဳံၾကားသိရတတ္ပါသည္။ အထိတ္ တလန႔္လည္း ျဖစ္တတ္ၾကသည္။ သံေဝဂလည္း ယူစရာျဖစ္သည္။
“ဟယ္… မနက္ကပဲ ေတြ႕လိုက္ရတယ္ အေကာင္းႀကီးကို ခ်က္ခ်င္းႀကီး ႐ုတ္တရက္ဘယ္လိုျဖစ္ရ တာလဲ ထင္ေတာင္မထင္မိဘူး၊ ႏွေျမာလိုက္တာ စိတ္မေကာင္းလိုက္တာ” စသည္ျဖင့္ ေျပာဆိုၾကသည္။
“ဘယ္လိုျဖစ္တာလဲ… ႐ုတ္တရက္ႀကီး အလုပ္ေတြ အမ်ားႀကီးလုပ္ေနတာ သူ႔မွာ လုပ္စရာေတြ လည္း အမ်ားႀကီးက်န္ေသးတယ္ သူ႔ကို အားကိုးေနတဲ့ သူေတြ ေနာက္မွာ က်န္ခဲ့တယ္” စသည္… စသည္ ႏွေျမာတသ ေျပာမဆုံးျဖစ္ၾကေလသည္။
လူတစ္ဦးတစ္ေယာက္ ေသဆုံးသြားလၽွင္ သူ၏ ေကာင္းေသာ ဂုဏ္ပုဒ္မ်ား ေပၚထြက္လာတတ္ၿပီး ႏွေျမာတသျဖစ္ၾကရသည္။ အခ်ိဳ႕မွာဆိုလၽွင္ တိုင္းျပည္အတြက္ နိုင္ငံအတြက္ အားထားေနတဲ့သူမ်ား ျဖစ္ေသာေၾကာင့္ ေလွေလွာ္ေကာင္းတုန္း တက္က်ိဳးသလို ျဖစ္ရေလသည္။
ဤသို႔ ႐ုတ္တရက္ျဖစ္ရေသာ အေၾကာင္းမ်ားစြာတြင္ အပူအေအး ဝိေရာဓိေၾကာင့္ျဖစ္ေသာ အ ေၾကာင္းရင္းခံမွာ အဓိကျဖစ္သည္။ အပူထဲမွလာၿပီး ႐ုတ္တရက္ အေအးထဲသို႔ ဝင္ျခင္း။ အေအးထဲမွလာ ၿပီး ႐ုတ္တရက္ အပူထဲသို႔ေရာက္ရွိျခင္း… ဤအေၾကာင္းျခင္းရာမ်ားသည္ သာမန္ဟု ထင္ရေသာ္လည္း တစ္ခါတစ္ရံ အသက္ေပးလိုက္ရတတ္သည္။ ေပါ့ေပါ့ဆဆေနသူမ်ား သတိထားရမည့္ အခ်က္ျဖစ္သည္။
ေနခ်င္သလိုေန၊ ထိုင္ခ်င္သလိုထိုင္ ျဖစ္ခ်င္တဲ့သူမွ ျဖစ္တာပါ။ ငါတို႔ ဒီလိုပဲ ေနလာတာဟု အယူလြဲ ေနသူ မ်ားစြာရွိသည္။ တစ္ကယ္ေတာ့ မျဖစ္ေသးလၽွင္ မျဖစ္။ ျဖစ္လာလၽွင္ ကယ္ခ်ိန္မရလိုက္သည့္ အရာ မ်ား ရွိေနတတ္သည္။ အသက္ႏွင့္လည္းဆိုင္သည္။ ေနရာေဒသႏွင့္လည္းဆိုင္သည္။ ရာသီဥတုႏွင့္လည္း ဆိုင္သည္။ တိုက္ဆိုင္သြားလၽွင္ အေၾကာင္းသည္ အက်ိဳးျဖစ္လာတတ္သည္။
အပူအေအးဝိေရာဓိကို အေနာက္တိုင္ေဆးပညာ အျမင္ျဖင့္ Heat Stroke ဟုလည္း ယူဆနိုင္ သည္။ Heat Stroke ၏ ဥပမာအခ်ိဳ႕ကို ေျပာျပလိုပါသည္။စာေရးသူဆရာျဖစ္ကာစ လြန္ခဲ့သည့္ႏွစ္ေပါင္း ၃၀ ခန႔္က အျဖစ္အပ်က္တစ္ခုကို ပုဂံေညာင္ဦးသို႔ ဘုရားဖူးသြားရင္း ကိုယ္ေတြ႕ၾကဳံဖူးပါသည္။ စာေရးသူတို႔ ဘုရားဖူးသြားခ်ိန္တြင္ သၾကၤန္ရက္အတြင္းျဖစ္ သ ျဖင့္ အပူခ်ိန္လြန္ကဲေနသည္။ ဧၿပီလ၏အပူခ်ိန္မွာ ၁၀၈ ဒီဂရီအထိရွိေနသည္။ စာေရးသူတို႔မွာေနာက္ ထိုင္ ခုံတက္ထားေသာ ဟိုက္လပ္ကားျဖစ္သျဖင့္ ေနပူေသာ္လည္း ေလတိုက္သျဖင့္ မၽွတေသာအပူခ်ိန္ရွိသည္။
စာေရးသူတို႔ အာနႏၵာဘုရား၏ ျပတိုက္အေရွ႕သို႔ ေရာက္ေသာအခါ Tourist Burma တံဆိပ္တပ္ ထားေသာ အဲယားကြန္းအျပည့္ပါသည့္ ဇိမ္ခံဘတ္စကားႀကီးတစ္စီး ထိုးဆိုက္လာသည္။ ထိုကားေပၚမွ ေဘာင္းဘီအတိုအရွည္ အမ်ိဳးမ်ိဳးဝတ္ဆင္ထားၿပီး ကင္မရာမ်ားကိုယ္စီ လြယ္ထားၾကသည့္ နိုင္ငံျခားသား မ်ား ဆင္းလာၾကသည္။ ထိုနိုင္ငံျခားသားမ်ားထဲမွ အသက္ ၇၀ ခန႔္ အဘိုးအိုတစ္ဦးသည္ ျပတိုက္ေရွ႕ အေရာက္တြင္ ႐ုတ္တရက္ ဒူးေထာက္၍ လဲက်သြားသည္ကို ေတြ႕လိုက္ရသည္။ သူ႔လက္ထဲတြင္ ေသာက္ လက္စေရဘူးလဲ လြတ္က်သြားသည္ကို ေတြ႕ရသည္။
ေနာက္မွ သိရသည္မွာ ထိုနိုင္ငံျခားသားTourist အဘိုးအိုမွာ အဲကြန္းကားထဲမွ ဆင္းလာၿပီး ႐ုတ္ တရက္ အပူရွပ္ၿပီးလဲက်ကာ သတိလစ္သြားၿပီး ေဆး႐ုံေရာက္ေသာအခါ ဦးေႏွာက္ေသြးေၾကာေပါက္ၿပီး ေလျဖတ္ေသဆုံးသြားသည္ဟု သိရသည္။
ဤအျဖစ္အပ်က္မွာ သက္ႀကီးရြယ္အိုတစ္ဦးတြင္ ျဖစ္သည္ကို ေတြ႕ရျခင္းျဖစ္ေသာ္လည္း ေနာင္ ၁၀ ႏွစ္ ခန႔္ၾကာေသာအခါ စာေရးသူ ထပ္မံေတြ႕ၾကဳံရသည့္ အျဖစ္အပ်က္တစ္ခုမွာ အရြယ္ေကာင္းလူငယ္ တစ္ဦးတြင္ ျဖစ္သည္။
လြန္ခဲ့သည့္ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလတြင္ျဖစ္မည္ဟု ထင္သည္။ မႏၲေလးၿမိဳ႕တြင္ တနဂၤေႏြေန႔ တိုင္း နံနက္ေစာေစာက်ဳံးကိုပတ္ၿပီး လူထုလမ္းေလၽွာက္ပြဲမ်ား၊ စက္ဘီးစီးၿပိဳင္ပြဲမ်ား၊ မီနီမာရသြန္အေျပး ၿပိဳင္ပြဲမ်ား အပတ္စဥ္က်င္းပေလ့ရွိသည္။ တစ္ရက္တြင္ က်ဳံးအေရွ႕ဘက္ထိပ္နားတြင္ ပန္းဝင္ခါနီး ေျပးလာ သူမ်ားကို လမ္းေဘးမွ အားေပးသူမ်ားက ေရသန႔္ဘူးငယ္မ်ားကို အဖုံးဖြင့္ၿပီးလက္ထဲသို႔ ကမ္းေပးေနသည္ ကိုေတြ႕ရသည္။ ေရခဲစိမ္ထားေသာ ေရသန႔္ဘူးမ်ားျဖစ္သျဖင့္ အလြန္ေအးစက္ေနသည္။ အေျပးသမား အခ်ိဳ႕သည္ ထိုေရသန႔္ဘူးမ်ားကို လက္ကမ္းယူၿပီး ေျပးရင္းေသာက္သြားၾကသည္။
အခ်ိဳ႕လူငယ္မ်ားမွာ ေသာက္႐ုံသာမက ေခါင္းေပၚကိုယ္ေပၚသို႔ပါ ေလာင္းခ်သည္ကို ေတြ႕ရသည္။ မႏၲေလးၿမိဳ႕၏ ရာသီဥတုမွာ ေဆာင္းတြင္းပင္ျဖစ္ေသာ္လည္း ညတြင္ေအးၿပီး နံနက္ေနထြက္သည္ႏွင့္ ပူလာသည့္ သေဘာရွိသည္။ အေျပးသမားမ်ားပန္းဝင္ခ်ိန္တြင္ ေနထြက္ၿပီး ပူလာၿပီျဖစ္သည္။ ၅ မိုင္ခန႔္ မာရသြန္ေျပးခဲ့ရသျဖင့္ ေခၽြးဒီးဒီး က်လၽွက္ရွိသည္။ ေျပးခဲ့သည့္အရွိန္ေၾကာင့္ ကိုယ္အပူခိ်န္မွာလည္း တက္ေနသည္မွာ ေသခ်ာေပါက္ျဖစ္ သည္။ ေရသန႔္ဘူးကို ေမာ့ခ်ရင္း ေျပးသြားသူ အရပ္ရွည္ရွည္လူငယ္တစ္ဦးမွာ ပန္းဝင္ခါနီးေရာက္မွ ႐ုတ္တ ရက္ ေမွာက္လၽွက္ လဲက်သြားသည္ကို ေတြ႕ရသည္။
လူငယ္ပင္ျဖစ္ေသာ္လည္း ကိုယ္အပူခ်ိန္အလြန္တက္ေနခ်ိန္တြင္ အလြန္ေအးေသာ ေရခဲေရကို ေမာ့ေသာက္ျခင္းျဖင့္ အပူအေအးဝိေရာဓိျဖစ္ကာ ဦးေႏွာက္ေသြးေၾကာေပါက္ ေသဆုံးရျခင္းျဖစ္သည္။ အသက္ႀကီးသူမ်ားတြင္သာ ေသြးေၾကာမ်ားမာဆတ္ၿပီး အက္ကြဲလြယ္သည္ဟု ထင္ခဲ့မိေသာ္လည္း လတ္ ဆတ္ေသာ ေသြးေၾကာမ်ား ပိုင္ရွင္အားကစားသမား လူငယ္တစ္ဦးတြင္ ဤသို႔ ေသြးေၾကာေပါက္လိမ့္မည္ ဟု မထင္မွတ္ခဲ့သည္မွာ မွားေသာအယူအဆပင္ျဖစ္ေၾကာင္း အသိေပးျခင္းျဖစ္သည္။
လြန္ခဲ့ေသာတစ္ႏွစ္ေက်ာ္ကလည္း တက္သစ္စ သ႐ုပ္ေဆာင္နာမည္ႀကီး လူငယ္တစ္ဦးမွာ ေဘာ လုံးကစားရင္း နားသည့္အခ်ိန္တြင္ ေရသန႔္ဘူးလား အခ်ိဳရည္လားမသိ။ အေအးတစ္ခုခုကို ေမာ့ေသာက္ ရာမွ သတိလစ္လဲက်သြားၿပီး ေဆး႐ုံပို႔ေသာ္လည္း ေသဆုံးသြားရသည္။
အပူအေအး ဝိေရာဓိ သတိျပဳစရာ အပူႏွင့္အေအး (သီတႏွင့္ ဥဏွ) ႏွစ္မ်ိဳးသည္ ေတေဇာဓာတ္ေၾကာင့္ ျဖစ္သည္။ ပူမႈေအးမႈေတ ေဇာျပဳဟု ဆိုသည္။ ေရွးကမၻာဦးကတည္းက ေနမင္း၏အလင္းႏွင့္ ေရာင္ျခည္ကို ကမၻာတစ္ျခမ္းစီက ေန႔ ဘက္တြင္ တစ္လွည့္စီရရွိၾကသည္။ ထိုေနေရာင္ျခည္မွရေသာ ေတေဇာဓာတ္သည္ က်န္ဓာတ္မ်ားျဖစ္ သည့္ ပထဝီ၊ အာေပါ၊ ဝါေယာတို႔ႏွင့္ ေပါင္းစပ္ၿပီးသည့္အခါမွ ကမၻာေပၚတြင္ သက္ရွိသတၱဝါမ်ားႏွင့္ ေရ ေျမေတာေတာင္ သစ္ပင္မ်ားစိုေျပစြာ ေပါက္ဖြားလာသည္ဟု အယူရွိသည္။
ေရသည္ အေအးသီတဓာတ္(သီတေတေဇာ)ႏွင့္ မီးသည္ အပူဥဏွဓာတ္(ဥဏွေတေဇာ)ဓာတ္ျဖစ္ သည္။ ထိုႏွစ္ခုသည္ အတူယွဥ္တြဲ၍ မၽွမၽွတတ ေနထိုင္ေနလၽွင္ အေကာင္းျဖစ္သည္။ တစ္ခုခုက ႐ုတ္တ ရက္ပိုလၽွံသြားလၽွင္ လူကို(သို႔မဟုတ္) သက္ရွိအပင္စသည္မ်ားကို အျပစ္ျပဳေတာ့သည္။ မထိမ္းသိမ္း မကာ ကြယ္နိုင္လၽွင္ ႀကိဳတင္သတိမရွိလၽွင္ ႐ုတ္တရက္ အသက္ေသဆုံးသည္အထိ ျဖစ္နို္င္သည္။
မီးကိုျမင္ရမွပူသည္မဟုတ္။ မီးၿငိမ္းသြားၿပီးျဖစ္သည့္ ျပာပူထဲသို႔ ႐ုတ္တရက္ ေရေအးတစ္ခြက္ ေလာင္းခ်ပါက အပူမ်ားသည္ ျပာပူမ်ားကို မႈတ္ထုတ္လၽွက္ အထက္သို႔ ကန္တက္သြားသည္ကို ဥပမာယူၿပီး ၾကည့္ပါ။ အပူအေအး ႐ုတ္တရက္ ဆုံၾကေသာအခါ ကိုယ္တြင္းမွအပူသည္ ေအာင္းေနရာမွ ႐ုတ္တရက္ အထက္သို႔ ကန္တက္ၿပီး ဦးေႏွာက္ေသြးေၾကာေပါက္သည္အထိ ျဖစ္ရသည္ကို စဥ္းစားေတြးေတာ ၾကည့္ နိုင္ရန္ တင္ျပရျခင္းျဖစ္ပါသည္။
ဦးေႏွာက္ေသြးေၾကာျပတ္ ေလျဖတ္ျခင္းမျဖစ္ေစရန္
၁။ ေအးေသာေနရာမွ ပူေသာေနရာသို႔ ႐ုတ္တရက္ ဆင္းသက္မည္ ေျပာင္းေရႊ႕မည္ဆိုလၽွင္ ကိုယ္တြင္း အပူခ်ိန္မၽွတေစရန္ ထူထဲေသာ အဝတ္အစားမ်ား ခၽြတ္ျပစ္ျခင္း၊ သင့္တင့္ေသာ ေလဝင္ေလထြက္ ေကာင္း ေသာ ခ်ည္ထည္အဝတ္ကို ေျပာင္းလဲဝတ္ဆင္ပါ။
၂။ အေအးထဲမွ သို႔မဟုတ္ အရိပ္ထဲမွ ေနပူထဲသို႔ထြက္လၽွင္ ေနပူဒဏ္ခံနို္င္သည့္ ထီး၊ ခေမာက္၊ ဦးထုပ္ စ သည္မ်ား မိုးထားပါ။ ေဆာင္းထားပါ။
၃။ ေနပူထဲသို႔ မျဖစ္မေန သြားရမည္ဆိုလၽွင္ အပူထဲေရာက္မွ ေရေအးမေသာက္ပါႏွင့္။ မသြားမီက ကိုယ္ တြင္း၌ ေရဓာတ္ျပည့္ဝေအာင္ ေရသန႔္ဘူးတစ္ဘူးခန႔္(ေရတစ္လီတာခန႔္) ႀကိဳတင္ေသာက္ထားပါ။ ေသာက္ သည့္အခါတြင္လည္း ေရခဲေရ မျဖစ္ပါေစႏွင့္။ ပုံမွန္ေအးေသာ ေရကိုသာ ေသာက္သုံးပါ။
၄။ ကိစၥႀကီးငယ္ရွိ၍ ပူျပင္းေသာရာသီတြင္ အျပင္သြားစရာရွိလၽွင္ ေရမိုးခ်ိဳးၿပီး ကိုယ္လက္သန႔္စင္ၿပီးမွသာ သြားပါ။ ခရီးေရာက္မဆိုက္ ျပန္ေရာက္ေသာအခါ ေျခလက္သန႔္စင္ျခင္း၊ ထိုထက္ပို၍ ေရခ်ိဳးျခင္းမ်ား မျပဳ လုပ္သင့္ပါ။
၅။ ပူျပင္းေသာရာသီတြင္ တက္နိုင္သမၽွ ေရခဲေရ၊ အေအးေသာက္ျခင္းကို ေရွာင္က်ဥ္ပါ။ သဘာဝေရ၊ ေၿမ အိုးတြင္ထည့္ေသာေရ၊ ေရေႏြးၾကမ္း (သို႔မဟုတ္) ေရေႏြးကို အေအးခံထားေသာ ေရက်က္ေအးကိုသာ ေသာက္ပါ။
(ေရွးကလူႀကီးမ်ားသည္ ရာသီဥတုပူျပင္းခ်ိန္တြင္ အရိပ္အာဝါသေကာင္းေသာ သစ္ပင္ႀကီးမ်ား အရိပ္ေအာက္တြင္ ကြတ္ပ်စ္တစ္ခုခ်ၿပီး ေရေႏြးကရားတစ္လုံးတြင္ လက္ဖက္ေျခာက္ခပ္၍ ေသာက္သုံးၾက ၿပီးအနီးတြင္ ပန္းကန္လုံးငယ္တစ္လုံးျဖင့္ ဆားေလွာ္ကေလး ထည့္ထားေလ့ရွိသည္။ ေန႔လည္ထမင္းစားၿပီး အနားယူခ်ိန္တြင္ ထန္းလ်က္ခဲကေလးစား ေရေႏြးၾကမ္းအဖန္ရည္တြင္ ေလမခ်ဳပ္ေစရန္ ဆားေလွာ္ကေလး လက္တစ္ဖ်စ္ခန႔္ ထည့္ေသာက္ေလ့ရွိၾကပါသည္။
ေရွးကလူႀကီးမ်ားသည္ ေရေႏြးၾကမ္းအဖန္ရည္ကို အ ေလးထား ေသာက္သုံးၾကသည္။ ယခုေခတ္လူငယ္မ်ားကဲ့သို႔ ေရခဲေရ၊ အခ်ိဳရည္၊ အေအးမ်ားေသာက္သုံး ျခင္းမရွိေပ။ ပူေသာရာသီတြင္အပူႏွင့္ ဆန႔္က်င္ဘက္ ဝိေရာဓိျဖစ္ေသာ ေရခဲေရေသာက္သုံးျခင္းထက္ ေရ ေႏြး(သို႔မဟုတ္) ေရက်က္ေအးေသာက္သုံးျခင္းက က်န္းမာေရးႏွင့္ ကိုက္ညီေၾကာင္း သတိေပးတင္ျပလိုက္ ရပါသည္။
ၾကည္လြင္ျမင့္(မုျဒာ)
လိပ္စာ
မုျဒာေဆးတိုက္
အမွတ္(၁၃၃/၂၆)၊ ၇၄ လမ္း ၂၈×၂၉ လမ္းၾကား
ေမာက္မယ္ဝင္း၊ စိတၱရမဟီရပ္၊ ခ်မ္းေအးသာဇံၿမိဳ႕နယ္
မႏၲေလး။ ဖုန္း 024064499 _ 092064499