က်မၼာေရး ဗဟုသုတ

နနွင်း နဲ့ သံပုယိုရည်ရောသောက်ပေးရင် ဘယ်လိုအကျိုးကျေးဇူးရှိသလဲ

နနွင်း နဲ့ သံပုယိုရည်ရောသောက်ပေးရင် ဘယ်လိုအကျိုးကျေးဇူးရှိသလဲ

နနွင်း နဲ့ သံပုယိုရည်ဟာ သင့်အတွက် ဆေးတစ်ခွက်လိုပါပဲ။ သင့်ကျန်းမာရေးအတွက်အထောက်အကူဖြစ်စေပြီး အဝလွန်ခြင်းကိုလျှော့ချပေးနိုင်ပါတယ်။ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး အအေးမိဖျားနာတာကို သက်သာစေပါတယ်။ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပြီး ဆီးဝမ်းမှန်စေပါတယ်။

Antioxidant နဲ့ ရောင်ရမ်းမှုကိုသက်သာစေတဲ့ ဂုဏ်သတ္တိတွေပါဝင်ပါတယ်။ ကယ်လိုရီပါဝင်မှုနည်းပြီး ဗီတာမင်နဲ့ သတ္တုဓာတ်ကြွယ်ဝစွာပါဝင်လို့ သင့်အတွက် ကျန်းမာရေးနဲ့ညီညွှတ်တဲ့ဖျော်ရည်တစ်ခွက်ဆိုလည်းမမှားပါဘူး။

နနွင်း နဲ့ သံပုယိုရည်ကို တရုတ်ရိုးရာ ဆေးတစ်ခွက်အဖြစ် ရှေးယခင်ကတည်းက အသုံးပြုခဲ့တာဖြစ်ပါတယ်။

ဘယ်လိုပြင်ဆင်ကြမလဲ

ပါဝင်ပစ္စည်း

ရေ တစ်ခွက်

နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁/၄

သံပုယိုသီးတစ်ခြမ်း အရည်ညှစ်

ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြင်ဆင်ခြင်း

အရင်ဆုံး ရေကို ပွက်ပွက်ဆူအောင်သည်ပါ။ ပွက်လာရင် မီးဖိုပေါ်ကချပြီး သံပုယိုရည်နဲ့ နနွင်းထည့်လိုက်ပါ။ ပြီးရင် သေချာမွှေလိုက်ပြီး ပျားရည်ထည့်လိုက်ပါ။ ၃ မိနစ်ကနေ ၅ မိနစ်လောက်ထားပြီးသောက်လိုက်ပါ။

ဘယ်လိုသောက်မလဲ

မနက်ဖက်အစာမစားခင်မှာ တစ်ခွက်သောက်နိုင်သလို နေ့လည်စာမစားခင်မှာလည်း တစ်ခွက်သောက်နိုင်ပါတယ်။ သင့်မှာ ရောဂါအခံတစ်ခုခုရှိလို့ ဆေးဝါးကို ရေရှည်မှီဝဲနေရရင်တော့ ဒီဖျော်ရည်သောက်သင့်မသောက်သင့်ကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

Credit: myfoodmyanmar

နႏြင္း နဲ႔ သံပုယိုရည္ေရာေသာက္ေပးရင္ ဘယ္လိုအက်ိဳးေက်းဇူးရွိသလဲ

နႏြင္း နဲ႔ သံပုယိုရည္ဟာ သင့္အတြက္ ေဆးတစ္ခြက္လိုပါပဲ။ သင့္က်န္းမာေရးအတြက္အေထာက္အကူျဖစ္ေစၿပီး အဝလြန္ျခင္းကိုေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ကိုယ္ခံအားစနစ္ကို ေကာင္းမြန္ေစၿပီး အေအးမိဖ်ားနာတာကို သက္သာေစပါတယ္။ ခႏၶာကိုယ္ထဲက အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးႏိုင္ၿပီး ဆီးဝမ္းမွန္ေစပါတယ္။

Antioxidant နဲ႔ ေရာင္ရမ္းမႈကိုသက္သာေစတဲ့ ဂုဏ္သတၱိေတြပါဝင္ပါတယ္။ ကယ္လိုရီပါဝင္မႈနည္းၿပီး ဗီတာမင္နဲ႔ သတၱဳဓာတ္ႂကြယ္ဝစြာပါဝင္လို႔ သင့္အတြက္ က်န္းမာေရးနဲ႔ညီၫႊတ္တဲ့ေဖ်ာ္ရည္တစ္ခြက္ဆိုလည္းမမွားပါဘူး။

နႏြင္း နဲ႔ သံပုယိုရည္ကို တ႐ုတ္႐ိုးရာ ေဆးတစ္ခြက္အျဖစ္ ေရွးယခင္ကတည္းက အသုံးျပဳခဲ့တာျဖစ္ပါတယ္။

ဘယ္လိုျပင္ဆင္ၾကမလဲ

ပါဝင္ပစၥည္း

ေရ တစ္ခြက္

နႏြင္းမႈန႔္ လက္ဖက္ရည္ဇြန္း ၁/၄

သံပုယိုသီးတစ္ျခမ္း အရည္ညႇစ္

ပ်ားရည္ လက္ဖက္ရည္ဇြန္း ၁ ဇြန္း

ျပင္ဆင္ျခင္း

အရင္ဆုံး ေရကို ပြက္ပြက္ဆူေအာင္သည္ပါ။ ပြက္လာရင္ မီးဖိုေပၚကခ်ၿပီး သံပုယိုရည္နဲ႔ နႏြင္းထည့္လိုက္ပါ။ ၿပီးရင္ ေသခ်ာေမႊလိုက္ၿပီး ပ်ားရည္ထည့္လိုက္ပါ။ ၃ မိနစ္ကေန ၅ မိနစ္ေလာက္ထားၿပီးေသာက္လိုက္ပါ။

ဘယ္လိုေသာက္မလဲ

မနက္ဖက္အစာမစားခင္မွာ တစ္ခြက္ေသာက္ႏိုင္သလို ေန႔လည္စာမစားခင္မွာလည္း တစ္ခြက္ေသာက္ႏိုင္ပါတယ္။ သင့္မွာ ေရာဂါအခံတစ္ခုခုရွိလို႔ ေဆးဝါးကို ေရရွည္မွီဝဲေနရရင္ေတာ့ ဒီေဖ်ာ္ရည္ေသာက္သင့္မေသာက္သင့္ကို ဆရာဝန္နဲ႔ တိုင္ပင္ပါ။

Credit: myfoodmyanmar