မိုးရာသီဝင်ချိန်တွင် ဖြစ်ပွားတတ်သည့် ရောဂါများကို ဘယ်လိုကာကွယ်ကြမလဲ
မုတ်သုန်ရာသီ နီးကပ်လာသည် နှင့်အမျှ အနောက်တောင်လေတိုက်ခတ်၍ မိုးသည်းထန်စွာရွာသွန်းခြင်း နှင့်အတူ ပါရှိလာသည်မှာ
ရာသီအကူးအပြောင်းတွင် ဖြစ်တတ်သော ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်သည့် ဖျားနာရောဂါ တို့ဖြစ်ပါသည်။
အဖြစ်များသော ရောဂါများမှာ ငှက်ဖျားရောဂါ၊လည်ချောင်းနာခြင်း၊ အအေးမိဖျားနာခြင်းနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ တို့ဖြစ်ကြသည်။
အောက်ပါတို့မှာ ထိုရောဂါများ မဖြစ်အောင် ကူညီပေးမည့် ကျွမ်းကျင်သူတို့၏ အကြံပြုချက်များ ဖြစ်ပါသည်။
သောက်သုံးရေကိုသန့်ရှင်းအောင် ဂရုစိုက်ပါ မိုးရာသီတွင် ရေအရင်းအမြစ်တို့သည် ညစ်ညမ်းလွယ်ပြီး မသန့်ရှင်းသော ရေမှတစ်ဆင့် အသားဝါရောဂါ၊
အထက်လှန်အောက်လျှောရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါတို့ ဖြစ်ပွားနိုင်သည်။
အန္တရာယ်ကင်းစွာ သောက်သုံးနိုင်ရန် ရေကိုကြိုချက်၍ သောက်ခြင်း၊ သန့်စင်ထားသော သောက်ရေသန့်တို့ကို သောက်ခြင်းပြုလုပ်ပါ။
လက်သုတ်ပုဝါကို မိမိတစ်ဦးတည်း အသုံးပြုပါ ဘက်တီးရီးယားပိုးရောဂါများမှ ကင်းဝေးရန် လက်သုတ်ပုဝါကို သီးသန့်အသုံးပြုပါ။
လက်ကိုင်ပုဝါဆောင်ပါ နှာစေးချောင်းဆိုးလျှင် လက်ကိုင်ပုဝါဖြင့် နှာခေါင်း နှင့် ပါးစပ်တို့ကို အုပ်ပေးပါ။
ထိုသို့ပြုလုပ်ခြင်းဖြင့် သင်သည် ဖျားနာနေပါက ရောဂါပိုးများ ပြန့်ပွားခြင်း မဖြစ်အောင် တားဆီးနိုင်သည်။
ခြင်မကိုက်အောင်နေပါ ငှက်ဖျားရောဂါပိုး သယ်ဆောင်လာသော ခြင်သည် ညဘက်တွင် ကိုက်လေ့ရှိသဖြင့် ခြင်နိုင်ဆေးရည် အသုံးပြုခြင်း၊ ခြင်ထောင်ဖြင့် အိပ်ခြင်းတို့ ပြုလုပ်ပါ။
ရောဂါဖြစ်ပါက စောစီးစွာကုသမှုခံယူပါဆေးဆိုင်တွင် အလွယ်တကူရရှိနိုင်သော ဆေးများနှင့် မသက်သာပါက သင့်တွင် ဗိုင်းရပ်စ်ပိုးကူးစက် ခံနေရခြင်း ဖြစ်နိုင်သည့်အတွက်
နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ မဖြစ်အောင် ဆရာဝန်နှင့် ပြသပါ။
ကျန်းမာရေးနှင့် ညီညွတ်အောင် ရွေးချယ်စားသုံးပါ သန်ရှင်းလတ်ဆတ်စွာ ပြင်ဆင်ထားသော အစားအစာများသည် ကျန်းမာရေးအတွက် စိတ်ချရသည်။
အပြင်ထွက်၍ အစားအစာ စားခြင်းကို ယခုကာလတွင် ရှောင်ရှားသင့်သည်။
လူထူထပ်သောနေရာများကိုရှောင်ပါ လူထူထပ်သော နေရာများတွင် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှု ပိုမိုလွယ်ကူသည့်အတွက် ပွဲလမ်းသဘင်များသို့ သွားလိုပါက မုတ်သုန်ရာသီ ကုန်မှသာ အစီအစဉ်ဆွဲပါ။
လက်သန့်ဆေးရည် အသုံးပြုပါ သင်၏ လက်ကို သန့်ရှင်းအောင်ထားပါက ရောဂါဖြစ်ပွားမှုမှကင်းဝေးနိုင်သည့်အတွက် လက်သန့်ဆေးရည်ကို မှန်မှန်သုံးပါ။
သင့်တွင် ရင်သွေးငယ်များရှိပါက သင့်ကလေးငယ် အတွက် အောက်ပါတို့ကို လိုက်နာပါ။
လက်သည်းညှပ်ပါ လက်သည်းရှည်များသည် အညစ်အကြေးနှင့် ရောဂါပိုးများ ခိုအောင်းရာနေရာတို့ ဖြစ်သည့်အတွက် ကလေးငယ်များကို လက်သည်းပုံမှန် ညှပ်ပေးပါ။
မိုးရွာနေချိန်တွင် ကလေးငယ်များကို အိမ်တွင်း၌ သာထားပါ မိုးရေထဲတွင် အက်ဆစ်ကဲ့သို့အန္တရာယ်ရှိသော အရာများ၊ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးများ ပါဝင်တတ်သည်။
အထူးသဖြင့် မိုးဦးလေဦးတွင် ရွာသော မိုးမစိုမိစေရန် ကလေးငယ်ကို ဂရုစိုက်ပေးပါ။
တစ်ကိုယ်ရည်သန့်ရှင်းရေးပြုလုပ်ပေးပါကလေးငယ်များသည် လက်ဆေးရခြင်းကို မပြုလုပ်ချင်ကြပါ။
မိဘအနေဖြင့် သင်ကိုယ်တိုင်က လက်ဆေးခြင်းကို သေချာပြသပေးပြီး လက်ဆေးတတ်သည့် အကျင့်ပါအောင် ပျိုးထောင်ပေးပါ။
ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော ရောဂါများသည် အရွယ်ရောက်ပြီး သူများအတွက် ကြီးမားသော ပြဿနာမဟုတ်သော်လည်း
ကလေးငယ်များအတွက် ပိုမိုထိခိုက်နိုင်သဖြင့် မုတ်သုန်ရာသီတွင် အထူးဂရုစိုက် စောင့်ရှောက်ရန်လိုအပ်ပါသည်။
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ
Dr. Thurein Hlaing Win
ရေးသားသူ Dr . Phyu Mon Latt
Credit HelloSayarwon
Zawgyi
မိုးရာသီဝင္ခ်ိန္တြင္ ျဖစ္ပြားတတ္သည့္ ေရာဂါမ်ားကို ဘယ္လိုကာကြယ္ၾကမလဲ
မုတ္သုန္ရာသီ နီးကပ္လာသည္ ႏွင့္အမၽွ အေနာက္ေတာင္ေလတိုက္ခတ္၍ မိုးသည္းထန္စြာရြာသြန္းျခင္း ႏွင့္အတူ ပါရွိလာသည္မွာ
ရာသီအကူးအေျပာင္းတြင္ ျဖစ္တတ္ေသာ ဗိုင္းရပ္စ္ပိုးေၾကာင့္ ျဖစ္သည့္ ဖ်ားနာေရာဂါ တို႔ျဖစ္ပါသည္။
အျဖစ္မ်ားေသာ ေရာဂါမ်ားမွာ ငွက္ဖ်ားေရာဂါ၊လည္ေခ်ာင္းနာျခင္း၊ အေအးမိဖ်ားနာျခင္းႏွင့္ ဝမ္းပ်က္ဝမ္းေလၽွာေရာဂါ တို႔ျဖစ္ၾကသည္။
ေအာက္ပါတို႔မွာ ထိုေရာဂါမ်ား မျဖစ္ေအာင္ ကူညီေပးမည့္ ကၽြမ္းက်င္သူတို႔၏ အႀကံျပဳခ်က္မ်ား ျဖစ္ပါသည္။
ေသာက္သုံးေရကိုသန႔္ရွင္းေအာင္ ဂ႐ုစိုက္ပါ မိုးရာသီတြင္ ေရအရင္းအျမစ္တို႔သည္ ညစ္ညမ္းလြယ္ၿပီး မသန႔္ရွင္းေသာ ေရမွတစ္ဆင့္ အသားဝါေရာဂါ၊
အထက္လွန္ေအာက္ေလၽွာေရာဂါ၊ ဝမ္းပ်က္ဝမ္းေလၽွာေရာဂါတို႔ ျဖစ္ပြားနိုင္သည္။
အႏၲရာယ္ကင္းစြာ ေသာက္သုံးနိုင္ရန္ ေရကိုႀကိဳခ်က္၍ ေသာက္ျခင္း၊ သန႔္စင္ထားေသာ ေသာက္ေရသန႔္တို႔ကို ေသာက္ျခင္းျပဳလုပ္ပါ။
လက္သုတ္ပုဝါကို မိမိတစ္ဦးတည္း အသုံးျပဳပါ ဘက္တီးရီးယားပိုးေရာဂါမ်ားမွ ကင္းေဝးရန္ လက္သုတ္ပုဝါကို သီးသန႔္အသုံးျပဳပါ။
လက္ကိုင္ပုဝါေဆာင္ပါ ႏွာေစးေခ်ာင္းဆိုးလၽွင္ လက္ကိုင္ပုဝါျဖင့္ ႏွာေခါင္း ႏွင့္ ပါးစပ္တို႔ကို အုပ္ေပးပါ။
ထိုသို႔ျပဳလုပ္ျခင္းျဖင့္ သင္သည္ ဖ်ားနာေနပါက ေရာဂါပိုးမ်ား ျပန႔္ပြားျခင္း မျဖစ္ေအာင္ တားဆီးနိုင္သည္။
ျခင္မကိုက္ေအာင္ေနပါ ငွက္ဖ်ားေရာဂါပိုး သယ္ေဆာင္လာေသာ ျခင္သည္ ညဘက္တြင္ ကိုက္ေလ့ရွိသျဖင့္ ျခင္နိုင္ေဆးရည္ အသုံးျပဳျခင္း၊ ျခင္ေထာင္ျဖင့္ အိပ္ျခင္းတို႔ ျပဳလုပ္ပါ။
ေရာဂါျဖစ္ပါက ေစာစီးစြာကုသမႈခံယူပါေဆးဆိုင္တြင္ အလြယ္တကူရရွိနိုင္ေသာ ေဆးမ်ားႏွင့္ မသက္သာပါက သင့္တြင္ ဗိုင္းရပ္စ္ပိုးကူးစက္ ခံေနရျခင္း ျဖစ္နိုင္သည့္အတြက္
ေနာက္ဆက္တြဲ က်န္းမာေရးျပႆနာမ်ား မျဖစ္ေအာင္ ဆရာဝန္ႏွင့္ ျပသပါ။
က်န္းမာေရးႏွင့္ ညီညြတ္ေအာင္ ေရြးခ်ယ္စားသုံးပါ သန္ရွင္းလတ္ဆတ္စြာ ျပင္ဆင္ထားေသာ အစားအစာမ်ားသည္ က်န္းမာေရးအတြက္ စိတ္ခ်ရသည္။
အျပင္ထြက္၍ အစားအစာ စားျခင္းကို ယခုကာလတြင္ ေရွာင္ရွားသင့္သည္။
လူထူထပ္ေသာေနရာမ်ားကိုေရွာင္ပါ လူထူထပ္ေသာ ေနရာမ်ားတြင္ ဗိုင္းရပ္စ္ပိုး ကူးစက္ခံရမႈ ပိုမိုလြယ္ကူသည့္အတြက္ ပြဲလမ္းသဘင္မ်ားသို႔ သြားလိုပါက မုတ္သုန္ရာသီ ကုန္မွသာ အစီအစဥ္ဆြဲပါ။
လက္သန႔္ေဆးရည္ အသုံးျပဳပါ သင္၏ လက္ကို သန႔္ရွင္းေအာင္ထားပါက ေရာဂါျဖစ္ပြားမႈမွကင္းေဝးနိုင္သည့္အတြက္ လက္သန႔္ေဆးရည္ကို မွန္မွန္သုံးပါ။
သင့္တြင္ ရင္ေသြးငယ္မ်ားရွိပါက သင့္ကေလးငယ္ အတြက္ ေအာက္ပါတို႔ကို လိုက္နာပါ။
လက္သည္းညႇပ္ပါ လက္သည္းရွည္မ်ားသည္ အညစ္အေၾကးႏွင့္ ေရာဂါပိုးမ်ား ခိုေအာင္းရာေနရာတို႔ ျဖစ္သည့္အတြက္ ကေလးငယ္မ်ားကို လက္သည္းပုံမွန္ ညႇပ္ေပးပါ။
မိုးရြာေနခ်ိန္တြင္ ကေလးငယ္မ်ားကို အိမ္တြင္း၌ သာထားပါ မိုးေရထဲတြင္ အက္ဆစ္ကဲ့သို႔အႏၲရာယ္ရွိေသာ အရာမ်ား၊ဘက္တီးရီးယားႏွင့္ ဗိုင္းရပ္စ္ပိုးမ်ား ပါဝင္တတ္သည္။
အထူးသျဖင့္ မိုးဦးေလဦးတြင္ ရြာေသာ မိုးမစိုမိေစရန္ ကေလးငယ္ကို ဂ႐ုစိုက္ေပးပါ။
တစ္ကိုယ္ရည္သန႔္ရွင္းေရးျပဳလုပ္ေပးပါကေလးငယ္မ်ားသည္ လက္ေဆးရျခင္းကို မျပဳလုပ္ခ်င္ၾကပါ။
မိဘအေနျဖင့္ သင္ကိုယ္တိုင္က လက္ေဆးျခင္းကို ေသခ်ာျပသေပးၿပီး လက္ေဆးတတ္သည့္ အက်င့္ပါေအာင္ ပ်ိဳးေထာင္ေပးပါ။
ဗိုင္းရပ္စ္ပိုးေၾကာင့္ျဖစ္ေသာ ေရာဂါမ်ားသည္ အရြယ္ေရာက္ၿပီး သူမ်ားအတြက္ ႀကီးမားေသာ ျပႆနာမဟုတ္ေသာ္လည္း
ကေလးငယ္မ်ားအတြက္ ပိုမိုထိခိုက္နိုင္သျဖင့္ မုတ္သုန္ရာသီတြင္ အထူးဂ႐ုစိုက္ ေစာင့္ေရွာက္ရန္လိုအပ္ပါသည္။
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ
Dr. Thurein Hlaing Win
ေရးသားသူ Dr . Phyu Mon Latt
Credit HelloSayarwon