ငယ်စဉ် ကလေး ဘဝထဲက ယနေ့ အချိန်ထိ စိတ်နာအောင် ခံစားရအောင် လုပ်တဲ့ သူများကို အခွင့်အခါသင့်ရင် တုန့်ပြန်ဖို့အတွက် မှတ်သား ထားလေ့ ရှိကြပါတယ်
လေးစားစွာဖြင့် ပေသီး
Unicode
“အချစ်ကြီးသလောက် အမျက်ကြီးတတ်တဲ့ ဗုဒ္ဓဟူး”
ဗုဒ္ဓဟူး သားသမီး များသည် ယေဘူယျ အားဖြင့် အမှန်တရားကို နှစ်သက်ကြပြီး တစ်ယောက်ထဲ နေထိုင်ရခြင်းကို မြတ်နိုးတက် ကြပါ တယ်
ဘယ်လောက်ပဲ စိတ်ညစ်နေ ပါစေ ကိုယ်ရဲ့ မိတ်ဆွေ သူငယ်ချင်းများ ပျော်ရွှင်လာအောင် အဆင်ပြေအောင် ကူညီပေးတတ် ပါတယ်
တစ်ခါတလေမှာ သူငယ်ချင်းများ အပေါ် နွဲ့ဆိုး ဆိုးပေမဲ့ ရစ်တတ်ကြပေမဲ့ အနစ်အနာ အရမ်း ခံတတ်တဲ့ စိတ်ကြောင့် သူငယ်ချင်းများက အရမ်း ခင်မင်နေကြ ပါတယ်
တခါ တစ်ခါ ရုပ်တည်နဲ့ ဆေးထိုးတတ် ကြပါ တယ်။ ကိုယ်နဲ့ မသိတဲ့ လူတွေ ရှေ့မှာ တည်တည်တံ့တံ့ နေထိုင်တတ်ကြပေမဲ့ တကယ် ခင်မင် သူများနဲ့ဆိုရင် ရယ်မော ပြုံးပျော်စွာ နေထိုင် တတ်ကြ ပါတယ်
စိတ်ခံစားရ တာလည်း အရမ်းလွယ် သလို၊ စိတ်အပြောင်းအလဲ အရမ်းမြန်တဲ့ သူတွေပါ၊ ငိုလိုက်ရယ်လိုက်နဲ့ စိတ်ဆိုး လွယ်သလို စိတ်ပြေလည်း လွယ်ပါ တယ်ဗျာ ..
ခု စိတ်ညစ်နေတယ် ခဏနေ ဟန်ဆောင် ပြီတော့ ပျော်ရွှင်နေသလို နေပြတတ် ပါတယ်
ဗုဒ္ဓဟူးသားသမီးများဟာ ငယ်စဉ်ထဲက အခြား သူများ အပေါ် ဂရုစိုက် အလေးထားပေမယ့် ကိုယ်အပေါ် အလေးအနက်မထားတဲ့ လူများကိုသာ တွေ့ကြုံလေ့ ရှိပါတယ်
ကိုယ့်အထာနဲ့ကိုယ်နေတတ်လို့ တခြားလူများက အနေအေးတယ် သွေးအေးတယ်လို့ ထင်မှတ် ကြပါတယ်
တကယ်တော့ ဒေါသ ထွက်လာတဲ့ အခါမျိုးဆို ကိုယ်တိုင်တောင် ထိန်းချုပ် ရတာ ခက်ခဲကြပါတယ်
ငယ်စဉ် ကလေး ဘဝထဲက ယနေ့အချိန်ထိ စိတ်နာအောင် ခံစားရအောင် လုပ်တဲ့ သူများကို အခွင့်အခါသင့်ရင် တုန့့်ပြန်ဖို့အတွက် မှတ်သား ထားလေ့ ရှိကြပါတယ်
ရွတ်တာ/အရွဲ့တိုက်တာ တစ်ခုက လွဲလို့ သူတစ်ပါးကို စိတ်ညစ်စေမယ် အလုပ်မျိုး လုံးဝ မလုပ်ကြပါဘူး။ သံယောဇဉ် အရမ်းကြီးတယ် သလောက် စိတ်နာသွားရင် လှည့်မကြည့် တတ်တာကလဲ ဗုဒ္ဓဟူးရဲ့ ထူးဆန်းတဲ့ စိတ်နေသဘော ထားပါဗျာ
လေးစားစွာဖြင့် ပေသီး