ဗေဒင်

တန်ဆောင်မုန်းလမွေးဖွားသူများအတွက် တစ်သက်တာ ဟောစာတမ်း

တန်ဆောင်မုန်းလအတွင်းမွေးဖွားသူများသည် သစ္စာတရားဦးထိပ်ပန်ဆင်သူများ ဖြစ်ကြမယ်ဖြောင့်မတ်သော စိတ်ထားရှိတတ်ကြတယ်။

စိတ်၌ ခံစားချက်ဒဏ်ရာများဖြင့် ပြည့်နှက်နေတတ်တယ်ကိုယ်တိုင်အပင်ပန်းခံ ရုန်းကန်ရခြင်းများလည်း များစွာရှိ၏။

ဘဝအစတွင် ခက်ခဲကြမ်းတမ်းမယ်ခက်ခဲသည်ဆိုရာတွင်မောင်နှမသားချင်းအတူတူမှာပင် ကိုယ်က ပိုပြီး ခက်ခဲပင်ပန်းမယ်။အနစ်နာခံကြိုးစားရမယ်။ သို့သော်အဖက်ဖက်မှအခက်အခဲများကိုဇွဲနှင့်စွဲမြဲစွာ လုပ်ကိုင်ကြိုးစားရင်း သာမန်ထက်ပိုအောင်မြင်မည်။

တန်ဆောင်မုန်းလမွေးဖွားသူတို့သည်ဘဝတွင်မိမိအပေါ်နားလည်ပေးသူနည်းတတ်တယ်။တစ်ကိုယ်တည်းကျိတ်ပြီးခံစားရသောဒဏ်ချက်များတို့ကို ပြင်းထန်စွာ ခံစားရင်း အငြိုးအတေးစိတ်များထွက်ပေါ်လာရတယ်

မိမိအပေါ် လွှမ်းမိုးခြင်းကိုလုံးဝလက်မခံနိုင် သို့သော်သူတို့ဘဝတွင်အဘွားအမေ၊အစ်မ၊အဒေါ်စသောအမျိုးသမီးကြီးတို့၏ သြဇာလွှမ်းမိုးမှုကို (ကောင်းသောသဘောဖြင့်ဖြစ်စေ၊ ဆိုးသောသဘောဖြင့်ဖြစ်စေ)သက်ရောက်မှုရှိနေတတ်တယ်။စိတ်အား၊ လူအားကောင်းတယ် ဘဝတွင်ကြီးမြင့်ထင်ပေါ်ချင်တတ်တယ်။ ဘဝ၏အောင်မြင်မှုကို တိုက်ပွဲပမာ တိုက်ယူလိုကြတယ်။အပင်ပန်းခံပြီးကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှကြိုးစားယူကြမယ်။ဘဝအစတွင်ကျပ်တည်းသလောက်နောက်ဆုံးတွင်အောင်မြင်ကြမယ်။

အချိန်ကိုလည်းစောင့်ဆိုင်းလုပ်ကိုင်တတ်ကြတယ်။ဦးဆောင်နေရာထိပ်ဆုံးသို့ ရည်မှန်း၍ လုပ်တတ်တယ်။စိတ်မြန်ဒေါသဖြစ်လွယ်တယ်။အချို့ကိစ္စတို့တွင် ငါသိငါတတ်သဘောဖြင့်တဇွတ်ထိုးလုပ်မိတတ်ကြတယ်။အငြင်းလည်းသန်မယ်ကိုယ်ယုံကြည်ရာကိုခေါင်းမာစွာကိုင်စွဲထားတတ်တယ်။အထူးသဖြင့်အမျိုးသားများ အမျိုးသမီးနှင့်ပတ်သက်ပြီးပျက်စီးနစ်နာတတ်တယ်ဂရုပြုပါ။

တန်ဆောင်မုန်းလမွေးဖွားသူတို့သည် အပြောချို၏။ တစ်ခါတစ်ရံမာနကြီးတတ်၏။စိတ်ထဲမထင်လျှင် ဘယ်လူကြီးလူကောင်းကိုပင်ဖြစ်စေ မခေါ်ဘဲဥပေက္ခာပြုနေနိုင်သူများပါ။ စီးပွားဥစ္စာ ချမ်းသာတတ်တယ်။ရုပ်သန့်ပြီးလူ့သဘာဝကိုသဘောပေါက်ကာပရိယာယ်သဘောများလည်း တတ်ကျွမ်းတယ်။အခြွေအရံများမယ်အဝတ်ကောင်းအစားကောင်းများဝတ်ရမည်။ မိဘနှင့်ဝေးကွာနေရတတ်တယ်။

အချို့ပညာရပ်တို့တွင်တစ်ပိုင်းတစ်စဖြင့်ရပ်ထားရတယ်။တစ်ခါတစ်ရံ မိဘဆရာသမားအကြီးအကဲတို့စကားကိုနားမထောင်ဘဲနေတတ်တယ်။အထက်လူကြီး၊မင်းအစိုးရတို့၏ ချီးမြှင့်မှုကိုခံရကာဘဝတွင်ကြီးပွားအောင်မြင်တတ်ကြပါတယ်။မမြင်အပ်သော မြင့်မြတ်သည့် နာမ်လောကမှပုဂ္ဂိုလ်ထူးတို့၏ ပါရမီပဋ္ဌာန်းဆက်ဖြင့်စောင့်ရှောက်မှုကိုလည်း သိသာစွာခံရတတ်မည်။

တန်ဆောင်မုန်းလမွေးဖွားသူတို့သည်အသိရခက်အကဲခတ်ရခက်တဲ့သူတွေပါပတ်ဝန်းကျင်အမြင်အရ တစ်မျိုး၊ ကိုယ့်ခံစားမှုကတစ်သွယ်ဖြစ်နေတတ်ကြတယ်ကိုယ်ကလည်း ကိုယ့်ခံစားချက်ကိုအသိရခက်အောင်မျိုသိပ်နိုင်စွမ်းရှိတဲ့သူတွေပါသပ်ရပ်သန့်ပြန့်ခန့်ည်စွာနေတတ်သဖြင့်အများနှင့်မတူ ထင်ရှား၏။ စန်းပွင့်မျက်နှာပွင့်မယ်။ဆန့်ကျင်ဘက်လိင်တို့၏အထူးစိတ်ဝင်စားခံရတတ်တယ်

နှလုံးသားရေးရာတွင်ချစ်မိပြီဆိုကဘဝကိုပင်ပုံအပ်ရန်ဝန်မလေးသူများ ဖြစ်ကြမယ် ။ချစ်သူအပေါ် အလိုလိုက်တတ်တယ်။စိတ်ရောကိုယ်ပါ ချစ်ခင်တတ်မယ်။ အပြန်အလှန် နားလည်မှုရှိမည်။တန်ဆောင်မုန်းလမွေးဖွားသူတို့သည်အလွန်ထူးခြားသောဘဝပိုင်ရှင်များဖြစ်ပြီးဘဝအကွေ့အပြောင်းများစွာကြုံရတတ်တယ်။

အေးတိအေးစက်နှင့်ပြန်မပြောနားမထောင်ကိုယ်ထင်ရာတဇွတ်ထိုးလုပ်တတ်တဲဉာဉ်ရှိမယ် စကားကတိကို တန်ဖိုးထားမယ်။အလုပ်တစ်ခုမလုပ်မီအပြန်ပြန်အလှန်လှန် စဉ်းစားမယ်။ မလုပ်မီ နောက်တွန့်နေတတ်တယ်။စလုပ်ပြီဆိုသည်နှင့်ကျော်လွှားနိုင်ပြီးထိပ်ဆုံး

သို့ရောက်တတ်တယ်။ဘာမဆို သိုသိုသိပ်သိပ်လုပ်တတ်တယ် ။အများနှင့်မတူသော ရှုထောင့်မှတွေး၍ လုပ်တတ်မယ်။အများနှင့်တွဲ၍ လုပ်သည်ထက် ကိုယ်တစ်ဦးတည်းလုပ်ကပိုအောင်မြင်တတ်တယ်။စိတ်ကူးဉာဏ်အလွန်ကောင်းတယ်။

အခြားသူတို့နှင့် ပြေလည်အောင် နေတတ်ပြီး ကူညီတတ်သောစရိုက်ကြောင့် မိတ်ကောင်း ဆွေကောင်းရရှိမယ်။သမားရိုးကျလမ်းဟောင်းအတိုင်းလုပ်ခြင်းထက် အရာရာကိုကိုယ်တိုင်လမ်းသစ်ထွင်ပြီး လုပ်က ပိုပြီးအောင်မြင်မယ်။ရေရှည်လုပ်ငန်းထက်ပေါ်ပင်လုပ်ငန်းများကပို၍ကောင်းကျိုးပေးမယ်။ဝန်ထမ်းလုပ်ပါကစာရင်းအင်းဘက်တွင်မလုပ်သင့်ပါ။

အလုပ်လုပ်ရာတွင်အကျိုးအမြတ်ဖြစ်အောင်တွက်ချက်ပြီးလုပ်တတ်သော်လည်းတကယ်လုပ်သောအခါ စိတ်ချမ်းသာမှုကို ရှေ့တန်းတင်၍စိတ်အေးလက်အေးလုပ်တတ်တယ်။ဘာပဲလုပ်လုပ် ဆုံးဖြတ်ပြီးကမြန်မြန်လုပ်ပါ။အချိန်ဆွဲမိက အလုပ်မဖြစ်တတ်ပါ။

ဆန်းသစ်မှု၊ တီထွင်မှု၊ စွန့်စားမှု၊ ဥပဒေပညာ၊ခွဲစိတ်ကုသမှုသတင်းထောက်လှမ်းမှု၊ စူးစမ်းမှုတို့တွင် ဝါသနာပါပြီးပါရမီထူးမယ်။ လောကီပညာမှစ၍ ဗေဒင်၊ နက္ခတ်၊ မှော်ပညာ၊နတ်ပိုင်းဆိုင်ရာဓါတ်ပိုင်းဆိုင်ရာကိစ္စတို့ပါဝါသနာပါမယ်သို့သော်လူသိမခံဘဲ လေ့လာလိုက်စားတတ်တယ်။

ဘာသာရေးတွင်လည်းထူးချွန်မယ်စာရေးဆရာပန်းချီဆရာထောက်လှမ်းရေးကျောက်မျက်ရတနာ၊တွင်းထွက်ပစ္စည်းမျိုးစုံနှင့် လျှပ်စစ်ပစ္စည်း၊ပန်းတိမ်အလုပ်၊ ဖိနပ်လုပ်ငန်းစိုက်ပျိုးရေးအလုပ်တို့တွင် ကောင်းကျိုးပေးမည်။ဘာပဲလုပ်လုပ် ကောင်းမွန်သော

အလုပ်တို့ကိုသာလုပ်သင့်၏။ ပင်ကိုယ်ဗီဇတွင်ပင် ကြီးပွားစေတတ်သော ပါရမီပါပြီးဘာသာတရားကို ဦးထိပ်ပန်ဆင်ပြီး သမ္မာအာဇီဝကျကျ လုပ်သွားကစီးပွားဖြစ်ထွန်းတတ်ပါသည်။

တန်ဆောင်မုန်းလမွေးဖွားသူတို့သည်မီးဘေးလက်နက်ပေါက်ကွဲမှုဘေးလျှပ်စစ်မီးရှော့ခ်ဖြစ်ခြင်းတို့ကြုံတတ်တယ်အနည်းဆုံးအပူလောင်ခြင်းမျိုးမကြာခဏကြုံတတ်တယ်။ဘုရားဂုဏ်တော် (၉) ပါးကို အမြဲပွားတမ်းပွားများနေသင့်ပါသည်။ကျန်းမာရေး ရောဂါဖြစ်

ခဲတတ်တယ် ဖြစ်ခဲ့လျှင်လည်းအဖျားကြီးသောရောဂါကူးစက်သော ရောဂါများဖြစ်တတ်တယ်။ထို့အပြင် ခန္ဓာကို၏လျှို့ဝှက်အင်္ဂါအစိတ်အပိုင်းတို့တွင်အနာရောဂါဖြစ်ခြင်း၊ ကျောက်ကပ်အစာအိမ်နှင့်ဆီးရောဂါတို့ဖြစ်တတ်မည်။

သို့သော် အန္တရာယ်ကြီးမားစွာ မဖြစ်တတ်ပါ။တန်ဆောင်မုန်းလမွေးဖွားသူတို့သည် ထူးခြားသော ဘဝပိုင်ရှင်များ ဖြစ်တယ်အထူးသဖြင့်ကိုယ်ကမှန်သည်ဟုဆုံးဖြတ်ထားသည့်အပေါ်တွင် ခိုင်မြဲစွာ ရပ်တည်၍လုပ်တတ်ရာ ကောင်းသော လမ်းကြောင်းပေါ်

ရပ်တည်မိကထိပ်ဆုံးရောက်အောင် ဖြစ်ထွန်းသွားတတ်တယ်။မကောင်းသောလမ်းပေါ်ရောက်သွားကလည်း အဝီစိရောက်အောင်မိုက်တတ်တယ်။တန်ဆောင်မုန်းလမွေးဖွားသူတို့သည် ကိုယ့်စိတ်ထဲတွင်မကြိုက်ပါကဘယ်လိုပုဂ္ဂိုလ်ကြီးကိုမှဂရုမစိုက်တတ်တဲ့ဉာဉ်ရှိတယ်။ပင်ကိုယ်သဘောထားအလွန်ကောင်းပြီးသူတစ်ပါးထက်ပို၍ သည်းခံခွင့်လွှတ်တတ်မယ်။

ခွင့်လွှတ်နိုင်စွမ်းဘောင်ကျော်လာကလည်း အမျက်ကြီးကာရက်စက်စွာတုံ့ပြန်တတ်တယ်။ကိုယ်ပိုင်အကြံဖြင့်ထိပ်ဆုံးရောက်မယ်။ သူတစ်ပါးတွေကလည်းကိုယ့်ကိုကိုယ်လိုက်ပြီးတုပတတ်ကြ၏။အပေါင်းအသင်းမက်တတ်တယ်သို့သော် အစွဲမထားတတ်။ အချစ်ရေး၊ အိမ်ထောင်ရေး အားနည်းတယ်ရှုပ်ထွေးမည်။အိမ်ထောင်တစ်ဆက်တည်းထူထောင်ပါကထိပ်ဆုံးရောက်အောင်ကြီးပွားတတ်တယ် ။

တစ်ပါးသူတို့ကလည်းကိုယ့်အပေါ် အခွင့်အရေးယူကာ ဒုက္ခပေးတာခံရတတ်တယ်။ဆွေမျိုးရင်းထက် သူစိမ်းတို့က ပိုကောင်းတတ်မယ်။ ဘဝတွင်အခြေခံမှစပြီးအမြင့်ဆုံးရောက်အောင်ကြိုးစားနိုင်စွမ်းရှိမည်။အခက်အခဲရှိသူများကိုပင် ကိုယ်ကျိုးမငဲ့ဘဲ ကူညီပေးချင်တတ်သည် ။နှလုံးသားကို ဦးစားပေးသဖြင့်ခံစားချက် ပြင်းထန်တဲ့သူတွေပါ လူမျိုးခြားဘာသာခြားကိုရှောင်ကြဉ်သင့်ပါတယ်။

စီးပွားရေးတွင် အစပိုင်း၌ အမျိုးမျိုးပြောင်းပြီးလုပ်ကိုင်ပြီးမှ မမျှော်လင့်ဘဲမိတ်ဆွေကောင်းတွေ့ကာမထင်မှတ်သောအထောက်အကူများရရှိမည်။တန်ဆောင်မုန်းလမွေးဖွားသူတို့သည် အတိုက်အခံအလွန်များမည်။ ကိုယ်ကလည်းမဟုတ်မခံစိတ် သတ္တိဗျတ္တိနှင့်အတိုက်အခံလုပ်တတ်တယ်အနက်ရောင်ရှောင်ပါ၊ဆောင်ရန် အနီရောင် အနီရင့်အကောင်းဆုံးဖြစ်၏။ပတ္တမြားလက်စွပ်ဝတ်ဆင်

ပါအကြံသစ်တွေကို လက်တွေ့လုပ်ဆောင်ပါ။ ရဲရဲလုပ်ပါ။မုချအောင်မြင်ပါလိမ့်မည်။

unicode

တန်ဆောင်မုန်းလမွေးဖွားသူများအတွက် တစ်သက်တာ ဟောစာတမ်း

တန်ဆောင်မုန်းလအတွင်းမွေးဖွားသူများသည် သစ္စာတရားဦးထိပ်ပန်ဆင်သူများ ဖြစ်ကြမယ်ဖြောင့်မတ်သော စိတ်ထားရှိတတ်ကြတယ်။

စိတ်၌ ခံစားချက်ဒဏ်ရာများဖြင့် ပြည့်နှက်နေတတ်တယ်ကိုယ်တိုင်အပင်ပန်းခံ ရုန်းကန်ရခြင်းများလည်း များစွာရှိ၏။

ဘဝအစတွင် ခက်ခဲကြမ်းတမ်းမယ်ခက်ခဲသည်ဆိုရာတွင်မောင်နှမသားချင်းအတူတူမှာပင် ကိုယ်က ပိုပြီး ခက်ခဲပင်ပန်းမယ်။အနစ်နာခံကြိုးစားရမယ်။ သို့သော်အဖက်ဖက်မှအခက်အခဲများကိုဇွဲနှင့်စွဲမြဲစွာ လုပ်ကိုင်ကြိုးစားရင်း သာမန်ထက်ပိုအောင်မြင်မည်။တန်ဆောင်မုန်းလမွေးဖွားသူတို့သည်ဘဝတွင်မိမိအပေါ်နားလည်ပေးသူနည်းတတ်တယ်။တစ်ကိုယ်တည်းကျိတ်ပြီးခံစားရသောဒဏ်ချက်များတို့ကို ပြင်းထန်စွာ ခံစားရင်း အငြိုးအတေးစိတ်များထွက်ပေါ်လာရတယ်။

မိမိအပေါ် လွှမ်းမိုးခြင်းကိုလုံးဝလက်မခံနိုင် သို့သော်သူတို့ဘဝတွင်အဘွားအမေ၊အစ်မ၊အဒေါ်စသောအမျိုးသမီးကြီးတို့၏ သြဇာလွှမ်းမိုးမှုကို (ကောင်းသောသဘောဖြင့်ဖြစ်စေ၊ ဆိုးသောသဘောဖြင့်ဖြစ်စေ)သက်ရောက်မှုရှိနေတတ်တယ်။စိတ်အား၊ လူအားကောင်းတယ် ဘဝတွင်ကြီးမြင့်ထင်ပေါ်ချင်တတ်တယ်။ ဘဝ၏အောင်မြင်မှုကို တိုက်ပွဲပမာ တိုက်ယူလိုကြတယ်။အပင်ပန်းခံပြီးကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှကြိုးစားယူကြမယ်။ဘဝအစတွင်ကျပ်တည်းသလောက်နောက်ဆုံးတွင်အောင်မြင်ကြမယ်။

အချိန်ကိုလည်းစောင့်ဆိုင်းလုပ်ကိုင်တတ်ကြတယ်။ဦးဆောင်နေရာထိပ်ဆုံးသို့ ရည်မှန်း၍ လုပ်တတ်တယ်။စိတ်မြန်ဒေါသဖြစ်လွယ်တယ်။အချို့ကိစ္စတို့တွင် ငါသိငါတတ်သဘောဖြင့်တဇွတ်ထိုးလုပ်မိတတ်ကြတယ်။အငြင်းလည်းသန်မယ်ကိုယ်ယုံကြည်ရာကိုခေါင်းမာစွာကိုင်စွဲထားတတ်တယ်။အထူးသဖြင့်အမျိုးသားများ အမျိုးသမီးနှင့်ပတ်သက်ပြီးပျက်စီးနစ်နာတတ်တယ်ဂရုပြုပါ။

တန်ဆောင်မုန်းလမွေးဖွားသူတို့သည် အပြောချို၏။ တစ်ခါတစ်ရံမာနကြီးတတ်၏။စိတ်ထဲမထင်လျှင် ဘယ်လူကြီးလူကောင်းကိုပင်ဖြစ်စေ မခေါ်ဘဲဥပေက္ခာပြုနေနိုင်သူများပါ။ စီးပွားဥစ္စာ ချမ်းသာတတ်တယ်။ရုပ်သန့်ပြီးလူ့သဘာဝကိုသဘောပေါက်ကာပရိယာယ်

သဘောများလည်း တတ်ကျွမ်းတယ်။အခြွေအရံများမယ်အဝတ်ကောင်းအစားကောင်းများဝတ်ရမည်။ မိဘနှင့်ဝေးကွာနေရတတ်တယ်။

အချို့ပညာရပ်တို့တွင်တစ်ပိုင်းတစ်စဖြင့်ရပ်ထားရတယ်။တစ်ခါတစ်ရံ မိဘဆရာသမားအကြီးအကဲတို့စကားကိုနားမထောင်ဘဲနေ

တတ်တယ်။အထက်လူကြီး၊မင်းအစိုးရတို့၏ ချီးမြှင့်မှုကိုခံရကာဘဝတွင်ကြီးပွားအောင်မြင်တတ်ကြပါတယ်။မမြင်အပ်သော မြင့်မြတ်သည့် နာမ်လောကမှပုဂ္ဂိုလ်ထူးတို့၏ ပါရမီပဋ္ဌာန်းဆက်ဖြင့်စောင့်ရှောက်မှုကိုလည်း သိသာစွာခံရတတ်မည်။

တန်ဆောင်မုန်းလမွေးဖွားသူတို့သည်အသိရခက်အကဲခတ်ရခက်တဲ့သူတွေပါပတ်ဝန်းကျင်အမြင်အရ တစ်မျိုး၊ ကိုယ့်ခံစားမှုကတစ်သွယ်ဖြစ်နေတတ်ကြတယ်ကိုယ်ကလည်း ကိုယ့်ခံစားချက်ကိုအသိရခက်အောင်မျိုသိပ်နိုင်စွမ်းရှိတဲ့သူတွေပါသပ်ရပ်သန့်ပြန့်ခန့်ည်

စွာနေတတ်သဖြင့်အများနှင့်မတူ ထင်ရှား၏။ စန်းပွင့်မျက်နှာပွင့်မယ်။ဆန့်ကျင်ဘက်လိင်တို့၏အထူးစိတ်ဝင်စားခံရတတ်တယ်နှလုံးသားရေးရာတွင်ချစ်မိပြီဆိုကဘဝကိုပင်ပုံအပ်ရန်ဝန်မလေးသူများ ဖြစ်ကြမယ် ။ချစ်သူအပေါ် အလိုလိုက်တတ်တယ်။စိတ်ရောကိုယ်ပါ ချစ်ခင်တတ်မယ်။ အပြန်အလှန် နားလည်မှုရှိမည်။တန်ဆောင်မုန်းလမွေးဖွားသူတို့သည်အလွန်ထူးခြားသောဘဝပိုင်ရှင်များဖြစ်ပြီးဘဝအကွေ့အပြောင်းများစွာကြုံရတတ်တယ်။

အေးတိအေးစက်နှင့်ပြန်မပြောနားမထောင်ကိုယ်ထင်ရာတဇွတ်ထိုးလုပ်တတ်တဲဉာဉ်ရှိမယ် စကားကတိကို တန်ဖိုးထားမယ်။အလုပ်တစ်ခုမလုပ်မီအပြန်ပြန်အလှန်လှန် စဉ်းစားမယ်။ မလုပ်မီ နောက်တွန့်နေတတ်တယ်။စလုပ်ပြီဆိုသည်နှင့်ကျော်လွှားနိုင်ပြီးထိပ်ဆုံး

သို့ရောက်တတ်တယ်။ဘာမဆို သိုသိုသိပ်သိပ်လုပ်တတ်တယ် ။အများနှင့်မတူသော ရှုထောင့်မှတွေး၍ လုပ်တတ်မယ်။အများနှင့်တွဲ၍ လုပ်သည်ထက် ကိုယ်တစ်ဦးတည်းလုပ်ကပိုအောင်မြင်တတ်တယ်။စိတ်ကူးဉာဏ်အလွန်ကောင်းတယ်။

အခြားသူတို့နှင့် ပြေလည်အောင် နေတတ်ပြီး ကူညီတတ်သောစရိုက်ကြောင့် မိတ်ကောင်း ဆွေကောင်းရရှိမယ်။သမားရိုးကျလမ်းဟောင်းအတိုင်းလုပ်ခြင်းထက် အရာရာကိုကိုယ်တိုင်လမ်းသစ်ထွင်ပြီး လုပ်က ပိုပြီးအောင်မြင်မယ်။ရေရှည်လုပ်ငန်းထက်ပေါ်ပင်လုပ်ငန်းများကပို၍ကောင်းကျိုးပေးမယ်။ဝန်ထမ်းလုပ်ပါကစာရင်းအင်းဘက်တွင်မလုပ်သင့်ပါ။

အလုပ်လုပ်ရာတွင်အကျိုးအမြတ်ဖြစ်အောင်တွက်ချက်ပြီးလုပ်တတ်သော်လည်းတကယ်လုပ်သောအခါ စိတ်ချမ်းသာမှုကို ရှေ့တန်းတင်၍စိတ်အေးလက်အေးလုပ်တတ်တယ်။ဘာပဲလုပ်လုပ် ဆုံးဖြတ်ပြီးကမြန်မြန်လုပ်ပါ။အချိန်ဆွဲမိက အလုပ်မဖြစ်တတ်ပါ။

ဆန်းသစ်မှု၊ တီထွင်မှု၊ စွန့်စားမှု၊ ဥပဒေပညာ၊ခွဲစိတ်ကုသမှုသတင်းထောက်လှမ်းမှု၊ စူးစမ်းမှုတို့တွင် ဝါသနာပါပြီးပါရမီထူးမယ်။ လောကီပညာမှစ၍ ဗေဒင်၊ နက္ခတ်၊ မှော်ပညာ၊နတ်ပိုင်းဆိုင်ရာဓါတ်ပိုင်းဆိုင်ရာကိစ္စတို့ပါဝါသနာပါမယ်သို့သော်လူသိမခံဘဲ လေ့လာလိုက်စားတတ်တယ်။

ဘာသာရေးတွင်လည်းထူးချွန်မယ်စာရေးဆရာပန်းချီဆရာထောက်လှမ်းရေးကျောက်မျက်ရတနာ၊တွင်းထွက်ပစ္စည်းမျိုးစုံနှင့် လျှပ်စစ်ပစ္စည်း၊ပန်းတိမ်အလုပ်၊ ဖိနပ်လုပ်ငန်းစိုက်ပျိုးရေးအလုပ်တို့တွင် ကောင်းကျိုးပေးမည်။ဘာပဲလုပ်လုပ် ကောင်းမွန်သောအလုပ်တို့ကိုသာလုပ်သင့်၏။ ပင်ကိုယ်ဗီဇတွင်ပင် ကြီးပွားစေတတ်သော ပါရမီပါပြီးဘာသာတရားကို ဦးထိပ်ပန်ဆင်ပြီး သမ္မာအာဇီဝကျကျ လုပ်သွားကစီးပွားဖြစ်ထွန်းတတ်ပါသည်။

တန်ဆောင်မုန်းလမွေးဖွားသူတို့သည်မီးဘေးလက်နက်ပေါက်ကွဲမှုဘေးလျှပ်စစ်မီးရှော့ခ်ဖြစ်ခြင်းတို့ကြုံတတ်တယ်အနည်းဆုံးအပူလောင်ခြင်းမျိုးမကြာခဏကြုံတတ်တယ်။ဘုရားဂုဏ်တော် (၉) ပါးကို အမြဲပွားတမ်းပွားများနေသင့်ပါသည်။ကျန်းမာရေး ရောဂါဖြစ်ခဲတတ်တယ် ဖြစ်ခဲ့လျှင်လည်းအဖျားကြီးသောရောဂါကူးစက်သော ရောဂါများဖြစ်တတ်တယ်။ထို့အပြင် ခန္ဓာကို၏လျှို့ဝှက်အင်္ဂါအစိတ်အပိုင်းတို့တွင်အနာရောဂါဖြစ်ခြင်း၊ ကျောက်ကပ်အစာအိမ်နှင့်ဆီးရောဂါတို့ဖြစ်တတ်မည်။

သို့သော် အန္တရာယ်ကြီးမားစွာ မဖြစ်တတ်ပါ။တန်ဆောင်မုန်းလမွေးဖွားသူတို့သည် ထူးခြားသော ဘဝပိုင်ရှင်များ ဖြစ်တယ်အထူးသဖြင့်ကိုယ်ကမှန်သည်ဟုဆုံးဖြတ်ထားသည့်အပေါ်တွင် ခိုင်မြဲစွာ ရပ်တည်၍လုပ်တတ်ရာ ကောင်းသော လမ်းကြောင်းပေါ် ရပ်တည်မိကထိပ်ဆုံးရောက်အောင် ဖြစ်ထွန်းသွားတတ်တယ်။မကောင်းသောလမ်းပေါ်ရောက်သွားကလည်း အဝီစိရောက်အောင်မိုက်တတ်တယ်။တန်ဆောင်မုန်းလမွေးဖွားသူတို့သည် ကိုယ့်စိတ်ထဲတွင်မကြိုက်ပါကဘယ်လိုပုဂ္ဂိုလ်ကြီးကိုမှဂရုမစိုက်တတ်တဲ့ဉာဉ်ရှိတယ်။ပင်ကိုယ်သဘောထားအလွန်ကောင်းပြီးသူတစ်ပါးထက်ပို၍ သည်းခံခွင့်လွှတ်တတ်မယ်။

ခွင့်လွှတ်နိုင်စွမ်းဘောင်ကျော်လာကလည်း အမျက်ကြီးကာရက်စက်စွာတုံ့ပြန်တတ်တယ်။ကိုယ်ပိုင်အကြံဖြင့်ထိပ်ဆုံးရောက်မယ်။ သူတစ်ပါးတွေကလည်းကိုယ့်ကိုကိုယ်လိုက်ပြီးတုပတတ်ကြ၏။အပေါင်းအသင်းမက်တတ်တယ်သို့သော် အစွဲမထားတတ်။ အချစ်ရေး၊ အိမ်ထောင်ရေး အားနည်းတယ်ရှုပ်ထွေးမည်။အိမ်ထောင်တစ်ဆက်တည်းထူထောင်ပါကထိပ်ဆုံးရောက်အောင်ကြီးပွားတတ်တယ် ။

တစ်ပါးသူတို့ကလည်းကိုယ့်အပေါ် အခွင့်အရေးယူကာ ဒုက္ခပေးတာခံရတတ်တယ်။ဆွေမျိုးရင်းထက် သူစိမ်းတို့က ပိုကောင်းတတ်မယ်။ ဘဝတွင်အခြေခံမှစပြီးအမြင့်ဆုံးရောက်အောင်ကြိုးစားနိုင်စွမ်းရှိမည်။အခက်အခဲရှိသူများကိုပင် ကိုယ်ကျိုးမငဲ့ဘဲ ကူညီပေးချင်တတ်သည် ။နှလုံးသားကို ဦးစားပေးသဖြင့်ခံစားချက် ပြင်းထန်တဲ့သူတွေပါ လူမျိုးခြားဘာသာခြားကိုရှောင်ကြဉ်သင့်ပါတယ်။

စီးပွားရေးတွင် အစပိုင်း၌ အမျိုးမျိုးပြောင်းပြီးလုပ်ကိုင်ပြီးမှ မမျှော်လင့်ဘဲမိတ်ဆွေကောင်းတွေ့ကာမထင်မှတ်သောအထောက်အကူများရရှိမည်။တန်ဆောင်မုန်းလမွေးဖွားသူတို့သည် အတိုက်အခံအလွန်များမည်။ ကိုယ်ကလည်းမဟုတ်မခံစိတ် သတ္တိဗျတ္တိနှင့်အတိုက်အခံလုပ်တတ်တယ်အနက်ရောင်ရှောင်ပါ၊ဆောင်ရန် အနီရောင် အနီရင့်အကောင်းဆုံးဖြစ်၏။ပတ္တမြားလက်စွပ်ဝတ်ဆင်ပါအကြံသစ်တွေကို လက်တွေ့လုပ်ဆောင်ပါ။ ရဲရဲလုပ်ပါ။မုချအောင်မြင်ပါလိမ့်မည်