ဗေဒင်

သောကြာ သားသမီးများအတွက် 2022 ခုနှစ် ဇူလိုင်(7)လပိုင်း တစ်လစာ အထူးဟောစာတမ်း

သောကြာ သားသမီးများအတွက် 2022 ခုနှစ် ဇူလိုင်(7)လပိုင်း တစ်လစာ အထူးဟောစာတမ်း

ယခုလတွင် မျှော်လင့်ချက်တို့ ပြည့်စုံလာ လိမ့်မည်ဖြစ်ပြီး စိတ်၏ချမ်းသာခြင်းနဲ့ အပြည့်အဝ ရရှိပိုင်ဆိုင် စံစားရလိမ့်မည်။ အိမ်ဆောက်၊ အိမ်တတ်များ ရှောင့်ကျဉ်သင့်၍

အိမ်ဆောက်အခါ ပြဿနာများ ရင်ဆိုင်ရအံ့။ အလုပ်မရှိတဲ့သူများ အလုပ်ရတက်သည်။ အလုပ်အသစ် ပြောင်းလိုသူများ ပြောင်းလိုက်တာက ပိုကောင်းပါသည်။

အပေါင်းအသင်း မိတ်ဆွေသစ် တိုးပွားခြင်း၊ လူချစ်လူခင် ပေါများခြင်း၊ မျက်နှာပွင့်ခြင်း စတာမျိုးတွေလည်း ကြုံရပါလိမ့်မယ်။ မိဘ၊ မိသာစုများအတွက် ကျန်းမာရေး

ကုသမှုဆောင်ရွက်ပေးရခြင်း၊ အိမ်၌အဝင်အထွက် ရှိသူများ ပြဿနာ ဖြေရှင်းပေးရမည်။ ဖခင်၊ အစ်ကိုတို့နှင့် ပတ်သက်၍ စိတ်ဆင်းရဲစရာများ ကြုံတွေ့ရတတ်သည်။

အလုပ်ထက် ကျော်လွန်ပြီး မိမိမနိုင်ရာကို မနိုင်ဝန်ထမ်းမည့် အလုပ်ကို လုပ်ခြင်းမှ ရှောင်ကျဉ်သင့်ပါတယ်။ အရှေ့အရပ် လာဘ်ရအံ့။ ငွေကြေးကိစ္စ၊ စာချူပ်စာတမ်း

လက်မှတ်ရေးထိုးခြင်း၊ စာပေကိရိယာ ဖြန့်ချီ့ခြင်း၊ ရတနာ စူးစမ်းရှာဖွေ့ခြင်း အထူးကောင်း၏။ စီးပွားရေး…..စီးပွားရေးအတွက် အကျိုးဖြစ်ထွန်းမည် အရာတွေကို

ဦးစားပေး အကောင်အထည် ဖော်နေရလိမ့်မည်။ စာပေစာနယ်ဇင်းလုပ်ငန်း၊ စပါးလုပ်ငန်း၊ အပန်းဖြေစခန်းဖွင့်ခြင်း၊ ဖက်ရှင်ဆိုင်ဖွင့်ခြင်း၊ ဆက်သွယ်ရေးပစ္စည်းများ

ရောင်းဝယ်ခြင်း၊ ဆေးဝါးရောင်းဝယ်ခြင်း အလုပ်အကိုင်များ အကျိူးမြတ်ရရှိမည်။ အိမ်ခြံမြေကားများ အရောင်းထွက် တက်ပါသည်။ အိမ်၊ခြံ၊ မြေ၊ကား၊နေရာ

အပြောင်းအလဲ လုပ်ရတက်သည်။ ဗုဒ္ဓဟူးနံ လုပ်ငန်းများ အရောင်းအဝယ်လုပ်ငန်း ရှောင့်သင့်။ အကျိူးပေးနည်း။ (ရွှေ၊ငွေ၊ ပုလဲ၊ အထည်ရတနာများ လှည်း၊ ရတနာ၊

ရေလုပ်ငန်း၊ ဝက်မွေးမြူရေးလုပ်ငန်း၊ ယဉ်၊ရွှေ ၊လူ၊အနုပညာ ၊အလှပညာ) လုပ်ငန်းများနှင့် ပါတ်သက်၍ အတိုက်အခံ၊အပျောက် အပျက်အစီး၊ အလိမ့်ခံရမှု ကြုံတွေ့ရအံ့။

ပညာရေး…မိမိ၏ အတွေ့အကြုံများအပေါ် မှုတည်ပြိး လုပ်ငန်းများ ကြိုးစားအားထုတ်ပြိး၊ အခွင့်ကောင်းများနှင့် အောင်မြင်မှုများ ဆွတ်ဆူးနိုင်မည်။ ပညာရေး ရာထူးပြောင်းခြင်း၊

ဂုဏ်ထူးတတ်ခြင်း၊ နေရာပြောင်းရွှေ့ခြင်းရှိမည်။ ပြည်ပသို့ လေ့လာရေး ခရီးသွားလာ ရကိန်းရှိသည်။ အချစ်ရေးနှင့် အိမ်ထောင်းရေး…ငယ်ရွယ်သူများအတွက်

အချစ်ရေး မေတ္တာရေး အင်မတန် ကောင်းမွန်လှသည်။ စန်းပွင့်ခြင်းနှင့် ချစ်သူနှင့် ပြေလည်ခြင်း ရည်ရွယ်ချက် ရည်မှန်းချက်များ အောင်မြင်နိုင်မည်။ အချစ်ဟောင်း

Exများလဲ ပြန်လာတက်ပါသည်။ ချစ်သူနဲ့ အဆင်မပြေ ဖြစ်နေသူများ ပြန်အဆင်ပြေ လာတက်ပါသည်။ အိမ်ထောင်ရှင်များ အထင်လွဲ ခံရတတ်သည်။ အိမ်ထောင်ရေးကံ

အညံ့အဆိုးများ ဘာလုပ်လုပ် မိမိအိမ်ထောင်ဘက်ကို ဆွေးနွေးညှိနှိုင်းတိုင်ပင် အဆင်ပြေပါမယ့်။ကျန်းမာရေး…ကျန်းမာရေး အဆစ်အမြစ် ကိုက်ခဲခြင်းရောဂါဠ သွားနာခြင်း၊

ဇက်ကြောတက်တာ၊ အနာအပုများဖြစ်တတ်၏။ အစားသောက် ဆင်ခြင်သင့်၏။(အချိုအငံ အဆီအစိမ့် စသည်တို့ကို အလွန်အကျွံ စားသုံးခြင်းမှ ရှောင်ပါ။)

ကျန်းမာရေး လိုက်စားပေးပါ။ အစားအသောက်နှင့် အသွားအလာ အနေအထိုင် ဆင်ခြင်ပေးပါ။ အထူးအားဖြင့် (၄၊၁၃၊၂၂၊၃၁)ရက် မွေးဖွားသူများ အထူးကံဇာတာ

အညံထဲ ရှိနေပါသည်။ သူတစ်ပါးအပေါ်ကို အားကိုးလို့ မရရသော ကာလဖြစ်သည်။ လက်ရှိအလုပ်အတွင်း တာဝန်ယူမှု၊ တာဝန်ခံမူ လေးတွေရှိမည်။ အောက်ခြေပိုင်းဆိုင်ရာတွေ

စီမံခန့်ခွဲ နေရတတ်တယ်။ ဗုဒ္ဓဟူး သားသမီးတစ်ဦး ဒုက္ခပေးအံ့။ အမှုဖြစ်အံ့။ အပျက်အစီး၊ အတိုက်အခံများလာအံ့။ ငွေကြေးကိစ္စ၊ စာချူပ်စာတမ်းလက်မှတ်ရေးထိုးခြင်းတို့ ရှောင့်သင့်၏။

အချစ်ရေး ဝမ်းနည်းစရာနဲ့ အတိတ်၏ နာကျည်းစရာတွေကို မတွေးတောပဲ ရှေ့ဆက်ဘဝကိုသာ ကောင်းကောင်းလျှောက်ပါလို့ ဆရာအကြံပြုပါရစေ။ အိမ်ထောင်ရေး ကံဇာတာတွင်

စွန့်လွတ်အနစ်နာ ခံရတတ်သည်။ အိမ်ထောင်ရေးမှာ ဘာမဟုတ်တဲ့ စကားတခွန်ကို အကျယ်ချဲ့ပြီး ရန်ဖြစ်ရတတ်သည်၊ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့ စိတ်ညစ်ရမည်။

ထိုပြင် မိမိအိမ်ထောင်ဖတ်ကို လိုင်းပေါ်မှာရော့၊ အပြင်မှာရော့ အထူးမျက်စိ ဒေါက်ထောက်ကြည့်နေသင့်၏…အထူးအဟော နေ့တူ၊နံတူ၊ လုပ်ငန်းတူ အချင်းချင်း

ရန်းမီးပွား၊ စီးပွားကျဆင်း၊ သစ္စာဖောက် ခံရနိုင်သည်။လက်မှတ်ရေးထိုး စာချူပ်ရမည့်ကိစ္စ၊ ငွေလွှဲရမည့်ကိစ္စတို့ကို သေချာလေး စနစ်တစ်ကျဆောင်ရွက်ပါ။ လေးစားစွာဖြင့် Credit