မင်းမိန်းမနဲ့ ဘာလို့ ကွာရှင်းချင်တာလဲ တရားသူကြီးက မေးသောအခါ….
တရားသူကြီးက မေးတယ်…“ကျနော့ကို နေ့စဉ် ကြက်သွန်ဖြူ ခွာခိုင်းတယ် ကြက်သွန်နီ လှီးခိုင်းတယ် ပန်းကန် ဆေးခိုင်းတယ် အဲဒါကြောင့်”” အဲဒါ ဘာများ အပန်းကြီးလဲ…
လွယ်လွယ်လေးပဲ ဟာကိုကွာ….ကြက်သွန်ဖြူ မခွာခင် မီးအပူလေး ပေးလိုက်…အခွံခွာရတာ လွယ်လွယ်လေး ဖြစ်သွားမယ် ကြက်သွန်နီ လှီးခိုင်းရင် လှီးမဲ့
ကြက်သွန်ကို ရေခဲသေတ္တာအထဲ ခဏထား..နောက်လှီးကြည့်… မျက်စိမစပ် တော့ဘူးပေါ့…ဒီလိုပဲလေ..ပန်းကန်လည်း မဆေးခင် ရေထဲဆယ်မိနစ်လောက် စိမ်ထား
ဆေးရတာ လွယ်လွယ်လေး…ဒါပေမဲ့..မင်းကို အဝတ်တော့ မလျှော်ခိုင်းသေးဘူး မဟုတ်လား…နောက် အဝတ်လျှော်ခိုင်းရင် ဒီလိုလုပ်ကွ သေချာမှတ်ထား…
အဝတ်မလျှော်ခင် ဆပ်ပြာရည် အထဲမှာ အဝတ်ကို ဆယ့်ငါးမိနစ်လောက် စိမ်ထား… ဂျီးတွေ သူ့အလိုလို ထွက်လာလိမ့်မယ်…လျှော်တဲ့အချိန် အားသုံးစရာ မလိုတော့ဘူးပေါ့ကွာ..
ပြီးတော့…သနပ်ခါး..သွေး…”“ရပါၿပီ ခင္ဗ်… ကျနော့် လျှောက်လွှာ ပြန်ရုပ်သိမ်းခွင့်ပြုပါ..တရားသူကြီးမင်း ခင်ဗျား”“မင်း..ငါပြောတာ နားလည်သွားလို့ပေါ့ ဟုတ်လား”
“အမှန်တော့ ကျနော်ဟာ တရားသူကြီး ထက်စာရင် အများကြီး သက်သာပါ သေးတယ်ဆိုတာ သိသွားလို့ပါ..”ဒီလိုကာလကြီးမှာ ခဏတာလေးဖြစ်ဖြစ်
ရယ်မောပျော်ရွှင် နိုင်ကြပါစေ…။ မင်းမိန်းမနဲ့ ဘာလို့ ကွာရှင်းချင်တာလဲ တရားသူကြီးက မေးသောအခါ….
Zawgyi