ၾကားသိရသမွ်

ပုသိမ်တွင် ဗုံးပေါက်ကွဲမှုအပြီး ကျောင်းထိုင်ဆရာတော်၊ ကိုရင်နှင့် သီလရှင်များ ဖမ်းဆီးခံရ….

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၂ ရပ်ကွက်မှာ စက်တင်ဘာ ၁၂ ရက်နေ့ညပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက်ပိုင်း ဘုန်းကြီးကျောင်းထိုင် ဆရာတော်အပါဝင် ကိုရင်တွေနဲ့ မယ်သီလရှင် ဆရာလေးတွေပါ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

အမှတ် ၂ ရပ်ကွက်က ဇေယျသိန္ဒိဘုန်းကြီးကျောင်းမှာ ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး အမျိုးသား ၁ ဦး ဒဏ်ရာရရှိခဲ့ကာ ကျောင်းထိုင်ဆရာတော်နဲ့ မယ်သီလရှင်တွေကို စစ်တပ်နဲ့ ရဲက လာရောက်ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “ဗုံးပေါက်တာတော့ ကြားရတယ်၊ သိပ်မကြာဘူး၊ စစ်သားနဲ့ ရဲတွေ ရောက်လာပြီး ကျောင်းထိုင်ဆရာတော်နဲ့ မယ်သီလရှင်ဆရာလေးတွေကို ဖမ်းသွားတယ်” လို့ ပြောပါတယ်။

ဘုန်းကြီးကျောင်းကို ဗုံးခွဲခဲ့တာမျိုးမရှိခဲ့ပေမယ့် အဖွဲ့ဝင် ၄ ဦး သွားရောက်ချိန်မှာ ဗုံးထပေါက်ကွဲခဲ့တာဖြစ်ပြီး ဒဏ်ရာရရှိသူတွေ ရှိတယ်လို့ ပုသိမ်မြို့ပြပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဗုံးပေါက်ကွဲပြီးနောက်ပိုင်း ရဲနဲ့စစ်တပ် ရောက်မလာခင် ရှောင်တိမ်းနိုင်ခဲ့တာကြောင့် ဖမ်းဆီးမခံရပေမယ့် ကျောင်းထိုင်ဆရာတော်နဲ့ ကိုရင်လေးတွေ မယ်သီလရှင်ဆရာလေးတွေ ဖမ်းဆီးခံရတဲ့အပေါ် စိတ်မကောင်းဘူးလို့ ဆိုပါတယ်။

unicode




