က်မၼာေရး ဗဟုသုတ

ေခါင္းကိုက္ျခင္းကို အျမန္ဆုံးသက္သာေစမယ့္ နည္းလမ္း (၁၀) ခု…..

ေခါင္းကိုက္ျခင္းကို အျမန္ဆုံးသက္သာေစမယ့္ နည္းလမ္း (၁၀) ခု

အ႐ြယ္ေရာက္ၿပီး လူဦးေရရဲ႕ တစ္ဝက္နီးပါးေလာက္က တစ္ႏွစ္ကို အနည္းဆုံး တစ္ခါေလာက္ ေခါင္းကိုက္တယ္လို႔ ေလ့လာမႈေတြက ေျပာပါတယ္။

ေခါင္းတစ္ျခမ္းကိုက္ျခင္း၊ ေခါင္းတစ္ခုလုံး ကိုက္ျခင္းဆိုၿပီး ေခါင္းကိုက္ပုံကိုက္နည္းေတြ အမ်ားႀကီး ရွိပါတယ္။ စိတ္ညစ္စရာေတြေၾကာင့္ ေခါင္းကိုက္တတ္သလို မ်က္စိအျမင္အာ႐ုံမွာ ျပႆနာျဖစ္လို႔လည္း ေခါင္းကိုက္ပါတယ္။

စိတ္ညစ္ျခင္းေၾကာင့္ ေခါင္းကိုက္တဲ့လူေပါင္း 1.6 သန္းခန႔္ ရွိပါတယ္။ ဘယ္အခ်ိန္၊ ဘယ္ေနရာမွာမဆို ျပဳလုပ္ႏိုင္တဲ့၊ ျမန္ဆန္တဲ့ ေခါင္းကိုက္ေပ်ာက္ ေလ့က်င့္ခန္းေလးေတြ ရွိပါတယ္။

1. အပူခ်ိန္ကုထုံး

ေရေႏြးနဲ႔ ေရခ်ိဳးျခင္းက တင္းေနတဲ့ ႂကြက္သားေတြကို ေျပေလ်ာ့ေစၿပီး ေခါင္းကိုက္ျခင္းကို သက္သာေစပါတယ္။ ဒါေပမယ့္ ေရကို အၾကာႀကီးေတာ့ မခ်ိဳးသင့္ပါဘူး။

2. ရနံ႔ကုထုံး

လာဗင္ဒါပန္းရနံ႔ဆီက ေခါင္းကိုက္ျခင္းကို သက္သာေစပါတယ္။ လာဗင္ဒါရနံ႔ဆီကို နဖူးေပၚမွာ ညင္သာစြာလိမ္းေပးၿပီး ခဏေလာက္ အနားယူလိုက္ပါ။ ပက္ပါမင့္ဆီကလည္း ေခါင္းတစ္ျခမ္းကိုက္ျခင္းကို သက္သာေစပါတယ္။

3. ေရေသာက္ျခင္း

ေရဓာတ္ ဆုံးရႈံးတာေၾကာင့္လည္း ေခါင္းကိုက္ပါတယ္။ ဒါေပမယ့္ ေရေသာက္မ်ားရင္လည္း ေသြးထဲက ဆိုဒီယမ္ေတြမွာ ေရေရာလာမွာပါ။ ေရဓာတ္ဆုံးရႈံးရင္ ေခါင္းကိုက္ျခင္း၊ မအီမသာျဖစ္ျခင္းေတြ ျဖစ္တတ္ပါတယ္။

4. သဘာဝသစ္သီးမ်ားႏွင့္ ကုသျခင္း

ေခါင္းကိုက္ျခင္းကို ကုသဖို႔အတြက္ ဂ်င္းကို ရာစုႏွစ္ေပါင္းမ်ားစြာ အသုံးျပဳခဲ့ၾကပါတယ္။ ေခါင္းကိုက္တဲ့အခ်ိန္မွာ ဂ်င္းျပဳတ္ရည္ကို ေသာက္ေပးလို႔ ရပါတယ္။

5. လက္ကိုႏွိပ္နယ္ေပးျခင္း

လက္မနဲ႔ လက္ညႇိဳးဆုံရာေနရာကို 10 စကၠန႔္ ႏွိပ္နယ္ေပးရမွာပါ။ 10 စကၠန႔္ၾကာၿပီးရင္ လက္တစ္ဖက္စီကို ေျပာင္းၿပီးႏွိပ္ေပးပါ။ လက္မနဲ႔ လက္ညႇိးေနရာကို ႏွိပ္နယ္ေပးတဲ့အခါ ေခါင္းနဲ႔လည္ပင္း တင္းေနတာေတြ ေျပေလ်ာ့ၿပီး ေခါင္းကိုက္သက္သာသြားပါတယ္။

6. ေျခေထာက္ကို ႏွိပ္နယ္ေပးျခင္း

ေျခက်င္းဝတ္နဲ႔ လက္ေလးလုံးအကြာေနရာကို ႏွိပ္ေပးရမွာပါ။ အဲဒီေနရာကို San Yin Jiao အမွတ္လို႔လည္း ေခၚပါတယ္။ San Yin Jiao အမွတ္ကို ႏွိပ္နယ္ေပးရင္ စိတ္ဖိစီးမႈေတြ ေျပေလ်ာ့ၿပီး စိတ္တည္ၿငိမ္ေစပါတယ္။

7. ေခါင္းအေနာက္ကို ႏွိပ္နယ္ေပးျခင္း

ဦးေခါင္းရဲ႕ေအာက္ဘက္မွာရွိတဲ့ အခ်ိဳင့္ေလးႏွစ္ခုကို ႏွိပ္ေပးရမွာပါ။ လက္ခလယ္နဲ႔ လက္ညႇိဳးကို သုံးၿပီး 10 စကၠန႔္ၾကာေအာင္ ႏွိပ္နယ္ေပးရမွပါ။ ဒီနည္းက ဇက္ေၾကာတက္ျခင္းေၾကာင့္ျဖစ္တဲ့ ေခါင္းကိုက္ျခင္းကို သက္သာေစပါတယ္။

8. Drilling Bamboo အမွတ္ကို ႏွိပ္နယ္ေပးျခင္း

Drilling Bamboo ဆိုတာ ႏွာေခါင္း႐ိုးနဲ႔ မ်က္ခုံးအစြန္တို႔ ဆုံတဲ့ေနရာျဖစ္ပါတယ္။ အဲဒီေနရာကို10 စကၠန႔္ၾကာ ႏွိပ္နယ္ေပးရမွာပါ။ Drilling Bamboo ကို ႏွိပ္နယ္ေပးတဲ့အခါ မ်က္႐ိုးကိုက္ျခင္းေၾကာင့္ျဖစ္တဲ့ ေခါင္းကိုက္ျခင္းကို သက္သာေစပါတယ္။

9. ပုခုံးကို ႏွိပ္နယ္ေပးျခင္း

ပုခုံးကို 1 မိနစ္ၾကာ ႏွိပ္နယ္ေပးရမွာပါ။ အဲဒီလို ႏွိပ္နယ္ေပးရင္ လည္ပင္းနဲ႔ ပုခုံး ေတာင့္တင္းေနတာေတြ ေျပေလ်ာ့သြားၿပီး ေခါင္းကိုက္သက္သာသြားမွာပါ။

10. နားထင္ကို ႏွိပ္နယ္ေပးျခင္း

လက္ခလယ္နဲ႔ လက္ညႇိးကိုသုံးၿပီး ေခါင္းကိုက္သက္သာလာတဲ့ အထိ နားထင္ေနရာကို ညင္ညင္သာသာ ႏွိပ္ေပးရမွာပါ။ နားထင္ကို ႏွိပ္ေပးျခင္းက ေခါင္းတစ္ျခမ္းကိုက္ျခင္းကို သက္သာေစပါတယ္။

LoveMedia

Unicode,

ခေါင်းကိုက်ခြင်းကို အမြန်ဆုံးသက်သာစေမယ့် နည်းလမ်း (၁၀) ခု

အရွယ်ရောက်ပြီး လူဦးရေရဲ့ တစ်ဝက်နီးပါးလောက်က တစ်နှစ်ကို အနည်းဆုံး တစ်ခါလောက် ခေါင်းကိုက်တယ်လို့ လေ့လာမှုတွေက ပြောပါတယ်။

ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ ခေါင်းတစ်ခုလုံး ကိုက်ခြင်းဆိုပြီး ခေါင်းကိုက်ပုံကိုက်နည်းတွေ အများကြီး ရှိပါတယ်။ စိတ်ညစ်စရာတွေကြောင့် ခေါင်းကိုက်တတ်သလို မျက်စိအမြင်အာရုံမှာ ပြဿနာဖြစ်လို့လည်း ခေါင်းကိုက်ပါတယ်။

စိတ်ညစ်ခြင်းကြောင့် ခေါင်းကိုက်တဲ့လူပေါင်း 1.6 သန်းခန့် ရှိပါတယ်။ ဘယ်အချိန်၊ ဘယ်နေရာမှာမဆို ပြုလုပ်နိုင်တဲ့၊ မြန်ဆန်တဲ့ ခေါင်းကိုက်ပျောက် လေ့ကျင့်ခန်းလေးတွေ ရှိပါတယ်။

1. အပူချိန်ကုထုံး

ရေနွေးနဲ့ ရေချိုးခြင်းက တင်းနေတဲ့ ကြွက်သားတွေကို ပြေလျော့စေပြီး ခေါင်းကိုက်ခြင်းကို သက်သာစေပါတယ်။ ဒါပေမယ့် ရေကို အကြာကြီးတော့ မချိုးသင့်ပါဘူး။

2. ရနံ့ကုထုံး

လာဗင်ဒါပန်းရနံ့ဆီက ခေါင်းကိုက်ခြင်းကို သက်သာစေပါတယ်။ လာဗင်ဒါရနံ့ဆီကို နဖူးပေါ်မှာ ညင်သာစွာလိမ်းပေးပြီး ခဏလောက် အနားယူလိုက်ပါ။ ပက်ပါမင့်ဆီကလည်း ခေါင်းတစ်ခြမ်းကိုက်ခြင်းကို သက်သာစေပါတယ်။

3. ရေသောက်ခြင်း

ရေဓာတ် ဆုံးရှုံးတာကြောင့်လည်း ခေါင်းကိုက်ပါတယ်။ ဒါပေမယ့် ရေသောက်များရင်လည်း သွေးထဲက ဆိုဒီယမ်တွေမှာ ရေရောလာမှာပါ။ ရေဓာတ်ဆုံးရှုံးရင် ခေါင်းကိုက်ခြင်း၊ မအီမသာဖြစ်ခြင်းတွေ ဖြစ်တတ်ပါတယ်။

4. သဘာဝသစ်သီးများနှင့် ကုသခြင်း

ခေါင်းကိုက်ခြင်းကို ကုသဖို့အတွက် ဂျင်းကို ရာစုနှစ်ပေါင်းများစွာ အသုံးပြုခဲ့ကြပါတယ်။ ခေါင်းကိုက်တဲ့အချိန်မှာ ဂျင်းပြုတ်ရည်ကို သောက်ပေးလို့ ရပါတယ်။

5. လက်ကိုနှိပ်နယ်ပေးခြင်း

လက်မနဲ့ လက်ညှိုးဆုံရာနေရာကို 10 စက္ကန့် နှိပ်နယ်ပေးရမှာပါ။ 10 စက္ကန့်ကြာပြီးရင် လက်တစ်ဖက်စီကို ပြောင်းပြီးနှိပ်ပေးပါ။ လက်မနဲ့ လက်ညှိးနေရာကို နှိပ်နယ်ပေးတဲ့အခါ ခေါင်းနဲ့လည်ပင်း တင်းနေတာတွေ ပြေလျော့ပြီး ခေါင်းကိုက်သက်သာသွားပါတယ်။

6. ခြေထောက်ကို နှိပ်နယ်ပေးခြင်း

ခြေကျင်းဝတ်နဲ့ လက်လေးလုံးအကွာနေရာကို နှိပ်ပေးရမှာပါ။ အဲဒီနေရာကို San Yin Jiao အမှတ်လို့လည်း ခေါ်ပါတယ်။ San Yin Jiao အမှတ်ကို နှိပ်နယ်ပေးရင် စိတ်ဖိစီးမှုတွေ ပြေလျော့ပြီး စိတ်တည်ငြိမ်စေပါတယ်။

7. ခေါင်းအနောက်ကို နှိပ်နယ်ပေးခြင်း

ဦးခေါင်းရဲ့အောက်ဘက်မှာရှိတဲ့ အချိုင့်လေးနှစ်ခုကို နှိပ်ပေးရမှာပါ။ လက်ခလယ်နဲ့ လက်ညှိုးကို သုံးပြီး 10 စက္ကန့်ကြာအောင် နှိပ်နယ်ပေးရမှပါ။ ဒီနည်းက ဇက်ကြောတက်ခြင်းကြောင့်ဖြစ်တဲ့ ခေါင်းကိုက်ခြင်းကို သက်သာစေပါတယ်။

8. Drilling Bamboo အမှတ်ကို နှိပ်နယ်ပေးခြင်း

Drilling Bamboo ဆိုတာ နှာခေါင်းရိုးနဲ့ မျက်ခုံးအစွန်တို့ ဆုံတဲ့နေရာဖြစ်ပါတယ်။ အဲဒီနေရာကို10 စက္ကန့်ကြာ နှိပ်နယ်ပေးရမှာပါ။ Drilling Bamboo ကို နှိပ်နယ်ပေးတဲ့အခါ မျက်ရိုးကိုက်ခြင်းကြောင့်ဖြစ်တဲ့ ခေါင်းကိုက်ခြင်းကို သက်သာစေပါတယ်။

9. ပုခုံးကို နှိပ်နယ်ပေးခြင်း

ပုခုံးကို 1 မိနစ်ကြာ နှိပ်နယ်ပေးရမှာပါ။ အဲဒီလို နှိပ်နယ်ပေးရင် လည်ပင်းနဲ့ ပုခုံး တောင့်တင်းနေတာတွေ ပြေလျော့သွားပြီး ခေါင်းကိုက်သက်သာသွားမှာပါ။

10. နားထင်ကို နှိပ်နယ်ပေးခြင်း

လက်ခလယ်နဲ့ လက်ညှိးကိုသုံးပြီး ခေါင်းကိုက်သက်သာလာတဲ့ အထိ နားထင်နေရာကို ညင်ညင်သာသာ နှိပ်ပေးရမှာပါ။ နားထင်ကို နှိပ်ပေးခြင်းက ခေါင်းတစ်ခြမ်းကိုက်ခြင်းကို သက်သာစေပါတယ်။

LoveMedia