လတ်တလော အဖြစ်များနေတဲ့ အသံနာ၊ အသံပြောင်းခြင်းကို အမြန်သက်သာစေနိုင်တဲ့ နည်းလမ်းများ
ယခုရက်ပိုင်း အဖြစ်များနေတဲ့ လည်ချောင်းနာပြီး အသံပြောင်း၊ အသံနာဖြစ်နေခြင်းကို အမြန်သက်သာစေနိုင်တဲ့ နည်းလမ်းနဲ့ ဆောင်ရန် ရှောင်ရန်များကို ဖော်ပြ ပေးလိုက်ပါတယ်- အမြန်သက်သာအောင် ဘာတွေ လုပ်ပေးလို့ရလဲ စကား အများကြီး မပြောပါနဲ့၊ စကားကို နည်းနိုင်သမျှ နည်းအောင်ပြောပါ၊
ဆားရည်နဲ့ အာလုတ်ကျင်းပေးပါ (Gurgle လုပ်ပါ)၊ မိမိ အိပ်ခန်းထဲမှာ ရေငွေ့ ထိန်းစက် (humidifier) ထားပါ၊ မရှိပါက ရေနွေးငွေ့ရှုပါ၊ ရေချိုးရာတွင် ရေနွေးနွေး ဖြင့်ချိုးပါ၊ ငုံဆေး တစ်မျိုးမျိုးငုံပါ (lozenges)၊ ရေများများ သောက်ပါ၊ ဂျင်း၊ ကြက်သွန်ဖြူ၊ သံပုရာသီးကဲ့ သို့ ကိုယ်ခံအားမြှင့်တင်ပေးသော ဟင်းခတ်အမွှေး အကြိုင်များ အသုံးပြုပါ၊
ဘာတွေ ရှောင်ရမလဲ စကား အော်၍ပြောခြင်းကိုရှောင်ပါ၊ မိမိ အသံကို ချွေတာ သော အားဖြင့် တီးတိုးစွာ (whispering) ပြောခြင်း ကိုရှောင်ပါ (တီးတိုးစွာပြောဆိုခြင်းက ပုံမှန်ပြောဆို ခြင်းထက် အသံအိုးအား ပိုမို ဒဏ်သက်ရောက်စေပါတယ်) ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း ကိုရှောင်ပါ၊ ကော်ဖီ၊ လက်ဖက်ရည် အလွန် အကျွံသောက်ခြင်းကိုရှောင်ပါ ၊ အားလုံးပဲကျန်းမာလှပကြပါစေ…
Dr.Ei Thet Nyein, MBBS @ UM-1, MSc Sports and Exercise Medicine program @University of Leeds (ENGLAND)
လတ္တေလာ အျဖစ္မ်ားေနတဲ့ အသံနာ၊ အသံေျပာင္းျခင္းကို အျမန္သက္သာေစနိုင္တဲ့ နည္းလမ္းမ်ား
ယခုရက္ပိုင္း အျဖစ္မ်ားေနတဲ့ လည္ေခ်ာင္းနာၿပီး အသံေျပာင္း၊ အသံနာျဖစ္ေနျခင္းကို အျမန္သက္သာေစနိုင္တဲ့ နည္းလမ္းနဲ႔ ေဆာင္ရန္ ေရွာင္ရန္မ်ားကို ေဖာ္ၿပ ေပးလိုက္ပါတယ္- အျမန္သက္သာေအာင္ ဘာေတြ လုပ္ေပးလို႔ရလဲ စကား အမ်ားႀကီး မေျပာပါနဲ႔၊ စကားကို နည္းနိုင္သမၽွ နည္းေအာင္ေျပာပါ၊
ဆားရည္နဲ႔ အာလုတ္က်င္းေပးပါ (Gurgle လုပ္ပါ)၊ မိမိ အိပ္ခန္းထဲမွာ ေရေငြ႕ ထိန္းစက္ (humidifier) ထားပါ၊ မရွိပါက ေရေႏြးေငြ႕ရႈပါ၊ ေရခ်ိဳးရာတြင္ ေရေႏြးေႏြး ျဖင့္ခ်ိဳးပါ၊ ငုံေဆး တစ္မ်ိဳးမ်ိဳးငုံပါ (lozenges)၊ ေရမ်ားမ်ား ေသာက္ပါ၊ ဂ်င္း၊ ၾကက္သြန္ျဖဴ၊ သံပုရာသီးကဲ့ သို႔ ကိုယ္ခံအားျမႇင့္တင္ေပးေသာ ဟင္းခတ္အေမႊး အႀကိဳင္မ်ား အသုံးျပဳပါ၊
ဘာေတြ ေရွာင္ရမလဲ စကား ေအာ္၍ေျပာျခင္းကိုေရွာင္ပါ၊ မိမိ အသံကို ေခၽြတာ ေသာ အားျဖင့္ တီးတိုးစြာ (whispering) ေျပာျခင္း ကိုေရွာင္ပါ (တီးတိုးစြာေျပာဆိုျခင္းက ပုံမွန္ေျပာဆို ျခင္းထက္ အသံအိုးအား ပိုမို ဒဏ္သက္ေရာက္ေစပါတယ္) ေဆးလိပ္ေသာက္ျခင္း၊ အရက္ေသာက္ျခင္း ကိုေရွာင္ပါ၊ ေကာ္ဖီ၊ လက္ဖက္ရည္ အလြန္ အကၽြံေသာက္ျခင္းကိုေရွာင္ပါ ၊ အားလုံးပဲက်န္းမာလွပၾကပါေစ…
Dr.Ei Thet Nyein, MBBS @ UM-1, MSc Sports and Exercise Medicine program @University of Leeds (ENGLAND)