လက္ဖ၀ါးေပၚက လက္ေခ်ာင္းေလးေတြရဲ႕အတိုအရွည္ကေန လူေတြရဲ႕စိတ္တစ္ခ်ိဳ႕ကို ေျပာျပေနတယ္ဆိုတာ သင္တုိ႕သိပါသလား၊ အမ်ားျကီးေတာ႔ကြက္တိမွန္နုိင္မယ္မထင္ပင္မဲ႔အနည္းငယ္ေတာ႔ တူလိမ္႔မယ္လုိ႕ယံုပါတယ္
ဘယ္လုိ လက္အတိုအရွည္ပံုစံေတြက ဘယ္လုိ စိတ္ေနစိတ္ထားမ်ိဳးလဲဆိုတာ ျကည္႔လုိက္ရေအာင္
လက္သူျကြယ္ က လက္ညိဳးထက္ပိုရွည္တဲ႔ လက္မ်ိဳးကိုပိုင္ဆုိင္ထားရတဲ႔သူေတြဟာ ေခ်ာတာထက္ဆြဲေဆာင္မႈရွိျပီးလူခ်စ္လူခင္ေပါသူေတြပါ။
လူမႈေပါင္းသင္းဆက္ဆံေရးမွာသူတစ္ပါးေတြရဲ႕စိတ္ကိုအကဲခက္တတ္တာေျကာင္႔ လူခ်စ္မ်ားတတ္ျကပါတယ္။
စိတ္ျမန္ျပီး စိတ္ဆတ္တတ္တဲ႔အက်င္႔ေလးရွိတာေျကာင္႔ လူအမ်ားအျမင္မွာေဒါသျကီးတယ္လုိ႕ေတာ႔ထင္တတ္ျကပါတယ္။ ဒါပင္မဲ႔မဟုတ္မခံစိတ္မိ်ဳးေလးပါ။
ရည္မွန္းခ်က္ေတြခိုင္မာျပီး အျမင္႔ဆံုးဆိုတာေတြကိုမွန္းထားေလ႔ရွိတတ္ျကပါတယ္။ စိတ္ကိုအျကာျကီးမညစ္တတ္ပဲ တစ္လမ္းမရရင္ ေနာက္တစ္လမ္းေဖာက္ဖို႕ေတြးေနတတ္ျကသူေတြပါ။
လက္ညိဳးကလက္သူျကြယ္ထက္ပိုရွည္တဲ႔သူေတြဟာ ေခါင္းေဆာင္မႈအားေကာင္းျပီးသူတစ္ပါးအေပၚကူညီေဖးမဖုိ႕၀ါသနာပါသူေတြပါ။
ဦးေဆာင္မႈအားျပင္းထန္လြန္းျပီး သူတစ္ပါးအေပၚတင္းျကပ္ရင္းကေန ဆရာလုပ္တယ္လုိ႕အထင္ခံရတတ္ပါတယ္။ ကိုယ္႔မိတ္ေဆြသူငယ္ခ်င္းေတြျကား ကိုယ္႔ ကိုယ္ကိုယ္သိကၡာက်ေစမဲ႔အျပဳမူမ်ိဳးကိုလုပ္ေလ႔မရွိတတ္ျကဘူး။
တစ္စံုတစ္ခုကိုျပဳမူလုပ္ေဆာင္မယ္လုိ႕ရည္ရႊယ္လုိက္ရင္မလုပ္ခင္မေျပာခင္ကတည္းက ဒီအလုပ္ကိုလုပ္ျပီးလို႕ျဖစ္လာမဲ႔အက်ိဳးရလာဒ္ကို ထည္႔တြက္တတ္ျကတယ္။
ေကာက္ခါငင္ကာထလုပ္တာမ်ိဳးထက္စိတ္ထဲအကြက္ခ်စီစဥ္ျပီးမွ လုပ္တာမ်ိဳးကိုပိုျပီးစိတ္အားထက္သန္ျကပါတယ္။
နွစ္ေခ်ာင္းလံုးကညီေနတဲ႔သူေတြကေတာ႔တရားမ်ွတမႈကိုလိုလားျပီး စိတ္ေအးတဲ႔သူေတြပါ။ ေပါင္းရသင္းရအရမ္းေကာင္းျပီး စိတ္သေဘာထားျပည္႔၀တယ္လုိ႕ေျပာရင္လည္းမမွားနုိင္ပါဘူး။
ကိုယ္႔အေပၚေကာင္းတဲ႔သူေတြအေပၚဆုိနွစ္ဆေလာက္ပိုေကာင္းတတ္ျပီး နားလည္မႈအျပည္႔ရွိတဲ႔သူမ်ိဳးပါ။ ကိုယ္႔ရဲ႕အျပဳမူကတစ္ဖက္သားကိုထိခိုက္ျပီးနစ္နာသြားေစတာမ်ိဳးျဖစ္မွာကိုသိပ္ေျကာက္ျကပါတယ္။
(ေလးစားမႈျဖင့္ ခရက္ဒစ္)
Unicode
လက်ဖဝါးပေါ်က လက်ချောင်းလေးတွေရဲ့အတိုအရှည်ကနေ လူတွေရဲ့စိတ်တစ်ချို့ကို ပြောပြနေတယ်ဆိုတာ သင်တို့သိပါသလား၊ အများကြီးတော့ကွက်တိမှန်နိုင်မယ်မထင်ပင်မဲ့အနည်းငယ်တော့ တူလိမ့်မယ်လို့ယုံပါတယ်
ဘယ်လို လက်အတိုအရှည်ပုံစံတွေက ဘယ်လို စိတ်နေစိတ်ထားမျိုးလဲဆိုတာ ကြည့်လိုက်ရအောင်
လက်သူကြွယ် က လက်ညိုးထက်ပိုရှည်တဲ့ လက်မျိုးကိုပိုင်ဆိုင်ထားရတဲ့သူတွေဟာ ချောတာထက်ဆွဲဆောင်မှုရှိပြီးလူချစ်လူခင်ပေါသူတွေပါ။
လူမှုပေါင်းသင်းဆက်ဆံရေးမှာသူတစ်ပါးတွေရဲ့စိတ်ကိုအကဲခက်တတ်တာကြောင့် လူချစ်များတတ်ကြပါတယ်။
စိတ်မြန်ပြီး စိတ်ဆတ်တတ်တဲ့အကျင့်လေးရှိတာကြောင့် လူအများအမြင်မှာဒေါသကြီးတယ်လို့တော့ထင်တတ်ကြပါတယ်။ ဒါပင်မဲ့မဟုတ်မခံစိတ်မျိုးလေးပါ။
ရည်မှန်းချက်တွေခိုင်မာပြီး အမြင့်ဆုံးဆိုတာတွေကိုမှန်းထားလေ့ရှိတတ်ကြပါတယ်။ စိတ်ကိုအကြာကြီးမညစ်တတ်ပဲ တစ်လမ်းမရရင် နောက်တစ်လမ်းဖောက်ဖို့တွေးနေတတ်ကြသူတွေပါ။
လက်ညိုးကလက်သူကြွယ်ထက်ပိုရှည်တဲ့သူတွေဟာ ခေါင်းဆောင်မှုအားကောင်းပြီးသူတစ်ပါးအပေါ်ကူညီဖေးမဖို့ဝါသနာပါသူတွေပါ။
ဦးဆောင်မှုအားပြင်းထန်လွန်းပြီး သူတစ်ပါးအပေါ်တင်းကြပ်ရင်းကနေ ဆရာလုပ်တယ်လို့အထင်ခံရတတ်ပါတယ်။ ကိုယ့်မိတ်ဆွေသူငယ်ချင်းတွေကြား ကိုယ့် ကိုယ်ကိုယ်သိက္ခာကျစေမဲ့အပြုမူမျိုးကိုလုပ်လေ့မရှိတတ်ကြဘူး။
တစ်စုံတစ်ခုကိုပြုမူလုပ်ဆောင်မယ်လို့ရည်ရွှယ်လိုက်ရင်မလုပ်ခင်မပြောခင်ကတည်းက ဒီအလုပ်ကိုလုပ်ပြီးလို့ဖြစ်လာမဲ့အကျိုးရလာဒ်ကို ထည့်တွက်တတ်ကြတယ်။
ကောက်ခါငင်ကာထလုပ်တာမျိုးထက်စိတ်ထဲအကွက်ချစီစဉ်ပြီးမှ လုပ်တာမျိုးကိုပိုပြီးစိတ်အားထက်သန်ကြပါတယ်။
နှစ်ချောင်းလုံးကညီနေတဲ့သူတွေကတော့တရားမျှတမှုကိုလိုလားပြီး စိတ်အေးတဲ့သူတွေပါ။ ပေါင်းရသင်းရအရမ်းကောင်းပြီး စိတ်သဘောထားပြည့်ဝတယ်လို့ပြောရင်လည်းမမှားနိုင်ပါဘူး။
ကိုယ့်အပေါ်ကောင်းတဲ့သူတွေအပေါ်ဆိုနှစ်ဆလောက်ပိုကောင်းတတ်ပြီး နားလည်မှုအပြည့်ရှိတဲ့သူမျိုးပါ။ ကိုယ့်ရဲ့အပြုမူကတစ်ဖက်သားကိုထိခိုက်ပြီးနစ်နာသွားစေတာမျိုးဖြစ်မှာကိုသိပ်ကြောက်ကြပါတယ်။
(လေးစားမှုဖြင့် ခရက်ဒစ်)