အခ်စ္နွင့္ဘဝ

အကြောင်းပြချက်မဲ့ ချစ်‌ခဲ့တာမို့ အ‌ကြောင်းပြချက်မပါ နှုတ်ဆက်ခဲ့တာလည်း အရိုးသားဆုံးအဆုံးသတ်ပါ

အကြောင်းပြချက်မဲ့ ချစ်‌ခဲ့တာမို့ အ‌ကြောင်းပြချက်မပါ နှုတ်ဆက်ခဲ့တာလည်း အရိုးသားဆုံးအဆုံးသတ်ပါ

နှုတ်ဆက်ဖို့အရာရာက

လုံလောက်ခဲ့ပြီမို့

ပေါ့ပေါ့ပါးပါးကိုယ်ထွက်လာခဲ့တယ်။

ပေးခဲ့သမျှအမှတ်တရတိုင်းက

သူ့အတွက်ခဏတာလုံလောက်ခဲ့သလို

ပြန်ရလိုက်တဲ့ဥပေက္ခာတွေက

နောက်ထပ်လှည့်ပြန်စရာမလိုအောင်

လုံလောက်ခဲ့ပြီပါလေ။

ဘာကြောင့်လဲဆိုတဲ့အကြောင်းပြချက်လည်း

ကိုယ်မေးဖို့မလိုတော့သလို

မင်းမသိချင်တဲ့အကြောင်းပြချက်တွေလည်း

ကိုယ်မပေးဖြစ်တော့ဘူး။

ကိုယ်မပျော်တော့ဘူးပဲဆိုပါတော့

ကိုယ်ငြီးငွေ့သွားပြီပဲထားပါတော့

ကိုယ်စိတ်ကုန်သွားပြီလို့ပဲမြင်ပါတော့။

မရလိုက်တဲ့အရာတွေကတန်ဖိုးကြီးတတ်တယ်ဆိုကြပေမဲ့

ကိုယ်ပေးခဲ့အရာတွေ

ထက်တန်ဖိုးမပိုနိုင်တာမို့

ပြန်တမ်းတရအောင်တော့

မလိုတော့တာအမှန်ပါ။

အကြောင်းပြချက်မဲ့ ချစ်‌ခဲ့တာမို့

အ‌ကြောင်းပြချက်မပါ နှုတ်ဆက်ခဲ့တာလည်း

အရှိးသားဆုံးအဆုံးသတ်ပါ။

#မီမို

Credit

Unicode

အကြောင်းပြချက်မဲ့ ချစ်‌ခဲ့တာမို့ အ‌ကြောင်းပြချက်မပါ နှုတ်ဆက်ခဲ့တာလည်း အရိုးသားဆုံးအဆုံးသတ်ပါ

နှုတ်ဆက်ဖို့အရာရာက

လုံလောက်ခဲ့ပြီမို့

ပေါ့ပေါ့ပါးပါးကိုယ်ထွက်လာခဲ့တယ်။

ပေးခဲ့သမျှအမှတ်တရတိုင်းက

သူ့အတွက်ခဏတာလုံလောက်ခဲ့သလို

ပြန်ရလိုက်တဲ့ဥပေက္ခာတွေက

နောက်ထပ်လှည့်ပြန်စရာမလိုအောင်

လုံလောက်ခဲ့ပြီပါလေ။

 

ဘာကြောင့်လဲဆိုတဲ့အကြောင်းပြချက်လည်း

ကိုယ်မေးဖို့မလိုတော့သလို

မင်းမသိချင်တဲ့အကြောင်းပြချက်တွေလည်း

ကိုယ်မပေးဖြစ်တော့ဘူး။

ကိုယ်မပျော်တော့ဘူးပဲဆိုပါတော့

ကိုယ်ငြီးငွေ့သွားပြီပဲထားပါတော့

ကိုယ်စိတ်ကုန်သွားပြီလို့ပဲမြင်ပါတော့။

မရလိုက်တဲ့အရာတွေကတန်ဖိုးကြီးတတ်တယ်ဆိုကြပေမဲ့

ကိုယ်ပေးခဲ့အရာတွေ

ထက်တန်ဖိုးမပိုနိုင်တာမို့

ပြန်တမ်းတရအောင်တော့

မလိုတော့တာအမှန်ပါ။

အကြောင်းပြချက်မဲ့ ချစ်‌ခဲ့တာမို့

အ‌ကြောင်းပြချက်မပါ နှုတ်ဆက်ခဲ့တာလည်း

အရှိးသားဆုံးအဆုံးသတ်ပါ။

#မီမို

Credit