အရင်ဆုံး လက်လွှတ်ပေးမယ့် မိန်းမတစ်ယောက် ရဲ့ မာနလေးတော့ထားတယ်
မနေချင်တဲ့သူကို ဆွဲထားလောက်တဲ့အထိ ကျွန်မ မာနတွေ မမဲ့ချင်ဘူး … ။
တစ်ခါတစ်လေမှာ
ပျော်လာမှာပါဆိုတဲ့အတွေးနဲ့ မျှော်လင့်ချက်လေးထားခဲ့တာပဲရှိတာပါ ။
တကယ်တမ်း ကိုယ့်အနားမနေချင်တော့မှန်းသိရင်
ဘယ်လောက်ပဲချစ်ချစ် ကျွန်မ ဆွဲထားမနေတော့ပါဘူး ။
ကိုယ်က ဆွဲထားလို့သာ မြဲနေရတယ်ဆိုတာ
မိန်းကလေးတစ်ယောက်ရဲ့မာနကို သိပ်ထိခိုက်တယ် ။
အခ်စ္မွာ မာနေတြ သံသယေတြ မလိုဘူးတဲ့ ။
ကျွန်မကတော့ ကိုယ့်ဟန်ကိုယ်ဖို့တတ်တဲ့ လက်ကျန်မာနလေးထားတယ် ။
ရင်တွေ ကွဲထွက်သွားပါစေ … ရင်ကွဲခံမယ် ။
တစ်သက်လုံး မျက်ရည်တွေ နောင်တတွေနဲ့တော့ ကျွန်မ မဖြတ်သန်းချင်ဘူး ။
တန်ဖိုးမထားတတ်သူတစ်ယောက်ရဲ့ လက်ထဲမှာ တန်ဖိုးမဲ့နေသလို ဘဝမျိုးနဲ့နေဖို့အထိ
ကျွန်မ မိုက်ရူးရဲမဆန်းဘူး ။
အသည်းမာလိုက်တာလို့ ပြောချင်ပြောပါ ။
မနေချင်တဲ့သူကို ကိုယ့်ဘက်က အရင်ဆုံး လက်လွှတ်ပေးမယ့် မိန်းမတစ်ယောက် ရဲ့ မာနလေးတော့ထားတယ် ။
မိန်းမသားတို့အတွက်
သျှင်ယွန်း
Unicode
အရင်ဆုံး လက်လွှတ်ပေးမယ့် မိန်းမတစ်ယောက် ရဲ့ မာနလေးတော့ထားတယ်
မနေချင်တဲ့သူကို ဆွဲထားလောက်တဲ့အထိ ကျွန်မ မာနတွေ မမဲ့ချင်ဘူး … ။
တစ်ခါတစ်လေမှာ
ပျော်လာမှာပါဆိုတဲ့အတွေးနဲ့ မျှော်လင့်ချက်လေးထားခဲ့တာပဲရှိတာပါ ။
တကယ်တမ်း ကိုယ့်အနားမနေချင်တော့မှန်းသိရင်
ဘယ်လောက်ပဲချစ်ချစ် ကျွန်မ ဆွဲထားမနေတော့ပါဘူး ။
ကိုယ်က ဆွဲထားလို့သာ မြဲနေရတယ်ဆိုတာ
မိန်းကလေးတစ်ယောက်ရဲ့မာနကို သိပ်ထိခိုက်တယ် ။
အချစ်မှာ မာနတွေ သံသယတွေ မလိုဘူးတဲ့ ။