သူတော်ကောင်းဟန်ဆောင်ထားတဲ့ စိတ်ပုပ်သူမှန်း သိသာတဲ့ လက္ခဏာ (၅) မျိုး
သိုးရေခြုံထားတဲ့ဝံပုလွေတွေဟာ နေရာတိုင်းမှာ ရှိနေနိုင်ပါတယ်။
မိသားစုထဲမှာ၊ လုပ်ဖော်ကိုင်ဖက်ထဲမှာ၊ အပေါင်းအသင်းထဲမှာ စသဖြင့်
ကိုယ်ကျင်လည်တဲ့ ပတ်ဝန်းကျင်တိုင်းမှာ ရှိနေနိုင်ပါတယ်။
သူတော်ကောင်း ဟန်ဆောင်ထားတဲ့ အတွင်းစိတ်ပုပ်သူတွေဆိုတာ
ဘယ်လောက်ပဲ ဟန်ဆောင်ကောင်းကောင်း ဖုံးမရအောင် ပေါ်လာတတ်ကြပါတယ်။
ခုဖော်ပြပေးမှာကတော့ သူတော်ကောင်း ဟန်ဆောင်ထားတဲ့
စိတ်ပုပ်သူမှန်း သိသာတဲ့ လက္ခဏာတွေပဲဖြစ်ပါတယ်။
(၁) နာမည်ကောင်းဝင်ယူတတ်တယ်
ဟန်ဆောင်ကောင်းပြီး အတွင်းစိတ်ပုပ်တဲ့သူတွေဆိုတာ
သူတစ်ပါးလုပ်ပြီးသားအရာတစ်ခုခုမှာ နာမည်ကောင်း ဝင်ဝင်ယူတတ်တဲ့သူတွေပါ။
ပင်ပန်းဖို့ဆိုခေါင်းရှောင်ကောင်းသလောက်၊ နာမည်ကောင်းရပြီဆိုတာနဲ့
ကိုယ့်ဂုဏ်ကိုယ်ဖော်ပြီး နာမည်ကောင်းဝင်ယူလိုက်ရမှ ကျေနပ်တတ်တဲ့သူတွေပါ။
မသိရင် သူတို့ပဲ အပင်ပန်းဆုံးဆိုတဲ့ အချိုးမျိုးသိပ်ချိုးတတ်တဲ့သူတွေပါ။
(၂) သရုပ်မှန်ပေါ်လာတတ်တယ်
လူတစ်ယောက်ဟာ ဘယ်လောက်ပဲ ဟန်ဆောင်ကောင်းကောင်း ဇာတိသရုပ်မှန်ကို ကြာကြာဖုံးကွယ်မထားနိုင်ပါဘူး။
အခက်အခဲတစ်ခုခု၊ ပြသနာတစ်ခုခု ဖြစ်လာတဲ့အခါမှာ သူ့ရဲ့ သရုပ်မှန်က ပေါ်လာတတ်ပါတယ်။
လုံးဝထင်မှတ်မထားလောက်အောင်ကို ကောက်ကျစ်ယုတ်မာတဲ့ သရုပ်မှန်တွေကို နောက်မှသိရပြီး အော့နှလုံးနာရတတ်ပါတယ်။
(၃) သူတစ်ပါးကိုသိမ်ငယ်အောင်လုပ်တယ်
ဒီလိုလူတွေဟာ သူတစ်ပါးရဲ့စိတ်ခံစားချက်တွေကို သိမ်ငယ်အောင်လုပ်တတ်တဲ့သူတွေပါ။
စကားပြောရင်လည်း တစ်ဖက်သားကို စောင်းမြောင်းပြောဆိုတာ၊
တစ်ဖက်သားရဲ့ အားနည်းချက်ကို နင်းခြေပြီး ပြောတတ်တဲ့သူတွေပါ။
ကိုယ့်ကြောင့်တစ်ဖက်သား ဘယ်လိုခံစားသွားရမလဲဆိုတာ မစဉ်းစားတာမဟုတ်ပါဘူး၊
တမင်ကို နာကျင်အောင် ပြောဆိုလုပ်ကိုင်လိုက်ရမှ ကျေနပ်တဲ့သူတွေပါ။
(၄) အရင်ရင်းနှီးအောင်လုပ်တယ်
ဒီလိုလူတွေဟာ ပေါင်းသင်းဆက်ဆံရေးလည်း အရမ်းတော်ပါတယ်။
လိုချင်တာရှိပြီဆိုရင် ဖားတတ်သလောက်၊ မလိုတော့တဲ့အခါမှာလည်း တောက်ချဖို့ဝန်လေးမယ့်သူတွေ မဟုတ်ပါဘူး။
ကိုယ့်ထက်သာရင် အတင်းလိုက်ကပ်၊ အားနည်းချက်တွေကိုရှာပြီး အတင်းကြိတ်ပြိုင်၊
အချိန်ကောင်းရတာနဲ့ အဲ့ဒီ့လူရဲ့မာနတွေကို နင်းခြေပြီး သူ့ထက်သာပြီဆိုတာနဲ့ အဲ့ဒီ့လူကို တောက်ချပစ်လိုက်မှာပါ။
(၅) ဗလောင်းဗလဲတွေပြောတတ်တယ်
ဒီလိုလူတွေဟာ စကားပြောရင်လည်း ဗလောင်းဗလဲအရမ်းပြောတတ်တဲ့သူတွေပါ။
ပြသနာတစ်ခုဖြစ်ပြီဆိုရင် ကိုယ့်အပြစ်လွတ်ပြီး သူများအပြစ်ကြီးအောင် အရမ်းပြောတတ်တဲ့သူတွေဖြစ်ပါတယ်။
သူ့ကိုလူတွေယုံအောင်၊ သနားအောင် ကိုယ့်ဂုဏ်ကိုယ်ဖော်တဲ့ စကားတွေအမြဲလိုလိုပြောတတ်တဲ့သူတွေပါ။
Credit
Unicode
သူတော်ကောင်းဟန်ဆောင်ထားတဲ့ စိတ်ပုပ်သူမှန်း သိသာတဲ့ လက္ခဏာ (၅) မျိုး
သိုးရေခြုံထားတဲ့ဝံပုလွေတွေဟာ နေရာတိုင်းမှာ ရှိနေနိုင်ပါတယ်။
မိသားစုထဲမှာ၊ လုပ်ဖော်ကိုင်ဖက်ထဲမှာ၊ အပေါင်းအသင်းထဲမှာ စသဖြင့်
ကိုယ်ကျင်လည်တဲ့ ပတ်ဝန်းကျင်တိုင်းမှာ ရှိနေနိုင်ပါတယ်။
သူတော်ကောင်း ဟန်ဆောင်ထားတဲ့ အတွင်းစိတ်ပုပ်သူတွေဆိုတာ
ဘယ်လောက်ပဲ ဟန်ဆောင်ကောင်းကောင်း ဖုံးမရအောင် ပေါ်လာတတ်ကြပါတယ်။
ခုဖော်ပြပေးမှာကတော့ သူတော်ကောင်း ဟန်ဆောင်ထားတဲ့
စိတ်ပုပ်သူမှန်း သိသာတဲ့ လက္ခဏာတွေပဲဖြစ်ပါတယ်။

(၁) နာမည်ကောင်းဝင်ယူတတ်တယ်
ဟန်ဆောင်ကောင်းပြီး အတွင်းစိတ်ပုပ်တဲ့သူတွေဆိုတာ
သူတစ်ပါးလုပ်ပြီးသားအရာတစ်ခုခုမှာ နာမည်ကောင်း ဝင်ဝင်ယူတတ်တဲ့သူတွေပါ။
ပင်ပန်းဖို့ဆိုခေါင်းရှောင်ကောင်းသလောက်၊ နာမည်ကောင်းရပြီဆိုတာနဲ့
ကိုယ့်ဂုဏ်ကိုယ်ဖော်ပြီး နာမည်ကောင်းဝင်ယူလိုက်ရမှ ကျေနပ်တတ်တဲ့သူတွေပါ။
မသိရင် သူတို့ပဲ အပင်ပန်းဆုံးဆိုတဲ့ အချိုးမျိုးသိပ်ချိုးတတ်တဲ့သူတွေပါ။
(၂) သရုပ်မှန်ပေါ်လာတတ်တယ်
လူတစ်ယောက်ဟာ ဘယ်လောက်ပဲ ဟန်ဆောင်ကောင်းကောင်း ဇာတိသရုပ်မှန်ကို ကြာကြာဖုံးကွယ်မထားနိုင်ပါဘူး။
အခက်အခဲတစ်ခုခု၊ ပြသနာတစ်ခုခု ဖြစ်လာတဲ့အခါမှာ သူ့ရဲ့ သရုပ်မှန်က ပေါ်လာတတ်ပါတယ်။
လုံးဝထင်မှတ်မထားလောက်အောင်ကို ကောက်ကျစ်ယုတ်မာတဲ့ သရုပ်မှန်တွေကို နောက်မှသိရပြီး အော့နှလုံးနာရတတ်ပါတယ်။
(၃) သူတစ်ပါးကိုသိမ်ငယ်အောင်လုပ်တယ်
ဒီလိုလူတွေဟာ သူတစ်ပါးရဲ့စိတ်ခံစားချက်တွေကို သိမ်ငယ်အောင်လုပ်တတ်တဲ့သူတွေပါ။
စကားပြောရင်လည်း တစ်ဖက်သားကို စောင်းမြောင်းပြောဆိုတာ၊
တစ်ဖက်သားရဲ့ အားနည်းချက်ကို နင်းခြေပြီး ပြောတတ်တဲ့သူတွေပါ။
ကိုယ့်ကြောင့်တစ်ဖက်သား ဘယ်လိုခံစားသွားရမလဲဆိုတာ မစဉ်းစားတာမဟုတ်ပါဘူး၊
တမင်ကို နာကျင်အောင် ပြောဆိုလုပ်ကိုင်လိုက်ရမှ ကျေနပ်တဲ့သူတွေပါ။
(၄) အရင်ရင်းနှီးအောင်လုပ်တယ်
လိုချင်တာရှိပြီဆိုရင် ဖားတတ်သလောက်၊ မလိုတော့တဲ့အခါမှာလည်း တောက်ချဖို့ဝန်လေးမယ့်သူတွေ မဟုတ်ပါဘူး။
ကိုယ့်ထက်သာရင် အတင်းလိုက်ကပ်၊ အားနည်းချက်တွေကိုရှာပြီး အတင်းကြိတ်ပြိုင်၊
အချိန်ကောင်းရတာနဲ့ အဲ့ဒီ့လူရဲ့မာနတွေကို နင်းခြေပြီး သူ့ထက်သာပြီဆိုတာနဲ့ အဲ့ဒီ့လူကို တောက်ချပစ်လိုက်မှာပါ။

(၅) ဗလောင်းဗလဲတွေပြောတတ်တယ်