အနုပညာ

အမျိုးသမီးတိုင်းသိထားသင့်တဲ့ ခေါင်းအစခြေအဆုံး လှပလာစေမယ့်နည်းလမ်း

(၁) ပီကေဝါးပါ။

မေးနှစ်ထပ်ဖြစ်တာကို သက်သာပျောက်ကင်းစေဖို့အတွက် သကြားမပါတဲ့ ပီကေဝါးပေးပါ။ တစ်နေ့ကို ၃ ကြိမ် ၄ ကြိမ်လောက် ဝါးပေးပါ။ မျက်နှာပြင်ရဲ့ ကြွက်သားကို တင်းစေပြီး သွားနဲ့ သွားဖုံးကိုလည်း ကျန်းမာစေသလို မေးနှစ်ဖက်ဖြစ်တာကို သက်သာစေနိုင်ပါတယ် …။

(၂) သက်သက်လွတ်စားပြီး ဝိတ်ချပါ။

ကိုယ်အလေးချိန်ကျစေဖို့အတွက် အသားချည်းဇွတ်မစားဘဲ အသီးအရွက်နဲ့ သစ်သီးဝလံတွေ ကို စားပြီး ဝိတ်ချပါ …။

(၃) ခြေထောက်နာကို ကုသမယ်။

ခြေထောက်ရောင်တာ ခြေထောက်နာမျိုးဖြစ်ပြီဆိုရင်တော့ နှမ်းဆီ စားပွဲတင်ဇွန်း ၃ ဇွန်းနဲ့ လေးညှင်းပွင့်ဆီ ၃ စက်ရောပြီး ခြေဖနောင်နဲ့ ခြေချောင်းတွေ နာတဲ့နေရာတွေမှာ လိမ်းပေးပါ။ နာရီဝက်လောက်ဆိုရင် သက်သာသွားပါ လိမ့်မယ် …။

(၄) ခြေသည်းလက်သည်းတွေက မှိုတွေကို ဒီလိုကုမယ်။

ရေနွေးနဲ့ ရေနဲ့ ရောလိုက်ပါ။ ပြီးရင် A n t i-F u n g a l မှိုဆန့်ကျင်ခရင်မ် (သို့) A n t i b i o t i c တစ်မျိုးမျိုး လိမ်းပြီး ရေနွေးစိမ်ပေးပါ …။

ခြေသည်းလက်သည်းမှာ ဖြစ်တတ်တဲ့ မှိုတွေကို သက်သာလာစေ ပါလိမ့်မယ် …။

(၅) ပျားရည်လိမ်းပါ။

ပျားရည်ကို မျက်နှာ၊လည်ပင်းနဲ့ လက်တွေမှာလိမ်းပေးပြီး ၁၀ မိနစ်လောက်ထားပါ။ ပြီးရင် ရေဆေးချလိုက်ပါ …။

(၆) ငှက်ပျောသီးခွံနဲ့ သွားဖြူအောင် လုပ်မယ်။

ငှက်ပျောသီးခွံ တစ်ခုကို ယူပါ။ အထဲကပျော့ဖတ်နဲ့ သွားကို ၁ မိနစ်လောက် တိုက်ပေးပါ။ ပြီးရင် ၁၀ မိနစ်လောက် ထားထားပေးပါ။ အဲဒီနောက် သွားတိုက်တံ အခြောက်နဲ့ သွားတိုက်ပါ။ တစ်ပတ်ကို ၃ ကြိမ်လုပ်ပါ။ သွားတွေ ဖြူဖွေးလာမှာပဲ ဖြစ်ပါတယ် …။

(၇) အိပ်ယာမဝင်ခင်မှာ ရေချိုးပါ။

အိပ်ယာမဝင်ခင်မှာ ရေနွေးနွေးလေးနဲ့ ရေချိုးတာဟာ ပင်ပန်းနွမ်းနယ်မှုတွေကို ပျောက်ကင်းစေနိုင်ပါတယ် …။

(၈) သွားတိုက်ဆေးနဲ့ လက်သည်းတွေဖြူအောင်လုပ်မယ်။

သွားတိုက်ဆေးအနည်းငယ် သံပုယိုရည် (သို့) သံပုရာရည် ၂ စက်လောက်ထည့်ပြီး လက်သည်းမှာ လိမ်းပေးပါ။ ခြောက်အောင်ထားပြီး သွားပွတ်တံနဲ့ တိုက်ချပါ။ လက်သည်းလေးတွေ ဖြူဖွေးလာမှာပဲ ဖြစ်ပါတယ် …။

(၉) ဝက်ခြံပျောက်ပြီး အသားအရေစိုပြေစေဖို့အတွက်။

အရက်ကိုရှောင်ပါ။ ကိတ်မှုန့်၊ ရေခဲမှုန့်၊ ဘီစကစ်တွေ တခြား အသင့်လုပ်ပြုပြင်ထားတဲ့ အစားအစာတွေမစားပါနဲ့။ အစပ်နဲ့ အဆီပါတဲ့အစားအစာ လျှော့စားပါ။ ကျန်းမာအောင်စားပါ။ ရေများများ သောက်သုံးပေးပါနော် …။ ။

လေးစားစွာဖြင့် ခရက်ဒစ် – မိုင်စတိုင်မြန်မာ