လူတစ်ယောက်ကို လိုတာထက် ပိုပြီး ချစ်မိသွားတဲ့အခါ
သူတို့ မင်းကိုတန်ဖိုးထားရကောင်းမှန်း မသိကြတော့ဘူး …။
လူတစ်ယောက်ကို လိုတာထက် ပိုပြီး သည်းခံမိတဲ့အခါ…
သူတို့ မင်းကိုအလျော့ ပေးရကောင်းမှန်း မသိကြတော့ဘူး …။
လူတစ်ယောက်ကို လိုတာထက်ပိုပြီး မေတ္တာထားမိတဲ့ အခါ…
သူတို့ မင်းကိုဂရုစိုက်ရ ကောင်းမှန်း မသိကြတော့ဘူး …။
လူတစ်ယောက်ကို လိုတာထက်ပိုပြီးသံယောဇဉ် ဖြစ်မိတဲ့အခါ…
သူတို့ မင်းကိုအလေးထား ရကောင်းမှန်း မသိကြတော့ဘူး …။
တစ်ခါတစ်လေတော့လည်း ကိုယ်ကသာ ကိုယ်စိတ်ထဲရှိတဲ့အတိုင်း ဆက်ဆံပေးနေတာ
တစ်ချို့သောလူတွေက ကိုယ်သာမာန် ဆက်ဆံပေးနေတဲ့
အပြုအမူတွေ ခံစားချက်တွေနဲ့တောင် မတန်အောင် တုန့် ပြန်ကြတယ် …။
အဲဒီအခါ ကိုယ့်မှာ ရင်နင့်အောင်ခံစားရပြီး စိတ်တွေ ပူလောင်ရတယ် …။
ငါဘာတွေ မှားနေလို့လဲ ဆိုပြီးတော့ …၊
တကယ်က ကိုယ်က သူတို့လိုတာထက် ပိုပြီး ပေးမိနေတာ …။
မလိုပဲ ပိုတဲ့အရာတွေက အမှိုက်ဖြစ်သွားကြတာ ချည်းပါပဲ …။
ကိုယ့် ဒုက္ခကိုယ်ရှာမိသလို ဘယ်သူမပြု မိမိမှု ပါပဲနော် …။
ဒါကြောင့် ဘယ်သူကိုမှ လိုတာထက် မပိုပါစေနဲ့၊ ပိုခဲ့ရင်လဲ သိအောင်မလုပ်ပါနဲ့ …။
ကိုယ်ကပိုပြလေသူက အနိုင်ယူလေ ဖြစ်နေတတ်ပါတယ် …။
လူတစ်ချို့ က လိုတာထက်ပိုပြီး ဆက်ဆံပေးတာနဲ့ မတန်ကြဘူးလေ …။ ။💔
Unicode