ၾကားသိရသမွ်

ဖားကန႔္ ​ေျမၿပိဳမႈျဖစ္စဥ္မွ ဒဏ္ရာရသူမ်ားႏွင့္ ေသဆုံးသူမ်ားကို အစိုးရမွေထာက္ပံ့ပါၿပီ

ဖားကန္႔ေျမၿပိဳမႈျဖစ္စဥ္မွ ဒဏ္ရာရသူတစ္ဦးလွ်င္ ၂ သိန္း၊ ေသဆုံးသူတစ္ဦးလွ်င္ ၅ သိန္းေထာက္ပံ့

ကခ်င္ျပည္နယ္၊ ဖားကန္႔ေျမၿပိဳမႈျဖစ္စဥ္မွ ဒဏ္ရာရသူတစ္ဦးလွ်င္ ၂ သိန္း၊ ေသဆုံးသူတစ္ဦးလွ်င္ ၅ သိန္းစီေထာက္ပံ့ေပးအပ္ခဲ့ေၾကာင္း လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွယ့္ ျပန္လည္ေနရာ ခ်ထားေရးဝန္ႀကီးဌာန(လူကယ္ျပန္ဝန္ႀကီးဌာန)၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအးက ယေန႔(ဇူလိုင္ ၅) မြန္းလြဲပိုင္းတြင္ ၎၏ လူမႈကြန္ရက္စာမ်က္ႏွာေပၚမွ ေရးသားေဖာ္ျပခဲ့သည္။

“ဒဏ္ရာရသူတစ္ဦးကိုေငြက်ပ္ ၂ သိန္း၊ ေသဆုံးသူတစ္ဦးအတြက္ ေငြက်ပ္ ၅ သိန္း၊ စုစုေပါင္း စာရင္းအရ ေသဆုံးသူ ၁၇၄ ဦး၊ ဒဏ္ရာရ ၅၄ဦး တို႔အတြက္ ေထာက္ပံ့ေငြက်ပ္ ၉၇၈ သိန္း ျဖစ္ပါတယ္။ ကိုယ္တိုင္ေတြ႕ဆုံခြင့္ရၿပီး ဒဏ္ရာရ ၃၄ ဦး၊ ေသဆုံးသူမ်ားရဲ႕က်န္မိသားစုဝင္ ၁၆ ဦး တို႔အား အားေပးေထာက္ပံ့ခဲ့ပါတယ္။ ကယ္ဆယ္ေရးေဆာင္႐ြက္ေပးခဲ့ေသာလူမႈအဖြဲ႕မ်ားကိုလည္း က်ပ္သိန္း ၁၁၀ ေထာက္ပံ့ခဲ့ပါတယ္”ဟု ေဒါက္တာဝင္းျမတ္ေအးက ေရးသားေဖာ္ျပခဲ့သည္။

ယင္းေထာက္ပံ့ေငြမ်ားမွာ အမ်ိဳးသားသဘာဝေဘးအ ႏၲရာယ္ဆိုင္ရာစီမံခန္႔ခြဲမႈေကာ္မတီႏွင့္ လူကယ္ျပန္ဝန္ႀကီးဌာနတို႔က ေထာက္ပံ့‌ေပးအပ္သည့္ြေမ်ားျဖစ္ေၾကာင္း ၎၏ ေရးသားေဖာ္ျပခ်က္အရ သိရသည္ ဒဏ္ရာရသူမ်ားတြင္ အ႐ိုးက်ိဳးေၾကျခင္း၊ ေရမြန္းျခင္း၊ ကိုယ္ခႏၶာ စုတ္ၿပဲပြန္းပဲ့ထိခိုက္ျခင္းအမ်ားဆုံးျဖစ္သည္ကိုေတြ႕ရသည္ဟုလည္း ဆိုသည္။

၎ကဆက္လက္၍”ကြၽန္ေတာ္တို႔ ေထာက္ပံ့ခဲ့တဲ့ႏိုင္ငံေတာ္ေငြဟာျပည္သူ႔ေငြျဖစ္လို႔ဒုကၡခံစား ေနရေသာျပည္သူမ်ားအတြက္ ျပည္သူမွျပည္သူသို႔ ကူညီျခင္းျဖင့္ကုသိုလ္ရယူခဲ့ျခင္းျဖစ္ပါတယ္။ ျဖစ္စဥ္ကိုေလ့လာခြင့္ရၿပီး ျဖစ္ပြားရာေနရာကိုလည္းေရာက္ရွိခဲ့လို႔လြန္စြာစိတ္မေကာင္းျခင္း၊ ဝမ္းနည္းျခင္းနဲ႔ စာနာျခင္းမ်ားခံစားရပါတယ္။ ေနာင္မျဖစ္ပြားေစဖို႔ အားလုံး ကိုယ္ခ်င္းစာစိတ္ ေမတၱာစိတ္ေတြနဲ႔ တရားဥပေဒစိုးမိုးေရးအတြက္ပူးေပါင္းေဆာင္႐ြက္ၾကရပါမယ္”ဟု ေရးသားေဖာ္ျပခဲ့သည္။

လုံးခင္း၊ ဖားကန္႔ရတနာနယ္ေျမအတြင္း ေျမၿပိဳက်မႈျဖစ္စဥ္ႏွင့္စပ္လ်ဥ္း၍ စုံစမ္းစစ္ေဆးေရးအဖြဲ႕ ကို သမၼတ႐ုံးက အမိန္႔ေၾကာ္ျငာစာအမွတ္၊ ၈၄/၂၀၂၀၊ ဇူလိုင္ ၃ ရက္စြဲျဖင့္ ဖြဲ႕စည္းထားခဲ့သည္။

ဖားကန္႔တြင္ ေျမၿပိဳမႈမ်ားမွာ မၾကာခဏျဖစ္ပြားေလ့ရွိၿပီး ယခုတစ္ႀကိမ္ေျမၿပိဳမႈတြင္ လူေသဆုံးမႈႏွင့္ ထိခိုက္ဒဏ္ရာရရွိမႈ အမ်ားဆုံးျဖစ္ခဲ့ေၾကာင္း သိရသည္။

မင္းထင္

Unicode

ဖားကန့်မြေပြိုမှုဖြစ်စဉ်မှ ဒဏ်ရာရသူတစ်ဦးလျှင် ၂ သိန်း၊ သေဆုံးသူတစ်ဦးလျှင် ၅ သိန်းထောက်ပံ့

ကချင်ပြည်နယ်၊ ဖားကန့်မြေပြိုမှုဖြစ်စဉ်မှ ဒဏ်ရာရသူတစ်ဦးလျှင် ၂ သိန်း၊ သေဆုံးသူတစ်ဦးလျှင် ၅ သိန်းစီထောက်ပံ့ပေးအပ်ခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှယ့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန(လူကယ်ပြန်ဝန်ကြီးဌာန)၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယနေ့(ဇူလိုင် ၅) မွန်းလွဲပိုင်းတွင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်မှ ရေးသားဖော်ပြခဲ့သည်။

“ဒဏ်ရာရသူတစ်ဦးကိုငွေကျပ် ၂ သိန်း၊ သေဆုံးသူတစ်ဦးအတွက် ငွေကျပ် ၅ သိန်း၊ စုစုပေါင်း စာရင်းအရ သေဆုံးသူ ၁၇၄ ဦး၊ ဒဏ်ရာရ ၅၄ဦး တို့အတွက် ထောက်ပံ့ငွေကျပ် ၉၇၈ သိန်း ဖြစ်ပါတယ်။ ကိုယ်တိုင်တွေ့ဆုံခွင့်ရပြီး ဒဏ်ရာရ ၃၄ ဦး၊ သေဆုံးသူများရဲ့ကျန်မိသားစုဝင် ၁၆ ဦး တို့အား အားပေးထောက်ပံ့ခဲ့ပါတယ်။ ကယ်ဆယ်ရေးဆောင်ရွက်ပေးခဲ့သောလူမှုအဖွဲ့များကိုလည်း ကျပ်သိန်း ၁၁၀ ထောက်ပံ့ခဲ့ပါတယ်”ဟု ဒေါက်တာဝင်းမြတ်အေးက ရေးသားဖော်ပြခဲ့သည်။

ယင်းထောက်ပံ့ငွေများမှာ အမျိုးသားသဘာဝဘေးအ န္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီနှင့် လူကယ်ပြန်ဝန်ကြီးဌာနတို့က ထောက်ပံ့‌ပေးအပ်သည့်ွေများဖြစ်ကြောင်း ၎င်း၏ ရေးသားဖော်ပြချက်အရ သိရသည် ဒဏ်ရာရသူများတွင် အရိုးကျိုးကြေခြင်း၊ ရေမွန်းခြင်း၊ ကိုယ်ခန္ဓာ စုတ်ပြဲပွန်းပဲ့ထိခိုက်ခြင်းအများဆုံးဖြစ်သည်ကိုတွေ့ရသည်ဟုလည်း ဆိုသည်။

၎င်းကဆက်လက်၍”ကျွန်တော်တို့ ထောက်ပံ့ခဲ့တဲ့နိုင်ငံတော်ငွေဟာပြည်သူ့ငွေဖြစ်လို့ဒုက္ခခံစား နေရသောပြည်သူများအတွက် ပြည်သူမှပြည်သူသို့ ကူညီခြင်းဖြင့်ကုသိုလ်ရယူခဲ့ခြင်းဖြစ်ပါတယ်။ ဖြစ်စဉ်ကိုလေ့လာခွင့်ရပြီး ဖြစ်ပွားရာနေရာကိုလည်းရောက်ရှိခဲ့လို့လွန်စွာစိတ်မကောင်းခြင်း၊ ဝမ်းနည်းခြင်းနဲ့ စာနာခြင်းများခံစားရပါတယ်။ နောင်မဖြစ်ပွားစေဖို့ အားလုံး ကိုယ်ချင်းစာစိတ် မေတ္တာစိတ်တွေနဲ့ တရားဥပဒေစိုးမိုးရေးအတွက်ပူးပေါင်းဆောင်ရွက်ကြရပါမယ်”ဟု ရေးသားဖော်ပြခဲ့သည်။

လုံးခင်း၊ ဖားကန့်ရတနာနယ်မြေအတွင်း မြေပြိုကျမှုဖြစ်စဉ်နှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ ကို သမ္မတရုံးက အမိန့်ကြော်ငြာစာအမှတ်၊ ၈၄/၂၀၂၀၊ ဇူလိုင် ၃ ရက်စွဲဖြင့် ဖွဲ့စည်းထားခဲ့သည်။

ဖားကန့်တွင် မြေပြိုမှုများမှာ မကြာခဏဖြစ်ပွားလေ့ရှိပြီး ယခုတစ်ကြိမ်မြေပြိုမှုတွင် လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှု အများဆုံးဖြစ်ခဲ့ကြောင်း သိရသည်။

မင်းထင်