ၾကားသိရသမွ်

လူတစ်စုကြောင့် လက်ချောင်းတွေကို အဖြတ်ခံလိုက်ရပေမဲ့ ဘဝကိုအရှုံးမပေးဘဲ လူအများအတွက် လှုံဆော်မှုတစ်ခုဖြစ်လာခဲ့တဲ့ မိန်းကလေး

Maricel Apatan အမည်ရှိ အမျိုးသမီးတစ်ဦးဟာ များစွာသောလူများအတွက် လှုံ့ဆော်မှုတစ်ခုဖြစ်နေပါတယ်။ဖိလစ်ပိုင်နိုင်ငံ ၊ Zamboanga မြို့မှ အသက် ၃၁ နှစ်အရွယ် Maricel ဟာ သူမရဲ့ကြေကွဲဖွယ်ပုံပြင်ကြောင့် အင်တာနက်သုံးစွဲသူတို့ရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။ Maricel ရဲ့အဆိုအရ သူမဟာ အသက်၁၁ နှစ်အရွယ်မှာ မသမာသူယောကျာ်းတစ်စုကြောင့် လက်နှစ်ဖက်စလုံးကို ဆုံးရှုံးသွားခဲ့ရပါတယ်။ကြေကွဲဖွယ်အဖြစ်အပျက်ကြောင့် Maricel ရဲ့ဘဝဟာ စိန်ခေါ်မှုကြီးဖြစ်လာသော်လည်း ကံကောင်းထောက်မစွာ သူမဟာ အရှုံးမပေးခဲ့ပါဘူး။မောင်နှမတွေမှ အကြီးဆုံးဖြစ်တဲ့ Maricel ဟာ သူမရဲ့ခက်ခဲတဲ့အခြေအနေကို ပိုမိုမြင့်တက်ရန် စိတ်ပိုင်းဖြတ်ထားခဲ့ပါတယ်။

သူမမှာ ကူညီပေးမဲ့မောင်နှမများရှိပြီး နည်းနည်းချင်းသာ သူမဟာ လက်ချောင်းများမပါဘဲ ရိုးရှင်းတဲ့အလုပ်တွေကို ပြန်လည်လုပ်ကိုင်ရန် ဆုံးဖြတ်ခဲ့ပါတယ်။သူမဟာ စာကို ဆက်လက်သင်ကြားခဲ့ပြီး နောက်ဆုံးမှာ ဟိုတယ်နှင့်စားသောက်ဆိုင်စီမံခန့်ခွဲမှုဘွဲ့ နှင့် အချက်အပြုတ်အနုပညာဒီပလိုမာဘွဲ့ကို ရရှိခဲ့ပါတယ်။ Maricel ဟာ အသက် ၂၁နှစ်အရွယ်မှာ မနီလာမြို့ရှိ Edsa Shangri La Hotel မှာ အလုပ်လုပ်နိုင်ခဲ့ပြီး အဆိုပါအလုပ်က သူမရဲ့မောင်နှမများအတွက် ကောလိပ်တက်ရန် ကူညီပေးနိုင်ခဲ့ပါတယ်။

သူမသည်လည်း ဟိုတယ်အမျိုးမျိုးမှာ အလုပ်လုပ်ရုံသာမက မုန့်ဖုတ်ခြင်းနှင့်ချက်ပြုတ်သည့်နည်းပြဆရာဖြစ်လာခဲ့သလို သူမရဲ့ကျွမ်းကျင်မှုနှင့်ဗဟုသုတများကို စိတ်ဝင်စားတဲ့ကျောင်းသားများထံသို့ လက်ဆင့်ကမ်းပေးခဲ့ပါတယ်။အင်တာဗျူးတစ်ခုမှာ “ကောင်းကောင်းလေ့လာပါ၊ မင်းရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ကြောင်း မင်းရဲ့မိဘတွေကို ပြသပါ ၊ မင်းရဲ့ည်မှန်းချက်ကို သတ်မှတ်ပြီး မျှော်လင့်ချက်ကိုလည်း အဆုံးရှုံးမခံပါနဲ့ ” လို့ Maricel က မသန်စွမ်းသူများအတွက် သူမရဲ့သတင်းစကားနှင့် အကြံဉာဏ်တို့ကို ပြောကြားပေးခဲ့ပါသေးတယ်။

 

1

2

Source : elitereaders

Unicode

Maricel Apatan အမည်ရှိ အမျိုးသမီးတစ်ဦးဟာ များစွာသောလူများအတွက် လှုံ့ဆော်မှုတစ်ခုဖြစ်နေပါတယ်။ဖိလစ်ပိုင်နိုင်ငံ ၊ Zamboanga မြို့မှ အသက် ၃၁ နှစ်အရွယ် Maricel ဟာ သူမရဲ့ကြေကွဲဖွယ်ပုံပြင်ကြောင့် အင်တာနက်သုံးစွဲသူတို့ရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။ Maricel ရဲ့အဆိုအရ သူမဟာ အသက်၁၁ နှစ်အရွယ်မှာ မသမာသူယောကျာ်းတစ်စုကြောင့် လက်နှစ်ဖက်စလုံးကို ဆုံးရှုံးသွားခဲ့ရပါတယ်။ကြေကွဲဖွယ်အဖြစ်အပျက်ကြောင့် Maricel ရဲ့ဘဝဟာ စိန်ခေါ်မှုကြီးဖြစ်လာသော်လည်း ကံကောင်းထောက်မစွာ သူမဟာ အရှုံးမပေးခဲ့ပါဘူး။မောင်နှမတွေမှ အကြီးဆုံးဖြစ်တဲ့ Maricel ဟာ သူမရဲ့ခက်ခဲတဲ့အခြေအနေကို ပိုမိုမြင့်တက်ရန် စိတ်ပိုင်းဖြတ်ထားခဲ့ပါတယ်။

သူမမှာ ကူညီပေးမဲ့မောင်နှမများရှိပြီး နည်းနည်းချင်းသာ သူမဟာ လက်ချောင်းများမပါဘဲ ရိုးရှင်းတဲ့အလုပ်တွေကို ပြန်လည်လုပ်ကိုင်ရန် ဆုံးဖြတ်ခဲ့ပါတယ်။သူမဟာ စာကို ဆက်လက်သင်ကြားခဲ့ပြီး နောက်ဆုံးမှာ ဟိုတယ်နှင့်စားသောက်ဆိုင်စီမံခန့်ခွဲမှုဘွဲ့ နှင့် အချက်အပြုတ်အနုပညာဒီပလိုမာဘွဲ့ကို ရရှိခဲ့ပါတယ်။ Maricel ဟာ အသက် ၂၁နှစ်အရွယ်မှာ မနီလာမြို့ရှိ Edsa Shangri La Hotel မှာ အလုပ်လုပ်နိုင်ခဲ့ပြီး အဆိုပါအလုပ်က သူမရဲ့မောင်နှမများအတွက် ကောလိပ်တက်ရန် ကူညီပေးနိုင်ခဲ့ပါတယ်။

 

သူမသည်လည်း ဟိုတယ်အမျိုးမျိုးမှာ အလုပ်လုပ်ရုံသာမက မုန့်ဖုတ်ခြင်းနှင့်ချက်ပြုတ်သည့်နည်းပြဆရာဖြစ်လာခဲ့သလို သူမရဲ့ကျွမ်းကျင်မှုနှင့်ဗဟုသုတများကို စိတ်ဝင်စားတဲ့ကျောင်းသားများထံသို့ လက်ဆင့်ကမ်းပေးခဲ့ပါတယ်။အင်တာဗျူးတစ်ခုမှာ “ကောင်းကောင်းလေ့လာပါ၊ မင်းရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ကြောင်း မင်းရဲ့မိဘတွေကို ပြသပါ ၊ မင်းရဲ့ည်မှန်းချက်ကို သတ်မှတ်ပြီး မျှော်လင့်ချက်ကိုလည်း အဆုံးရှုံးမခံပါနဲ့ ” လို့ Maricel က မသန်စွမ်းသူများအတွက် သူမရဲ့သတင်းစကားနှင့် အကြံဥာဏ်တို့ကို ပြောကြားပေးခဲ့ပါသေးတယ်။