အခ်စ္ေရး

မိန်းကလေးတစ်ယောက်ရဲ့ စိတ်ကို အပိုင်ရချင်ရင် သိထားဖို့လိုအပ်တဲ့ အချက်( ၅ )ချက်

မိန်းကလေးတစ်ယောက်ရဲ့ စိတ်ကိုရဖို့က နည်းမသိရင်တော့ တစ်ချို့တွေအတွက် ခက်ခဲနေပါလိမ့်မယ်။

ဒါပေမယ့် မိန်းကလေးတစ်ယောက်ရဲ့ စိတ်ကိုရဖို့အတွက် ဇွဲရှိဖို့လိုအပ်သလို

တစ်ချို့သော အချက်လေးတွေကိုလည်း သိထားဖို့ လိုအပ်ပါတယ်နော်။

မိန်းကလေးတစ်ယောက်ရဲ့ စိတ်ကိုအပိုင်ရချင်ရင်တော့ ဒီအချက်လေးတွေ သိထားဖို့လိုပါတယ်။

သူမကို အလေးထားကြောင်း ပြသပါ

သူမအပေါ် သင်ဘယ်လောက်အလေးထားတယ်၊

ဘယ်လောက်ဂရုစိုက်တယ်ဆိုတာကို ပြသပေးဖို့လိုအပ်ပါတယ်နော်။

သူ သင့်ကိုစိတ်မဝင်စားသည့်တိုင်အောင် သင့်ရဲ့နွေးထွေးကြင်နာတတ်မှုလေးတွေက

သူမရဲ့ အသိအမှတ်ပြုခြင်းကို သင်ရနိုင်တဲ့အတွက်ပဲ ဖြစ်ပါတယ်။

သူမလိုအပ်နေတဲ့အချိန်မှာ ဘေးနားရှိနေပေးပါ

မိန်းကလေးတွေက သူတို့လိုအပ်တဲ့အချိန် ဘေးနားမှာရှိနေပေးတတ်တဲ့ သူတွေကို ပိုသတိထားမိတတ်ကြပါတယ်။

ဒီတော့ မိန်းကလေးတစ်ယောက်ရဲ့ စိတ်ကိုလိုချင်ရင်တော့ အဲဒီ့မိန်းကလေးရဲ့

ခက်ခဲတဲ့အချိန်တွေမှာ ဘေးနားရှိနေပေးဖို့ လိုအပ်ပါတယ်။

သူမအဝေးကို တွန်းထုတ်နေရင်တောင် လက်မလျော့ပါနဲ့

သူမဘက်ကနေ သင့်ကိုလုံးဝစိတ်မဝင်စားဘူး၊ ခါးခါးသီးသီးနဲ့ အဝေးကိုတွန်းထုတ်နေရင်တောင် သင့်ဘက်က လက်မလျော့လိုက်ပါနဲ့။

မိန်းကလေးတွေက လွယ်လွယ်အရှုံးပေးတတ်တဲ့ ယောကျာ်းလေးတွေကို မကြိုက်တတ်ကြသလို

သူတို့ဘယ်လောက်ပဲ တွန်းထုတ်ပါစေ အလျော့မပေးတတ်တဲ့သူမျိုးကို ဇွဲဆုပေးချင်တတ်ကြပါတယ်။

မိန်းကလေးတစ်ယောက်ရဲ့စိတ်ကို လိုချင်ရင် သူမနဲ့ပေးထားတဲ့ ကတိတွေကို တည်နိုင်အောင်ကြိုးစားပါ။

မိန်းကလေးတွေက သူတို့အပေါ် ကတိမတည်တဲ့သူတွေကို စိတ်ပျက်လေ့ရှိတတ်ကြပါတယ်။

သူမကိုပေးထားတဲ့ကတိအတိုင်း လုပ်တတ်တဲ့ယောကျ်ားလေးမျိုးက

မိန်းကလေးတွေရဲ့အမြင်မှာ အရမ်းကို ဆွဲဆောင်မှုရှိပါတယ်နော်။

ခံစားချက်တွေကို ထုတ်ပြတတ်ပါစေ

ကိုယ်သူ့ကိုသဘောကျရင် သဘောကျကြောင်း ဂရုစိုက်မှုတွေ၊ ကြင်နာတတ်မှုလေးတွေကို ဖော်ပြဖို့ မမေ့ပါနဲ့နော်။

မိန်းကလေးတွေက သူတို့အပေါ် စိတ်ဝင်စားတယ်လို့ ပါးစပ်ကထုတ်ပြောရုံနဲ့ ပြန်စိတ်ဝင်စားလာမှာ မဟုတ်ပါဘူး။

သူတို့ကို တကယ်ချစ်ကြောင်း၊ တကယ်မြတ်နိုးကြောင်းကို မသိရပဲ

မိန်းကလေးတွေက ပြန်စိတ်ဝင်စားလေ့ မရှိတတ်ကြပါဘူးနော်။

Unicode

မိန်းကလေးတစ်ယောက်ရဲ့ စိတ်ကို အပိုင်ရချင်ရင် သိထားဖို့လိုအပ်တဲ့ အချက်( ၅ )ချက်

မိန်းကလေးတစ်ယောက်ရဲ့ စိတ်ကိုရဖို့က နည်းမသိရင်တော့ တစ်ချို့တွေအတွက် ခက်ခဲနေပါလိမ့်မယ်။

ဒါပေမယ့် မိန်းကလေးတစ်ယောက်ရဲ့ စိတ်ကိုရဖို့အတွက် ဇွဲရှိဖို့လိုအပ်သလို

တစ်ချို့သော အချက်လေးတွေကိုလည်း သိထားဖို့ လိုအပ်ပါတယ်နော်။

မိန်းကလေးတစ်ယောက်ရဲ့ စိတ်ကိုအပိုင်ရချင်ရင်တော့ ဒီအချက်လေးတွေ သိထားဖို့လိုပါတယ်။

သူမကို အလေးထားကြောင်း ပြသပါ

သူမအပေါ် သင်ဘယ်လောက်အလေးထားတယ်၊

ဘယ်လောက်ဂရုစိုက်တယ်ဆိုတာကို ပြသပေးဖို့လိုအပ်ပါတယ်နော်။

သူ သင့်ကိုစိတ်မဝင်စားသည့်တိုင်အောင် သင့်ရဲ့နွေးထွေးကြင်နာတတ်မှုလေးတွေက

သူမရဲ့ အသိအမှတ်ပြုခြင်းကို သင်ရနိုင်တဲ့အတွက်ပဲ ဖြစ်ပါတယ်။

သူမလိုအပ်နေတဲ့အချိန်မှာ ဘေးနားရှိနေပေးပါ

မိန်းကလေးတွေက သူတို့လိုအပ်တဲ့အချိန် ဘေးနားမှာရှိနေပေးတတ်တဲ့ သူတွေကို ပိုသတိထားမိတတ်ကြပါတယ်။

ဒီတော့ မိန်းကလေးတစ်ယောက်ရဲ့ စိတ်ကိုလိုချင်ရင်တော့ အဲဒီ့မိန်းကလေးရဲ့ ခက်ခဲတဲ့အချိန်တွေမှာ ဘေးနားရှိနေပေးဖို့ လိုအပ်ပါတယ်။

သူမအဝေးကို တွန်းထုတ်နေရင်တောင် လက်မလျော့ပါနဲ့

သူမဘက်ကနေ သင့်ကိုလုံးဝစိတ်မဝင်စားဘူး၊ ခါးခါးသီးသီးနဲ့

အဝေးကိုတွန်းထုတ်နေရင်တောင် သင့်ဘက်က လက်မလျော့လိုက်ပါနဲ့။

မိန်းကလေးတွေက လွယ်လွယ်အရှုံးပေးတတ်တဲ့ ယောက်ျားလေးတွေကို မကြိုက်တတ်ကြသလို

သူတို့ဘယ်လောက်ပဲ တွန်းထုတ်ပါစေ အလျော့မပေးတတ်တဲ့သူမျိုးကို ဇွဲဆုပေးချင်တတ်ကြပါတယ်။

မိန်းကလေးတစ်ယောက်ရဲ့စိတ်ကို လိုချင်ရင် သူမနဲ့ပေးထားတဲ့ ကတိတွေကို တည်နိုင်အောင်ကြိုးစားပါ။

မိန်းကလေးတွေက သူတို့အပေါ် ကတိမတည်တဲ့သူတွေကို စိတ်ပျက်လေ့ရှိတတ်ကြပါတယ်။

သူမကိုပေးထားတဲ့ကတိအတိုင်း လုပ်တတ်တဲ့ယောက်ျားလေးမျိုးက