အခ်စ္ေရး

ချစ်ရမှာကြောက်တတ်သူတွေရဲ့ လူတွေမသိအောင် ဖုံးကွယ်ထားတဲ့အချက်လေးများ

တစ်ချို့လူတွေက အချစ် ဆိုတာကို မယုံကြည်ဘူးဆိုတာထက် ချစ်ရမှာကို ကြောက်နေ တတ်ကြပါတယ်။

တစ်စုံတစ်ယောက်ကို ချစ်သူအဖြစ် ရွေးချယ်ဖို့၊ တစ်စုံတစ်ယောက်ကို ချစ်ဖို့ဆိုတာ

သူတို့အတွက်တော့ အတော်လေးကို စဉ်းစားရမယ့် အရာတစ်ခုလည်း ဖြစ်နေတတ်ပါတယ်။

ဒီလို ချစ်ရမှာ ကြောက်တတ်တဲ့ သူတွေဆီမှာ လူတွေမသိအောင် ဖုံးကွယ်ထားတဲ့ ဒီလိုအချက်လေးတွေ ရှိနေတတ်ပါတယ်နော် ။

လူတွေကို မယုံကြည်လို့

သူတို့တွေက အချစ်ကို မယုံကြည်တာမျိုး မဟုတ်ပဲ အချစ်ကို သယ်ဆောင်လာတတ်တဲ့ သူတွေကို မယုံကြည်ကြတာပါ။

အချစ်နဲ့ပတ်သက်ရင် ကွဲကြပြဲကြတာတွေ၊ သစ္စာဖောက်သွားတာတွေ စသဖြင့် ဒါတွေကို တွေ့တာများလာတော့

လူတွေကို ယုံကြည်ရမှာ တွန့်ဆုတ်တတ်လာပါတယ်။ ဒါကြောင့်ပဲ တစ်စုံတစ်ယောက်ကို ချစ်ရမှာကို ကြောက်လာ တတ်ကြပါတယ် …။

အသည်းကွဲမှာကို ကြောက်တာ

ချစ်ရမှာ ကြောက်တဲ့သူတွေရဲ့အဓိက အချက်ကတော့ အသည်းကွဲမှာ၊ နာကျင်ခံစားရမှာကို ကြောက်တတ်ကြတာပါ။

ဒါကြောင့်ပဲ တစ်စုံတစ်ယောက်ကို သူတို့အချစ်တွေ ပုံအောပြီး ချစ်ရမှာကို ငြင်းဆိုနေတတ်ကြတာ ဖြစ်ပါတယ်။

တကယ်လို့ သူတို့ ချစ်လိုက်ကာမှ သူတို့ကို ထားရစ်ခဲ့မှာ၊ အသည်းကွဲသွားမှာကို ကြိုတွေးပူနေတတ်ကြတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ် …။

ရွေးချယ်မှုမှား မှာစိုးလို့

သူတို့တွေ အချိန်အကြာကြီး တစ်ယောက်တည်း နေနေရတာ၊

ချစ်သူရည်းစားထားဖို့ကို ငြင်းဆန်နေတာဟာ မချစ်တတ်လို့တော့ မဟုတ်ပါဘူးနော်။

သူတို့ ရွေးချယ်လိုက်တဲ့ သူဟာ သူတို့အတွက် တကယ်စစ်မှန်မှု မရှိနေရင်၊

သူတို့ရွေးချယ်လိုက်တဲ့သူဟာ သူတို့အတွက် မှားယွင်းတဲ့ ရွေးချယ်မှုကြီး ဖြစ်သွားရင် ဆိုတဲ့

စိတ်နဲ့ပဲ တစ်စုံတစ်ယောက်ကို ချစ်ရမှာ ကြောက်နေတတ်ကြတာပဲ ဖြစ်ပါတယ် …။

နာက်င္ခဲ့ ဖူးလုိ႔

ချစ်ရမှာ ကြောက်သွားတဲ့ သူတွေက ဟိုအရင်က အရမ်းကို ချစ်တတ်တဲ့ သူတွေ ဖြစ်နေ တတ်ပါတယ်။

ဒါပေမယ့် အရမ်းချစ်မိတဲ့အတွက် အရမ်းနာကျင်ခဲ့ရတဲ့အခါ ထပ်ချစ်ရမှာကို ကြောက်သွား ခဲ့ကြတာပါ။

ထပ်ပြီး ချစ်ဖို့ကို သတ္တိမရှိတတ်ကြတော့ပဲ တစ်ခါကွဲဖူးတဲ့ အသည်းက လွယ်လွယ်နဲ့

အနာမကျက်နိုင်တဲ့ အခြေအနေမျိုးကို ကြုံရတဲ့အခါ ချစ်ရမှာကို ကြောက်သွား တတ်ကြပါတယ် …။ ။

Credit

Unicode

နာကျင်ခဲ့ ဖူးလို့