မဟာမြတ်မုနိ ပရဝုဏ်အတွင်း ရခိုင့်ဘုရင်စန္ဒသူရိယမင်းဟု ယူဆရသော ရုပ်ထု တစ်ခုတွေ့
Western News – ဧပြီ ၂၇ ရက်
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ၊ မဟာမြတ်မုနိဘုရားပရဝုဏ်အတွင်းတွင် ဧပြီ ၂၇ ရက်နေ့
ယမနန်နေ့ ညနေ ၄ နာရီခန့်က တတိယဓညဝတီခေတ် ရခိုင့်ဘုရင်စန္ဒသူရိယမင်းရုပ်ထု
ဟုယူဆရသော ရုပ်ထုတစ်ခုကိုတွေ့ရှိကြောင်း ဘုရားဂေါပကအဖွဲ့များက ပြောသည်။
ဧပြီလ ၂၆ ရက်နေ့ ညနေပိုင်းက မဟာမုနိဘုရားပုရဝုဏ်အတွင်းရှိ မြောက်ဖက်ဆင်းလမ်းစောင်းတန်း
အရှေ့ဖက်တွင် အဆိုပါရုပ်ထု၏ ဦးခေါင်းအနည်းငယ်ပေါ်နေရာကို အလုပ်သမားတစ်ချို့ တွေ့စဉ်တူးဖော်ကြည့်ရာမှ
ယခုကဲ့သို့ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း မဟာမြတ်မုနိဂေါပကအဖွဲ့မှ
ဥက္ကဌဦးသာလှအောင်က Western News သို့ပြောသည်။
“လက်ရှိပြုပြင်ရေးတွေလုပ်နေတဲ့ အလုပ်သမားတွေကရုပ်ထုကမြေပေါ်မှာ အနည်းငယ်ပေါ်နေတာကို
တွေ့လို့ ဆက်ပြီးတူးလိုက်တဲ့ အခါ ပေါ်လာတာပါ။ အဲ့ဒီရုပ်ထုကို မြောက်ဖက်ဆင်းလမ်းစောင်းတန်းရဲ့
အရှေ့ဖက်မှာ တူးဖော်ရရှိတာပါ။ တစ်ချို့က စန္ဒသူရိယမင်းကြီး အရုပ်ဆိုပြီးပြောနေကြတယ်။
ကျွန်တော်လည်းသေချာကြည့်ရဦးမယ်။ သက်တမ်းတွေ ဘယ်လောက်ထိရှိနေပြီဆိုတာ ကြည့်ရဦးမယ်”ဟုပြောသည်။
အဆိုပါ ရုပ်ထုနှင့် ပတ်သတ်၍ မဟာမုနိဆရာတော်ကြီး၏ သြဝါဒခံယူကာ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်
ဆွေးနွေးညှိနှိုင်း၍ မည်သို့ ဆက်လက်လုပ်ဆောင်မည်ကိုဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ဦးသာလှအောင်ကပြောသည်။
Western News- WN
Ye Htut Oo
“ဓာတ္ပုံ-Golden Land Fruit
zawgyi
မဟာျမတ္မုနိ ပရဝုဏ္အတြင္း ရခိုင့္ဘုရင္စႏၵသူရိယမင္းဟု ယူဆရေသာ ႐ုပ္ထု တစ္ခုေတြ႕
Western News – ဧၿပီ ၂၇ ရက္
ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္ရွိ၊ မဟာျမတ္မုနိဘုရားပရဝုဏ္အတြင္းတြင္ ဧၿပီ ၂၇ ရက္ေန႔
ယမနန္ေန႔ ညေန ၄ နာရီခန္႔က တတိယဓညဝတီေခတ္ ရခိုင့္ဘုရင္စႏၵသူရိယမင္း႐ုပ္ထု
ဟုယူဆရေသာ ႐ုပ္ထုတစ္ခုကိုေတြ႕ရွိေၾကာင္း ဘုရားေဂါပကအဖြဲ႕မ်ားက ေျပာသည္။
ဧၿပီလ ၂၆ ရက္ေန႔ ညေနပိုင္းက မဟာမုနိဘုရားပုရဝုဏ္အတြင္းရွိ ေျမာက္ဖက္ဆင္းလမ္းေစာင္းတန္း
အေရွ႕ဖက္တြင္ အဆိုပါ႐ုပ္ထု၏ ဦးေခါင္းအနည္းငယ္ေပၚေနရာကို အလုပ္သမားတစ္ခ်ိဳ႕ ေတြ႕စဥ္တူးေဖာ္ၾကည့္ရာမွ
ယခုကဲ့သို႔ ထြက္ေပၚလာျခင္းျဖစ္ေၾကာင္း မဟာျမတ္မုနိေဂါပကအဖြဲ႕မွ
ဥကၠဌဦးသာလွေအာင္က Western News သို႔ေျပာသည္။
“လက္ရွိျပဳျပင္ေရးေတြလုပ္ေနတဲ့ အလုပ္သမားေတြက႐ုပ္ထုကေျမေပၚမွာ အနည္းငယ္ေပၚေနတာကို
ေတြ႕လို႔ ဆက္ၿပီးတူးလိုက္တဲ့ အခါ ေပၚလာတာပါ။ အဲ့ဒီ႐ုပ္ထုကို ေျမာက္ဖက္ဆင္းလမ္းေစာင္းတန္းရဲ႕
အေရွ႕ဖက္မွာ တူးေဖာ္ရရွိတာပါ။ တစ္ခ်ိဳ႕က စႏၵသူရိယမင္းႀကီး အ႐ုပ္ဆိုၿပီးေျပာေနၾကတယ္။
ကြၽန္ေတာ္လည္းေသခ်ာၾကည့္ရဦးမယ္။ သက္တမ္းေတြ ဘယ္ေလာက္ထိရွိေနၿပီဆိုတာ ၾကည့္ရဦးမယ္”ဟုေျပာသည္။
အဆိုပါ ႐ုပ္ထုႏွင့္ ပတ္သတ္၍ မဟာမုနိဆရာေတာ္ႀကီး၏ ၾသဝါဒခံယူကာ သက္ဆိုင္ရာဌာနဆိုင္ရာမ်ားႏွင့္
ေဆြးေႏြးညႇိႏႈိင္း၍ မည္သို႔ ဆက္လက္လုပ္ေဆာင္မည္ကိုဆုံးျဖတ္သြားမည္ျဖစ္ေၾကာင္း ဦးသာလွေအာင္ကေျပာသည္။
Western News- WN
Ye Htut Oo
“ဓာတၸဳံ-Golden Land Fruit