အသိပညာ

ဒီအချက်တွေထဲက သင့်ဆီမှာ ဘယ်နှစ်ခုရှိနေလဲ? လူပျင်းလူညံတွေမှာ အမြဲတွေ့ရလေ့ရှိတဲ့ အကျင့်ဆိုး(၇)မျိုး

လူပျင်းလူညံတွေမှာပဲ အမြဲတွေ့ရလေ့ရှိတဲ့အကျင့်ဆိုး(၇)မျိုး

 

ဒီအချက်တွေ သင့်မှာမရှိရင်တော့သင့်ကအောင်မြင်မယ့်သူတစ်ယောက်ဖြစ်လာမှာအသေအချာပါပဲဘဝမှာအောင်မြင်ဖို့ အတတ်နိုင်ဆုံးရှောင်ရမယ့် အချက်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်

(၁) အအိပ်လွန်ခြင်း

လူအများစု၏ ဘဝ၏ သုံးပုံ တစ်ပုံသည် အိပ်စက်ခြင်းဖြင့် ကုန်ဆုံးသွားပါတယ်။ သင်က အသက် ၃၀ ဆို သင့်ဘဝရဲ့ ၁ဝနှစ်ကို အိပ်စက်ခြင်းတွေထဲမှာ သင်ပေးဆပ်လိုက်ရပါပြီ။ အိပ်တာက ကောင်းပါတယ်။

အိပ်ရေးဝဖို့ ၁ရက်ကို (၇-၈နာရီ)အိပ်သင့်ပါတယ်။ ဒါပေမယ့် သင်က သာမန်ထက် ပိုပြီးနေ့ရောညရော အိပ်နေမယ်ဆိုရင်တော့ သတိထားဖို့လိုနေပါပြီ။

အရမ်းအိပ်တတ်တဲ့ လူတွေက သူတို့ဘဝမှာ အိပ်တာထက် ကောင်းတဲ့ အလုပ် ဘာဆိုဘာမှ မရှိလို့ပါပဲ ။ ဒါကြောင့်ပဲ အအိပ်လွန်နေကြတယ်ထင်ပါတယ်။

သင်ရော လိုတာထက် သင့်ဘဝကို အိပ်စက်ခြင်းနဲ့ ဖြုန်းတီးနေပြီလား။ သင့်ဘဝကို လူပျင်း၊လူညံ တစ်ယောက်လို အိပ်စက်ခြင်းတွေနဲ့ အသက်မကြီးသွားချင်ရင် အိပ်တာထက် ကောင်းတာ တစ်ခုခုကို ရှာဖွေဖို့လိုအပ်နေပါပြီ။

(၂) Comfort Zone (ဇိမ်ခံခြင်း)

သင်ဟာ အမြဲတမ်း သက်တောင့်သက်သာရှိတဲ့ ဘဝကို နှစ်သက်သူလား။

သင့်ဘဝမှာ ပင်ပန်းတဲ့အရာ ၊အင်အားစိုက်ထုတ်ရမယ့်အရာဆို တစ်စက်လေးမှမလုပ်ချင်သူလား။

ဒါဆိုရင်တော့ သင်ကဇိမ်ကျနေပါပြီ ပျင်းရိခြင်းဆိုတဲ့ အိပ်ရာပေါ်မှာပါ ။ သင့်ရဲ့ ဘဝမှာ သာမန်ဘဝ ၊သမရိုးကျဘဝ ကနေ မတတ်ဘဲ တုံ့ရင်းတုံ့ရင်းသာဖြစ်နေရင် သင်က ဘဝကို ရုန်းကန်လုပ်ရှားကြိုးစားမဲ့အချိန်မှာ ဇိမ်ခံနေခဲ့လို့ ပျင်းရိနေခဲ့လို့ပါ။

ကြိုးစားသင့်တဲ့အချိန်မှာ ကြိုးစားပါ။ဘဝတစ်သက်တာ ပျော်ရွှင်ဖို့ ၊ဇိမ်ခံဖို့ တစ်ခဏတာ ပျင်းရိခြင်း ၊ဇိမ်ခံခြင်းတွေကို စွန့်လွှတ်သင့်ပါတယ်။

တစ်သက်တာပျော်ရွှင်ဖို့ တစ်ခဏတာ ပျင်းရိခြင်း အိပ်ရာပေါ်မှာ ဇိမ်ခံခြင်းကနေ ရပ်တန့်လိုက်သင့်ပါပြီ။

(၃) ဘာကိုမှ အလေးမထားခြင်း

သင့်မှာ သင့်ဘဝနဲ့ ပတ်သတ်ပြီးအလေးထားရမယ့် ကိစ္စတွေ အများကြီးရှိသလို တခြားသူတွေရဲ့ ဘဝနဲ့ ပတ်သတ်ပြီး လျစ်လျူရှုရမယ့် အရာတွေ တောင်လိုပုံနေပါတယ်။

အဓိကနဲ့သာမည ခွဲခြားပြီး အလေးထားဆောင်ရွက်ပါ။သင့်ဘဝနဲ့ပတ်သတ်ပြီးသင်ဟာ ဘာကိစ္စကိုပဲဖြစ်ဖြစ်၊ ပြီးစလွယ်တွေး၊ပြီးစလွယ် လုပ်တတ်သူ၊ ဘာကိုမှ အလေးမထားသူဆိုရင် သင့်ဘဝမှာ အမှားတွေ နောင်တ တွေ နဲ့သာပြည့်နေမှာပါ။

ဒါက တကယ်တော့ သင့်ရဲ့ပျင်းရိတတ်တဲ့စိတ် ၊သင့်ဦးနှောက်ကို သေသေချာချာတွေးပြီး ရေရေရာရာ ဆုံးဖြတ်ချက်မချခဲ့တဲ့ စိတ်တွေကြောင့် သင့်ဘဝမှာ အမှားတွေ ၊နောင်တတွေ ဘယ်လောက်တောင်များခဲ့ပြီလဲ ။

သင်စဉ်းစား ကြည့်ပါဦး။ လူပျင်း လူညံတွေလို ဘဝကိုအလေးမထား မစဉ်းစားခဲ့ရင် ဘဝတစ်သက်တာလုံး နောင်တ တွေနဲ့ နှစ်ပါးသွားနေရတော့မှာပါ။

သင့်ဘဝမှာ အသေးအဖွဲ့ကအစ အလေးထားမှ ကြီးကြီးမားမားအရာတွေ ဆောင်ရွက်လာနိုင်မှာပါ။ ဒါကြောင့်မို့အသေးအဖွဲ့ကအစအလေးထားပါ

(၄) phone ကို လက်ကမချခြင်း

သင်ဟာ အားနေတဲ့အချိန်တိုင်း phone ပဲကြည့် ၊ လုပ်စရာရှိလဲကြည့် ၊မရှိလည်း ကြည့်နေတတ်သူလား။

ဒါဆိုသင့်ကိုသင်မေးကြည့်ပါ။ငါဟာ phone ကို ဘာအတွက်သုံးတာလဲ။ အလုပ်ကြောင့်လား ၊ဗဟုသုတရှာနေတာလား။

စာပေလေ့လာနေတာလား။ ဘာအတွက်လဲ ။ဘာအကျိုးတွေလဲ ။စဉ်းစားပါ။ ဒါတွေ အတွက်မဟုတ်ပဲ ဘာလို့များ phone ကို လက်က မချနိုင် ၊မျက်လုံးက phoneနဲ့ မခွါနိုင် ဖြစ်နေရတာလဲ ။

သင်ကပြောပါမယ်ပျင်းလို့ လုပ်စရာမရှိလို့ စသဖြင့်ပေါ့။ပျင်းတာကို အကျိုးရှိအောင်အသုံးချပါ။

ဒီလို အကျိုးအတွက်မဟုတ်ပဲဟိုပွတ် ဒီပွတ် ၊ဟိုဇာတ်ကားတွေကြည့် ဒီဇာတ်လမ်းတွေကြည့် ၊ ဂိမ်းတွေဆော့ ဘာတွေဆော့ နဲ့ဘဝကို နေနေရင် ကြာလေ မွဲလေ ကြာလေ မွဲလေ ဖြစ်လာမှာပါ။ မျက်လုံးမွဲရုံတင်မကဘူး ။

လူပါ မွဲလာမှာပါ ။ဆင်းရဲတွင်းက လွတ်မှာမဟုတ်ပါဘူး။ ဘာကြောင့်ပါလဲ ဆိုတာကို အသေချာ စဉ်းစားဖို့လိုနေပါပြီ။

(၅) ကိုယ့်ကိုယ်ကို မသိနားမလည်ခြင်း

(ရည်မှန်းချက် ပျောက်နေခြင်း)

သင်က ပျင်းရိနေသူလား ။အောင်မြင်ချင်သူလား။ သင်က တိုးတတ်ချင်သူလား။ ဆုတ်ယုတ်နေသူလား။

သင်ကဘယ်လို လူလဲပြောပါသင့်ဘဝမှာ ဘာတွေဖြစ်လာမလဲဆိုတာ သင့်ကို ပြန်ပြောပြပါမယ်။

သင့်ဘဝက သင့်အတွေးပါ။ သင့်စိတ်ကူးပါ။ သင့်ရွေးချယ်မှုပါ။ သင်ဘာလိုချင်လဲ ။ဘာဖြစ်ချင်လဲ ။ကိုယ့်ကိုယ်ကို သိပါ။

သင်ကိုယ်တိုင်ရွေးချယ်ပါ။ ဘဝမှာအောင်မြင် ပျော်ရွှင်နေသူတွေက သူတို့ဘဝမှာ ဘယ်လို လူမျိုး ဖြစ်ချင်လဲ ဆိုတာ သူတို့ သေချာသိကြတယ်။

ဒါ့ကြောင့်ပဲသူတို့ ရည်မှန်းချက် အိပ်မက်တွေကို သေချာသိကြလို့ အောင်မြင်တဲ့ရေရေရာရာဘဝကို အသေအချာရရှိတာပဲ ဖြစ်ပါတယ်။

သင်ကရော ဘဝမှာ ဘယ်လိုလူမျိုးဖြစ်ချင်တာပါလဲ။ လူပျင်းစိတ်ထားးရင် လူပျင်းလူညံသာ ဖြစ်လာပြီး အောင်မြင်ချင်စိတ်ထားရင်တော့ အောင်မြင်လာမှာပါ ။

ဒါကြောင့်မို့ ကိုယ့်ဘဝကို သေချာသိပါ။ နားလည်ပါ။သေချာရွေးချယ်ပါ။

(၆)ဘဝကို ပြောင်းလဲလိုစိတ်မရှိခြင်း

သင့်ရဲ့နေ့စဉ်ဘဝက ဘယ်လိုပါလဲ ။အိပ်မယ် စားမယ် ပုံမှန်အလုပ်လေးသွားမယ် လကုန်တော့ လခလေးရမယ် ။ အကြွေးဆပ်မယ် ။

ဝယ်မယ်ခြမ်းမယ် ဒါလေးတွေနဲ့ပဲ သင့်ဘဝ ကို နေ့စဉ် ပုံမှန်သမရိုးကျ ဖြတ်သန်းနေတုန်းပဲလား။ ဘာလို့ ပြောင်းလဲ လိုစိတ်မရှိတာလဲ ။

ပြောင်းလဲဖို့ ဘာလို့ ကြောက်နေတာလဲ ။ ဘာလို့ပျင်းနေတာလဲ ဘာလို့ ယုံကြည်ချက် မရှိတာလဲ ။ဒါမှမဟုတ် ဒါသင်တကယ်လိုချင်တဲ့ ဘဝနေထိုင်မှု ပုံစံလား ။

အဲ့လိုမဟုတ်ဘူးဆိုရင်တော့သင့်ရဲ့ ပျင်းရိတဲ့စိတ်ကို ချိုးဖျက်ပြီး သင့်ဘဝကို ပြောင်းလဲဖို့ တွေးပါ။ ပြင်ဆင်ပါ။

ရတောင့်ရခဲ လူ့ဘဝမှာ အသက်(၆၀)အထိ တစ်သက်လုံး သူများအလုပ်လုပ်ပြီး ရတဲ့ ပိုက်ဆံလေးနဲ့ဘဲ ပျော်နေတော့မှာလာ
တစ်ခုခုကို ငြီးငွေ့နေရင် ဆက်မလိုချင်တော့ရင် အဲ့နေရာက ရုန်းထွက်ဖို့ စတင်ပြောင်းလဲပါ။

သင့်မှာစွမ်းအားတွေရှိပါတယ် သင်ထုတ်မသုံးလိုသာ အစွမ်းပြခွင့်မရတာပါ သာမန်လူတွေနေတဲ့ ဘဝမျိုး မလိုချင်ရင် သာမန်လူတွေ မလုပ်တဲ့ သာမန်လူတွေ မတွေးတဲ့အရာတွေကို လုပ်ပါ ။တွေးပါ ။ဖောက်ထွက်ပါ ။

ဆုံးဖြတ်ချက် ချလိုက်ပါတော့ ။ ပြောင်းလဲဖို့ ၁ခုခုကို စလုပ်လိုက်ပါ။ ပြောင်းလဲချိန်တန်နေပါပြီ။

(၇) တခြားသူရဲ့အောင်မြင်မှုတွေကိုမနာလိုခြင်း

မနာလိုတာ ၊အတင်းပြောတာ၊ မကောင်းပြောတာ၊ဂုံးတိုက်တာမျိုးတွေ ပြောတဲ့သူတွေကို သင်တွေ့ဖူးပါသလား ။ ဟုတ်ပါတယ်။ အဲ့လိုလူတွေက အချိန်တွေပိုပြီး သူတို့ဘဝကို သူများရဲ့ ဘဝထဲမှာ ရှင်သန်နေမှန်းမသိရှင်သန်နေကြတာပါ။ သူများဘဝ ၊သူများအကြောင်းတွေသာတွေးနေကြတာပါ။သူများအတင်းတွေသာ ပြောနေကြတာပါ ။မနာလိုနေကြတာပါ။ အဲ့လိုမျိုးသူများအပေါ်မကောင်းမြင်စိတ်ထားရှိတဲ့ လူမျိုး၊တခြားသူအောင်မြင်မှုကို မနာလို ဂုဏ်မပြတတ်တဲ့လူမျိုးတွေရဲ့ ဘဝဟာ ဘယ်တော့ဘယ်တော့မှ လူမွှေးပြောင်လာမှာ မဟုတ်ပါဘူး ။ကံကောင်းပြီးတောင် အောင်မြင်လာမှာမဟုတ်ပါဘူး။ အောင်မြင်လာလည်းခဏတာပါပဲ။ အဲ့လိုပြောတတ်တဲ့ သူတွေက ကိုယ့်နဲ့တန်တဲ့ကိုယ့်လမ်းကိုသွားရမှာပါ။ ကိုယ်ပြုသည့်ကံ ကိုယ်ထံပြန်လာမှာပါအကယ်၍များပေါ့သင့်မှာ အဲ့လိုအကျင့်မျိုးရှိနေခဲ့ရင်အချိန်နောက်မကျခင် ချက်ချင်းပြင်သင့်ပါတယ် ။တပါးသူရဲ့အောင်မြင်မှုကို ချီကျူးပါအားကျပါ အတုယူပါ။

သင့်အတွက်အကျိုးတစ်ခုခုရခဲ့ရင်commentမှာ yes လို့ရေးပေးခဲ့ပါဦး။

အထက်ပါအချက်(၇)ချက်ထဲက သင်ဘာတွေလုပ်မိနေလဲ commentမှာရေးပေးခဲ့ပါဦး

ဒီအချက်တွေထဲက သင်တစ်ခုခုကို လုပ်နေမိခဲ့ရင် သင့်ကိုယ်သင် ထပ်မလုပ်မိဖို့ ဒီ postလေးကို shareပြီး သင့်ကိုယ် သင်ကတိပေးလိုက်ပါ။

သင့်ဘဝကိုပျင်းရိခြင်းဖြင့် မကုန်ဆုံးစေပဲပျင်းရိခြင်းကိုဖြိုလဲ၍ ဘဝကိုအောင်မြင်အောင်ပျော်ရွှင်အောင် သင်တာဝန်ယူလိုက်ပါ။

p.s :adminသည် သင်စိတ်ဆိုးမှာကိုကြောက်ကြောက်ဖြင့် သင့်ဘဝအတွက် အကျိုးရှ်စေဖို့ ဒီpostကိုတင်ပေးလိုက်ရခြင်းဖြစ်ပါသည်

မင်မင်လည်း အမှားတွေထဲက သင်ယူနေပါပြီ

သင့်ကိုလည်းထပ်မမှားစေဖို့ အကြံပေးခြင်းပါဒီ postလေးက သင့်နဲ့သင့်သူငယ်ချင်းတွေအတွက်အကျိုးရှိတယ် အသုံးဝင်တယ်ဆိုရင်post ကို like and share လေးလုပ်ခဲ့ပေးပါဦးလို့ တောင်းဆိုလိုက်ပါတယ်

သင်နဲ့သင်ပတ်ဝန်းကျင်ကသူငယ်ချင်းတွေကိုအသိညဏ် ဗဟုသုတလေးတွေဝေမျှပေးခြင်းဖြင့် ကိုယ်ဟာ ကြင်နာတတ်တဲ့ သူတစ်ယောက်ဆိုတာကို ပြသလိုက်ပါ သူငယ်ချင်းရေ ။