သစ္စာရှိတဲ့ချစ်သူကို ပိုင်ဆိုင်ထားသူတွေမှ ခံစားနိုင်မယ့် ကံကောင်းခြင်း (၅) ခု
အချစ်ရေးတစ်ခုမှာ
အရေးကြီးဆုံးအရာတစ်ခုကိုပြောပါဆိုရင်
သစ္စာရှိခြင်းကလည်း မပါမဖြစ်ပါပဲနော်။
သစ္စာရှိခြင်းဆိုတာ လုပ်ယူလို့လည်း မရသလို၊
တောင့်တတိုင်းလည်း မရနိုင်တဲ့
အရာတစ်ခုဖြစ်ပါတယ်။
သစ္စာရှိတဲ့ ချစ်သူကို
ပိုင်ဆိုင်ထားသူတွေဟာ
တကယ်ကိုကံကောင်းတဲ့သူတွေပါ။
သစ္စာရှိတဲ့ ချစ်သူကို ပိုင်ဆိုင်ထားသူတွေမှ
ခံစားနိုင်မယ့် ကံကောင်းခြင်းတွေကို
ဖော်ပြပေးလိုက်ပါတယ်။
တကယ်လို့ သင်ဟာ ဒီလိုချစ်သူကို
ပိုင်ဆိုင်ထားတယ်ဆိုရင်တော့
တကယ်ကိုကံကောင်းတဲ့သူပါ။
(၁) စိတ်ချလက်ချနေလို့ရတယ်
သစ္စာရှိတဲ့ ချစ်သူကို
ပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ဟာ
ပူပင်သောကတွေ နည်းပါတယ်။
ချစ်သူကို စိတ်ပူနေရတာ၊
တခြားမိန်းကလေးတွေနဲ့ စိတ်မချတာ၊
သဝန်တိုတာတွေ
သိသိသာသာလျော့နည်းသွားမှာပါ။
ကိုယ်နဲ့ဝေးနေတဲ့အချိန်တွေမှာတောင်
တခြားသာ စိတ်ပူရင်ပူရမယ်၊
ဖောက်ပြန်သွားမှာ
ဘယ်တော့မှ မစိုးရိမ်ရတဲ့သူပါ။
စိတ္ခ်လက္ခ်ေနၿပီး ဘယ္အရာကိုမဆို
စိတ်ဖြောင့်ဖြောင့်နဲ့ လုပ်နိုင်မှာဖြစ်ပါတယ်။
(၂) ကြည်နူးရတယ်
သစ္စာရှိတဲ့ ချစ်သူကို
ပိုင်ဆိုင်ထားသူတစ်ယောက်ဟာ
ချစ်သူရဲ့ အကျင့်သီလကြောင့်
အမြဲလိုလို ကြည်နူးနေရမှာပါ။
တခြားမိန်းကလေးတွေနဲ့
ယှဉ်လာတဲ့အခါဖြစ်ဖြစ်၊
ဘယ်နေရာကိုပဲရောက်ရောက်
ချစ်သူရဲ့ ဦးစားပေးခြင်းကို ခံရမှာဖြစ်ပါတယ်။
ဒါလေးတွေက အချစ်ရေးတစ်ခုမှာ
(၃) ဖြေသိမ့်နိုင်တယ်
သစ္စာရှိတဲ့ ချစ်သူကို
ပိုင်ဆိုင်ထားသူတစ်ယောက်ဟာ
ဆိုးတာတွေကြုံတွေ့တာချင်းအတူတူ
သူများတွေထက်ပိုပြီး ကိုယ့်ကိုယ်ကို နှစ်သိမ့်နိုင်ပါတယ်။
ချစ်သူမှာ အားနည်းချက်တွေ၊
မပြည့်စုံမှုတွေ ရှိနေသည့်တိုင်အောင်
သင့်အပေါ် ထားတဲ့သူ့ရဲ့ သစ္စာရှိခြင်းကြောင့်
အရာရာကို ဖြေသိမ့်နိုင်သွားမှာဖြစ်ပါတယ်။
(၄) ဂုဏ်ယူရတယ်
သစ္စာရှိတဲ့ ချစ်သူကို
ပိုင်ဆိုင်ထားရတာဟာ ဂုဏ်ယူစရာပါ။
ဒါဟာ သင့်ကို တကယ်ချစ်တယ်ဆိုတာ
သက်သေပြနေတဲ့ အချက်ပါပဲ။
သစ္စာကို သိပ်ပြီးတန်ဖိုးမထားကြတော့တဲ့
ခေတ်ကြီးထဲမှာ သင့်ချစ်သူဟာ
သင့်တစ်ယောက်တည်းကို
စြဲစြဲၿမဲၿမဲ လက္တြဲမျဖဳတ္ဘဲ
ချစ်နေပေးတယ်ဆိုတာ
သင်တကယ်ကံကောင်းလို့ပါပဲ။
(၅) အကောင်းမြင်စိတ်တိုးလာတယ်
သစ္စာရှိတဲ့ ချစ်သူကို
ပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ဟာ
အကောင်းမြင်စိတ် ပိုများပါတယ်။
သူများအတွဲတွေ
သစ္စာပျက်သွာတားတာမျိုးကိုတွေ့ရင်လည်း
သင့်ရဲ့ ချစ်သူကြောင့်
ငါတော်တော်ကံကောင်းပါလားဆိုတဲ့
အတွေးမျိုးတွေးတတ်သွားသလို၊
စည်းစိမ်ဥစ္စာတွေသူများလောက်
သင့်ကို မပေးနိုင်သည့်တိုင်အောင်
သူ့ရဲ့ နှလုံးသားကို ပိုင်ဆိုင်ထားရတဲ့အတွက်
သင့်ကိုယ်သင် ကံကောင်းတဲ့သူတစ်ယောက်လို့
ခံယူတတ္သြားမွာပါ။
Credit
Unicode
သစ္စာရှိတဲ့ချစ်သူကို ပိုင်ဆိုင်ထားသူတွေမှ ခံစားနိုင်မယ့် ကံကောင်းခြင်း (၅) ခု
အချစ်ရေးတစ်ခုမှာ
အရေးကြီးဆုံးအရာတစ်ခုကိုပြောပါဆိုရင်
သစ္စာရှိခြင်းကလည်း မပါမဖြစ်ပါပဲနော်။
သစ္စာရှိခြင်းဆိုတာ လုပ်ယူလို့လည်း မရသလို၊
တောင့်တတိုင်းလည်း မရနိုင်တဲ့
အရာတစ်ခုဖြစ်ပါတယ်။
သစ္စာရှိတဲ့ ချစ်သူကို
ပိုင်ဆိုင်ထားသူတွေဟာ
တကယ်ကိုကံကောင်းတဲ့သူတွေပါ။
သစ္စာရှိတဲ့ ချစ်သူကို ပိုင်ဆိုင်ထားသူတွေမှ
ခံစားနိုင်မယ့် ကံကောင်းခြင်းတွေကို
ဖော်ပြပေးလိုက်ပါတယ်။
တကယ်လို့ သင်ဟာ ဒီလိုချစ်သူကို
ပိုင်ဆိုင်ထားတယ်ဆိုရင်တော့
တကယ်ကိုကံကောင်းတဲ့သူပါ။
(၁) စိတ်ချလက်ချနေလို့ရတယ်
သစ္စာရှိတဲ့ ချစ်သူကို
ပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ဟာ
ပူပင်သောကတွေ နည်းပါတယ်။
ချစ်သူကို စိတ်ပူနေရတာ၊
တခြားမိန်းကလေးတွေနဲ့ စိတ်မချတာ၊
သဝန်တိုတာတွေ
သိသိသာသာလျော့နည်းသွားမှာပါ။
ကိုယ်နဲ့ဝေးနေတဲ့အချိန်တွေမှာတောင်
တခြားသာ စိတ်ပူရင်ပူရမယ်၊
ဖောက်ပြန်သွားမှာ
ဘယ်တော့မှ မစိုးရိမ်ရတဲ့သူပါ။
စိတ်ချလက်ချနေပြီး ဘယ်အရာကိုမဆို
စိတ်ဖြောင့်ဖြောင့်နဲ့ လုပ်နိုင်မှာဖြစ်ပါတယ်။
(၂) ကြည်နူးရတယ်
သစ္စာရှိတဲ့ ချစ်သူကို
ပိုင်ဆိုင်ထားသူတစ်ယောက်ဟာ
ချစ်သူရဲ့ အကျင့်သီလကြောင့်
အမြဲလိုလို ကြည်နူးနေရမှာပါ။
တခြားမိန်းကလေးတွေနဲ့
ယှဉ်လာတဲ့အခါဖြစ်ဖြစ်၊
ဘယ်နေရာကိုပဲရောက်ရောက်
ချစ်သူရဲ့ ဦးစားပေးခြင်းကို ခံရမှာဖြစ်ပါတယ်။
ဒါလေးတွေက အချစ်ရေးတစ်ခုမှာ
အကြည်နူးရဆုံးပဲမဟုတ်လား..။
(၃) ဖြေသိမ့်နိုင်တယ်
သစ္စာရှိတဲ့ ချစ်သူကို
ပိုင်ဆိုင်ထားသူတစ်ယောက်ဟာ
ဆိုးတာတွေကြုံတွေ့တာချင်းအတူတူ
သူများတွေထက်ပိုပြီး ကိုယ့်ကိုယ်ကို နှစ်သိမ့်နိုင်ပါတယ်။
ချစ်သူမှာ အားနည်းချက်တွေ၊
မပြည့်စုံမှုတွေ ရှိနေသည့်တိုင်အောင်
သင့်အပေါ် ထားတဲ့သူ့ရဲ့ သစ္စာရှိခြင်းကြောင့်
အရာရာကို ဖြေသိမ့်နိုင်သွားမှာဖြစ်ပါတယ်။
(၄) ဂုဏ်ယူရတယ်
သစ္စာရှိတဲ့ ချစ်သူကို
ပိုင်ဆိုင်ထားရတာဟာ ဂုဏ်ယူစရာပါ။
ဒါဟာ သင့်ကို တကယ်ချစ်တယ်ဆိုတာ
သက်သေပြနေတဲ့ အချက်ပါပဲ။
သစ္စာကို သိပ်ပြီးတန်ဖိုးမထားကြတော့တဲ့
ခေတ်ကြီးထဲမှာ သင့်ချစ်သူဟာ
သင့်တစ်ယောက်တည်းကို
စွဲစွဲမြဲမြဲ လက်တွဲမဖြုတ်ဘဲ
ချစ်နေပေးတယ်ဆိုတာ
သင်တကယ်ကံကောင်းလို့ပါပဲ။
(၅) အကောင်းမြင်စိတ်တိုးလာတယ်
သစ္စာရှိတဲ့ ချစ်သူကို
ပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ဟာ
အကောင်းမြင်စိတ် ပိုများပါတယ်။
သူများအတွဲတွေ
သစ္စာပျက်သွာတားတာမျိုးကိုတွေ့ရင်လည်း
သင့်ရဲ့ ချစ်သူကြောင့်
ငါတော်တော်ကံကောင်းပါလားဆိုတဲ့
အတွေးမျိုးတွေးတတ်သွားသလို၊
စည်းစိမ်ဥစ္စာတွေသူများလောက်
သင့်ကို မပေးနိုင်သည့်တိုင်အောင်
သူ့ရဲ့ နှလုံးသားကို ပိုင်ဆိုင်ထားရတဲ့အတွက်
သင့်ကိုယ်သင် ကံကောင်းတဲ့သူတစ်ယောက်လို့
ခံယူတတ်သွားမှာပါ။
Credit