အခ်စ္ေရး
ချစ်ရသူနဲ့ အမြဲမခွဲ လက်တွဲသွားချင်တယ်ဆိုရင် ဒီအချက် (၅) ချက်ကို လိုက်နာပါ
ကိုယ့်ချစ်သူကောင်လေး ကိုယ့်ကို အလိုလိုနေရင်း လွမ်းနေစေမယ့် နည်းလမ်း(၅)သွယ်
မိန်းကလေးတိုင်းကတော့ ကိုယ့်ချစ်သူကောင်လေး ကိုယ့်ကို သတိရတာ လိုချင်ကြတာကြီးပါပဲနော်။ဒါပေမယ့် ကိုယ်ကြောင့် သူစိတ်အနှောင့်အယှက် ဖြစ်သွားမှာကိုတော့ စိုးရိမ်ကြတာ သဘာဝပါပဲ။
ကိုယ့်ကိုလဲ သတိရစေချင်တယ် ကိုယ်ကသွားပြောလို့ သတိရတာမျိုးလဲ မဖြစ်စေချင်ရင်တော့ ဒီနည်းလမ်းလေးတွေကို အသုံးချကြည့်နော်။
ကိုယ်ပိုင်အချိန်လေးပေးကြည့်ပါ
ကိုယ်ကသူ့ကို ချစ်လို့ လွမ်းလို့ အနားမှာ နေနေရင်တော့ သူကိုယ့်ကိုလွမ်းမလွမ်း သိရမှာ မဟုတ်ဘူးနော်။တွေ့ချိန်တန်တွေ့ပြီး လွှတ်ပေးချိန်တန် လွှတ်ပေးထားကြည့်နော်။ အနားမှာ အမြဲမရှိမှ ကိုယ့်နဲ့ အချိန်လေးတွေကို ပြန်တမ်းတပြီး ကိုယ့်ကိုလွမ်းနေမှာ အသေအချာပါပဲ။
ရင်ဖွင့်ပါ
ရင်ဖွင့်တာကတော့ အကောင်းဆုံး ရင်ဘက်ချင်းနီးတဲ့ နည်းလမ်းတစ်ခုပဲနော်။
ကိုယ်နဲ့ရင်ဘတ်ချင်းနီးတဲ့သူကို ပိုပြီးသတိရ တမ်းတတက်တာ သဘာဝပါပဲ။ တစ်ယောက်အကြောင်း တစ်ယောက်ရင်ဖွင့်ရင်းနဲ့ ပိုပြီးလဲ ရင်းနှီးတယ်နော်။ကိုယ်မရှိရင်လဲ ကိုယ့်ကို သတိရနေမှာတော့ အသေချာဆုံးပါပဲ။
အမြဲသူ့အတွက်အသင့်မရှိနေပါနဲ့
သူလိုတိုင်း ကိုယ်ကသူ့အတွက်ရှိနေရင် ဘယ်လိုလုပ်ကိုယ့်ကို တန်ဖိုးထားမှာလဲနော်။ အမြဲသူ့အတွက် မရှိနေပါနဲ့။သူလိုအပ်ချိန်တိုင်း ကိုယ်ကရှိနေရင် ကိုယ့်တန်ဖိုးလဲသိမှာ မဟုတ်သလို ကိုယ့်ကိုလွမ်းရကောင်းမှန်းလဲ သိမှာ မဟုတ်ပါဘူးနော်။သူ့အနားမှာ သူလိုအပ်တိုင်းမရှိမှ ကိုယ့်တန်ဖိုးကိုသိပြီး ကိုယ့်ကိုလဲလွမ်းမှာနော်။
သူ့သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းဖို့ တိုက်တွန်းပါ
ဟုတ်ပါတယ်။ ခေါင်းစဉ်မမှားပါဘူး။ တကယ်ကို သူ့သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းဖို့ တိုက်တွန်းပါ။သူ့သူငယ်ချင်းတွေနဲ့ သွားဖို့တောင် တိုက်တွန်းတဲ့ သူမျိုးကို ဘယ်သူမှ မလွမ်းပဲ မနေနိုင်ပါဘူး။
ကိုယ့်ကို အရမ်းနားလည်ပေးတယ်ဆိုပြီးတော့တောင် ပိုလွမ်းမှာပဲ ဖြစ်ပါတယ်။ကိုယ်ကသူ့အတွက် နားအလည်ပေးနိုင်ဆုံးဆိုတဲ့ နေရာမှာ နေခြင်းဖြင့် သူကိုယ့်ကိုလွမ်းလာမှာ အသေအချာပါပဲနော်။ကိုယ့်ဘဝနဲ့ကိုယ် နေနိုင်အောင်ကြိုးစားပါ ဘယ်သူမဆို ကိုယ့်ကိုအရမ်းမှီခိုနေရင် မကြိုက်ဘူးနော်။
အရာရာတိုင်းမှာ ကိုယ်ကသူ့ကိုပဲ မှီခိုနေမယ်ဆိုရင် သူလဲကြာရင် အထင်သေးပြီး စိတ်ညစ်လာမှာ အသေအချာပါပဲ။ကိုယ်ကလဲ ကိုယ့်ဘဝနဲ့ ကိုယ်နေပြီး မမှီခိုရင် သူလဲ သူအားရင်အားသလို ကိုယ့်ကို သတိရမှာပါနော်။
အနားမှာ မတွယ်ကပ်ပဲ ကိုယ့်ဟာကိုယ်နေတက်ခြင်းကလဲ ကိုယ့်ကိုသတိရစေမယ့် နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။
Credit
ရင္ဖြင့်ပါ
Credit