မနေ့ကထက် ဒီနေ့ပိုချစ်စေတဲ့နည်းလမ်း ( ၄ ) သွယ်

အချစ်ကြောင့်စိတ်ညစ်နေလား။ အချစ်ဆိုတာဘာလဲ။
ဘယ်လို နားလည်မှုတွေထပ်ပေးရဦးမလဲ။
ပြဿနာတွေဆိုတာ အမြဲကိုယ့်ဆီဘဲ
ရောက်လာ နေတယ် လို့ထင်သလား။
ဒီချစ်မိခဲ့တဲ့ရင်ခုန်သံလေးတွေ ကြောင့်
ခေါင်းစားနေရတယ်ဆိုပါတော့။
ဒီတော့ အောက်ပါနည်းလမ်းတွေနဲ့ မပျော်ရွှင်တဲ့နေရာမှာ
ပျော်ရွှင်မှုလေးတွေ ခံစားနိုင်စေဖို့
လက်ရှိပြည့်စုံနေတဲ့ချစ်သူတွေကတော့
ပိုပီးတော့ ချစ်သက်ရှည်နိုင်ဖို့ ဝေမျှပေးလိုက်ပါတယ်။
၁။ အပေးအယူမျှ…..ဂရုစိုက်တတ်မှ
တင်းကျပ်စွာချည်နှောင်ထားတဲ့ ချစ်နည်းထက်
လွတ်လွတ်လပ်လပ်နဲ့နားလည်မှုပေးကြည့်ပါ။
အမြဲတစ်ယောက်နဲ့တစ်ယောက် ညှိနှိုင်း ဆွေးနွေးကြပါ။
အချိန်တွေမအားလပ်ရင်တောင်
တစ်ပတ်တစ်ခါစကားလက်ဆုံကျဆွေးနွေးပါ။
နွေးထွေးတဲ့လက်တစ်စုံနဲ့အတူ ကမ္ဘာပတ်သလို
လမ်းလျှောက်ထွက်ပေးပါ။
ဝေးကွာနေတဲ့ချစ်သူတွေကတော့
ညအချိန်မှာ ဖုန်းပြောရင်း SMS ပို့ရင်းကုန်ဆုံးကြည့်ပါ။”
”ဘယ်တော့မှ အလုပ်ကိစ္စတွေနဲ့
အချစ်ကိုအရောင်ပြယ်အောင်မလုပ်ပါနဲ့။”
”ချစ်သူအတွက်အချိန်ဆိုတာ
ပေးကိုပေးသင့်တဲ့ လုပ်ရပ်တစ်ခုပါ။
၂။ ရန်ဖြစ်စေမဲ့စကား…..အမြန်ရှောင်ရှား
အချစ်မှာ ပြဿနာဖြစ်မဲ့
အနေမထားမရောက်အောင်ခင်ကတည်းက
စကားလမ်းကြောင်းလွှဲတတ်ရပါမယ်။
ပြဿနာတစ်ခုဖြစ်တော့မယ်ဆိုရင် စကား မကျွံမိပါစေနဲ့။
ဆိုးဝါးမဲ့အခြေအနေရောက်လာ
ရင်တော့ စကားစဖြတ်လို့ ရအောင်ဖြတ်ပါ။
ပြောချိန်မတန်ဘဲနဲ့ သွားမစပါနဲ့။

နောက်ဆုံးစကားလမ်းကြောင်းလွှဲပါ။
နားလည်မှုပေးနိုင်အောင်
အတတ်နိုင်ဆုံးကြိုးစားဖို့ ပြောချင်ပါတယ်။
မုန်းဖို့ ချစ်ခဲ့ကြတာမှမဟုတ်တာနော်။
၃။ မေ့သင့်တာတွေမေ့လိုက်ပါ
အတိတ်ဆိုတာ လက်ရှိဘဝထဲ ဆွဲခေါ်မလာပါနဲ့။
လက်ရှိမှာအကောင်းဆုံးဖြစ်အောင်ကြိုးစားချစ်ပြပါ။
အနာဂတ်အတွက်အချစ်အိမ်လေးကြိုဆောက်ကြတာပေါ့။
ဒါကြောင့် အတိတ်က အမှားတွေကိုမေ့ပစ်ပါ။
ဘာကြောင့်မေ့မပြစ်နိုင်ရမှာလဲ။
ရအောင်မေ့ထားကြည့်ပါ။
ခုချိန်ထိမမေ့နိုင်သေးဘူးဆိုရင်တော့
သင့်ရဲ့ အချစ်က စစ်ရောစစ်ရဲ့လားလို့မေးချင်ပါရဲ့နော်။
အတိတ်ကအပြစ်တွေပြန်ပြောနေမဲ့အစား
လက်ရှိဘယ်လောက်တန်ဖိုးထား
ချစ်နေတဲ့အကြောင်းကိုပြောပြပါ။
၄။ ကူညီဖြည့်ဆည်းမှုတွေနဲ့
ချစ်သက်တမ်းလေးရှည်ပါစေ
ချစ်သူရဲ့လိုအပ်မှုတွေကို ငြီးတွားစိတ်ပျက်နေမဲ့အစား
ကူညီဖြည့်ဆည်းပေးပါ။
အခြားသူတွေနဲ့မနှိုင်းဘဲ သင့်အချစ်အိမ်လေးအတွက်
အမြဲ Hero ဖြစ်အောင်ကြိုးစားကြည့်ပါ။
စစ်မှန်တဲ့အချစ်တွေကြောင့် ခိုင်မြဲသာယာတဲ့
တုန့်ပြန်မှုတွေ မကြာခင်ရောက်လာပါလိမ့်မယ်။
ဘဝခရီးရှည်ကြီးကို အမောတွေ
ဒေါသတွေနဲ့ဖြတ်ကျော်မဲ့အစား
အကြင်နာရေစင်အေးတစ်ခွက်ကို
မက်မပြေသောက်သုံးကြည့်ပါ။
ကိုယ်ချစ်တဲ့သူနဲ့ တစ်ဘဝလုံး အေးချမ်းပျော်ရွှင်စွာနဲ့
နှစ်ပတ်လည်များစွာဖြတ်ကျော်နိုင်ကြပါစေ။
Unicode

နှေးထှေးတဲ့လကျတဈစုံနဲ့အတူ ကမာ်ဘပတျသလို