ညီမအစ်မ ဒီနေ့ စမ်းချောင်း ရွှေလောင်းcb backပိုက်ဆံသွားထုတ်တာ
၉ခွဲကနေ ၁၂ထိကို အဲ့တနေရာကနေကို မရွေ့ပါဘူး ….အရှေ့ကိုကြည့်လိုက်တော့ တမိသားစုလုံး လာထုတ်ကြပြီး ထုတ်ပီးရင် အနောက်ကနေတန်းမစီပဲ
သူတို့မိသားစုနားမှာတင် ပြန်နေပြီးထပ်ထပ်ထုတ်နေကြရော ညီမ အမကနေပြီး အနောက်ကလူတွေကိုလဲအားနာပါအုံးဆိုပီးပြောတာကို မကျေနပ်ရင်နင်တို့တမိသားစုလူံး ခေါ်လာခဲ့ဆိုပီး အော်ပါလေရော
လူအများက ရဲနဲ့မတွေ့ချင်လို့ရှောင်ချင်လို့ပြသနာမဖစ်တာကိုအခွင့်ရေးယူပြီး တလှည့်စီပတ်ထုတ် နေကြတာပါ
၁၂ခွဲကြတော့ ညီမ အမကနေပြီး အနောက်ကိုလဲကြည့်ပါအုံးဆိုပီး ထပ်လှမ်းပြောတာကို တမိသားစုလုံး သားနှစ်ယောက်ရောအဲ့နားက ကွမ်းယာဆိုင်က သူတို့အမျိုးတွေကပါ
ခုံတွေနဲ့ဝိုငိးရိုက်ကြပါတယ် 
ပုံထဲက မိန်းမနဲ့ ယောက်ကျားရော သူတို့အမေတွေ အဒေါ်တွေပါ ဆံပင်ဆွဲ ခုံနဲ့ဝိုင်းရိုက်ကြတာပါ
အများနဲ့မိန်းကလေးတယောက်ကိုဝိုင်းလူပ်ကြတာ
မြင်မကောင်းပါဘူး ဘယ်လိုပင်ဖြစ်စေအဲ့လောက်
လုပ်ဖို့ လိုလားဟင်?
ခေါင်းတွေလဲနာ နှုတ်ခမ်းတွေလဲပေါက်သွားပါတယ် တစ်ကိုယ်လုံးလဲ ပွန်းပဲ့နေတာပါပဲ 😓
ညီမကိုဖုန်းဆက်ခေါ်လို့ ညီမအပြေးလိုက်သွားတော့ထပ်ပြီး အဲ့နားကသူတို့အမျိုးတွေကမိန်းကလေး၂ယောက်ထဲကို အော်ပီးပြောဆိုကြပါတယ်😓
လက်ညိုးတငေါက်ငေါက်နဲ့ လူကြီးတွေက အရင်လဲရိုက်နှက်စော်ကားသေးတယ်သူတို့ကို လူကြီးလို ဆက်ဆံလူပါးမဝနဲ့တွေရောစမ်းချောင်း ရွှေလောင်းလမ်းမှာနေတယ် သတ္တိရှိလာခဲ့တွေရောအော်ကြီးဟစ်ကျယ်တွေပြော ညီမ အမကို ခုံနဲ့ ရွယ်လို့
ညီမက အန်တီထိရဲထပ်ထိကြည့်နော်လို့ ပြောတာကို ညီမကိုပါ ထပ်ဆဲဆိုအော်ပါတယ်😞
———————
လုပ်ဖို့ လိုလားဟင်?
ညီမကိုဖုန်းဆက်ခေါ်လို့ ညီမအပြေးလိုက်သွားတော့ထပ်ပြီး အဲ့နားကသူတို့အမ်ျိုးတွေကမိန်းကလေး၂ယောက်ထဲကို အော်ပီးပြောဆိုကြပါတယ်😓