ျမန္မာ သကၠရာဇ္ ၁၃၈၂ခု ယခုႏွစ္ ထဲမွာ ထီကံ အေကာင္းဆုံး ေန႔ဖြားမ်ား
ဒီတစ္ႏွစ္ ျမန္မာခုႏွစ္ ၁၃၈၂ ထဲမွာ ထီကံနံပါတ္တစ္ အေကာင္းဆုံး ဖြားဇာတာရွင္ေတြ သည္ ဗုဒၶဟူး/ရာဟု ဖြားေတြပဲ ျဖစ္ပါတယ္။
ဒုတိယအဆင့္ ထီကံအား အေကာင္းဆုံး ေန႔နံကေတာ့ စေနေန႔ ဖြားမ်ား ျဖစ္ၾကၿပီး တတိယ အဆင့္အားျဖင့္ ထီကံ အနည္းငယ္ ေကာင္းေစေသာ ေန႔နံ အမ်ိဳးအစားေတြကေတာ့ တနဂၤေႏြေန႔ဖြား၊ ၾကာသာပေတးေန႔ဖြားေတြနဲ႔ အဂၤါေန႔ဖြားေတြလို႔ ဆိုရပါမယ္။
သို႔ေသာ္ ဒါက ႏွစ္တစ္ႏွစ္အလိုက္ ထီကံအားသာခ်က္ ရွိႏိုင္ေသာ ေန႔နံ အမ်ိဳးအစားကို ေ႐ြးျခယ္ျခင္းသက္သက္ မွ်သာ ျဖစ္ပါတယ္။
တစ္ကယ့္တစ္ကယ္ကေတာ့ ထီေပါက္မလား မေပါက္ဘူးလား ဆိုတာ သည္ မူလဇာတာ အေနအထားနဲ႔ မွည့္ေခၚထားေသာအမည္၊ ျဖတ္သန္းေနဆဲ အသက္ပိုင္းျခားကာလမ်ားအေပၚမွာလည္း မ်ားစြာ မွီတည္ေနသည္သာ ျဖစ္ပါတယ္။
ထို႔အတူ..ဒီတစ္ႏွစ္အဖို႔ ထီကံ အားသာခ်က္ထဲမွာ မပါႏိုင္တဲ့ ေသာၾကာ၊ တနလၤာ ေန႔ဖြားေတြ ျဖစ္ေနပါေစဦး ။
အထက္ပါကဲ့သို႔ မူလဇာတာ၊ အမည္၊ အသက္ပိုင္းျခား စသည္ျဖင့္ အားျဖင့္ အားေကာင္းေသာ ထီကံနဲ႔ ဆက္ႏြယ္ေနမယ္ ဆိုရင္ ထီေပါက္ကိန္း ရွိႏိုင္သည္သာမို႔
ေလာဘျဖင့္ အေျမာက္အမ်ား ထိုးျခင္းကို အားမေပး လိုေသာ္လည္း သင့္တင့္႐ုံ လစဥ္ျဖစ္ေစ ထီကံစမ္းႏိုင္ သည္သာ ျဖစ္ပါေၾကာင္း ေလးစားလ်က္ – ဆရာစိုးမိုးထြန္း (ေခၚ) ဆရာေဝသာလီေမာင္ဖုန္း ။
unicode
မြန်မာ သက္ကရာဇ် ၁၃၈၂ခု ယခုနှစ် ထဲမှာ ထီကံ အကောင်းဆုံး နေ့ဖွားများ
ဒီတစ်နှစ် မြန်မာခုနှစ် ၁၃၈၂ ထဲမှာ ထီကံနံပါတ်တစ် အကောင်းဆုံး ဖွားဇာတာရှင်တွေ သည် ဗုဒ္ဓဟူး/ရာဟု ဖွားတွေပဲ ဖြစ်ပါတယ်။
ဒုတိယအဆင့် ထီကံအား အကောင်းဆုံး နေ့နံကတော့ စနေနေ့ ဖွားများ ဖြစ်ကြပြီး တတိယ အဆင့်အားဖြင့် ထီကံ အနည်းငယ် ကောင်းစေသော နေ့နံ အမျိုးအစားတွေကတော့ တနင်္ဂနွေနေ့ဖွား၊ ကြာသာပတေးနေ့ဖွားတွေနဲ့ အင်္ဂါနေ့ဖွားတွေလို့ ဆိုရပါမယ်။
သို့သော် ဒါက နှစ်တစ်နှစ်အလိုက် ထီကံအားသာချက် ရှိနိုင်သော နေ့နံ အမျိုးအစားကို ရွေးခြယ်ခြင်းသက်သက် မျှသာ ဖြစ်ပါတယ်။
တစ်ကယ့်တစ်ကယ်ကတော့ ထီပေါက်မလား မပေါက်ဘူးလား ဆိုတာ သည် မူလဇာတာ အနေအထားနဲ့ မှည့်ခေါ်ထားသောအမည်၊ ဖြတ်သန်းနေဆဲ အသက်ပိုင်းခြားကာလများအပေါ်မှာလည်း များစွာ မှီတည်နေသည်သာ ဖြစ်ပါတယ်။
ထို့အတူ..ဒီတစ်နှစ်အဖို့ ထီကံ အားသာချက်ထဲမှာ မပါနိုင်တဲ့ သောကြာ၊ တနင်္လာ နေ့ဖွားတွေ ဖြစ်နေပါစေဦး ။
အထက်ပါကဲ့သို့ မူလဇာတာ၊ အမည်၊ အသက်ပိုင်းခြား စသည်ဖြင့် အားဖြင့် အားကောင်းသော ထီကံနဲ့ ဆက်နွယ်နေမယ် ဆိုရင် ထီပေါက်ကိန်း ရှိနိုင်သည်သာမို့
လောဘဖြင့် အမြောက်အများ ထိုးခြင်းကို အားမပေး လိုသော်လည်း သင့်တင့်ရုံ လစဉ်ဖြစ်စေ ထီကံစမ်းနိုင် သည်သာ ဖြစ်ပါကြောင်း လေးစားလျက် – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း ။