သင့်ကို မချစ်နိုင်တဲ့သူ တစ်ယောက်ကို အတင်းကြီး တွယ်ကပ်မနေပါနဲ့ ။ တကယ်တော့ သူတို့ဟာ သင်ထင်သလို တန်ဖိုးမကြီး လှပါဘူး ။
တန်ဖိုးဆိုတာ သင့်စိတ်က သတ်မှတ်ခြင်းနဲ့ ဆိုင်ပါတယ် ။ ပိုင်ဆိုင်လိုစိတ် ကြီးမားလာတာနဲ့ အမျှ တန်ဖိုးက တက်လာပါတယ် ။ ပိုက်ဆံနှစ်ရာလောက်သာ တန်တဲ့ ဖောင်တိန် တစ်ချောင်းကို တန်ဖိုးကြီးတယ် လို့ သတ်မှတ်လိုက်တာနဲ့ ဖောင်တိန်ရဲ့ တန်ဖိုးဟာ မြင့်တက်သွားနိုင်ပါတယ် ။
သင်ဟာ လူတစ်ယောက်ကို အရမ်း ပိုင်ဆိုင်လိုချင်ပြီ ဆိုတာနဲ့ သင်ဟာ သူ့အပေါ်မှာ တန်ဖိုးထားလာပါပြီ။ သူ့ကို ပိုင်ဆိုင်လိုက်တာနဲ့ သင့်ဘဝဟာ ပြီးပြည့်စုံပြီလို့ ထင်ကောင်း ထင်လာနိုင်ပါတယ် ။
အဲ့ဒီလို ထင်လိုက်မယ် ဆိုရင် သင့်ဘဝထဲကို စိတ်ညစ်စရာတွေ အလုံးအရင်း ဝင်လာနိုင်ပါတယ် ။ ဘာလို့လဲဆိုတော့ လူတွေဟာ ကိုယ်တန်ဖိုးထားတဲ့ အရာကို ပိုင်ဆိုင်ခွင့် မရတော့ဘဲ
ပျက်စီး ဆုံးရှုံးသွားမှာကို မခံစား နိုင်ကြလို့ပါ ။
ဥပမာ… သင်ဟာ အခု လက်ရှိ တန်ဖိုးထားတဲ့ အရာတစ်ခု ပျောက်သွားတယ် ဆိုပါစို့ ။ သင်ဘယ်လို ခံစားရမလဲ ။
သင်ဟာ ယနေ့ ဖုန်း အသစ်လေးတစ်လုံး ဝယ်လာပြီ ဆိုရင် အဲ့ဒီဖုန်းလေး ပျက်စီးသွားမှာ၊ ကွဲသွားမှာကို သေမလောက်အောင် ကြောက်နေပါလိမ့်မယ်။ သင်ဟာ သင့်ဖုန်းလေးကို
သေချာထိန်းသိမ်းဖို့ အမြဲတမ်း စဉ်းစားနေရပါပြီ ။
သင့်စိတ်တွေဟာ အရင်ကလို လန်းဆန်းမှု မရှိတော့ လောက်အောင် ဖြစ်လာနိုင်ပါတယ် ။ သင့်ရဲ့လွတ်လပ်မှုတွေ ပျောက်ဆုံးလာပါလိမ့်မယ် ။
သင်ဟာ လူတစ်ယောက်ကို ချစ်မိလို့ သူ့အပေါ်မှာ တန်ဖိုးထားလာပြီ ဆိုရင် သင့်စိတ်ထဲမှာ သူနဲ့ ပတ်သက်ပြီး သဝန်တိုမှုတွေ ၊ စိတ်ချုပ်ထွေးမှုတွေ၊ ခံစားရတာတွေ ဖြစ်ပေါ်လာပါလိမ့်မယ် ။
အဲ့ဒီအခါ သင့်ရဲ့ ပျော်ရွှင်မှုတွေဟာ အဝေးကို လွင့်ထွက်သွား ပါလိမ့်မယ် ။
လူတစ်ယောက်အပေါ်မှာ ချစ်လို့ ရပါတယ်။ တန်ဖိုးလည်း ထားရပါမယ်။ ဒါပေမယ့် အရမ်းကြီးတန်ဖိုး ထားမိရင်တော့ သင်အမှားကြီး မှားသွားနိုင်ပါတယ် ။
တကယ် ပိုင်ဆိုင်ခွင့်ရလာတဲ့ တစ်နေ့မှာ သူဟာ သင်ထင်သလို အရမ်းကြီး တန်ဖိုးမကြီး ဘူးဆိုတာ သိလာပါလိမ့်မယ် ။ ပြီးတော့ သင်ဟာ ဘယ်လောက်ပဲ တန်ဖိုး ရှိတဲ့
လူတစ်ယောက်ဖြစ်နေပါစေ တန်ဖိုး မသိတတ်တဲ့သူကတော့ သင့်ကို တန်ဖိုး မထားပါဘူး ။
ဒါ့ကြောင့် ကိုယ့်ကို တန်ဖိုးမထားရကောင်းမလား ဆိုပြီး ဒေါသထွက်တာ ၊ စိတ်ဆင်းရဲတာမျိုးတွေ မဖြစ်ပါစေနဲ့ ။ တန်ဖိုးဆိုတာ တန်ဖိုးထားတတ်တဲ့ စိတ်နဲ့ပဲ ဆိုင်တယ် ဆိုတာ နားလည်ထားပါ ။
တန်ဖိုးရှိအောင်နေပါ။ တန်ဖိုးရှိတဲ့ သူကိုလည်း တန်ဖိုး ထားပါ ။
Credit
သင့္ကို မခ်စ္ႏိုင္တဲ့သူ တစ္ေယာက္ကို အတင္းႀကီး တြယ္ကပ္မေနပါနဲ႔ ။ တကယ္ေတာ့ သူတို႔ဟာ သင္ထင္သလို တန္ဖိုးမႀကီး လွပါဘူး ။
တန္ဖိုးဆိုတာ သင့္စိတ္က သတ္မွတ္ျခင္းနဲ႔ ဆိုင္ပါတယ္ ။ ပိုင္ဆိုင္လိုစိတ္ ႀကီးမားလာတာနဲ႔ အမွ် တန္ဖိုးက တက္လာပါတယ္ ။ ပိုက္ဆံႏွစ္ရာေလာက္သာ တန္တဲ့ ေဖာင္တိန္ တစ္ေခ်ာင္းကို တန္ဖိုးႀကီးတယ္ လို႔ သတ္မွတ္လိုက္တာနဲ႔ ေဖာင္တိန္ရဲ႕ တန္ဖိုးဟာ ျမင့္တက္သြားႏိုင္ပါတယ္ ။
သင္ဟာ လူတစ္ေယာက္ကို အရမ္း ပိုင္ဆိုင္လိုခ်င္ၿပီ ဆိုတာနဲ႔ သင္ဟာ သူ႔အေပၚမွာ တန္ဖိုးထားလာပါၿပီ။ သူ႔ကို ပိုင္ဆိုင္လိုက္တာနဲ႔ သင့္ဘဝဟာ ၿပီးျပည့္စုံၿပီလို႔ ထင္ေကာင္း ထင္လာႏိုင္ပါတယ္ ။
အဲ့ဒီလို ထင္လိုက္မယ္ ဆိုရင္ သင့္ဘဝထဲကို စိတ္ညစ္စရာေတြ အလုံးအရင္း ဝင္လာႏိုင္ပါတယ္ ။ ဘာလို႔လဲဆိုေတာ့ လူေတြဟာ ကိုယ္တန္ဖိုးထားတဲ့ အရာကို ပိုင္ဆိုင္ခြင့္ မရေတာ့ဘဲ
ပ်က္စီး ဆုံးရႈံးသြားမွာကို မခံစား ႏိုင္ၾကလို႔ပါ ။
ဥပမာ… သင္ဟာ အခု လက္ရွိ တန္ဖိုးထားတဲ့ အရာတစ္ခု ေပ်ာက္သြားတယ္ ဆိုပါစို႔ ။ သင္ဘယ္လို ခံစားရမလဲ ။
သင္ဟာ ယေန႔ ဖုန္း အသစ္ေလးတစ္လုံး ဝယ္လာၿပီ ဆိုရင္ အဲ့ဒီဖုန္းေလး ပ်က္စီးသြားမွာ၊ ကြဲသြားမွာကို ေသမေလာက္ေအာင္ ေၾကာက္ေနပါလိမ့္မယ္။ သင္ဟာ သင့္ဖုန္းေလးကို
ေသခ်ာထိန္းသိမ္းဖို႔ အၿမဲတမ္း စဥ္းစားေနရပါၿပီ ။
သင့္စိတ္ေတြဟာ အရင္ကလို လန္းဆန္းမႈ မရွိေတာ့ ေလာက္ေအာင္ ျဖစ္လာႏိုင္ပါတယ္ ။ သင့္ရဲ႕လြတ္လပ္မႈေတြ ေပ်ာက္ဆုံးလာပါလိမ့္မယ္ ။
သင္ဟာ လူတစ္ေယာက္ကို ခ်စ္မိလို႔ သူ႔အေပၚမွာ တန္ဖိုးထားလာၿပီ ဆိုရင္ သင့္စိတ္ထဲမွာ သူနဲ႔ ပတ္သက္ၿပီး သဝန္တိုမႈေတြ ၊ စိတ္ခ်ဳပ္ေထြးမႈေတြ၊ ခံစားရတာေတြ ျဖစ္ေပၚလာပါလိမ့္မယ္ ။
အဲ့ဒီအခါ သင့္ရဲ႕ ေပ်ာ္႐ႊင္မႈေတြဟာ အေဝးကို လြင့္ထြက္သြား ပါလိမ့္မယ္ ။
လူတစ္ေယာက္အေပၚမွာ ခ်စ္လို႔ ရပါတယ္။ တန္ဖိုးလည္း ထားရပါမယ္။ ဒါေပမယ့္ အရမ္းႀကီးတန္ဖိုး ထားမိရင္ေတာ့ သင္အမွားႀကီး မွားသြားႏိုင္ပါတယ္ ။
တကယ္ ပိုင္ဆိုင္ခြင့္ရလာတဲ့ တစ္ေန႔မွာ သူဟာ သင္ထင္သလို အရမ္းႀကီး တန္ဖိုးမႀကီး ဘူးဆိုတာ သိလာပါလိမ့္မယ္ ။ ၿပီးေတာ့ သင္ဟာ ဘယ္ေလာက္ပဲ တန္ဖိုး ရွိတဲ့
လူတစ္ေယာက္ျဖစ္ေနပါေစ တန္ဖိုး မသိတတ္တဲ့သူကေတာ့ သင့္ကို တန္ဖိုး မထားပါဘူး ။
ဒါ့ေၾကာင့္ ကိုယ့္ကို တန္ဖိုးမထားရေကာင္းမလား ဆိုၿပီး ေဒါသထြက္တာ ၊ စိတ္ဆင္းရဲတာမ်ိဳးေတြ မျဖစ္ပါေစနဲ႔ ။ တန္ဖိုးဆိုတာ တန္ဖိုးထားတတ္တဲ့ စိတ္နဲ႔ပဲ ဆိုင္တယ္ ဆိုတာ နားလည္ထားပါ ။
တန္ဖိုးရွိေအာင္ေနပါ။ တန္ဖိုးရွိတဲ့ သူကိုလည္း တန္ဖိုး ထားပါ ။
Credit