ဗဟုသုတ

စကားတွေ မပြောခင်ကတည်းက ဆင်ခြင်ပါ စကားလုံးတွေနဲ့ တစ်ဖက်သားကို နာကျင်သွားစေတာမျိုး မဖြစ်စေနဲ့

စကားမပြောတတ်ရင် ဆဲသလိုပဲတဲ့ ။ ရိုးသားပါ ပွင့်လင်းပါ ဒါပေမယ့် အချိန်အခါလေး သိရတယ် ။

ငါမှန်တာပဲဆိုပြီး တစ်ဖက်သားကို ထိခိုက်စေမယ့် စကားလုံးတွေကို အာဘောင်အာရင်းသန်သန် ပြောနေတာကျ ရိုးသားပွင့်လင်းတာ မဟုတ်တော့ဘူး သိက္ခာချတာ ဖြစ်သွားပြီ ။

ဘယ်သူအတွက်မှ အကျိုးမရှိရင် အဲ့ဒီ အမှန်တရားကြီးကို မြိုချပစ်လိုက်ပါ အစာအိမ်နာမသွားပါဘူး ။

ဒေါသထွက်တဲ့အခါ စကားတွေ မပြောတာ အကောင်းဆုံးပဲ ဒေါသနဲ့ပြောတဲ့စကားမှာ အမှားတွေ အများကြီးပါသွားတတ်တယ်လေ ဒေါသဆိုတာ အသိကို အမှောင်ဖုံးပစ်တတ်တယ် ကိုယ်နိုင်ရင် ပြီးရောဆိုတဲ့ စိတ်က ဒေါသထွက်တဲ့အချိန် ပိုပြီး ထုထည်ကြီးမားလာတတ်တယ်

ပြီးတော့မှ ငါ ပြောမိလေခြင်းဆိုတဲ့ နောင်တတွေနဲ့ ကိုယ်တန်ဖိုးထားတဲ့အရာတွေကို ပြန်မနိုင်တော့တဲ့အထိ ဆုံးရှုံးသွားရတတ်တယ်လေ နောင်တတွေ မရချင်ရင်

ဒေါသတွေထွက်တဲ့အခါ စကားတွေ မပြောမိအောင်နေတာ အကောင်းဆုံးပဲ ။

ကိုယ်ကိုယ်တိုင် မြင်ခဲ့ သိခဲ့တဲ့အရာ မဟုတ်တဲ့အရာတွေကို ကိုယ်ကိုယ်တိုင် မြင်ခဲ့ သိခဲ့ရသလို တစ်ထစ်ချကြီး မပြောနဲ့ ။

စကားဆိုတာ မစခင်ကတည်းက ကားတတ်တဲ့အမျိုးလေ ကိုယ်က အမှန်ထင်ပြီး စပြောလိုက်တဲ့စကားတွေက နောက်တဖြေးဖြေးကားသွားတဲ့အခါ

ကိုယ်ပဲ အမှားဖြစ်တတ်တယ် ကိုယ်တာဝန်မယူနိုင်တဲ့စကားတွေဆို မပြောလိုက်တာ အကောင်းဆုံးပဲ

စကားတွေ အများကြီးပြောရင် အမှားတွေ အများကြီးပါလာတတ်တယ် ပြီးတော့ စကားဆိုတာ တော်တော်ကြီးဆင်ခြင်နိုင်မှ တော်ကာကျတာမျိုးလေ ။

ကိုယ့်ဘက်ကစေတနာ နဲ့ပြောပေမယ့် တစ်ဖက်နားမှာ ခါးချင်ခါးနေတတ်တာ ။

အဓိက က နားထောင်တဲ့လူဘက်ကို အရင် နားလည်ပြီးမှ စကားတွေ ပြောတာ ကောင်းတယ် မဟုတ်ရင် ကိုယ် ပြောတိုင်းလဲ အရာမရောက်တတ်ဘူး

လေကုန်တာပဲ အဖတ်တင်ခဲ့တာများတယ်လေ

ကောင်းတဲ့စကားပဲဖြစ်ဖြစ် မကောင်းတဲ့စကားဖြစ်ဖြစ် စကားလုံးတစ်လုံးပြောဖို့ အားထုတ်ရတာချင်းအတူတူ ကောင်းတာလေးတွေ ပြောတတ်အောင်လေ့ကျင့်ပါ ။

အကောင်းမပြောနိုင်တဲ့အခါ ဘာမှ မပြောပဲ နေလိုက်တာက အကောင်းဆုံးပဲ စကားဆိုတာ ပြောပြီးသွားရင် ပြန်ပြီး ပြင်လို့မရတော့ဘူးလေ ။

စကားတွေ မပြောခင်ကတည်းက ဆင်ခြင်ပါ ။ စကားလုံးတွေနဲ့ တစ်ဖက်သားကို နာကျင်သွားစေတာမျိုး မဖြစ်စေနဲ့ ။

PStar

Unicode

စကားတွေ မပြောခင်ကတည်းက ဆင်ခြင်ပါ ။ စကားလုံးတွေနဲ့ တစ်ဖက်သားကို နာကျင်သွားစေတာမျိုး မဖြစ်စေနဲ့